← Chapters

အထူးနေ့

Vol. 130 Ch. 1795

အထူးနေ့

Vol. 130 Ch. 1795

“မင်း ခုထိ ဒီအဘိုးအိုကို အသိအမှတ် မပြုသေးဘူးလား…”  ဝိုးတဝါးပုံရိပ်၏ တည်ငြိမ်သောအသံသည် အဘိုးအိုမာ၏နားထဲသို့ ဝင်ရောက်လာသည်။ ထိုသည်က သူ့စိတ်နှလုံးကို တည်ငြိမ်သွားစေသည်။ သူက နောက်သို့ ဆက်တိုက် ဆုတ်နေ၏။

အဘိုးအိုမာသည် အံတင်းတင်းကြိတ်လျက် တုန်ယင်နေသည်။ သူက ဝိုးတဝါးပုံရိပ်ကို ကြည့်ကာ မည်သည်ဖြစ်သည်ကို သိရှိသွားသည်။ ထိုဝိုးတဝါးဖြစ်မှုက မန္တာန်တစ်ခုကြောင့် မဟုတ်ပေ။ နေကိုးစင်းထံမှ ဖိအားကြောင့် ဖြစ်ပေါ်လာသော ဝိသေသ ဖြစ်လေ၏။

အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ နေကိုးစင်းကို သူတို့၏ မိသားစုများ သို့မဟုတ် မျိုးဆက်တူများ မဟုတ်ပါက သူတို့၏ပုံပန်းသွင်ပြင်ကို တွေ့မြင်ရခဲသည်။ အင်ပါယာများ၏ ဖိအားနှင့် ကျင့်ကြံမှုအဆင့်ကြား ကွာဟချက်ကြီးက ထူးဆန်းသောလေထုကို ဖြစ်ပေါ်စေကာ သူတို့၏ ပုံရိပ်များကို ဝေဝါးစေသည်။ သူတို့သာ ဆန္ဒမရှိပါက တခြားသူများသည် နေကိုးစင်း၏ပုံပန်းသွင်ပြင် အစစ်အမှန်ကို တွေ့မြင်ဖို့ပင် ခက်ခဲလှပေမည်။

ရွှမ်လောရှေ့ရှိ ဒီအားနည်းလှသောလူများကမူ ပြောနေစရာပင် မလိုတော့ပေ။

သူ့စကားသံ ပဲ့တင်ထပ်လာသည်နှင့် ရွှမ်လောက သူ့လက်ကို ညင်သာစွာ ညှစ်ခြေ၏။ တုန်ဟည်းသံ လောကတခွင် ပဲ့တင်ထပ်သည်။ ချပ်ဝတ်ဆုံးရှုံးသွားသော အဘိုးအိုမှာ သူ၏အသွေးအသားပါ ပျက်စီး၍ ရွှမ်လော၏ လက်ထဲ၌ ပျောက်ကွယ်သွားလေပြီ။

ရွှမ်လောက သည်လူ့ကို လက်တစ်ချက်ဝေ့ကာ အသာအသာ သတ်ပစ်လိုက်ပေပြီ။ သူက လှည့်၍ ဒီနေရာရှိ ကျန်သည့်သူများကို ကြည့်သည်။

သူ့အကြည့် ဝေ့ခတ်သွားသည့်အခါ အသက်ရှင်နေသေးသော လူတိုင်း၏ စိတ်နှလုံးမှာ တုန်ရီကုန်၏။ အဘိုးအိုမာနှင့် ယွမ်ရီဖန်တို့ကလွဲ၍ လူတိုင်းသည် ဒူးညွှတ်ကျကာ မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ဖြစ်ကုန်သည်။

အဘိုးအိုမာက အံတင်းတင်းကြိတ်ကာ သူ့ကိုယ်သည် ရပ်နေနိုင်အောင် အားတင်းထားရ၏။ သို့ပေမည့် သူ့ခြေထောက်များကမူ တုန်ရီနေပြီး သူ့အကန့်အသတ် ရောက်နေလေပြီ။

ယွမ်ရီဖန်၏မျက်နှာမှာ သေလောက်အောင်ဖြူရောကာ ချွေးဒီးဒီးကျနေသည်။ ရွှမ်လော၏ အကြည့် ရောက်ရှိလာချိန်၌ ကောင်းကင်ကြီး သူ့အပေါ် ပြိုလဲကျသလား ခံစားမိကာ သူက ဒူးထောက်၍ အလေးအမြတ် ပြုမတတ် ဖြစ်ရသည်။ သို့သော် သူ့စိတ်နှလုံးတွင်းရှိ မာနက သူ့ကို ဒူးထောက်ခွင့် မပြုပေ။

သည်အခိုက်တွင် သူက တုန်ယင်နေပြီး သူ၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်နေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ညှစ်ခြေခံရသည့်နှယ်။

“ကောင်လေး…မင်းက မဆိုးဘူးပဲ…” မဟာအင်ပါယာရွှမ်လောက သူ့လက်ကို နောက်ပစ်လျက် ဝေ့ခတ်ကြည့်ရှုပြီးနောက် သူ၏အကြည့်က ယွမ်ရီဖန်ပေါ်သို့ ကျရောက်သည်။

“ငါ့ဖိအားကို ခုခံဖို့ဆိုတာ ခက်ခဲလှတယ်။ ကံမကောင်းစွာနဲ့ မင်းဟာ ရှေးတောက် မဟုတ်တာပဲ။ ကံမကောင်းဘူး…”  ရွှမ်လောက သက်ပြင်းချ၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည့်နောက် ထိုဖိအားကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သူက သွေးအန်ကာ ဒူးထောက်ချလိုက်သည်။

အဘိုးအိုမာက အသက်ရှိုက်စာအနည်းငယ်ကြာအောင် ဆက်၍ ရပ်နေသေး၏။ သူ၏မျက်နှာသည် ဖြူရောနေပြီ ဖြစ်ကာ သူက ခါးသီးစွာပြုံး၍ ခုခံမှုကို လက်လျှော့လိုက်၏။ သူက သူသာ ဆက်လက်၍ ခုခံပါက သံသယမရှိ သေဆုံးရမည်ကို သိပေသည်။ သူ၏အမူအရာက ဖျော့တော့သွားပြီး သူက မလှုပ်မယှက် ဒူးထောက်လိုက်ရသည်။

“ကျေးဇူးပြုပြီး ကောက်ရီကလန်ခေါင်းဆောင်ကို မျက်နှာသာပေးတဲ့အနေနဲ့ ငါတို့ကို ခွင့်လွှတ်ပေးပါ။ ငါတို့ ခုချက်ခြင်း ဒီလှိုဏ်ဂူလောကထဲက ထွက်သွားပါ့မယ်။ ဘယ်တော့မှ ပြန်မလာတော့ဘူး…”

မဟာအင်ပါယာရွှမ်လောက သူ့ညာလက်ကို ပင့်မြှောက်ကာ မျှော်စင်အပေါ်ဆုံးထပ်သို့ လက်ဆန့်ထုတ်သည်။ ထိုအလွှာသည် ပျက်စီးသွားကာ အတွင်းရှိ အရာသည် လှစ်ဟပေါ်လာသည်။ အနက်ရောင်ချပ်ဝတ်က ထူးဆန်းသောအလင်းကို ပေးစွမ်းလျက် ပြုတ်ကျလာ၏။

“ငါ ဒီချပ်ဝတ်ကို ယူသွားမယ်။ မင်းတို့ရဲ့ ကောက်ရီကလန်ဟာ ဒါကို ပြန်ယူဖို့ အရည်အချင်း ရှိတယ်ဆိုရင် ဒီအဘိုးအိုရှိကနေ လာယူချေ…”

မဟာအင်ပါယာရွှမ်လော၏ စကားများကား တည်ငြိမ်၏။ ယင်းချပ်ဝတ်သည် ဒြပ်စင်ငါးခုအားဖြင့် ဖန်တီးထားခြင်းပင်။ ၎င်းက ရွှမ်လောထံ ပျံသန်းလာပြီး သူ့ရှေ့တွင် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ရွှမ်လောသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး အကွာအဝေးတစ်ခုထံ ပျောက်ကွယ်သွားတော့သည်။

ရွှမ်လော ထွက်ခွာသွားပြီးနောက် သူ့အသံက သည်ဂြိုဟ်ပေါ်ရှိ လူတိုင်း၏နားထဲ ဝင်ရောက်လာသည်။ “အခု မင်းတို့အားလုံး ထွက်သွားဖို့ အချိန်မကျသေးဘူး။ မင်းတို့ လုပ်ရမယ့်ဟာကို ဆက်လုပ်ကြ…”

ရွှမ်လောထွက်ခွာသွားပြီး အချိန်အတန်ကြာပြီးနောက် အဘိုးအိုမာသည် စိတ်ရှုပ်ထွေးဟန်ဖြင့် ထရပ်လာ၏။ ကျန်သည့်သူများလည်း တဖြည်းဖြည်း ထရပ်လာသည်။ ယွမ်ရီဖန်က အံတင်းတင်းကြိတ်ကာ ရွှမ်လော ပျောက်ကွယ်သွားသော ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ၏အမူအရာမှာ အလွန်သုန်မှုန်နေသည်။

“အနှေးနဲ့အမြန်…ငါဟာ မဟာအင်ပါယာတစ်ယောက် ဖြစ်လာရမယ်။ ဆယ်စင်းမြောက်နေမင်း ဖြစ်လာရမယ်…”  ယွမ်ရီဖန်က လက်သီးတင်းတင်း ဆုပ်၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ ငြိမ်သက်နေသည်။ အချိန်အတန်ကြာပြီးနောက် အဘိုးအိုမာက သက်ပြင်းချ၏။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြော၏။ “ရှိပါစေတော့။ ငါတို့ စောင့်နေတဲ့အစီအစဉ်ဟာ ခုဆို အောင်မြင်ဖို့ ဘယ်လိုမှ အခွင့်အရေး မရှိတော့ဘူး။ ငါတို့ အနိုင်ယူနိုင်မယ်ဆိုရင်တောင် သူ ဒီမှာ ရှိနေရင် ဒါကို အပြီးသပ်နိုင်တော့မှာ မဟုတ်ဘူး…”

“ဒီဝမ်လင်းဟာ တူညီတဲ့ဦးတည်ရာကနေ လာခဲ့တာ။ ဒါပေမဲ့ သူတို့ဟာ တစ်ချိန်တည်း ပေါ်လာခဲ့တာ မဟုတ်ဘူး။ အစောပိုင်းတုန်းက ဝမ်လင်းရဲ့ အမူအရာအရ သူဟာ မဟာအင်ပါယာရွှမ်လောနဲ့ ပတ်သတ်လို့ သိထားတဲ့ပုံ မပေါ်ဘူး…”

“ဒီလိုဆိုရင် မဟာအင်ပါယာရွှမ်လော ငါတို့ကို သွားခွင့် မပြုတဲ့ အကြောင်းရင်းဟာ သိသာနေတယ်…”  ယွမ်ရီဖန်က တည်ငြိမ်စွာ ပြော၏။ သူက ကောက်ရီကလန်၏ ပင်မတပည့်ပင်။ ရွှမ်လောသည်ပင် သူ့ကို အရည်အချင်းရှိသူဟု ပြောခဲ့၏။ သူက အလွန်ဉာဏ်ကောင်းပြီး ဝမ်လင်းကိုလည်း လေးစားမှု ထားသည်။

သည်ရိုးရှင်းသော သဲလွန်စများကြောင့် သူက သည်ဇာတ်လမ်း၏ အမှန်တရားကို ရှစ်ဆယ်၊ကိုးဆယ်ရာခိုင်နှုန်းလောက် သိလိုက်ပြီ ဖြစ်၏။  “ဖန်အာပြောတာ မှန်လောက်တယ်။ မဟာအင်ပါယာရွှမ်လောက ဝမ်လင်းကို စမ်းသပ်တာ  သိသာနေတာပဲ။ သူဟာ ဝမ်လင်းအတွက် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကနေပါ ရောက်လာခဲ့တာ…”

အဘိုးအိုမာ၏ မျက်လုံးသည် တလက်လက် ဖြစ်လာ၏။

“ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ယဲ့မိုဟာ ဒီလိုဏ်ဂူလောကထဲမှာ သေဆုံးခဲ့ပြီး သူ့သွေးစက်သုံးထောင်ကို ပြန့်ကြဲစေခဲ့တယ်။ ဒီဝမ်လင်းဟာ ယဲ့မိုရဲ့ အမွေအနှစ်ကို ရပြီး မဟာအင်ပါယာရွှမ်လောရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့တာ ဖြစ်ရမယ်…”

ယွမ်ရီဖန်၏ မျက်လုံးတို့မှာ တောက်ပလာပြီး သူက စတင်စဉ်းစားသည်။

“မဟာအင်ပါယာရွှမ်လောက ငါတို့ကို ဒီကနေ မထွက်သွားခိုင်းဘူး။ ဘာကြောင့်လဲဆိုတော့ သူက ငါတို့ကို ဓားသွေးကျောက် ဖြစ်စေချင်လို့ပဲ။ ဝမ်လင်းကို စမ်းသပ်စေချင်လို့ပဲ။ သူ မထွက်သွားခင် ငါတို့ လုပ်ရမယ့်ဟာ ဆက်လုပ်သင့်တယ်လို့ ပြောသွားခဲ့တယ်။ ငါတို့ သူ့အဓိပ္ပာယ်ကို နားမလည်ခဲ့ရင် ငါတို့ ဒီကနေ ဘယ်တော့မှ ထွက်သွားနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ ဒီမှာပဲ ငါတို့အားလုံး သေရလိမ့်မယ်…”

ယွမ်ရီဖန်က သူ့မေးစေ့ကို ပွတ်၍ စဉ်းစားနေ၏။

မဟာအင်ပါယာရွှမ်လောသည် ကြယ်များကြား ဖြတ်လျှောက်လာရင်း သူက နောက်သို့ ခဏလှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ဒြပ်စင်ငါးခုဂြိုဟ် ပေါ်လာပြီး အသိအမှတ်ပြုဟန် အရိပ်အမြွက် ဖြတ်ပြေးသွားသည်။

“ဒီကောင်လေးဟာ အတော်ဉာဏ်များတာပဲ။ ကံဆိုးစွာနဲ့ သူဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်နေတာ။ သူနဲ့ဝမ်လင်းကြား ဘယ်သူက ပိုဉာဏ်များမလဲ ငါ သိချင်မိတယ်…။ သူပဲ ဖြစ်လောက်တယ်…”

ရွှမ်လောက ခေါင်းယမ်းကာ ရှေ့သို့ ဆက်လျှောက်လာသည်။

ဝမ်လင်းကမူ မြေနိမ့်သားရဲပေါ်တွင်် မျက်လုံးမှိတ်ကာ ထိုင်နေပြီး သူ့ဒဏ်ရာများကို မြန်မြန်ကုစားနေသည်။ သူက သည်ခရီးစဉ်အတွင်း ဒဏ်ရာအပြင်းအထန် ရခဲ့၏။ သို့သော် ဤသည်က ထိုက်တန်ပါသည်။

အချိန်မည်မျှ ကြာသွားမှန်းမသိပြီးနောက် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက လေအပြည့်မှုတ်ထုတ်လိုက်သည်။

“ကောက်ရီကလန်ဟာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေတဲ့နေရာမှာ အားကောင်းတဲ့အင်အားစုပဲ။ အခု သူတို့ဟာ ငါ့ကြောင့် အရိပ်ထဲကနေ ထွက်လာခဲ့ပြီ။ အခု ငါလည်း တတိယစိတ်ဝိညာဉ်ရှာဖွေမှုမှာ ပါဝင်ဖို့ အချိန်ကျပြီ…”

“တတိယစိတ်ဝိညာဉ်…မင်းဘယ်မှာလဲ…”  ဝမ်လင်းက သူ့ညာလက်ဖြင့် မြေနိမ့်သားရဲ၏ ကျောကို ပုတ်လိုက်၏။ ထိုသားရဲက ရုတ်တရက် အရှိန်မြင့်ကာ ကြယ်များကြား ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသည့်အခါ ကောင်းကင်ဘုံနယ်မြေသစ် ပတ်လည်ရှိ ငွေရောင်မြစ်အပြင်ဘက်တွင်ပင်။

ဝမ်လင်းက ထရပ်ကာ မြေနိမ့်သားရဲကို သိမ်းဆည်းလိုက်သည်။ သူက ထိုနေရာတွင် ရပ်၍ အချိန်အတန်ကြာ စဉ်းစားနေသည်။ ငွေရောင်မြစ်ကြောင့် သူ့ပုံရိပ်မှာ လင်းလက်သွား၏။ သို့ပေမည့် အထီးကျန်ခံစားမှုကို ပေးသည်။ သူ၏စိတ်ဝိညာဉ်မှာ ဝမ်းနည်းမှုကို ခံစားနေရသည့်အလား။

“ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့ပဲ…”  ဝမ်လင်းက သက်ပြင်းချကာ ရှေ့သို့ လှမ်း၏။ သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ငွေရောင်မြစ်ထံ ဦးတည်လာသည်။ ငွေရောင်မြစ်ကို ဖြတ်၍ ဝမ်လင်းသည် ကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်လာ၏။

ဝမ်လင်း ကောင်းကင်ဘုံနယ်မြေအတွင်း ဝင်ရောက်သွားသည်နှင့် မဟာအင်ပါယာရွှမ်လောက လှမ်းထွက်လာ၏။ သူက ကောင်းကင်ဘုံနယ်မြေကို ကြည့်ကာ လက်ဝေ့ယမ်းလိုက်ပြီး ဝမ်လင်းနောက်သို့ လိုက်ပါလာသည်။ သူ့ပုံရိပ်မှာ ဝေဝါးကာ မမြင်ရနိုင်ပေ။ သူ့ရှေ့တွင် ရပ်နေလျှင်ပင် သင်သည် သူ၏တည်ရှိမှုကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

သို့ပေမည့် သူ ဝင်ရောက်လာစဉ် ဝမ်လင်းက ရုတ်တရက် ရပ်ကာ နောက်လှည့်ကြည့်၏။ ဝမ်လင်းက ရွှမ်လောကို စိုက်ကြည့်ကာ သူ့မျက်လုံးတို့မှာ အေးစက်လာသည်။

ရွှမ်လောသည်ပင် ဝမ်လင်း၏အကြည့်ကြောင့် မမင်သက်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

“သင် ငါ့နောက်ကို လိုက်လာတာ တစ်လမ်းလုံးပဲ။ သင် ဒီကို ရောက်နေမှတော့ သင့်ကိုယ်သင် ကိုယ်ထင်ပြသင့်ပြီ…” ဝမ်လင်း၏အသံက အေးစက်၍ သတ်ဖြတ်လိုစိတ် အပြည့်ပင်။

မဟာအင်ပါယာရွှမ်လော၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူက ဝမ်လင်းကို အချိန်အတန်ကြာသည့်အထိ ဂရုတစိုက် ကြည့်နေပြီး စကားလည်းမဆိုသလို သူ့ကိုယ်သူလည်း မဖော်ပြလာပေ။

“သင် ထွက်လာအောင် ငါ့ကို တကယ်ပဲ အတင်းအကြပ် လုပ်စေချင်နေတာလား…”

ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူ၏အနှစ်သာရခုနစ်ခုဖြင့် ဖြစ်ပေါ်လာသော မုန်တိုင်းက ပျံသန်းထွက်ကာ သူ့ရှေ့ရှိ ဧရိယာကို ရိုက်ခတ်သည်။

ထိုမုန်တိုင်း ရိုက်ခတ်သွားစဉ် ဝမ်လင်းက လေဟာနယ်ထံ အလေးတစိုက် ကြည့်ရှု၏။ မည်သည့်အရာမျှ မရှိသည်ကို သေချာစေပြီးမှ သူသည် ကောင်းကင်ဘုံနယ်မြေထံ ခြေလှမ်းဝင်သွားသည်။

အမှန်တော့ ဝမ်လင်းက မဟာအင်ပါယာရွှမ်လောကို သတိမပြုမိပေ။ သို့သော် ဝမ်လင်းသည် အမြဲတမ်း သတိထားတတ်သူတစ်ယောက် ဖြစ်၏။ သူက ခုမှ ဒြပ်စင်ငါးခုဂြိုဟ်ကနေ ထွက်လာခြင်း ဖြစ်၍ အဘိုးအိုမာ သူ့နောက်သို့ လျှို့ဝှက်၍ လိုက်လာမည်ကို သူ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက နယ်မြေအတွင်းသို့ မဝင်ရောက်ခင် ရုတ်တရက် လှည်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ တစ်စုံတစ်ယောက်ကသာ သူ့နောက်သို့ အမှန်တကယ် လိုက်လာပါက ထိုသူတို့မှာ သူ၏ အရူးလုပ်ခြင်းကို ခံလိုက်ရပေမည်။

ဝမ်လင်း ပျောက်ကွယ်သွားသည့်နောက် မဟာအင်ပါယာရွှမ်လောက ပြုံး၏။ သူ့မျက်လုံးထဲတွင်လည်း လေးစားသည့်အရိပ်အယောင် လှစ်ဟပေါ်သည်။

“ဒီကောင်လေးက သေချာ ဂရုစိုက်တတ်တာပဲ။ သူ့မျက်လုံးထဲမှာ တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေတယ်လို့ ခံစားချက်ပေးတဲ့ မန္တာန်တစ်မျိုးမျိုး ပါဝင်နေတယ်…”

“ဒီနည်းလမ်းက ရိုးရှင်းပြီး သိပ်မဟုတ်ပေမဲ့ လက်တွေ့ကျလှတယ်…”  ရွှမ်လောက ပြုံး၏။ သူက ဝမ်လင်း၏စကားနှင့် အပြုအမူကြောင့် အမှန်ပင် မင်သက်သွားခဲ့မိခြင်းပင်။

“ဒြပ်စင်ငါးခုဂြိုဟ်အတွင်းမှာ ငါဟာ သူ့ရဲ့လွှမ်းမိုးနိုင်တဲ့ စိတ်သဘာဝကို တွေ့မြင်ခဲ့ပြီးပြီး။ စက်ဝန်းကိုးခုနှလုံးသားဘီးထဲမှာ ငါဟာ သူ့နားလည်နိုင်စွမ်းကို မြင်ခဲ့တယ်။ ဒြပ်စင်ငါးခုဂြိုဟ်ရဲ့ မျှော်စင်အပြင်ဘက်မှာ ငါဟာ သူ့ရဲ့ ပြတ်သားမှုနဲ့ ဉာဏ်များမှုကို တွေ့မြင်ခဲ့ရတယ်…”

“ဒီနေရာမှာတော့ ငါဟာ သူ့ရဲ့ သတိတရားကို တွေ့မြင်ရပြန်တယ်။ ဒီဝမ်လင်းက တကယ်တော်တယ်။ ဒါပေမဲ့ ငါ ရွေးချယ်မယ့်သူဟာ ပတ်သတ်သူတွေကို တန်ဖိုးထားတတ်တဲ့သူ ဖြစ်ရမယ်။ သူက အဲ့လိုလူမျိုး ဟုတ်လား၊ မဟုတ်လား ငါ သိချင်မိတယ်…”  ရွှမ်လောသည် ငွေရောင်မြစ်ကို ဖြတ်သန်းလျှောက်လာပြီး လှပသောကောင်းကင်ဘုံနယ်မြေသစ်ထံ ဝင်ရောက်လာရင်း စဉ်းစားနေခဲ့သည်။

သည်ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်မှာ တိမ်စိုင်များနှင့် အပြာရောင် ရှိကာ မျက်စိပဒေသ ဖြစ်လှသည်။

မြေပြင်မှာလည်း သစ်ပင်တောတောင်များနှင့် စိမ်းစိမ်းစိုစို ရှိကာ အဝေးတွင် မြစ်များ စီးဆင်းနေသည်။ မြေသင်းရနံ့က ဒီလောကနှင့် ပေါင်းစပ်နေပြီး အသက်ရှုရှိုက်တိုင်း ၎င်းက သူ့စိတ်ဝိညာဉ်ထဲ ထွင်းဖောက် ဝင်ရောက်ပေလိမ့်မည်။

ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေသို့ ပြန်ရောက်လာခဲ့ပြီ။ တာအိုသခင်အိပ်မက်ပြာကလွဲ၍ မည်သူကမျှ ဝမ်လင်းပြန်ရောက်လာမှုကို သတိမပြုမိပေ။ ဝမ်လင်းသည် အရင်က သူ တံခါးပိတ်ကျင့်ကြံနေကျ တောင်၏ရှေ့တွင် ပေါ်လာသည်။

ကောင်းကင်ထက်သို့ ကြည့်ကာ ဝမ်လင်း၏အမူအရာမှာ တဖြည်းဖြည်း မှိန်ဖျော့ညှိုးငယ်သွားသည်။ သူ့မျက်လုံးထဲ၌ အတွေးများ၊ ဝမ်းနည်းမှုများ ပြည့်လာသည်။ နှစ်တိုင်း၏ သည်နေ့ရောက်တိုင်း သူက သူ့ကိုယ်သူ တစ်စုံတစ်ရာကို မေ့ထားချင်ခဲ့၏။ သူက မမှတ်မိနိုင်စေဖို့ အကြိမ်ကြိမ် သူ့ကိုယ်သူ အလုပ်ရှုပ်နေစေခဲ့သည်။

All Chapters