အခန်း (၁၉၈)
Vol. 15 Ch. 198
အိမ်ဟောင်းတစ်လုံးအတွင်းရှိ အဝတ်အစား အပြာရောင် ဝတ်ထားတဲ့သူ ရှိနေသည့် ဓာတ်ပုံ။
ထန်ဝမ်၏ဇာတ်လမ်းမှ ကျန်းရီသည် ဘာ သဲလွန်စမှ မရခဲ့ပေ။
"ဒါဆို နောက်ပိုင်းမှာ သူမကို အစ်မစတူဒီယိုထဲမှာ ထပ်တွေ့သေးလား"
ကျန်းရီမေးလိုက်သည်။ အကယ်၍ ထိုမိန်းကလေးသည် ထန်ဝမ်၏ စတူဒီယိုသို့မဟုတ် အိမ်သို့ ရောက်ဖူးပါက အရာရာသည် ပိုမိုရိုးရှင်းလာနိုင်သည်။
ထန်ဝမ်ပြန်သွားပြီး ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်ရုံ၊ ဒါမဟုတ် ကျန်းရီသွားလိုက်ရုံနှင့် အဆင်ပြေသွားနိုင်ပီ ဖြစ်သည်။
သို့သော် ထန်ဝမ်က ခေါင်းခါလိုက်သည်။
"မတွေ့တော့ဘူး။ သူမက အဲဒီညတည်းက တစ်ခါလာ ပြီးတာနဲ့ နောက်ထပ် မလာတော့ဘူး။"
"ဒါဆို ဒီည ဘာလို့ကြောက်နေရတာလဲ"
"ဒီညလား။ မဟုတ်ဘူး။ ကျွန်မအိမ်မှာ သူမကို နောက်ထပ်မတွေ့တော့ဘူး။ ဒါပေမယ့် ထူးဆန်းတာက ကျွန်မအိမ်ဟာ အဲ့ဒီညက စပြီး တံခါးတစ်ချပ် ဖွင့်လိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ တစ်ချို့ လူတွေဟာ ဘာကြောင့်မှန်းမသိဘဲ ဝင်လာကြတယ်"
"မိုးရွာတဲ့ညဖြစ်ဖြစ်၊ လရောင်ထွက်တဲ့ ညဖြစ်ဖြစ်၊ အဲဒီအရိပ်တွေဟာ ကျွန်မအိမ်ရဲ့ ထောင့်တိုင်းမှာ ပေါ်လာတတ်တယ်။"
"တကယ်တွေ့လိုက်ရတာက တတိယမြောက်နေ့မှာ
ကျွန်မ အဲဒီည အိမ်ပြန်သွားခဲ့တယ်။
ကျွန်မက ကြောက်တက်တဲ့သူဆိုပေမယ့် ဒီအိမ်က ကျွန်မရဲ့အိမ်ပဲလေ။
မိဘတွေက ကျွန်မကို ချန်ထားခဲ့တာဆိုတော့ မပြန်ရဲဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီနေ့ ကျွန်မရဲ့မ သိစိတ်တွေဟာ ရှုပ်ထွေးနေသလိုပဲ၊ တစ်ခုခုပျောက်နေသလို ခံစားရတယ်။ ဒါနဲ့ အိမ်ပြန်လိုက်တာ"
"အိမ်ရောက်တော့ ပုံမှန်အတိုင်း ကျွန်မစားချင်တဲ့ညစာကို ချက်ပြုတ်ပြီး စားလိုက်တယ်။ စားပြီးတော့ စတူဒီယိုထဲ မဝင်တော့ဘူး။ ဟုတ်ပါတယ်၊ စတူဒီယိုဆိုတဲ့နေရာဟာ ကျွန်မ ဦးနှောက်ထဲမှာ တားမြစ်ထားတဲ့ နေရာတစ်ခုလို ဖြစ်သွားခဲ့တယ်။ အဲဒီနေရာကို ကျွန်မ မသွားရဲတော့ဘူး။ ဒါကြောင့် ကွန်ပျူတာအခန်းထဲမှာ တီဗီကြည့်တာ၊ ကွန်ပျူတာနဲ့ ဂိမ်းဆော့တာတွေပဲ လုပ်နေခဲ့တယ်"
"ညနက်တော့ ရေချိုးပြီး အိပ်လိုက်တယ်။
အဲဒီညက သန်းခေါင်အချိန်အထိ အိပ်နေခဲ့တယ်။
ရုတ်တရက် အာခေါင် ခြောက်သွေ့သလို ခံစားရလို့ ရေသောက်ဖို့ ထလိုက်တယ်။
ကျွန်မ အရမ်းငိုက်နေတုန်းဆိုတော့ လျှောက်သွားနေရင်း ဧည့်ခန်းထဲက တစ်ခုခုအသံကြားလိုက်တယ်။
တီဗီဖွင့်သံလိုပဲ။
အိပ်တုန်းက ပိတ်ထားခဲ့တယ်ထင်လို့ ဧည့်ခန်းထဲဝင်သွားတယ်"
"တီဗီမှာ ရုပ်ရှင်တစ်ကား ဖွင့်ထားတယ်။
ရှေးဟောင်း တရုတ်သိုင်းကား တစ်ကား၊ ဇာတ်လမ်းက တင်းမာနေပုံရတယ်။
ကျွန်မ တီဗီကို တစ်ချက်ကြည့်လိုက်ပြီး ပိတ်လိုက်တယ်။
ရေသောက်ပြီးတော့ အိပ်ခန်းထဲ ပြန်ဝင်သွားတယ်။
ဒါပေမယ့် အိပ်ခန်းထဲကနေ ဖိနပ်သံတွေ ဆက်ကြားနေရတယ်"
"ကျွန်မ အဲဒီချိန်မှာ နည်းနည်း သတိထားမိလိုက်ပြီ။ ဒါပေမယ့် အခန်းထဲက မီးလင်းနေတယ်။ အတွင်းဘက်ကို ကြည့်လိုက်တော့ ဘာမှမရှိဘူး။ ဒီနှစ်ခုက အာရုံကြော အားနည်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ချောက်ချားမှုတွေလို့ ထင်မိခဲ့တယ်။ ဒါနဲ့ မီးအိမ်ကိုပိတ်ပြီး အိပ်ရာထဲ ပြန်လှဲလိုက်တယ်"
"ဒါပေမယ့် ကျွန်မ အိပ်ရာထဲမှာ လူးလွန့်နေပြီး အိပ်မပျော်ခဲ့ဘူး။
ကျွန်မအခန်းထဲမှာ တစ်ခုခုရှိနေသလို ခံစားနေရတယ်။
အိပ်မပျော်ဘူး။
အဲဒါကို မရှာဖွေနိုင်သရွေ့ ကျွန်မ စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်မှညမဟုတ်ဘူး။
ကျွန်မ အခန်းထဲမှာ လမ်းလျှောက်နေမိခဲ့တယ်၊ ပြီးတော့ ဗီရိုတွေကို ဖွင့်ကြည့်မိတယ်။
အထဲမှာ ဘာမှမရှိဘူး၊ ပြီးတော့ အိပ်ရာအောက်ကို ကြည့်မိလိုက်တယ်"
"အိပ်ရာအောက်မှာ ဘာတွေ့လိုက်လဲ"
ထန်ဝမ် ရုတ်တရက် စကားရပ်လိုက်တာကို ကျန်းရီက မသိလိုက်ဘဲ မေးလိုက်မိတယ်။
ဒါပေမယ့် ဒီအချိန်မှာပဲ ဟိုတယ်အပြင်ဘက်က လူတစ်ယောက် ဝင်လာခဲ့တယ်။
အဲဒီလူက ရေစိုနေပြီး ဒီညရဲ့ မကောင်းတဲ့ ရာသီဥတုကို ဆဲနေခဲ့တယ်။
သူက အနောက်တိုင်း ဝတ်စုံနဲ့ လည်သာ ဖိနပ်စီးထားတဲ့ ကြမ်းတမ်းတဲ့ လူကြီး တစ်ယောက်ပါ။
သူဝင်လာတာနဲ့ ဧည့်ခန်းထဲကို တန်းလာခဲ့တယ်။ ထိုင်လိုက်တာနဲ့ ကျန်းရီကို ကြည့်၊ ရှောင်ယိုကို ကြည့်၊ နောက်ဆုံးမှာ ထန်ဝမ်အပေါ် မျက်လုံးကျသွားတယ်။
သူက ထန်ဝမ်ကို ကြာကြာ ကြည့်ခဲ့ပြီး နောက်ဆုံးမှာ တစ်ခုခုသတိထားမိသလို ထန်ဝမ်နဲ့ အကွာအဝေးတစ်ခုကို နေရာရွှေ့လိုက်တယ်။
ဒါကိုမြင်တော့ ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်။
"ဆရာ၊ ဘယ်ကနေ လာတာလဲ"
"ငါ အလုပ်ကိစ္စနဲ့ လာတာ။ ဖောက်သည်ကို ဒီအထိ လိုက်ပို့ခဲ့တာ။ ချီးပဲ… ကားမောင်းသမားက ဒီဟိုတယ်ထိ ပို့မယ်လို့ ပြောထားတာ။ ငါက လမ်းမှာ ခဏလောက် အိပ်ငိုက်လာခဲ့တယ်၊ ဘယ်သူထင်မှာလည်း လမ်းမှာ အိပ်ငိုက်နေတုန်း ကားမောင်းသမား ပျောက်သွားတယ်!"
သူ့ရဲ့ ဆဲဆိုသံတွေက ဧည့်ခန်းထဲက တင်းမာနေတဲ့ လေထုကို နည်းနည်းလေး ပြေလျော့သွားစေခဲ့တယ်။ ဒါပေမယ့် တကယ်တော့ သေသေချာချာလေး စဥ်းစားလိုက်ရင် ကားမောင်းသမားက ဘာကြောင့် ပျောက်သွားရတာလဲ ?”
"ဒါဆို ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ။ ဆရာ မူးနေရင်း မောင်းလာတာလား?"
" ကောင်လေး၊ ငါက အူတူတူ အတတလို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ဘူး။ အရက်နဲ့ ကားမောင်းတာက မဖြစ်နိုင်ဘူး။ အရက်သောက်ရင် ကားမမောင်းဘူး၊ ကားမောင်းရင် အရက်မသောက်ဘူး ဆိုတဲ့ အခြေခံသဘောတရားကို ငါနားလည်တယ်။ ဒါကြောင့် ကားကနေ ဆင်းပြီး ပြေးလာခဲ့တာ... ဟားဟား၊ ငါကို တော်တော် တုံးတယ်လို့ ထင်ကြတယ်မလား။"
ထိုသူက ပြောရင်းနဲ့ ထရယ်လိုက်သည်။ ကျန်းရီ က ထိုလူကို လက်မထောင်ပြလိုက်ပြီး "အံ့သြစရာပဲ။ ကျွန်တော် အများကြီး သင်ယူလိုက်ရတယ်။ ဦးလေး ဒီလိုရေစိုနေတဲ့ ကြွက်တစ်ကောင်လို ဖြစ်နေတာ အံ့သြစရာမရှိဘူးပဲ"
"သွားစမ်း၊ သွားစမ်း ငါ့ကို လာစမနေနဲ့ ညီလေး...မင်း ဘာလုပ်နေတာလဲ? ဒီမိန်းကလေးမှာ တစ်ခုခုထူးဆန်းနေတယ်၊ ဒါက ငါ့ကို ကြောက်စေတယ်!"
ထိုလူက ထန်ဝမ်အကြောင်းပြောနေတာပါ။ ထန်ဝမ်၏စရိုက်အရ သူမဟာ ဒီလိုလူမျိုးကို လုံးဝစိတ်ဝင်စားခြင်းမရှိဘဲ အနည်းငယ် ရွံ့ရှာမုန်းတီးနေတယ်လို့ ဆိုရလိမ့်မယ်။
ဒါပေမယ့် ယဉ်ကျေးမှုအရ ထန်ဝမ်က ပြုံးပြီး ပြောလိုက်တယ် "တကယ်ကြောက်ရင် မင်းအခန်းထဲ ပြန်သွားလိုက်ပါ"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာလို့ အခန်းထဲ အရမ်းစောကြီး ပြန်သွားရမှာလဲ?"
"ဒါဆို အဝတ်အစား သွားလဲပေါ့?"
"ဘာလို့လဲ၊ ညီမလေးက အစ်ကိုကြီး အအေးမိမှာစိုးရိမ်နေတာလား? ဟေ့... ငါပြောမယ်၊ ငါ့အသက် ၁၈ နှစ်ကတည်းက ရေနွေးနဲ့ တစ်ခါမချိုးဖူးဘူး၊ ဒီမိုးအနည်းငယ်မိတာက ဘာမှမဟုတ်ဘူး။ မင်း မိန်းကလေး၊ တကယ်ထူးဆန်းတယ်၊ မင်း... တစ္ဆေနဲ့ တွေ့ခဲ့တာလား?"
ထန်ဝမ်က ပြန်မတုန့်ပြန်ခဲ့ဘူး၊ ဒါနဲ့ ကျန်းရီက ပြုံးပြီးပြောလိုက်တယ်၊ "ခန္ဓာကိုယ်က ကျန်းမာနေရင်တောင် အဝတ်လဲဖို့ မမေ့ရဘူး။ ထိုင်ပြီးတော့ တစ္ဆေပုံပြင်တွေ ပြောကြရအောင်၊ ဘယ်လိုလဲ?"
"ရတာပေါ့ ငါက ငယ်ငယ်ကတည်းက လျှိုရှောင် သတ္တိရှင်လို့ ခေါ်ခံခဲ့ရတာ။ ဒီကမ္ဘာမှာ ငါကြောက်တာ ဘာမှမရှိဘူး!"
"အံသြဖို့ ကောင်းလိုက်တာ"
ကျန်းရီက ပြုံးပြီးတော့ လက်မထောင်ပြလိုက်ပြီး အစ်မထန်ကို မေးလိုက်တယ် " အစ်မထန် ကုတင်အောက်မှာ ဘာကိုတွေ့ခဲ့တာလည်း"
"ဆံပင်တွေ၊ ငါ့အိပ်ရာအောက်မှာ ပြတ်နေတဲ့ဆံပင်တွေ အများကြီး ရှိနေတယ်။ ငါ့အခန်းထဲမှာ ဆံပင်ကို ဘယ်တော့မှမဖြီးဘူး။ မတော်တဆ ဆံပင်ကျွတ်တာဖြစ်နိုင်ပေမယ့်၊ အဲဒီလောက်များမှာမဟုတ်ဘူး! ဒီတစ်ခါတော့ ဆံပင်တွေအများကြီး တွေ့လိုက်ရတယ်။ စတွင်မာ စတူဒီယိုအကြောင်းပြောတုန်းက ငါဘယ်လိုခံစားရလဲ မှတ်မိသေးလား?"
ကျန်းရီခဏစဉ်းစားပြီး - "အစ်မနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ ခံစားရတာလား?"
"ဟုတ်တယ်၊ နောက်မှာ တစ်ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ပြန်ပေါ်လာတယ်! အဲဒီခံစားချက်က တော်တော်ထူးဆန်းတယ်၊ ဒါပေမယ့် ရှင်းရှင်းလင်းလင်းကို ရနေတယ်။ ငါ့ဦးနှောက်ထဲမှာ နောက်မှာ တစ်ယောက်ရပ်နေတယ်ဆိုတဲ့အချက်ပြတဲ့အသံတွေ အဆက်မပြတ်ကြားနေရတယ်၊ နောက်မှာ တစ်ယောက်ယောက် ရပ်နေတာသေချာတယ်!"
"ဒါနဲ့ ဘာလုပ်ခဲ့တာလဲ?"
"ငါ...ငါအမြန် အိပ်ရာအောက် ဝင်ပုန်းလိုက်တယ်"
ကျန်းရီ စကားမပြောခင်မှာပဲ ဘေးနားမှာထိုင်နေတဲ့ ဦးလေးက ပေါင်ကို ပုတ်လိုက်ပြီး - "သွားပြီ၊ ဒုက္ခရောက်ပြီ၊ သရဲကို ကြောက်ပြီး အိပ်ရာအောက် ဝင်ပုန်းတယ်ဆိုတော့ မိန်းကလေး မင်းက တော်တော်မိုက်မဲတာပဲကွာ!"
ကျန်းရီက ဦးလေးကြီးကိုမတားဘဲ၊ ထန်ဝမ်ကိုလည်း စကားမဖြတ်ပြောခဲ့ဘူး။
ထိုအချိန်မှာပဲ ထန်ဝမ်က ရုတ်တရက် ချက်ချင်းရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းလှည့်ကာ ထိုဦးလေးကြီးကို ကြည့်လိုက်တယ်။
သူမက ဦးလေးကြီးရဲ့မျက်နှာအမူအရာကို သေသေချာချာကြည့်ပြီးနောက် မျက်လုံးတွေ တဖြည်းဖြည်း ပြူးကျယ်လာကာ - "အဲဒီညက ငါ့အခန်းထဲကို ဇောက်ထိုးကြီး ဝင်လာခဲ့တာမင်းပဲ! မင်းက သရဲပဲ!"