← Chapters

ဖန့်ရန်၏ ထွက်ပေါ်လာမူ

Vol. 7 Ch. 95

ဖန့်ရန်၏ ထွက်ပေါ်လာမူ

Vol. 7 Ch. 95

ဖန့်ရန်၏ ဦးခေါင်းသည် ရေမျက်နှာပြင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လွင့်မျောနေသည်။ အဝေးမှ ကြည့်လျှင် ၎င်းသည် သစ်သားအပိုင်းအစတစ်ခုလိုပင်။

မီတာ သုံးဆယ်ကျော် အကွာမှ ခြင်္သေ့ငါးကောင် အနိုင်ရတော့မည်ကို မြင်လိုက်ရတော့ ဒီကိစ္စက ပြီးသွားပြီဟု သူခံစားမိသည်။

ဖန့်ရန်သည် အပြင်ထွက်ခါနီးမှာ ရုတ်တရက် ရပ်လိုက်၏။ သူသည် တစ်စုံတခုကို ခံစားလိုက်ရပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

လမ်းကြောင်းတစ်ခုမှ ခြင်္သေ့ထီးသုံးကောင်သည် တိုက်ပွဲမြေပြင်သို့ လျင်မြန်စွာ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

ခြင်္သေ့သုံးကောင် ချဉ်းကပ်လာသည်နှင့်အမျှ၊ ဖန့်ရန်၏ အကြည့်အောက်တွင် ၎င်းတို့၏ အသွင်အပြင်မှာ ထင်ရှားစွာပေါ် လာခဲ့သည်။

ဤခြင်္သေ့သုံးကောင်၏ ကိုယ်ခန္ဓာအနှံ့တွင် ဒဏ်ရာ များရှိနေလေသည်။ ၎င်းတို့တွင် အသားမာများပင် တက်ကာစ ရှိသေး၏။

၎င်းအနားတဝိုက်တွင် သွေးများ ပေပွနေကာ ယင်ကောင်ရိုင်းများပင် ရှိနေသည်။

"ဒီထဲက ခြင်္သေ့နှစ်ကောင်က ဟိုခြင်္သေ့နှစ်ကောင်မှတ်လား!"

၎င်းတို့ကို အသေအချာ စစ်ဆေးပြီးနောက် ထိုခြင်္သေ့သုံးကောင်ထဲမှ နှစ်ကောင်သည် ယင်းခြင်္သေ့ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည့် ခြင်္သေ့နှစ်ကောင် ဖြစ်ကြောင်း၊ ဖန့်ရန်က သေချာသွားသည်။

သူတို့သည် လောလောဆယ်တွင် အခြားခြင်္သေ့တစ်ကောင်နှင့် အတူ တိုက်ပွဲမြေပြင်သို့ ချဉ်းကပ်လာနေကြသည်။

"ဒီခြင်္သေ့သုံးကောင်ရဲ့ ဒဏ်ရာတွေက အသစ်တွေပဲ၊ ကြည့်ရတာ မနေ့က ဖြစ်ရမယ် ဒါမှမဟုတ်ရင်လည်း အလွန်ဆုံးနှစ်ရက်လောက်ပဲ ရှိအုံးမယ်"

ဖန့်ရန်၏ မျက်လုံးတွေမှာ အလင်းတန်းများ တောက်ပလာသည်။

ထိုခြင်္သေ့ဘုရင်ကို ဟိုင်းအီးနားအုပ်စုမှ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း ရုတ်တရက် သူနားလည်သွားသည်။

ကြည့်ရသည်မှာ ဤခြင်္သေ့သုံးကောင် အတူတကွ ပူးပေါင်း၍ ထိုခြင်္သေ့ဘုရင်ကို သတ်ခဲ့ပုံပေါ်သည်။

ဟိုင်းအီးနားများသည် ၎င်းတို့၏ အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ ထိုခြင်္သေ့၏ ခန္ဓာကိုယ်ကို ခိုးယူသွားပုံရသည်။

ထိုခြင်္သေ့များသည် တိုက်ပွဲကြောင့် မည်မျှပင် အားနည်းနေစေကာမှု ဟိုင်းအီးနားတွေက နိုင်မည်မဟုတ်ချေ။

“ဝေါင်း!”

ခြင်္သေ့သုံးကောင်သည် တိုက်ပွဲမြေပြင် အနီးသို့ ရောက်ပြီးနောက် ၎င်းတို့၏ ဟိန်းဟောင်သံကို ချက်ခြင်းထုတ်ပြန်လိုက်ရာ ဟိုင်းအီးနားအုပ်စုသည် ရုတ်ချည်းပင် လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

လေဘို၏ ခေါင်းကို ကိုက်ခဲထားသော ဟိုင်းအီးနားသည်လည်း ၎င်းကို ပစ်ချကာ သူ၏ အပေါင်းအဖော်များနှင့်အတူ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

ခြင်္သေ့သုံးကောင်သည် ဟိုင်းအီးနား အုပ်စုကို လုံးဝ ဂရုမစိုက်ဘဲ ခြင်္သေ့ငါးကောင်ဆီသို့ တည့်မတ်စွာ လျှောက်လာကြသည်။

ခြင်္သေ့ငါးကောင်ကို သူတို့အား အရှုံးပေးစေလိုသည်။

လေဘိုကို သတ်ရန် အတူတကွလုပ်ဆောင်ခဲ့ခြင်းသည်။ ဤခြင်္သေ့ငါးကောင်နှင့် သူ၏ နယ်မြေကို ရယူရန်ဖြစ်သည်။

သို့သော် ခြင်္သေ့များသည် လွယ်လွယ်ကူကူ လက်နက်ချခြင်း မပြုဘဲ ခြင်္သေ့ငယ်လေး သုံးကောင်ရှေ့တွင် ရပ်ကာ ခြင်္သေ့ထီးသုံးကောင်ကို မျက်နှာမူ၍ မကျေမခြမ်း လေးလေးနက်နက် ဟိန်းဟောင်သည်။

ကျန်ခြင်္သေ့နှစ်ကောင်ကမှု သူတို့နောက်မှာ ခြင်္သေ့လေးသုံးကောင်ကို ကာအကွယ်လျက်ရှိသည်။

...

"ခြင်္သေ့ထီးသုံးကောင် ဒီကိုရောက်လာတယ်"

စတူဒီယိုထဲ၌... ဂျွန်နီသည် တခနမျှ ငြိမ်သက်သွားပြီး အသက်ပြင်းပြင်းရှူရင်းကာ ကင်မရာကို ကြည့်ပြောလိုက်သည်။

"ခြင်္သေ့လေး သုံးကောင် ဒီအန္တရာယ်ကနေ လွတ်မြောက်သွားပြီးလို့ ငါထင်နေတာ၊ ဒါပေမယ့် ပိုကြီးမားတဲ့ အန္တရာယ်ထဲကို ကျရောက်သွားပုံရတယ်"

"အရင်က လေဘိုကို စိန်ခေါ်ခဲ့တာ ခြင်္သေ့နှစ်ကောင် အခု ကြည့်ရသလောက်တော့ အဖော်တစ်ကောင် ထပ်တိုးလာပုံရတယ်"

ထိုနောက် ဂျွန်နီက လှည့်ပြီး ပါမောက္ခဘဲလ် ကို ပြောလိုက်သည်။

"ပါမောက္ခ၊ လေဘို သေဆုံးရတဲ့ အကြောင်းရင်းက ဒီခြင်္သေ့သုံးကောင်နဲ့ ဆက်စပ်နေမယ် ထင်လား..?"

ဘဲလ်သည်လည်း ယခင် အံ့သြမှုမှ ငြိမ်သက်သွားသည်။ ဂျွန်နီ၏ စကားကိုကြားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

“ဒီလိုပဲ ဖြစ်သင့်တယ်။ ဟိုင်းအီးနား အုပ်စုမှာ လေဘိုကို သတ်ဖို့ အင်အားမရှိဘူး”

ဘဲလ်နှင့် ခနမျှ စကားပြောပြီးနောက် ဂျွန်နီ သည် ကင်မရာဘက်သို့ လှည့်ပြန်သည်။

“အခု ဒီခြင်္သေ့သုံးကောင်က ဒီကိုရောက်လာတယ်။ ဒီခြင်္သေ့တွေကိုသာ အောင်နိုင်သွားရင် ခြင်္သေ့လေးသုံးကောင် အသက်မရှင်မှာ သေချာနေပြီ”

"ပါမောက္ခဘဲလ်၊ ဒီခြင်္သေ့တွေက ခြင်္သေ့ငယ်လေးတွေကို ကာကွယ်ဖို့ သူတို့ကိုယ် သူတို့ စတေးမယ်လို့ မင်း ထင်လား..?"

ဂျွန်နီ၏ ထိုမေးခွန်းကို မဖြေမီ ပါမောက္ခဘဲလ်သည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့၏။

“ဒီခြင်္သေ့တွေက ခြင်္သေ့လေးတွေကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်၊ အဲယ်... သူတို့ကိုယ် သူတို့ စတေးဖို့ဆိုတာတော့ ပြောရခက်တယ်”

ပရော်ဖက်ဆာဘဲလ်နှင့် ဂျော်နီတို့ စကားပြောနေကြစဉ်...။

ခြင်္သေ့ထီးသုံးကောင်နှင့် ခြင်္သေ့မသုံးကောင်သည် စတင် တိုက်ခိုက်ခဲ့ကြသည်။

နှစ်ဘက်စလုံး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ်တွင် မရှိသော်လည်း ၎င်းတိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ရင်ခုန်စရာကောင်းဆဲ ဖြစ်သည်။

ဤသားရဲများ၏ ဟိန်းဟောင်သံများနှင့် ပြင်းထန်သောတိုက်ပွဲက ဂျွန်နီနှင့် ပါမောက္ခ ဘဲလ်ကို အသဲတုန် ရင်ခုန်စေခဲ့သည်။

“အရမ်း ကြောက်စရာ ကောင်းတယ်။ တောရိုင်းတိရစ္ဆာန်တွေ ဘယ်လိုမျိုး ကြုံရမလဲဆိုတာ စိတ်ကူးကြည့်ဖို့ ခက်လွန်းတယ်”

ဂျော်နီက သူ့တံတွေးကို မျိုချလိုက်ပြီး ပြောသည်။

...

တိုက်ပွဲသည် အထိတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ခြင်္သေ့မများသည် ဒဏ်ရာရစပြုလာ၏။ ခြင်္သေ့အထီးတွေ၌ ဒဏ်ရာများ ရှိနေသော်လည်း ခြင်္သေ့မများသည် ၎င်းတို့၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။

ခြင်္သေ့ငါးကောင်သည် နောက်သို့ တလှမ်းချင်း ဆုတ်နေကြသည်။ သူတို့ အနောက်မှာတော့ ခြင်္သေ့လေးသုံးကောင်ရှိနေသည်။

၎င်းတို့သည် ထိတ်လန့်တကြား ဖြစ်နေသော်လည်း မြစ်ထဲသို့ မဆင်းရဲ ကြချေ။

“ဝေါင်း..!”

ရုတ်တရက် ခြင်္သေ့တစ်ကောင်က ကျယ်လောင်စွာဟိန်းဟောင်ပြီး ရှေ့ကို ပြေးသွားကာ ခြင်္သေ့မတစ်ကောင်ကို မြေပြင်ပေါ်သို့ ဖိရိုက်လှဲချလိုက်သည်။

အခြားခြင်္သေ့နှစ်ကောင်သည်လည်း ရန်သူများကို အနိုင်ယူပြီးနောက် ၎င်းတို့ကို မြေပေါ်သို့ ဖိထားသည်။

နောက်ဆုံးတွင် ခြင်္သေ့ငါးကောင်၏ ရုန်းကန်မှုများရပ်တန့်သွားကာ ၎င်းတို့က ခေါင်းညိတ် လိုက်သည်။

ဒါကိုမြင်တော့ ယင်းခြင်္သေ့သုံးကောင်က ခြင်္သေ့လေး သုံးကောင်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။

မြစ်ကမ်းစပ်တွင် ခြင်္သေ့လေးသုံးကောင်သည် တလှုပ်လှုပ်နှင့် ခိုကိုးရာမဲ့ ကြောက်ရွံ့စွာ ညည်းတွားနေကြ၏။

“ဒီခြင်္သေ့တွေ နောက်ဆုံးတော့ လက်နက်ချလိုက်ကြပြီပေါ့ ...”

ဂျွန်နီက ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

လူတိုင်း သတိမထားမိသည်မှာ စစ်မြေပြင် အနီး မြစ်ကမ်းဘေးမှာ မျောနေတဲ့ သစ်သား အပိုင်းအစ တစ်ခုဟာ ရေအောက်သို့ နစ်မြုပ်သွားခြင်းပင်။

ရွေ့လျားနေသော ရေသံများနှင့် အတူ..။ ရေကြောင်းလိုင်း တစ်ခု ဖြစ်ပေါ်လာသည်။

သုံးလေးစက္ကန့်ခန့် ကြာသောအခါ ခြင်္သေ့လေးများရှိရာ မြစ်ကမ်းဘေးသို့ သူရောက်လာသည်။

ဖန့်ရန်သည် မျက်လုံးများကို ဖော်ကာ ခြင်္သေ့လေးများ အနီး ချည်းကပ်လာနေသည့် အရွယ်ရောက် ခြင်္သေ့သုံးကောင်ကို စိုက်ကြည့်လိုက်သည်။

[ပစ်မှတ် - ခြင်္သေ့၊ သွေးနွေးသတ္တဝါ၊ စနစ်အမှတ် ၅၀၀၀ မှတ်ကို ရရှိနိုင်သည်]

ခြင်္သေ့နှစ်ကောင်သည် ရပ်တန့်သွားပြီး တစ်ကောင်က ဆက်လက်၍ လျှောက်လှမ်းလာသည်။

၎င်းသည် သူ၏ သွေးထွက်သံယို ပါးစပ်ကို ဖွင့်ကာ ခြင်္သေ့ငယ်လေးများကို သတ်ပစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

စတူဒီယိုထဲရှိ ပါမောက္ခဘဲလ်နှင့် ဂျော်နီတို့သည် ဖန်သားပြင်ပေါ်ရှိ ထိုမြင်ကွင်းကိုကြည့်ကာ အနည်းငယ် ထိတ်လန့်နေကြသည်။

"ခြင်္သေ့လေးတွေ သေရတော့မယ်၊ သနားစရာကောင်းလိုက်တာ... သူတို့က ငယ်ငယ်လေးပဲ ရှိသေးတာ"

နှစ်ယောက်စလုံးသည် သဘာဝတရား၏ ရက်စက် ကြမ်းကြုတ်မှုကို မထိန်းနိုင်ဘဲ သက်ပြင်း ချမိလိုက်ကြသည်။

သို့သော် သဘာဝတရား၏ ရက်စက်မှုကို သူတို့ လျှော့တွက်နေကြဆဲ ဖြစ်သည်။

သူတို့နှစ်ယောက် ထိုခြင်္သေ့က ခြင်္သေ့ငယ်လေးများ အနီးသို့ ချဉ်းကပ်နေသည်ကို ကြည့်ရှုနေကြ၏။

ထိုစဥ်... ငြိမ်သက်နေသော ရေအောက်၌ အနက်ရောင် အရိပ်တစ်ခုက လျင်မြန်စွာ ကူးခတ်လာသည်။

ဘုန်း!

ရေမျက်နှာပြင်သည် ပေါက်ကွဲသွားကာ အနက်ရောင် အရိပ်ကြီးတစ်ခုက ထွက်လာပြီး အရှိန်ပြင်းပြင်းဖြင့် ခြင်္သေ့လေးများဆီ ချည်းကပ်နေသည့် အရွယ်ရောက် ခြင်္သေ့ကို ကိုက်ချလိုက်သည်။

“ဝေါင်း!”

ရုတ်တရက် ဆန်သော အခြေအနေတွင် ထိုခြင်္သေ့က ထိတ်လန့်တကြား ဟိန်းဟောင်ကာ ပြင်းပြင်းထန်ထန် ရုန်းကန်သော်လည်း ခိုင်မာသော အရာတစ်ခုက သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထား သောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

“အဲဒါက…”

ဂျွန်နီနှင့် ဘဲလ် တို့သည် မြစ်ထဲမှ ခုန်တက်လာသော သတ္တဝါကိုတွေ့လိုက်သောအခါ ရုတ်တရက် အေးခဲသွား၏။ သူတို့၏ မျက်လုံးများသည် မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရ သလိုမျိုး ပြူးကျယ်နေခဲ့သည်။

အခန့်မသင့်လျှင် မျက်လုံးများပင် မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်တော့မည့် အတိုင်းပင်။

.....

All Chapters