စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
Vol. 7 Ch. 100
"စနစ်၊ အသေးစိတ် အချက်အလက်ဇယားကို ပြပေးပါ!"
ဖန့်ရန်က စိတ်ထဲမှာ ပြောပြီးသည့် နောက်အခိုက်အတန့်တွင် အလင်းတန်းတစ်ခု ပေါ်လာသည်။
[လက်ခံသူ : ဖန့်ရန်
မျိုးစိတ် : မီးခိုးရောင်စပါးအုံး (မျိုးကွဲမျိုးစိတ်)
အခြေအနေ : အရွယ်ရောက်ပြီးသူ
ဘဝသံသရာ : ဆယ်နှစ်
ကမ္ဘာ : အပြာရောင်ဂြိုဟ်
ဂုဏ်သတင်းရမှတ် : ၁၂၃၅၄၁၈ဝ/၁ဝဝဝဝဝဝဝ]
သူ့အချက်အလက် ဘောင်ပေါ်ရှိ ဂုဏ်သတင်းရမှတ် ပမာဏကို ကြည့်ရင်း ဖန့်ရန်၏ နှလုံးသားသည် ရင်ခုန်စိတ်လှုပ်ရှားမှုဖြင့် အပြင်းအထန် ခုန်နေခဲ့သည်။
ယခုအချိန်တွင် သူ၏ ဂုဏ်သတင်းအမှတ်က (၁၀) သန်းသို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် သူသည် လုံးဝကို စိတ်အေးလက်အေးနေနိုင်ပြီ ဖြစ်သည်။
ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်မှာ သူသည် သွေးလိုင်းတစ်ခုကို ရယူနိုင်ခြင်းဖြစ်သည်။
"ဘယ်လိုသွေးလိုင်းမျိုး ... ငါ ရနိုင်မလဲ မသိဘူး?"
ဖန့်ရန်သည် မစောင့်နိုင်တော့ဘဲ ချက်ချင်းပင် စိတ်ထဲတွင် ပြောလိုက်သည်။
“စနစ် သွေးလိုင်းကို ရယူမယ်”
နောက်အခိုက်အတန့်တွင်..။ သူ၏ ဂုဏ်သတင်းကော်လံရှိ ဂုဏ်သတင်းရမှတ် (၁ဝ) သန်းသည် ပြောင်းလဲသွားခဲ့၏။
[ဂုဏ်သတင်းရမှတ် : ၂၅၃၈၂ဝဝ/၁ဝဝဝဝဝဝဝဝဝ]
"လခွမ်း"
ဂုဏ်သတင်း ကော်လံရှိ အပြောင်းအလဲများကို မြင်လိုက်သော ဖန့်ရန်သည် အံ့သြသွားမူကြောင့် မထိန်းနိုင်ဘဲ ဆဲရေလိုက်မိသည်။
သို့သော် သူ့ များများစားစား မတွေးနိုင်ခင် စနစ်၏ အသံက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
[ဒင်!၊ လက်ခံသူသည် ဒဏ္ဍာရီလာ ဧရာမမြွေ သွေးလိုင်းကို ရယူ အောင်မြင်ခဲ့သည်။]
[ဒဏ္ဍာရီလာ ဧရာမမြွေ သွေးလိုင်း၊ ၎င်းကို အသုံးပြုပြီးနောက်၊ လက်ခံသူသည် အကန့်အသတ်ကို ကျော်လွန်ကာ ဒဏ္ဍာရီလာ ဧရာမမြွေ ဖြစ်လာနိုင်သည်။]
[ဒီသွေးလိုင်းကို သုံးချင်ပါသလား။]
ဖန့်ရန်၏ အာရုံကို စနစ်၏ အသိပေးချက်က လုံးလုံးလျားလျား ဆွဲဆောင်သွားခဲ့သည်။
သူသည် နောက်ဆုံးတွင် သာမန်မျိုးစိတ်တစ်ခုမှ သဘာဝလွန် မျိုးစိတ် အဖြစ်သို့ ပြောင်းလဲနိုင်ပေတော့မည်။
ဒဏ္ဍာရီလာ ဧရာမမြွေသည် ထိပ်တန်းဒဏ္ဍာရီလာ မြွေနဂါးများနှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် သာမန် မီးခိုးရောင် စပါးအုံးမြွေများထက် အဆများစွာ သာလွန်ပေသည်။
ဖန့်ရန်သည် ခဏကြာ စဉ်းစားပြီးနောက် ယင်းသွေးလိုင်းကို ချက်ချင်းသုံးဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုနောက် သူသည် စနစ်ကို လုပ်မည် ပြောခါနီးတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ထိုသို့ လုပ်မည်ဆိုလျှင် အိပ်ပျော်သွားနိုင်သည်ဟု သူ၏ ဗီဇက ပြောနေသည်။
ထိုအတိုင်းသာ ဆိုလျှင် အန္တရာယ်များလွန်းလှသည်။
ဤနေရာတွင် ရှိနေသော တိရိစ္ဆာန်များသည် သူ၏ ခုခံမှုကို မထိုးဖောက်နိုင်သော်လည်း အချိန်သာ လုံလောက်မည်ဆိုလျှင် ၎င်းတို့သည် သူ၏ ခုခံမှုကို ထိုးဖောက် နိုင်လောက်ပေသည်။
ထို့အပြင် အချိန်မရွေး ရောက်လာနိုင်သော လူသားများ ရှိနေသေးသည်။ ၎င်းကို တွေးမိပြီး ဖန့်ရန်သည် သူ့ရင်ထဲက စိတ်အားထက်သန်မှုများကို ဖိနှိပ်လိုက်သည်။
ဤနေရာရှိ ငြိမ်းချမ်းရေးသည် တခဏပင်။ မကြာခင် အချိန်ရက်အနည်းငယ် အတွင်း စစ်တပ် သို့မဟုတ် သုတေသီများ ရောက်လာနိုင်ပေသည်။
အကျိုးဆက်တွေကို သိနေသော ဖန့်ရန်သည် စိတ်အားထက်သန်မှုများကို မျိုသိပ်ထားရန်သာ တတ်နိုင်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့မှာ သွေးလိုင်းတစ်ခု ရှိနေပြီး။ ငါ့ရဲ့ သွေးလိုင်းကို အချိန်မရွေး ပြောင်းလဲနိုင်တယ်။ ငါ စိုးရိမ်သင့်တာက သွေးလိုင်း ပြောင်းလဲနေချိန် လုံခြုံနိုင်မယ့် နေရာတစ်ခုကို ရှာဖွေဖို့ပဲ.. "
သူ၏ မငြိမ်မသက် ဖြစ်နေသော စိတ်ခံစားချက်များ တဖြည်းဖြည်း ငြိမ်လာသည်။
ထိုနောက် သူသည် သူ၏ အချက်အလက်ဘောင်ပေါ်ရှိ ဂုဏ်သတင်းရမှတ် ဆီသို့ ပြန်ကြည့်ခဲ့သည်။
နောက်သွေးလိုင်းတစ်ခုရရန် လိုအပ်သော ဂုဏ်သတင်းရမှတ် (၁ဝ) သန်းသည် (၁) ဘီလီယံသို့ ပြောင်းလဲသွားသည်ကို သူတွေ့ရှိခဲ့သည်။
"ကြည့်ရတာ နောက်ထပ် ပိုအဆင့်မြှင့်တဲ့ သွေးလိုင်းကို ရချင်တယ်ဆိုရင် ဂုဏ်သတင်းရမှတ် တစ်ဘီလီယံကို စုဆောင်းရမယ့်ပုံပဲ.."
ဤကိန်းဂဏန်းက အလွန်များပြားလှသည်။ နောက်ထက် ပိုအဆင့်မြှင့်မားသည့် သွေးလိုင်းရယူရန် ဤမျှ မြင့်မားသော ဂုဏ်သတင်းအမှတ်များ လိုအပ်မည်ဟု သူ မထင်ထားခဲ့တာ အမှန်ပင်။
ဖန့်ရန်၏ စောင့်ကြည့်မှုအောက်တွင်၊ ဂုဏ်သတင်းရမှတ်များသည် အလွန်လျင်မြန်သောနှုန်းဖြင့် မြင့်တက်နေသော်လည်း ဂုဏ်သတင်းရမှတ် တစ်ဘီလီယံနှင့် နှိုင်းယှဉ်ပါက လွန်စွာ ဝေးကွာလွန်လှသည်။
"ဒီပုံ အတိုင်းဆို နောက်ထက်သွေးလိုင်း တစ်ခုရယူဖို့ အချိန်ဘယ်လောက်တောင် ယူရမှာပါလိမ့်..? "
ဖန့်ရန်က သက်ပြင်းချရင်း ခေါင်းထဲက အတွေးတွေ လွှင့်ထုတ်တော့မည့် အချိန်မှာပင် အတွေးတစ်ခုက ရုတ်တရက် သူ့ ခေါင်းထဲ ဝင်လာခဲ့သည်။
ဂုဏ်သတင်းရမှတ် (၁ဝ) သန်း ပြည့်စဥ်က စနစ်သည် သူအား ကျွမ်းကျင်မှုရမှတ် (၁ဝ) မှတ် ပေးခဲ့ပေသည်။
ခဏလောက် စဉ်းစားပြီးနောက် သူသည် "သံမဏိ ကိုယ်ထည်" ကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ခဲ့သည်။
ရင်းနှီးကျွမ်းဝင်သော ပူနွေးသော ခံစားမှုအား လွန်မြောက်သွားပြီးနောက်.. ဖန့်ရန်သည် သူ့ခန္ဓာကိုယ်က ထက်မံ ပြောင်းလဲသွားမှန်း သိလိုက်ရသည်။ ထိုနောက် အချက်အလက် ဇယားအား ကြည့်လိုက်၏။
သူ၏ ခံစစ်သည် ကြောက်မက်ဖွယ်ကောင်းစွာဖြင့် (၃၄ဝ) မှ (၄၂ဝ) သို့ ပြောင်းလဲသွားခဲ့သည်။
"အခုဆို ဘယ်လို လက်နက်တွေကိုများ ငါခံနိုင်ရည် ရှိမှာပါလိမ့်..?"
သူသည် မည်သို့သော သေနတ်မျိုးကို ခံနိုင်ရည်ရှိမည်နည်းဟု မတွေးတောဘဲ မနေနိုင်ပေ။
လူသားများနှင့် အမည်မသိ အန္တရာယ်များမှ လွတ်မြောက်ရန်၊ အကာအကွယ်သည် ဘေးကင်းလုံခြုံရန် အတွက် အကြီးမားဆုံး အာမခံချက် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ကဏ္ဍအားလုံးကို အလေးထားသည်။
ပြဿနာအားလုံးကို သေသေချာချာ စဉ်းစားပြီးနောက်... သေနတ်လိုမျိုး လက်နက်တွေက သူ့အတွက် ခြိမ်းခြောက်မှု သိပ်မရှိဘူးလို့ ဖန့်ရန် ကောက်ချက်ချခဲ့သည်။
မှန်ပေသည်၊ သံချပ်ကာကိုပင် ထိုးဖောက်နိုင်သော ကျည်ဆန်များ တပ်ဆင်ထားသည့် စနိုက်ပါ ရိုင်ဖယ်ကဲ့သို့သော အားအပြင်းဆုံး သေနတ်များသည်တော့ သူ့အား အနည်းငယ် ဒဏ်ရာရစေနိုင်သည်။
သူ့ခေါင်းကို ခါယမ်းလျက် စိတ်လှုပ်ရှားမှုများကို ဖြေလျှော့ရင်း ဖန့်ရန်သည် ထိုနေရာမှ ဆက်ဆင်းလာခဲ့သည်။
ဂျိ..ဂျိ
သူ၏ ဦးတည်ရာမှာ မဝေးသော မြစ်ထဲတွင် ပျော်မြူးနေကြသည့် ရေမြင်းများ ဖြစ်သည်။
ဖန့်ရန်သည် ထိုရေမြင်းများဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
အရောင်ပြောင်း ဖုံးကွယ်နိုင်ခြင်း စွမ်းရည်ကို အသုံးပြု၍ ၎င်းရေမြင်းများ၏ မျက်လုံးများကို အလွယ်တကူ သူ လှည့်စားနိုင်ခဲ့သည်။
ရုတ်တရက် ဖန့်ရန်သည် သူ့ပါးစပ်ကို အကျယ်ကြီး ဟကာ ရေမြင်းတစ်ကောင်၏ တင်ပါးကို ကိုက်ချလိုက်သည်။
ချွန်ထက်သော သွားများအောက်တွင် အင်တုံအရွယ် အသားတစ်ပိုင်း စုတ်ပြဲသွား၏။
“သံမဏိ ကိုယ်ထည်” စွမ်းရည်ကို သုံးကြိမ် အဆင့်မြှင့်တင်ပြီးနောက်၊ သူ၏ သွားများ အပါအဝင် အရိုးများသည်လည်း အလွန်မာကျောသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ရေမြင်း၏ အရေပြားသည် အလွန်ထူသော်လည်း ၎င်းက ချွန်ထက်သော သူ၏ သွားများကို အနည်းငယ်မျှ မနှောင်နှေးစေခဲ့ပေ။
“ဂတ် .. ဂတ် .. ကတ် ...."
ထိုရုတ်တရက်တိုက်ခိုက်မှုကြောင့် ရေမြင်းသည် ချက်ချင်းဟိန်းဟောက်လိုက်ပြီး ခေါင်းကို လှည့်ကာ ဘယ်သတ္တဝါက ဤသို့ တိုက်ခိုက်ရဲတာလဲဆိုတာ ၎င်းသည် သိချင်နေခဲ့၏။
သို့သော် ဖန့်ရန်ကို မြင်ပြီး နောက်မှာတော့ ဒေါသပေါက်ကွဲ ထွက်မလို ဖြစ်နေသော ရေမြင်း၏ ဟိန်းဟောက်သံက ချက်ချင်းဆိုသလို ပျောက်သွားခဲ့သည်။
ဖန့်ရန်သည် သူ၏ ဧရာမရုပ်သွင်ကို ဖော်ထုတ်လိုက်ပြီး။ ၎င်းရေမြင်းကို အမြန်သတ်ပစ်လိုက်သည်။
အခြား ရေမြင်း သုံးကောင်သည် ထွက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဖန့်ရန်၏ သတ်ပစ်ခြင်းကို မိနစ်ပိုင်းအတွင်း ခံလိုက်ရသည်။
ရေမြင်း လေးကောင်က သူ့ကို စနစ်အမှတ် စုစုပေါင်း (၂၂ဝဝဝ) ပေးစွမ်းနိုင်လေသည်။
ဖန့်ရန်သည် ထိုမြက်ခင်းပြင်ဒေသတွင် နောက်ထပ် ငါးရက်နေခဲ့သည်။
ထိုအချိန်တွင် သူသည် သစ်ကုလားအုတ် လေးကောင် အပြင် မိကျောင်း၊ မြင်းကျားများနှင့် တောရိုင်းတိရစ္ဆာန် အများအပြားကို အမဲလိုက်ခဲ့သည်။
ယခုအချိန်တွင် သူ၏ စနစ်အမှတ်သည် (၁၃၂၅ဝ) သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤလွင်ပြင်ရှိ အပူချိန်သည် ဆက်လက်မြင့်တက်လာခဲ့သည်။ မြက်ခင်းပြင်၏ နေရာအတော်များများသည် ရေများခန်းခြောက်သွားခဲ့သည်။
ဖန့်ရန်သည် နောက်ဆုံးတွင် ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး မြစ်တစ်လျှောက် သမုဒ္ဒရာဆီသို့ သွားရန် စီစဉ်ခဲ့သည်။
ကျယ်ပြောလှသော သမုဒ္ဒရာသည် သူ၏ စစ်မှန်သော ရည်မှန်းချက် ဖြစ်သည်။
ထိုနေရာတွင် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး တိရစ္ဆာန်များ နေထိုင်သည်။
ဝေလငါး...
ထိုငါးကို ဖမ်းစားခြင်းသည် သူ၏ စနစ်အမှတ်များကို လျင်မြန်စွာ မြင့်တက်လာစေမည် ဖြစ်သည်။ ခွန်အားများ တိုးလာမှသာလျှင် သူသည် လုံခြုံမှု အစစ်အမှန်ကို အမှန်တကယ် ရရှိလိမ့်မည်။
ကျီမည်း တောင်မှာရှိတုန်းက သူသည် သူ၏ ပြိုင်ဘက်တွေက ကမ္ဘာပေါ်က တိရစ္ဆာန်မျိုးစုံဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့သည်။
သူသည် ယခုဆို (၂၀) မီတာကျော် အရွယ်အစားသို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ယခုဆို ကုန်းနေ သတ္တဝါထဲတွင် သူကြောက်လန့်ရမည့်သူ မရှိတော့ပေ။ (လူသားမှ လွဲ၍)
သို့သော် ဖန့်ရန်သည် ပို၍၊ ပို၍ ကြီးထွားလာသည်နှင့် အမျှ၊ အထူးသဖြင့်... လူသားများသည် ဤကမ္ဘာပေါ်ရှိ တစ်ခုတည်းသော သူ၏ ပြိုင်ဘက်ဖြစ်သည်ကို သိရှိ နားလည်လာခဲ့သည်။
ထိုအရာက ဖန့်ရန်ကို လျင်မြန်စွာ ကြီးထွားသန်မာရန် အရေးတကြီး လိုအပ်နေသည်ဟု ခံစားရစေသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ၏ ရည်မှန်းချက်သည် ဆယ်မီတာ အရှည်အထိ ကြီးထွားဖို့ရန် မဟုတ်ချေ။ သူ၏ အဆင့်က ၎င်းကို ကျော်လွန်သွားခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်သည်။
သူသည် မီတာတစ်ရာမျှ ကြီးမားကာ ကီလိုမီတာတစ်ရာအထိ ရှည်လျားလိုသည်။
ဤကမ္ဘာပေါ်တွင် သူသည် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင် ဖြစ်လာချင်သည်။
အတော်ကြာ တွေးတော ဆင်ခြင်ပြီးနောက် ဖန့်ရန်သည် ရေထဲသို့ အမြန်ခုန်ဆင်း၍ ပင်လယ်ဘက်သို့ ကူးခတ်သွားခဲ့သည်။
သူ မသိသည်မှာ သူ ထွက်ခွာသွားချိန်တွင် ခြင်္သေ့ငါးကောင်သည် အဝေးကတောင်ကုန်းပေါ်တွင် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
...
ဖန့်ရန်က ပင်လယ်ဆီသို့ ဦးတည်နေချိန်တွင်..။
ကင်မရာမှ ဖမ်းယူထားသည့် သူ၏ ဓာတ်ပုံများသည် ကမ္ဘာ့နေရာ အနှံ့အပြားသို့ ပျံနှံ့ရောက်ရှိ သွားခဲ့သည်။
ရုပ်မြင်သံကြားဌာန သတင်းတိုင်းက သူ့အကြောင်း တင်ဆက်လျက် ရှိသည်။
တစ်ရက်ပင် မပြည့်သေးသော အချိန်တွင်
ဖန့်ရန်သည် ကျော်ကြားသော ကြယ်တစ်ပွင့် ကဲ့သို့ ဖြစ်လာခဲ့သည်။
.....