လူသိများ ကျော်ကြားမှု
Vol. 7 Ch. 97
"ဘုရားရေ၊ ဒါက အတုပဲ ဖြစ်ရမယ်!"
လွိုင်ဟွမ် ကွန်ပြူတာ ဖန်သားပြင်မှ မြင်ကွင်းကို ကြည်မိသွားသည်နှင့် သူ၏ အသိစိတ်က လုံးလုံးလျားလျား လွတ်သွားခဲ့သည်။
ဇီဝဗေဒ ကျောင်းသားတစ်ဦးအနေဖြင့် သူသည် တိရစ္ဆာန်များအကြောင်းကို ကောင်းစွာ တတ်ကျွမ်းသူ ဖြစ်သည်။ ထူးဆန်းကာ ရှားပါးသော တိရစ္ဆာန်မျိုးစုံကို သူမြင်ဖူးသည်။
ဥပမာအားဖြင့်၊ ပင်လယ်အောက်ခြေရှိ ရေခူကြီးများ၊ ငါးမန်းဖြူကြီးများ၊ နေငါး၊ ခြင်္သေ့ငါး၊ ဝေလငါးမျိုးစုံ အစရှိသည်တို့ကို တတ်သိနားလည်သူဟု သူ့ကို ယူဆနိုင်လေသည်။
သို့သော် ကုန်းမြေပေါ်တွင် ဤမျှကြီးမားသော သတ္တဝါကြီး ရှိလိမ့်မည်ဟု သူတစ်ခါမျှ မတွေးခဲ့ဖူးချေ။
၎င်းသည် အရှည် (၂ဝ) မီတာကျော်ရှိပြီး အချင်းက (၁) မီတာနီးပါးရှိနိုင်လေသည်။
ပိုအရေးကြီးတာက ခြင်္သေ့သုံးကောင်ကို အားစိုက်ထုတ်ဟန်မရှိဘဲ သတ်ပစ်လိုက်ခြင်းပင်။
ခြင်္သေ့များသည် သားရဲဘုရင်ဟု လူသိများကာ ၎င်းတို့သည် ခွန်အားနှင့် အာဏာကို ကိုယ်စားပြုသည်။
သို့သော် ယင်းဧရာမ စပါးအုံးမြွေကြီးက ခြင်္သေ့တစ်ကောင်ထက် ခွန်အားကြီးရုံသာ မက ၎င်း၏ အမြန်နှုန်းကတောင် လွန်စွာသာလွန်နေသည်။
ဒါက ဘယ်လိုသတ္တဝါမျိုးလဲ..?
ဤအရာသည် သာမန်အသိတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ဤဗီဒီယို၏ စစ်မှန်မှုကို သူ သံသယမ၀င်ပေ။
သူ သက်ပြင်းသာချနိုင်သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် အမှန်ပင်ဖြစ်ကြောင်း သူသိသည်။
ဒါဆို ယူကန်ဒါ မြက်ခင်းပြင်ဒေသမှာ လူတိုင်း မှတ်ယူထားသည့် အသိဥာဏ်များကို ဖျက်စီးနိုင်သော ဧရာမစပါးအုံးမြွေကြီး
ရှိနေပြီး။
ဤမျှကြီးမားသော ခန္ဓာကိုယ်၊ တုနှိုင်းမရသော ခွန်အား၊ အလျင်နှင့်ဆို ဘယ်ကုန်းနေ သတ္တဝါက ၎င်းနှင့် ယှဥ်နိုင်မှာလဲ..?
သမုဒ္ဒရာထဲမှာ ထားလိုက်ရင်တောင်မှ တိရစ္ဆာန်အများစုက ၎င်း၏ ရန်ဘက်မဖြစ်နိုင်ဘူးလို့ လွိုင်ဟွမ် ခံစားနေရသည်။
"ဟွမ် အစ်ကို၊ ဒါက (ညံ့) လား"
လီဇီ အသက်ပြင်းပြင်းရှူပြီး လွိုင်ဟွမ်ကို မေးလိုက်သည်။
" (ညံ့) မှာ ဒီအရွယ်အစားနဲ့ အမြန်နှုန်း မရှိဘူး"
လွိုင်ဟွမ်က ခေါင်းယမ်းလိုက်သည်။
ထိုစဥ် လီဇီက ရုတ်တရက် ထအော်သည်။
"သတင်းပလက်ဖောင်းက အခုအချိန်ဆို သတင်းတွေ ပေါက်ကွဲနေလောက်ပြီ ဖွင့်ကြည့်ရအောင်"
၎င်းတို့နှစ်ဦးသည် ဘရောက်ဆာ စာမျက်နှာများကို ချက်ချင်းပြောင်းပြီး Weibo ကိုဖွင့်ခဲ့သည်။
ထင်သည့်အတိုင်းပင် ပင်မစာမျက်နှာပေါ်ရှိ ခေါင်းစဉ်များ အများစုမှာ ဧရာမစပါးအုံးမြွေကြီး အကြောင်းဖြစ်သည်။
စာမျက်နှာကို ပြန်လည်ဆန်းသစ်ပြီးနောက်၊ ထိုသို့သော ပို့စ်များသည် ပို၍ပင် များပြားလာခဲ့သည်။
လီဇီ သည် ပို့စ်တစ်ခုစီ၏ ခေါင်းစဉ်များကို စတင်ဖတ်ရှုခဲ့သည်။
"၂၀ မီတာရှည်တဲ့ ဧရာမစပါးအုံးမြွေကြီး ယူကန်ဒါ မြက်ခင်းပြင်ဒေသမှာ ရှိနေတယ်။ ဘယ်လို လျှို့ဝှက်ချက်တွေများ ဖုံးကွယ်ထားလဲ..? "
"ခြင်္သေ့ဆိုတာက သားရဲဘုရင်လား။ မဟုတ်ဘူး! သရေစာသာသာပဲ!”
" ထိတ်လန့်စရာသတင်း! သမိုင်းမတင်မီက (ညံ့) က ယူကန်ဒါ မြက်ခင်းပြင်ဒေသတွင် ပေါ်လာခဲ့တယ်!”
"ကမ္ဘာပျက်ကပ် လာနေပြီလား..? လူသားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်”
ခေါင်းစီးပို့စ်တစ်ခုကို လီဇီက ဖွင့်ကြည့်လိုက်သည်။ ၎င်း၌ ဓာတ်ပုံတစ်ခု ပါဝင်နေသည်။
ထိုပုံသည် ဧရာမစပါးအုံးမြွေကြီးမှ ခြင်္သေ့တစ်ကောင်ကို မြိုချနေသည့် ဓာတ်ပုံ ဖြစ်သည်။
ထိုပို့စ်၏ အောက်တွင် မက်ဆေ့ချ်များဖြင့် ပြည့်နေလေသည်။
"အတု! မင်းရဲ့ photoshop စွမ်းရည်က အရမ်းကောင်းတယ်"
“ဟား ဟား၊ ဒီလိုစပါးအုံးမြွေကြီးတွေက၊ ခရုတစ်ကောင်လို မြေပြင်မှာ တွားသွားရမှာလေ၊ ခြင်္သေ့ကို မျိုနိုင်ဖို့ဆိုတာ ဘယ်လိုမှ သိပ္ပံနည်းလမ်း မကျဘူး!"
"ကျွန်တော်က စကားသိပ်မပြောတတ်ဘူး၊ အခုခေတ်လူတွေက အကြိုက်တွေ့ဖို့ အရာရာတိုင်းကို အတု လုပ်နေကြတယ်"
"မဟုတ်ဘူး! ဧရာမစပါးအုံးမြွေကြီးက တကယ် ရှိတယ်။ အင်တာနက်မှာ ကလစ်တွေ အများကြီးရှိနေပြီ။ နာမည်ကြီး ဂျွန်နီက အဲဒီစပါးအုံးမြွေကြီးကို တွေ့တုန်းက ယူကန်ဒါ မြက်ခင်းပြင်ဒေသမှာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေခဲ့တာ”
"ဒီအရွယ်ရောက်အောင် ဘာတွေများစားတာလဲ။ ဧကန်တာ ကောင်းကင်ရတနာ တစ်မျိုးမျိုးလား”
"ဒီကမ္ဘာကြီး ပြောင်းလဲသွားပြီးလား..? သမိုင်းမတင်မီက သတ္တဝါတွေ ပြန်ပေါ်လာနေတာများလား၊ အဲဒါက ' ဝိညာဥ်စွမ်းအားတွေ ပြန်ကောင်းတာလား' မသိဘူး"
"ကျေးဇူးပြု! နတ်ဘုရား အပေါင်းတို့! ကျွန်တော်မျိုးကို အံ့သြစရာကောင်းတဲ့ စွမ်းရည်တွေကိုပဲ ပေးသနားပါ။ အမှိုက်စွမ်းရည်တွေကို မပေးပါနဲ့ .. "
ထိုပို့စ်ထဲမှ မှတ်ချက်တွေကို ကြည့်ရင်း လီဇီနဲ့ လွိုင်ဟွမ်တို့ စကားမပြောနိုင် ဖြစ်သွားသည်။
အထူးသဖြင့် အွန်လိုင်းဝတ္တုများ ထဲမှ အကြောင်းကို ယောက်ျားလေးတချို့က ရေးထားတာ တွေ့တော့ ရယ်စရာတယ်လို့ သူတို့ တွေးထင်မိလိုက်ကြသည်။
ဝိညာဥ်စွမ်းအား၊ ကမ္ဘာကြီး အဆုံးသတ်တော့မယ်လို့ ဘာလို့ မပြောလိုက်တာလဲ!
လီဇီနှင့် လွိုင်ဟွမ်တို့ ဧရာမစပါးအုံးမြွေကြီးအကြောင်းကို စိတ်အားထက်သန်စွာ ရှာဖွေနေချိန်တွင် အခြားလူများကလည်း ထိုဧရာမစပါးအုံးမြွေကြီးကြောင့် ထိတ်လန့်နေကြသည်။
ဖိုရမ်များနှင့် မီဒီယာပလက်ဖောင်းအများစုတွင် ထိုဧရာမစပါးအုံးမြွေ၏ သတင်းများနှင့် ပြည့်နေသည်။
ဤသတင်း၏ အရှိန်သည် ယခင်က ဒေါင်းလင် တက္ကသိုလ်မှ ထုတ်ပြန်ခဲ့သည့် သတင်းထက် အဆများစွာ ပိုမြန်သည်။
သိပ္ပံဇာတ်ကားများစွာတွင် ဧရာမစပါးအုံးမြွေကဲ့သို့သော ဇာတ်ရုပ်များစွာ ရှိခဲ့သည်။
ထိုကဲ့သို့ ဇာတ်ကားတွေကို လူတိုင်းနီးပါး ကြည့်ဖူးကြသည်။ ထို့ကြောင့် ဤမျှကြီးမားသော စပါးအုံးမြွေကြီးကို ရှာဖွေတွေ့ရှိခြင်းသည် အာရုံစိုက်မခံရစေရန်က မဖြစ်နိုင်သလောက်ပင်။
"ရှောင်လျို့၊ ဆောင်းယု၊ ညီမ ဝေ! နောက်ဆုံးသတင်းကို နင်တို့ မြင်ပြီးပြီလား.."
ချင်ရန်သည် အိပ်ခန်းဆီသို့ ပြေးသွားပြီး အော်လိုက်သည်။
"ကြည့်စမ်း၊ ယူဂန်ဒါ မြက်ခင်းပြင်ဒေသမှာ မီတာ (၂ဝ) ကျော် အရှည်ရှိတဲ့ ဧရာမစပါးအုံးမြွေကြီးကို တွေ့တာတဲ့”
သူမ၏ မျက်နှာပေါ်က အံ့အားသင့်မှုများကို ဖုံးကွယ်ဖို့ ခဲယဉ်းလှ၏။ ကြည့်ရတာ သူမ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
သူမက မိန်းကလေးတစ်ယောက်ဖြစ်၍ ယောင်္ကျားလေးတွေလို ဤကဲ့သို့ ကိစ္စများကို စိတ်မဝင်စားသော်လည်း၊ ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ဒီသတင်းအတွက်တော့ မတူညီပေ။
သို့သော် သူမပြောပြီးနောက်တွင် သူမ၏ ညီအစ်မသုံးယောက်သည် ကုတင်ပေါ်တွင်ထိုင်ကာ သက်ဆိုင်ရာဖုန်းများကို စိုက်ကြည့်နေသည်ကို သူမတွေ့ရှိခဲ့သည်။
သူမ၏ စကားကြားပြီးနောက် မိန်းကလေး သုံးယောက်က ခေါင်းကို မော့ကာ သူတို့ဖုန်းပေါ်မှ သတင်းကို လက်ညိုးထိုး ပြသည်။
အနည်းငယ် ရှက်ရွံ့စွာဖြင့် ချင်ရန်သည် သူမ၏ သူငယ်ချင်းများထံ လျင်မြန်စွာ ရောက်ရှိသွားပြီး ဤကိစ္စနှင့် ပတ်သက်၍ စတင်ပြောဆို ကြတော့သည်။
ထိုကဲ့သို့ ဖြစ်ရပ်များ ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆက်မပြတ် ဖြစ်ပွားနေသည်။
...
ယူဂန်ဒါ မြက်ခင်းပြင်ဒေသ...
ဂျွန်နီ အသက်ပြင်းပြင်းရှူလိုက်သည်။
သူ့အတွက် အခွင့်အရေး ရောက်လာပြီ။
နောက်ပိုင်းတွင် သူအရမ်းနာမည်ကြီးလာမယ်ဆိုတာ သူသိသည်။
ဒီလိုမျိုး အစီအစဉ်တွေကို ထုတ်လွှင့်ရတာကို နှစ်သက်တာကြောင့် တောရိုင်းတွေကို သူ မကြာခဏ သွားလေ့ရှိတာကတော့ အမှန်ပင်။
သို့ပေမယ့် ကျော်ကြားမှုနဲ့ ငွေကြေးကိုလည်း သူ လိုချင်သည်။
အရင်က နာမည်ကြီးသည် ဆိုသော်လည်း နာမည်ကြီး အနုပညာရှင်တွေနဲ့ ကမ္ဘာတစ်ခုစာမျှ ဝေးကွာနေခဲ့သည်။
ယခုတော့ သူ့ နိုင်ငံသို့ ပြန်ရောက်သည်နှင့် ရရှိလာမည့် စိတ်ကူးယဥ် ကြည့်နိုင်နေပြီဖြစ်သည်။
ငွေကြေး၊ နာမည် အရာအားလုံးကို သူ လက်လှမ်း မှီနိုင်သည်။
"ကင်မရာမင်း မြန်မြန်လုပ် ဧရာမစပါးအုံးမြွေကြီးဆီ ချဉ်းကပ်ဖို့ ကင်မရာကို ထိန်းချုပ်လိုက်" .
ဂျွန်နီသည် ပို၍ ရှင်းလင်းသော ဓာတ်ပုံများ ရိုက်ယူနိုင်ရန် မျှော်လင့်ကာ ကင်မရာမင်းအား လျှင်မြန်စွာ ပြောခဲ့သည်။
ဤသည်ကို ကြားတော့ တစ်ဖက်က ကင်မရာသမားက အိုကေဟု လက်အမှုအရာ လုပ်ပြသည်။
ထို့နောက် ခြင်္သေ့တစ်ကောင်ကို မြိုချနေသည့် ဧရာမစပါးအုံးကြီးဆီသို့ လျှို့ဝှက်ကင်မရာတစ်ခုက ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
ပင်မစခရင်တွင် ဧရာမစပါးအုံးမြွေရုပ်သွင်ကို ပို၍ ရှင်းလင်းမြင်သာ လာခဲ့သည်။
တောင့်တင်းသောခန္ဓာကိုယ်၊ အေးစက်သောမျက်လုံးများ၊ အရာအားလုံးကို ဖန်သားပြင်ပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
စတူဒီယိုအတွင်း...
ဧရာမစပါးအုံးမြွေကို ရှင်းရှင်းလင်းလင်းမြင်ရပြီးနောက် ထိတ်လန့်ကာ အားအင် မကုန်ဆုံးသွားသည့််လူမရှိချေ။
ကြောက်စရာကောင်းလွန်သည်။
ထိုသို့သော သတ္တဝါသည် အဘယ်ကြောင့် အပြင်လောကတွင် အမှန်တကယ် တည်ရှိနေရသနည်း။
"လှလိုက်တာ!"
ဂျွန်နီသည် ကခုန်လုနီးပါးဖြစ်နေ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။
ရုတ်တရက် သူ့မျက်နှာ တင်းမာသွားသည်။
ဧရာမစပါးအုံးမြွေ၏ မျက်နှာသည် စခရင်တစ်ခုလုံး ပြည့်နေသည်။
.....