← Chapters

ပင်မတာဝန် ပြီးဆုံးခြင်း

Vol. 7 Ch. 99

ပင်မတာဝန် ပြီးဆုံးခြင်း

Vol. 7 Ch. 99

မှန်ပြတင်းပေါက် အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသော အနက်ရောင် အရိပ်မှာ ဧရာမစပါးအုံးမြွေကြီး ဖြစ်သည်။

ကား အနီးသို့ ဘယ်အချိန်က ရောက်လာမှန်း မည်သူမှ မသိချေ။ ၎င်းသည် သူတို့ကားအောက်မှာ ပုန်းနေတာ ဖြစ်နိုင်သည်။

အပြင်ကို ချောင်းကြည့်မိချိန်နှင့် ၎င်း၏ အတွင်းသို့ ချောင်းကြည့်ချိန် တိုက်ဆိုင်စွာတွေ့ဆုံခြင်းက သူတို့၏ ကံဆိုးမှုပင်။

ဂျွန်နီသည် ပြတင်းပေါက်အပြင်ဘက်ရှိ ဧရာမစပါးအုံးမြွေကြီးကို စိုက်ကြည့်ရင်း သူ့ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွှဲနေပြီး အသိစိတ် လွတ်နေခဲ့သည်။

ဖန်သားပြင်ထက်မှ မြင်ရတာနဲ့ ယှဉ်လျှင် ဤသည်က ဧရာမစပါးအုံးမြွေကြီးနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့တာဖြစ်သည်။ ၎င်း၏ သက်ရောက်မှုက ကြီးမားလှ၏။

"ဂျွန်နီ၊ ပါမောက္ခဘဲလ်၊ ပြဿနာတစ်ခုခု ရှိလို့လား..?"

လူဖြူအမျိုးသမီးတစ်ဦး ဖြတ်သွားစဉ်တွင် ဂျော်နီနှင့် ပါမောက္ခဘဲလ်တို့သည် မြေပြင်ပေါ်တွင် တုန်လှုပ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့အကြည့်အတိုင်း မှန်ပြတင်းပေါက်ကို လှမ်းကြည့်ရင်း သူမ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်မှ ကြီးမားသော မျက်လုံးကြီးကို မြင်တွေ့လိုက်ရချိန်မှာတော့ သူမ၏ နှလုံးခုန်မှုသည် ရပ်တန့်လုမတတ် ဖြစ်သွားကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားခဲ့သည်။

ထိုနောက် အဝါရောင်အရည်များသည် သူမ၏ ခြေထောက်များကြားမှ စိမ့်ထွက်လာခဲ့သည်။

သူမသည် ပါးစပ် ပွစိပွစိနဲ့ အော်ဟစ်ဖို့ ကြိုးစားချင်သော်လည်း သူမတွင် အဲဒီလိုလုပ်ဖို့တောင် အားအင်ကင်းမဲ့နေခဲ့သည်။

ယင်းက သူမ မည်မျှတောင် ကြောက်ရွံ့ထိတ်လန့်နေမည်ကို တွေးကြည့်နိုင်လေသည်။

မကြာခင်တွင် လူတချို့က အခြေအနေကို စစ်ဆေးဖို့ လာခဲ့ကြလေသည်။

သို့သော် ပြတင်းပေါက်အပြင်ဘက်မှ ဧရာမစပါးအုံးမြွေကြီးကို မြင်လိုက်ရတော့ ထိတ်လန့်တကြား အော်သံတွေ ချက်ချင်းဆိုသလို ပြုပြင်မွမ်းမံထားသည့် ထရပ်ကားတစ်စင်းလုံး ပြည့်လျှံသွားခဲ့သည်။

"မြန်မြန် ... မြန်မြန်မောင်း.. !!"

"ဘာလဲ..?"

"ဧရာမစပါးအုံးမြွေကြီး ရောက်လာပြီ!"

ပြုပြင်မွမ်းမံထားသော ထရပ်ကားသည် ယာဂုအိုးသဖွယ် ဖြစ်လာ၏။ အချင်းချင်း အော်ဟစ်သံများ တိုက်မိခြင်းများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။

ထိုအချိန်တွင် လူမည်းအမျိုးသားတစ်ဦးသည် ကားမောင်းသူ ထိုင်ခုံဆီသို့ အမြန်စွာပြေးသွားပြီး တုန်ရီနေသော သူ၏ လက်များနှင့် ကြိုးစားထိန်းချုပ်၍ ကားကို ဦးတည်ချက် အမြန်လှည့်ကာ မောင်းလိုက်သည်။

ဗွမ်း!

ထရပ်ကားကြီးသည် ကျယ်လောင်စွာ မည်သံပြီးနောက် ရှေ့သို့ အရှိန်မြှင့် မောင်းထွက်သွားသည်။

လူမည်းအမျိုးသားသည် စိတ်အလွန်အမင် လှုပ်ရှားနေမှုကြောင့် ထရပ်ကားသည် အချိန်မရွေး မှောက်သွားသလို ယမ်းခါလျက် သွားနေခဲ့သည်။

"ဂျော့၊ အခု ကားကို တည်ငြိမ်အောင် ထိန်းစမ်း ... မင်းက ငါတို့ကို ဒီမှာသေစေချင်တာလား!!"

အရပ်မြင့်မြင့် လူဖြူတစ်ယောက်သည် အော်ဟစ်၍ ပြုပြင်မွမ်းမံထားသော ထရပ်ကားကို မောင်းနှင်နေသည့် လူမည်းအမျိုးသားကို သတိပေးလိုက်သည်။

"သေတာပဲ!"

လူဖြူတစ်ယောက်က ပြင်းထန်းသည့် သူ့အသက်ရှုသံအောက်၌ ကျိန်ဆဲနေခဲ့သည်။ သူ၏ ရင်ဘတ်ထဲမှ နှလုံးပင် အခုန်ရပ်သွားသလို သူ ခံစားလိုက်နေရသည်။

ထရပ်ကားသည် ၎င်းနေရာမှ ဝေးကွာလာသည်နှင့် လူတိုင်း၏ စိတ်နှလုံးက တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။

လူမည်း အမျိုသားသည် သူ့ဘေးနားက ရေသန့်ဘူးကို လှမ်းယူလိုက်သည်။ ထိုနောက် သူသည် မြန်မြန်လေး စုပ်သောက်လိုက်ပြီး အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

သူ သူ့ဘေးနားက ကားမှန်မှ တဆင့် လှမ်းကြည့်လိုက်သည်။

အပြင်ကို ကြည့်ပြီးနောက် သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကာ တစ်ချိန်တည်းမှာပင် သက်ပြင်းမော တစ်ချက်ကို ချလိုက်တော့သည်။

"ဟူးးး…”

ဧရာမစပါးအုံးမြွေကြီးသည် ၎င်းနေရာတွင် ရှိနေဆဲဖြစ်ပြီး သူတို့နောက်သို့ လိုက်မလားပေ။

ထိုအချိန်တွင် အခြားသူများသည်လည်း လက်တန်းကို ကိုင်ကာ ပြတင်းပေါက်မှ အမြန် လှမ်းကြည့်လိုက်ကြသည်။

ဧရာစပါးအုံးမြွေကြီးသည် ၎င်းတို့နောက် လိုက်မလာမှန်း တွေ့လိုက်ရမှ သူတို့လည်း စိတ်အေးလက်အေး ဖြစ်သွားတော့သည်။

ထရပ်ကားပေါ်မှ သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာကာ မကြာမီတွင် ပျော့ပျောင်းသော အသက်ရူသံများသာ ရှိတော့သည်။

အဖွဲ့သား အများစုသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။

“ငါတို့ အတော် ကံကောင်းတယ် “

ဂျွန်နီသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူ့မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ရှိနေခဲ့၏။ သူ့အဝတ်တွေက ချွေးတွေနဲ့ စိုရွှဲနေခဲ့သည်။

သူက တခြားသူတွေကို ကြည့်လိုက်ရာ သူတို့အားလုံးက အခြေခံအားဖြင့် အတူတူပဲဆိုတာ တွေ့လိုက်ရသည်။

"ကံကောင်းတာက၊ ငါတို့တွေ အဲဒီမြွေကြီးကို ဒေါသမထွက်စေခဲ့တာပဲ"

ဘေးရှိ ပါမောက္ခဘဲလ်က သက်ပြင်းရှည်ကြီးတစချက် မှုတ်ထုတ်ကာ ချိနဲ့သည့် အပြုံးနှင့် ပြောသည်။

"ဒါက ငါတို့ကို သတိပေးနေတာပဲ၊ မဟုတ်ရင် ငါတို့တွေ ထွက်သွားဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး!"

ဂျွန်နီနှင့် ကျန်အဖွဲ့သားများ အားလုံး ခေါင်းညိတ်ပြ ကြသည်။

ဤမြွေကြီး၏ အမြန်နှုန်းသည် သူတို့၏ စိတ်ကူးနိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။

၎င်းသည် ခြင်္သေ့များရှိရာနေရာမှ မိနစ်အနည်းငယ်အတွင်း သူတို့၏ ထရပ်ကားဆီသို့ လျင်မြန်စွာ ရောက်လာနိုင်ခဲ့သည်။

ဆိုလိုသည်မှာ ၎င်းတွင် မိနစ်အနည်းငယ်အတွင်း မိုင်ပေါင်းများစွာကို ဖြတ်ကျော်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်း ရှိလေသည်။

၎င်း၏ ကြီးမားသောခွန်အား၊ အမြန်နှုန်းနှင့်ဆို ထိုမြွေကြီးသာ သူတို့ကို သတ်ချင်ပါက ပြုပြင်မွမ်းမံထားသော ဤထရပ်ကားပင် သူတို့ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

၎င်းတို့သည် ဧရာမစပါးအုံးမြွေနှင့် တစ်ကီလိုမီတာကျော် ဝေးကွာနေပြီ ဖြစ်သော်လည်း ကားမောင်းခြင်း ရပ်တန့်ရန် ယာဉ်မောင်းကို မည်သူမျှ မပြောခဲ့ကြပေ။

မည်သူမှ ဤနေရာတွင် မနေချင်တော့ပေ။

အကယ်၍ နောက်တစ်ခါ ဤဧရာမစပါးအုံးမြွေကြီးနှင့် ထပ်မံတွေ့ဆုံပါက၊ ၎င်းသည် ရိုးရှင်းသောသတိပေးချက်ဖြင့် ပြီးဆုံးလိမ့်မည်ဟု မထင်ပေ။

လူတို့သည် ထိုဧရာမစပါးအုံးမြွေကြီးကို အလွန် စိတ်ဝင်စားကြသော်လည်း သူတို့၏ ဘဝက ပို၍ အရေးကြီးသည်မှာ သံသယရှိစရာ မလိုပေ။

ယခုလို ဖြစ်ရပ်က လွတ်မြောက်နိုင်ခဲ့သည့် အတွက် လူတိုင်းသည် စိတ်သက်သာရာ ရနေကြသလို စိတ်လည်း လှုပ်ရှားနေကြသည်။

သူတို့၏ ယခုတွေ့ဆုံမှုသည် သိပ္ပံရုပ်ရှင် ဇာတ်ကား တစ်ကားမှ မြင်ကွင်းတစ်ခုလိုပင်။

ကမ္ဘာတဝှမ်းလုံးက လူဘယ်နှစ်ယောက်မှာ ယခုလို အတွေ့အကြုံမျိုး ရှိနိုင်မည်နည်း။

သူတို့သည် တစ်ခုတည်းသော ပထမဆုံးပင် ဖြစ်နိုင်သည်။

...

တစ်ဖက်တွင်...။

ထရပ်ကား ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ဖန့်ရန်သည် ခြင်္သေ့များ ကျက်စားရာသို့ ပြန်သွားခဲ့သည်။

ဤလူတွေက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်နေသည်။ သူသတိပေးပြီးနောက် သူတို့ အမြန်ထွက်သွားကြ၍သာ မဟုတ်ပါက သူသည် ၎င်းတို့ ထွက်သွားရန် အတင်းအကြပ် လုပ်ရပေမည်။

သူသည် သူတို့ကို မသတ်ချင်သော်လည်း ညတိုင်း အိပ်မက်ဆိုးများ မက်ရန် လုပ်နိုင်သည်။

ခြင်္သေ့များ ကျက်စားရာနေရာသို့ ရောက်ချိန်တွင်..။ ဖန့်ရန်သည် ခြင်္သေ့ငါးကောင်က အဝေး ရောက်နေတာကို သတိပြုမိလိုက်သည်။

၎င်းတို့သည် သတိဖြင့် အဝေးမှ စောင့်ကြည့်နေလေသည်။ ဟိုင်းအီးနားအုပ်စုကတော့ အနားတွင် ရှိမနေသလို၊ အဝေးမှာလည်း ရှိမနေခဲ့ပေ။

ဖန့်ရန်သည် ထိုခြင်္သေ့များကို လျစ်လျူရှုကာ ကျန်ရှိသည့် ခြင်္သေ့နှစ်ကောင်၏ ခန္ဓာကိုယ်ဆီသို့ ရွေ့လျားသွားသည်။

ယင်းက စနစ်အမှတ် (၁ဝဝဝဝ) ဖြစ်သည်။

ယခုတစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ် ပမာဏမှာ (၃၅ဝဝဝဝ) ဖြစ်သည်။ ယင်းသည် အလွန်များပြားသော ပမာဏဟု ဆိုနိုင်သည်။

စနစ်အမှတ် (၁၅ဝဝဝ) သည် အလွန်များပြားသော်လည်း လိုအပ်သော ပမာဏနှင့် ဝေးကွာနေသေးသည်။

သူအနေဖြင့် နောက်လာမည့် အရာများအတွက် အစီအစဉ်တစ်ခု စဉ်းစားဖို့ လိုသည်။

ယခု သူ၏ တည်ရှိမှုကို ရှာဖွေတွေ့ သွားသောကြောင့် သူသည် ဤနေရာ၌ အကြာကြီး မနေနိုင်တော့သည်မှာ သေချာသည်။

ထို့အပြင် ဤနေရာတွင် ကျန်ရှိသော သားကောင်များမှာ အလွယ်တကူ ဖမ်းယူနိုင်သည့် သားကောင်များ မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ မထွက်ခွာမီ ဤနေရာမှ ရနိုင်သမျှ စနစ်အမှတ်များကို စုဆောင်း ညှစ်ထုတ်သွားရပေမည်။

တောင်ကုန်းငယ်ပေါ်သို့ တက်လိုက်ချိန်တွင်..။ သူ၏ အမြင်အာရုံသည် အလွန်ကျယ်ပြန့်လာကာ လျင်မြန်စွာ ရွေ့လျားနေသော အရာတစ်ခုကို သူ ချက်ချင်း သတိပြုမိလိုက်သည်။

ပြုပြင်မွမ်းမံထားသော ထရပ်ကားသည် အမှန်တကယ် ထွက်ခွာသွားကြောင်း မြင်လိုက်ရသဖြင့် ဖန့်ရန်သည် စိတိကျေနပ်စွာဖြင့် ခေါင်းညိတ် လိုက်မိသည်။

ထိုနောက် သူ့အကြည့်ကို ရွေ့လျားကာ ဖန့်ရန်သည် အခြားနေရာများသို့ ကြည့်လိုက်သည်။

သူ၏ ညာဘက်ခြမ်းရှိ မြစ်ထဲမှ အရာလေးခုက သူ့အာရုံကို ဖမ်းစားသွားသည်။

ရေမြင်း လေးကောင်...။

၎င်းသည် အရွယ်ရောက် ရေမြင်းနှစ်ကောင်နှင့် အပြည့်အဝ အရွယ်မရောက်သေးသည့် ရေမြင်း နှစ်ကောင်တို့ ဖြစ်သည်။

ရေမြင်းများသည် ဆင်များကဲ့သို့ အလွန်မကြီးမားသော်လည်း ၎င်းတို့သည် အသန်မာဆုံး ကုန်းနေ၊ ရေနေသတ္တဝါများထဲမှ တစ်ကောင်အဖြစ် သတ်မှတ်ခံထားရသည်။

သဘာဝအစာကွင်းဆက်တွင် ၎င်းတို့၏ အရွယ်အစားနှင့် ကြမ်းတမ်းမှုကြောင့် ၎င်းတို့သည် ခြင်္သေ့များထက်ပင် စနစ်အမှတ်ပမာဏကို ပိုမိုပေးစွမ်းနိုင်လေသည်။

ထိုရေမြင်း လေးကောင်ကို မျိုချပြီးနောက်၊ သူသည် စနစ်အမှတ် (၂ဝဝဝဝ) ကျော်ကို ရရှိနိုင်ပေသည်။

ထိုသို့တွေးပြီး ဖန့်ရန်သည် တောင်ကုန်းအောက်ခြေသို့ ပြန်ဆင်းလိုက်သည်။

တောင်ကုန်းအောက်ခြေသို့ ရောက်စဥ်တွင် စနစ်၏ အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

[ဒင်၊ လက်ခံသူသည် ဂုဏ်သတင်းရမှတ် ၁၀ သန်းကို အောင်မြင်စွာရရှိခဲ့ပြီး ကျွမ်းကျင်မှုရမှတ် ၈ မှတ်ကို ဆုလာဘ်အဖြစ် ရရှိသည် ]

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသော ဖန့်ရန်သည် တခဏမျှ အေးခဲသွားသည်။

သူ့ ဂုဏ်သတင်းမှတ်တွေ တိုးလာတာလား..?

ဖန့်ရန်သည် စနစ် စခရင်ကို အမြန် ကြည့်လိုက်သည်။

[လက်ခံသူ : ဖန့်ရန်

အဆင့် : ၁၇

စနစ်အမှတ် : ၁၆၂၄ဝ/၃၅ဝဝဝဝ

ကျွမ်းကျင်မှုရမှတ် : ၂၂

ကိုယ်ထည်အရှည် : ၂၁ မီတာ

အချင်း : ၇၄ စင်တီမီတာ

ခွန်အား : ၂၃ဝ

ခုခံနိုင်စွမ်း : ၃၄၀

အမြန်နှုန်း : ၅၇

တက်ကြွမှု : ၆ဝ

စိတ်ဝိညာဉ် : ၆၂

ရုပ်ပိုင်ဆိုင်ရာ ခွန်အား : ၈၅

စွမ်းရည် : --------------------- --------------------------------------- သံမဏိကိုယ်ထည် (၂/၅)၊ အမြန်ပြန်လည် ကုသခြင်း (၂/၅)

ဂုဏ်သတင်းရမှတ် : ၁၂၃၅၄၁၈ဝ/၁ဝဝဝဝဝဝဝ]

ဖန့်ရန်၏ အကြည့်သည် ဂုဏ်သတင်း ကော်လံပေါ်သို့ ချက်ချင်း ကျဆင်းသွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ သူ၏ ဂုဏ်သတင်းရမှတ်သည် (၁ဝ) သန်းဆိုသည့် ပမာဏကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် လျင်မြန်စွာမြင့်တက်နေဆဲဖြစ်၏။

ဖန့်ရန်သည် စောစောက ထွက်ပြေးသွားခဲ့သည့် လူတစ်စုကို သတိရသွားခဲ့သည်။

ထိုနောက် သူသည် ၎င်းတို့ ဖြစ်သင့်သည်ဟု ချက်ချင်း မှန်းဆခဲ့လေသည်။

“ငါ့ရဲ့ ဂုဏ်သတင်းရမှတ်က ဆယ်သန်းကျော်သွားခဲ့ပြီ။ ငါ နောက်ဆုံးတော့ အဓိကတာဝန်ကို ပြီးမြောက်ခဲ့ပြီပေါ့!!"

ဖန့်ရန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် အမြန်ပြောလိုက်၏။

"စနစ်၊ အသေးစ် အချက်အလက်ဇယားကို ပြပေးပါ!"

.....

All Chapters