← Chapters

ဤသည်က ရုပ်ရှင်မဟုတ်

Vol. 7 Ch. 98

ဤသည်က ရုပ်ရှင်မဟုတ်

Vol. 7 Ch. 98

ခြင်္သေ့တွေကို သတ်ပြီး၍ ဧရာမစပါးအုံးမြွေကြီးသည် အနီးနားကို ကြည့်နေရာမှ သူ၏ ခေါင်းကို မော့ပြီး ရုတ်တရက် ကင်မရာကို တည့်တည့် ကြည့်လာလေသည်။

ဂျွန်နီနှင့် ဘဲလ်တို့သည် ထိုဧရာမစပါးအုံးမြွေကြီး၏ ရုတ်တရက် လုပ်ရပ်ကြောင့် ကြောက်လန့်သွားကြသည်။

ဖန်သားပြင်ကြီးပေါ်တွင် စပါးအုံးမြွေကြီး၏ မျက်လုံးသည် ဖန်သားပြင်ကို ဖြတ်၍ ကြည့်နေသကဲ့သို့ ၎င်းတို့ကို တည့်တည့်စိုက်ကြည့်လာခဲ့သည်။

ဤအေးစက်သော မျက်လုံးများက သူတို့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

"ငါတို့ကို တွေ့သွားပြီလား"

ဂျော်နီ မျက်နှာသည် အလွန်ဖြူဖျော့သွားသည်။

ပါမောက္ခဘဲလ်သည် အသက်ပြင်းပြင်းရှူပြီး ဖန်သားပြင်ပေါ်က စပါးအုံးမြွေကြီးကို ကြည့်ကာ တစ်စုံတစ်ခုကို ပြောချင်၍ ပါးစပ်ကို ဖွင့်ဟ လိုက်သော်လည်း စကားလုံးတွေက လည်ချောင်းမှာ နင်နေခဲ့သည်။

ကင်မရာကို ကြည့်နေသော ဧရာမစပါးအုံးမြွေကြီးသည် ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်ပြီး ရှေ့ကို ကိုက်လိုက်သည်။ ထိုမြင်ကွင်းနှင့်အတူ ဖန်သားပြင်သည် မှောင်မိုက် သွားခဲ့၏။

ပါမောက္ခဘဲလ်နှင့် ဂျွန်နီတို့သည် နောက်အခိုက်အတန့်တွင် လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်မိကြသည်။

ဂျွတ်

ကျယ်လောင်သောအသံနှင့်အတူ၊ သူတို့ရှေ့ရှိ ပင်မစခရင်သည် ရုတ်တရက် မည်းသွားသည်။

"ကင်မရာ ပျက်စီးသွားပြီ!"

ပရော်ဖက်ဆာဘဲလ်သည် လျင်မြန်စွာ တုံ့ပြန်ပြီးနောက် ကင်မရာမင်းကို လှမ်းအော်သည်။

“မြန်မြန်၊ တခြားကင်မရာတွေ ပြောင်းလိုက်”

ထိန်းချုပ်ခန်းထဲမှ ကင်မရာမင်းက ချက်ချင်း အလုပ်စလုပ်တော့သည်။ ခဏအကြာတွင် မှောင်မဲနေသည့် စခရင် မျက်နှာပြင်သည် ပြန်လည်လင်းလာကာ ဧရာမစပါးအုံးမြွေကြီး၏ ပုံရိပ်ပြန်ပေါ်လာသည်။

ယင်းမြင်ကွင်းကိုမြင်တော့ ပါမောက္ခဘဲလ်က သက်ပြင်းတစ်ချက်ချပြီး သတိပေးလိုက်သည်။

“မကောင်းဆိုးဝါး ဧရာမစပါးအုံးမြွေကြီးနဲ့ အရမ်းနီးကပ် မနေနဲ့၊ ဒါက သူ့ကို ဒေါသဖြစ်စေနိုင်တယ်”

ထိုနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။

"ဘယ်လို တိရစ္ဆာန်မျိုးပဲဖြစ်ဖြစ်၊ သူတို့ အနားကပ်လာတဲ့ ထူးဆန်းတဲ့အရာတွေကို မကြိုက်ကြဘူး"

ဧရာမစပါးအုံးမြွေကြီး၏ ယခင်တိုက်ခိုက်မှုသည် ကင်မရာ အနီးကပ်လွန်း၍ဟု ယူဆခဲ့သော်လည်း နောက်မြင်ကွင်းကို မြင်ပြီးနောက်တွင် သူ့အထင် မှားနေသည်ကို တွေ့ရှိခဲ့သည်။

ဖန်သားပြင်ပေါ်ရှိ ဧရာမစပါးအုံးမြွေကြီးသည် ၎င်း၏ ဦးခေါင်းကို မြှောက်ကာ ကင်မရာတစ်လုံးကို ကိုက်ချလိုက်သည်။

ကင်မရာသည် ပြင်းထန်သော ကိုက်အားကြောင့် အစိတ်စိတ်အမွာမွာ ဖြစ်ကာ နေရာအနှံအပြားသို့ လွင့်စင်ပြန့်ကျဲသွားခဲ့သည်။

မကြာမီတွင် ဧရာမစပါးအုံးမြွေသည် အနီးနားမှ ကင်မရာတစ်လုံးကို ရုတ်တရက် ရှာတွေ့သွားကာ ၎င်းဆီသို့ အမြန်တွန့်လိန် သွားခဲ့သည်။

"ဒီစပါးအုံးမြွေက ဘာလုပ်ချင်နေတာလဲ"

ဂျွန်နီ အနည်းငယ် စိတ်ပူသွားသည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများ အောက်တွင် ဧရာမစပါးအုံးမြွေကြီးသည် တွန့်လိန်သွားခဲ့ကာ အားကောင်းသော မေးရိုးများကို အသုံးပြု၍ ထိုကင်မရာကို သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ဒါနဲ့တင် မပြီးသေးချေ။ ဧရာမစပါးအုံးမြွေကြီးသည် ကင်မရာတစ်လုံးမှ ရှာမတွေ့တော့ သည့် အချိန်အထိ ၎င်းအနီး တစ်ဝိုက်တွင် လှည့်ပတ်နေခဲ့သည်။

ဒီအခြေအနေက ဂျွန်နီနှင့် ဘဲလ်တို့၏ မျက်ခွံတွေကို ခုန်လှုပ်နေစေခဲ့သည်။

ဧရာမစပါးအုံးမြွေကြီးသည် ကင်မရာဖျက်သင်္ဘောအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ ကင်မရာအားလုံးကို မဖျက်စီးနိုင်ခင် အချိန်ထိ ၎င်းသည် စိတ်ချမ်းသာမည့်ပုံ မပါ်ပေ။

"ကြည့်ရတာ ကင်မရာတွေကို အတော် မုန်းပုံရတယ်"

ဂျွန်နီက မျက်ခုံးများတွန့်ကွေးရင် သဘာဝမကျစွာပြောခဲ့သည်။

မိကျောင်းတွေ၏ ဧရိယာတဝိုက်တွင် သူတို့စီစဉ်ထားသော ကင်မရာများ လုံးဝပျက်စီးသွားကြောင်း ရုတ်တရက် ဂျွန်နီ သတိရမိသွားသည်။

ယခင်က ၎င်းသည် တောကြောင်ရိုင်း သို့မဟုတ် တောရိုင်းတိရိစ္ဆာန်အချို့ကြောင့် ပျက်ဆီးခဲ့သည်ဟု ထင်ခဲ့ကြသည်။

သို့သော် ဤဧရာမစပါးအုံးမြွေကြီးက ကင်မရာတွေကို မုန်းတီးမှန်း သိလိုက်ရတော့ ၎င်းကင်မရာများသည် ထိုဧရာမစပါးအုံးကြီး၏ ဖျက်ဆီးခံလိုက်ရမှန်း သိလိုက်ရတော့သည်။

သူက ဒါတွေကို ကင်မရာတွေမှန်း သိနေတာလား..?

ဂျွန်နီ စိတ်ထဲတွင် အဓိပ္ပါယ်မဲ့သော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ထင်ရှားကျော်ကြားသော ရုပ်ရှင်တစ်ခုတွင် လူသားအချို့က ဧရာမသားရဲတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ စူးစမ်းချင်စိတ်ကို ကျေနပ်စေရန် လေ့လာ စောင့်ကြည့်ခဲ့သည်။

သူတို့သည် မြင့်မားသော နေရာတစ်ခုမှ ထိုမိုက်မဲသော တိရစ္ဆာန်ကို ငုံ့ကြည့်နေခဲ့ကြသည်။

သူတို့သည် ၎င်းက တိရစ္ဆာန်ကြီး တစ်ကောင်ဟုသာ ထင်မြင်ခဲ့ကြသည်။

သို့သော် ၎င်းသည် အရွယ်အစား ကြီးမားရုံသာမက လူတစ်ဦးလို ဉာဏ်ရည် ရှိကြောင်း မသိခဲ့ကြချေ။

ထိုသတ္တဝါသည် အမှောင်ထဲတွင်ပုန်းနေခဲ့ကာ လွန်မြောက်နိုင်မည့် အခွင့်အရေးနှင့် လက်စားချေဖို့ရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဂျွန်နီ၏ နဖူးထက်မှ အေးစက်သည့် ချွေးစေးများ အများအပြား ကျဆင်းလာသည်။

သူ တစ်ခုခုပြောခါနီး အချိန်တွင် နောက်မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို ကြောက်လန့် သွားစေပြန်သည်။

ဧရာမစပါးအုံးမြွေကြီးသည် လမ်းတစ်လျှောက်ရှိ ကင်မရာအားလုံးကို ဖျက်ဆီး၍ ၎င်းတို့၏ ပြုပြင်မွမ်းမံထားသည့် ထရပ်ကားဆီသို့ အမြန်ချဉ်းကပ်လာခဲ့သည်။

"သေတာပဲ"

ဂျွန်နီက ထိတ်လန့်စွာ မထိန်းနိုင်ဘဲ အော်လိုက်သည်။

“အားလုံးပဲ မြန်မြန်၊ အပြင်က ကင်မရာတွေကို ဝှက်လိုက်..."

"စပါးအုံးမြွေတွေက အဝေးမှုန်တယ်။ ဖုံးကွယ်ထားတဲ့ အရာတွေကို သူတွေ့မှာ မဟုတ်ဘူး"

ဧရာမစပါးအုံးမြွေကြီးသာ ကင်မရာအားလုံးကို ဖျက်ဆီးလိုက်ပါက၊ ၎င်းတို့သည် ထိုဧရာမစပါးအုံးမြွေကြီး၏ အနေအထားကို စောင့်ကြည့်ဖို့ပင် အသာထား မည်သည့်နေရာတွင် ရှိနေသည်ကိုပင် ကင်မရာများမှတဆင့် မြင်နိုင်တော့မည် မဟုတ်ပေ။

ဧရာမစပါးအုံးမြွေကြီးသာ ၎င်းတို့၏ မွမ်းမံထားသော ထရပ်ကား အနီးသို့ ရောက်လာပါက ကင်မရာများကို ဖျက်စီးပစ်နိုင်ဖွယ်ရှိလေသည်။

ထိန်းချုပ်ခန်းအတွင်းရှိ ဝန်ထမ်းများသည် ချက်ချင်းဆိုသလို စတင်၍ ကင်မရာအားလုံးကို ဖုံးကွယ်ရန် ထိန်းချုပ်ခဲ့သည်။

...

ဖန့်ရန်သည် မြက်ပင်ဝါဝါများကြား လျှောက်သွားရင်း ဖုံးကွယ်ထားသည့် ထိုကင်မရာများကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။

အဆိုပါ ဖုံးကွယ်ထားသော ကင်မရာများသည် သာမန်စပါးအုံးမြွေများ၏ မျက်လုံးများမှ အမှန်တကယ် လွတ်မြောက်နိုင်သော်လည်း ၎င်းတို့သည် အမြင်အာရုံ စူးရှသည့် သူ့ထံမှ ဖုံးကွယ်၍ မရပေ။

သူ၏ အမြင်အာရုံသည် လူသားတွေထက်ပင် သာလွန် မြင့်မားလေသည်။

ထိုကြောင့် သူသည် သူ့ ပတ်ဝန်းကျင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

သတ္တုကွဲသံများနှင့် အတူ ဖန့်ရန်သည် မရေမတွက်နိုင်သော ကင်မရာများကို ဖျက်ဆီးပစ်ခဲ့သည်။

ယခင်က သူသည် ဤနေရာ၌ အချိန်အတန်ကြာ နေလိုသောကြောင့် နိမ့်ကျသော အပြုအမူကို ပြုမူခဲ့သည်။

ယခုမူကား၊ သူ့ကိုသူ ဖုံးကွယ်ရန် မလိုတော့ချေ။

ဤနေရာတွင် သားကောင်များစွာရှိနေသေးသော်လည်း သူ့အတွက် အကျိုးမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ကျန်ရှိနေသေးသော သားကောင် အများစုသည် အလွန်သတိကြီး၍ လျင်မြန်စွာပြေးတတ်သော ကုန်းနေတိရစ္ဆာန်များ ဖြစ်သောကြောင့် ၎င်းတို့ကို အမဲလိုက်ခြင်းသည် အလွန်ပင်ပန်း ခက်ခဲလှသည်။

သူသည် ကိုးရိုးကားယားနှင့် ချစ်စရာကောင်းသော မိကျောင်းများကို နှစ်သက်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ချစ်စရာလဲ ကောင်းသလို အမဲလိုက်ရန်လည်း လွယ်ကူသည်။

ဖန့်ရန်သည် အတွေးများနေသော်လည်း လမ်းတစ်လျှောက်တွင် ကင်မရာများကို ဖျက်ဆီးရန် မမေ့ခဲ့ပေ။

ရုတ်တရက် သူသည် ရပ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို သေချာ ကြည့်လိုက်သည်။

သူ့ အကြည့်က နေရာတစ်ခုသို့ ရောက်သွားခဲ့သည်။

အနည်းငယ်မြင့်သည့် နေရာတစ်ခုမှ ပေါင်းပင်များ ကြားတွင် လျို့ဝှက်ကင်မရာ တစ်ခုရှိနေသည်။ ၎င်းကို သူ လျစ်လျူရှုလုနီးပါးဖြစ်သွားခဲ့သည်။

မဆိုင်းမတွပင် ဖန့်ရန်သည် ထိုနေရာသို့ အမြန်ပြေးသွားပြီး ၎င်းကို ကိုက်ချလိုက်သည်။

စတူဒီယိုထဲ၌...။

ပါမောက္ခဘဲလ်နှင့် ဂျွန်နီတို့သည် လေးဒေါင့်သဏ္ဍာန် တီဗီ ဖန်သားပြင်ကို ကြည့်နေခဲ့သည် ထိုအချိန်တွင် ဧရာမစပါးအုံးမြွေကြီးသည် လျင်မြန်စွာ ချဉ်းကပ်လာကာ ပါးစပ်ကို ဟ၍ ကိုက်ချလိုက်သည်။ စခရင် မဲမှောင်သွားသည်။

"မြန်မြန်၊ တခြားကင်မရာတစ်ခုကို ပြောင်းလိုက်!"

ဂျွန်နီက ထိန်းချုပ်ခန်းထဲက ကင်မရာမင်းကို အော်လိုက်သည်။

“ဒီနေရာက ကင်မရာတွေ အကုန်လုံး ပျက်စီးသွားပြီ”

ထိန်းချုပ်ခန်းထဲမှ လူတစ်ယောက်က ပြန်အော်သည်။

"ကျုပ်၊ ကျားသစ်တွေရဲ့ နေထိုင်ရာ နေရာက ကင်မရာကို ချက်ချင်း ရွှေ့လိုက်မယ်"

ပါမောက္ခဘဲလ်နှင့် ဂျော်နီတို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။

ဤနေရာမှ နှစ်ကီလိုမီတာ သို့မဟုတ် သုံးကီလိုမီတာအကွာတွင် ကျားသစ်နေထိုင်ရာ နေရာဖြစ်သည်။

ကင်မရာ၏ အမြန်နှုန်းသည် အလွန်မြန်သည် မဟုတ်သောကြောင့် ၎င်းသည် ဤနေရာသို့ ရောက်ရန် အချိန်အတော်ကြာမည်ဖြစ်သည်။

"ဧရာမစပါးအုံးမြွေကြီး အပြင်မှာရှိ၊ မရှိ သွားကြည့်ရအောင်"

ဂျွန်နီက အသက်ပြင်းပြင်းရှူပြီး စတူဒီယိုထဲက လျှောက်လမ်းပေါ်သွားလိုက်သည်။ ၎င်း၏ နောက်၌ ပါမောက္ခဘဲလ်က လိုက်လာသည်။

နှစ်ယောက်သား လျှောက်လမ်းဘေးမှ ကန့်လန့်ကာ တစ်ခုသို့ ရောက်လာပြီးနောက် ၎င်းကို အမြန်ဖွင့်လိုက်သည်။

ထိုနောက် သူတို့နှစ်ဦးသည် မျက်နှာတွေကို ဖန်သားပြင် ပြတင်းပေါက်သို့ ကပ်ကာ အပြင်ကို ကြည့်၍ ဧရာမစပါးအုံးမြွေကြီး၏ ခြေရာကို ရှာကြည့်သည်။

"အမ်း... ဧရာမစပါးအုံးမြွေကြီး ဘာကြောင့် မပေါ်သေးတာလဲ။ ဧကန်တာ့ ထွက်များ သွားတာလား?"

ပြတင်းပေါက်ကနေ ကြည့်ရင်း နှစ်ယောက်သား စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့ နည်းနည်းတော့ သက်သာရာရသွားခဲ့သည်။

သို့သော်... နောက်အခိုက်အတန့်၌.. ပြတင်းပေါက်မှန် အနီးတွင် အနက်ရောင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး အေးစက်သော မျက်လုံးတစ်စုံက ဂျွန်နီနှင့် ဘဲလ်တို့ကို တည့်တည့်စိုက်ကြည့်လာခဲ့သည်။

ပါမောက္ခဘဲလ်နဲ့ ဂျော်နီတို့သည် ၎င်းကို ရုတ်တရက် မြင်လိုက်ရပြီးနောက်... သူတို့နှစ်ယောက်၏ ခြေထောက်တွေဟာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

.....

All Chapters