နောက်ကျောက ကုတ်ခြစ်ရာများ
Vol. 15 Ch. 199
ထန်ဝမ်၏ ရုတ်တရက် လုပ်ရပ်က လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။
ထိုညတုန်းက ထန်ဝမ်ရဲ့ အိမ်ထဲကို ဝင်ခဲ့သူကဦးလေးမာပဲလား?
"မင်းပဲ!"
"အဲ့အချိန်တုန်းက ငါ့နောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရလို့ ေကြာက်ပြီး အိပ်ရာအောက်ကို ဝင်ပုန်းနေခဲ့တာ။
အိပ်ရာအောက်မှာ လဲလျောင်းနေရင်း အခန်းထဲမှာဘာတွေဖြစ်နေလဲဆိုတာ မကြည့်ခဲ့ပေမယ့် အသံတွေကနေ တစ်ခုခုက လှုပ်ရှားနေတယ်လို့ ခံစားရတယ်။
နောက်ပိုင်း ဘယ်သူလဲဆိုတာ ကြည့်ဖို့ စဉ်းစားမိပြီး အပြင်ကိုကြည့်လိုက်တော့ ဘေးမှာမရှိဘူး၊ ဒါနဲ့ ငါ့ခြေထောက်အောက်ကို ကြည့်လိုက်တယ်။"
"အိပ်ရာအစွန်းမှာ ခေါင်းကိုကြမ်းပြင်နဲ့ ထိပြီးလုံးဝ ပြောင်းပြန် အနေအထားနဲ့ လျှောက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
မင်းခနက ဝင်လာတုန်းက သတိမထားမိပေမယ့် အခုမှတ်မိတာက အဲ့ညတုန်းက ငါ့အခန်းထဲမှာ ရှိနေတဲ့သူကမင်းပဲ...!"
ထန်ဝမ်က ဦးလေးမာကို လက်ညှိုးထိုး ပြောလိုက်ပေမယ့် ဦးလေးမာက ထန်ဝမ်ကို အကြောင်သား ငေးကြည့်ပြီးနောက် မနိုင်မနင်း ရယ်မောလိုက်တယ်။
"ဟား..ဟား…. အစ်မကြီးရယ် နင်က ရူးနေတာလား?
ငါမင်းကိုမသိဘူး၊ မင်းနဲ့လည်း အဆက်သွယ် မရှိဘူး၊ ဒါဆို ငါက ဘာလို့ မင်းအိမ်ကို လာရမှာလဲ?"
"မင်းဘာလို့ ငါ့အိမ်ကို လာတာလဲဆိုတာ ငါဘယ်သိမလဲ?
ဒါပေမယ့် အဲ့ညတုန်းက အဲ့နေရာမှာ ရှိနေတဲ့သူက မင်းပဲဆိုတာ ငါရှင်းရှင်းလင်းလင်းကို မြင်လိုက်တယ်!"
"တော်စမ်း… ငါက ဖြောင့်မတ်တဲ့လူ၊ လေလို လမ်းလျှောက်ပြီး ထင်းရူးပင်လို ထိုင်တဲ့သူ။
မိဘတွေက မွေးပေးထားတဲ့ ခြေထောက်နဲ့ မလျှောက်ဘဲ ခေါင်းနဲ့လျှောက်မယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?
ဦးလေးမာက ဒေါသထွက်သွားပြီး ထန်ဝမ်ကလည်း ထိတ်လန့်သွားပြီး ကျန်းရီနားမှာ သွားထိုင်လိုက်တယ်။
"ဦးလေးမာ၊ အစ်နထန်ဝမ် နှစ်ယောက်စလုံး စိတ်ကို လျှော့လိုက်ပါ။
ဦးလေးမာ ဘာတွေကြုံခဲ့ရလဲဆိုတာ နားထောင်ကြရအောင်။
ဦးလေးမာ ခုနကပြောနေတာက ယာဉ်မောင်းက လမ်းတစ်ဝက်ရောက်တော့ ထွက်ပြေးသွားတယ် ဆိုတာလား?"
ကျန်းရီက နှစ်ယောက်လုံးကို ဖြန်ဖြေလိုက်ပြီး ဦးလေးမာက ခေါင်းညိတ်ကာ"ဟုတ်တယ်၊ အဲ့ယာဉ်မောင်းက အလုပ်ကျင့်ဝတ်မရှိဘူး။
ကားထဲမှာ ငါမှေးနေတုန်း နိုးလာတော့ ကားက လမ်းဘေးမှာ ရပ်ထားပြီး ဘယ်သူမှမရှိတော့ဘူး။
အဲ့အချိန်တုန်းက ဟိုတယ်ကို တိုက်ရိုက်မောင်းလာဖို့တောင် စိတ်ကူးခဲ့မိတယ်။
ကံကောင်းချင်တော့ လမ်းပေါ်မှာ မောင်းဖို့ လုပ်တုန်း ရှေ့ကယာဉ်ကို ရဲတွေစစ်နေတာကို တွေ့လိုက်ရတယ်။"
"ဒါဆိုဦးလေးမာက ယာဉ်မောင်းကို ဘာလို့ပြန်မခေါ်တာလဲ?"
"မေ့လိုက်တော့၊ ထားလိုက်ပါတော့ အလုပ်လုပ်ရတာက လူတိုင်းအတွက် မလွယ်ကူနေဘူး။
ဒီလို မိုးကြမ်းတဲ့ အချိန်မှာ အငှားယာဉ်မောင်း လုပ်နေရတာ မိသားစုဒုက္ခရောက်နေလို့ပဲ ဖြစ်ရမယ်။
ငါက အရက်သောက်ပြီး မူးနေတုန်း လူတွေကို ဆဲဆိုမိမှာစိုးလို့ သူ ထွက်ပြေးသွားတာဖြစ်မယ်။"
ဦးလေးမာက ဝမ်းနည်းသလို ရယ်နေပြီး ကျန်းရီက ခေါင်းခါကာ "ဖုန်းဆက်ပြီး မေးကြည့်လိုက်ရအောင်။
ဘယ်လိုအလုပ်လုပ်ရင် ဘယ်လို ပိုက်ဆံရမယ်၊ ဘယ်လိုပိုက်ဆံရရင် ဘယ်လိုကျင့်ဝတ်ရှိရမယ်။ ဘယ်လို ကျင့်ဝတ်တွေ လိုအပ်တယ်ဆိုတာ သိမှရမယ်
ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါ။"
ကျန်းရီရဲ့ တောင်းဆိုမှုအရ ဦးလေးမာက ဖုန်းဆက်လိုက်တယ်။
တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်နေတဲ့ ပရိတ်သတ် ၇သိန်းကျော် ရှိနေပြီး သူတို့ ဦးလေးမာ ဖုန်းထုတ်လိုက်တာကို တွေ့ရတော့ ဆွေးနွေးခဲ့ကြတယ်။
ကြည့်ရှု့သူ A- "ပထမဆုံး အစ်မထန်က တစ္ဆေကို တွေ့ခဲ့တယ်၊ ဒီဦးလေးမာကလည်း မူမမှန်ဘူး။ ဘာပဲဖြစ်ဖြစ် ယာဉ်မောင်းက ကားကိုထားပြီး ထွက်ပြေးသွားတယ်ဆိုတာ ထူးဆန်းတယ်”
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ စတွင်မာက အစ်မထန်ဝမ်ကို ဝိညာဥ်ကို လှည့်စားခံရပြီး မှတ်ဉာဏ်တွေ မှုန်ဝါးနေတယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် စတွင်မာက သူ့ကို ပြန်နိုးထစေခဲ့တယ်။ ဒါပေမယ့် အစ်မထန်ဝမ်က ဦးလေးမာကို သူ့အိမ်ထဲ ဝင်ခဲ့တဲ့သူလို့ ဘာလို့ ပြောရတာလဲ?နှစ်ယောက်လုံးမှာလည်း အရိပ်တွေ ရှိနေတာပဲလေ”
ကြည့်ရှု့သူ C-"ဟုတ်တယ် စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက အတုအစစ် ခွဲတဲ့နေရာမှာ အကောင်းဆုံးပဲ။
တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ အရိပ်တွေ ရှိနေရင်သူတို့က လူသားတွေပဲဖြစ်ရမယ်။”
ကြည့်ရှု့သူ D- "ခဏလေးနေပါအုံး ဦးလေးမာရဲ့ မျက်နှာအမူအရာ ပြောင်းသွားတာကိုကြည့်လိုက်!"
အဲ့ဒီအချိန်မှာ ဖုန်းထုတ်လိုက်တဲ့ ဦးလေးမာရဲ့ မျက်နှာအမူအရာက တကယ်ပဲပြောင်းသွားပြီး ဖုန်းကိုင်ထားတဲ့ လက်တောင်မှ တုန်နေခဲ့တယ်။
"ဦးလေးမာ၊ ဘာဖြစ်လို့လဲ?"
"နံပါတ်၊ ဘာလို့ဒီနံပါတ်ဖြစ်နေတာလဲ?"
"ဖုန်းမှာ ဘယ်နံပါတ် ပါနေလို့လဲ?"
"သေသွားတဲ့ သူရဲ့နံပါတ်၊ ငါ့ဝမ်းကွဲအစ်ကို တစ်ယောက်ရဲ့ နံပါတ်ပဲ
ဒါပေမယ့် သူ့နံပါတ်က ဖျက်ထားပြီးသား ဖြစ်ပြီး ငါ သူ့နံပါတ်ကို မခေါ်ထားဘူး။"
"အချိန်နဲ့တိုက်ကြည့်လိုက်၊ ဒီဖုန်းက ဦးလေး ယာဉ်မောင်းခေါ်တုန်းက ဆက်ခဲ့တာလား?"
"ဟုတ်တယ်!"
"ဦးေလးဝမ်းကွဲအစ်ကို သေဆုံးသွားပြီးတာ ဘယ်လောက်ကြာပြီလဲ?"
ဦးလေးမာက အသက်ပြင်းပြင်း ရှူရှိုက်ပြီးပြောလိုက်တယ်-"သူက လွန်ခဲ့တဲ့နှစ်လက ဆုံးသွားခဲ့တာ
အဲ့အချိန်တုန်းက ရာသီဥတုက ရုတ်တရက် ပူလာတော့ ငါနဲ့ ငါ့ဝမ်းကွဲအစ်ကိုနဲ့ သူငယ်ချင်း တချို့က ရေကူးဖို့သွားခဲ့ကြတယ်။
ဒါပေမယ့် ငါတို့က ရေကူးကန်တွေကို မကြိုက်ဘူး၊ သဘာဝ နေရာတွေကို ပိုကြိုက်တော့ အဲ့ညမှာ တစ်နေရာကို သွားပြီးအတော်လေးပျော်ခဲ့ကြတယ်။
ငါ့ဝမ်းကွဲအစ်ကိုက ရေထဲက ထွက်လာပြီး ငါတို့ကို သူ ရေငုပ်ပြမယ်လို့ ကြွားခဲ့တယ်။"
"ငါတို့အရွယ် ယောကျာ်းကြီးတွေက ကလေးတွေလို ကစားနေကြတယ်။
ငါတို့က တစ်ယောက်ပြီး တစ်ယောက် အော်ပြီး"မင်းသွားပြီး ခုန်လိုက်..."လို့ ပြောခဲ့ကြတယ်။
သူက တစ်ဖက်ကမ်းကို တကယ် ကူးသွားပြီး ကျောက်တုံးတစ်တုံးပေါ် တက်လိုက်တယ်။
အဲ့ကျောက်တုံးက ရေထဲကနေ ၂၂မီတာလောက် မြင့်တယ်။
ငါ့ဝမ်းကွဲအစ်ကိုက ကျောက်တုံးပေါ်မှာ ရပ်ပြီးခန္ဓာကိုယ်ကို ဆန့်ပြီး ရေထဲကို ခေါင်းစိုက်ဆင်းလိုက်တယ်။"
"သူခုန်ချတာကို ငါတို့တွေ့တော့ အားလုံးလက်ခုပ်တီးလိုက်ကြတယ်။
သူခုန်ချပြီး ရေထဲကနေ ရေတွေ စင်လာတာက တကယ်ကို အံ့အားသင့်စရာကောင်းတယ်။
သူရေထဲ ဒိုက်ပင်ထိုးတာက ပရော်ဖက်ရှင်နယ် တွေထက်တောင် ကြည့်ကောင်းနေခဲ့တယ်။
ငါတို့အားလုံး အဲ့အချိန်တုန်းက အံ့အားသင့်သွားခဲ့ကြတယ်၊ သူဒီလောက် တော်နေမှန်း မယုံနိုင်ခဲ့ကြဘူး။'
"ဒါပေမယ့် စက္ကန့်အနည်းငယ်ကြာပြီး မိနစ်ဝက်၊ နောက် တစ်မိနစ်နီးပါးလောက် ကြာသွားတာတောင် ငါ့ဝမ်းကွဲအစ်ကိုက မပေါ်လာခဲ့ဘူး။
ငါတို့စိတ်ထဲမှာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။
ဒီလိုခုန်ချပြီး ဘာလို့မပေါ်လာတာလဲ?
ငါတို့အားလုံး အမြန် ကူးသွားလိုက်ပြီး သူ့ကိုရှာကြတယ်။
ငါတို့ကမ်းစပ် မရောက်ခင်မှာ ရေထဲကနေ သွေးတွေစပေါ်လာတယ်။
ရေအောက်ကနေ သွေးတွေအများကြီး ထွက်လာတယ်။
အဲ့အချိန်တုန်းက ငါတို့ကလန့်ပြီး တစ်ယောက်ပြီး တစ်ယောက် ရေငုပ်ကြခဲ့တယ်။
ရေအောက်မှာ သွေးတွေရှိနေပေမယ့် ဘယ်သူ့ကိုမှမတွေ့ဘူး။
ငါတို့ အသက်ရှူမဝတော့ဘဲ ပြန်ပေါ်လာတယ်၊ ပြီးတော့ ပြန်ထပ်ရှာတယ် ဒါပေမယ့် အကြိမ်ကြိမ် ရှာပေမယ့် လူမတွေ့ခဲ့ဘူး။"
"အကြိမ်ကြိမ်ရှာပြီးတဲ့နောက် ငါတို့ ပင်ပန်းသွားတယ် ၊ဒါပေမယ့် ငါက အလျှော့မပေးခဲ့ဘူး
ငါ့ဝမ်းကွဲအစ်ကိုနဲ့ ငါက ဘောင်းဘီတစ်ထည်တည်း အတူ ဝတ်ပြီး ကြီးပြင်းလာခဲ့တာ၊ ဒါနဲ့ ငါအသက်ရှူပြီး နောက်တစ်ကြိမ်ထပ်ငုပ်ဖို့ပြင်လိုက်တယ်။
ဒါပေမယ့် ငါ့ သူငယ်ချင်းတွေ က ငါ့ကိုတားလိုက်တယ်။
သူတို့က မျက်လုံးအကျယ်ကြီးနဲ့ ငါတို့အရင်ရေကူးနေတဲ့ နေရာကို ညွှန်ပြီးပြောတယ် လောင်မာ ဟိုမှာ... မင်းရဲ့ ဝမ်းကွဲအစ်ကိုမဟုတ်ဘူးလား?"
"ငါသူတို့ ညွှန်ပြတဲ့ ဘက်ကို ကြည့်လိုက်တော့ မြစ်ထဲမှာ လူတစ်ယောက်မျောနေတယ်။
သူက ရေပေါ်မှာ ဘေးတိုက်လဲနေပြီး ခန္ဓာကိုယ်တစ်ဝက်နဲ့ မျက်နှာပဲမြင်ရတယ်။
သူက ငါတို့အရင် ကူးနေတဲ့နေရာမှာ မျောနေတယ်။
သူ့လက်တွေက တစ်ခုခုကို ကုတ်နေသလို ပုံစံမျိုး ဖြစ်နေတယ်။
သူ့မျက်လုံးတွေက သွေးရောင်လိုမျိုး အရမ်းနီနေတယ်။
ငါတို့က သူ့ကို ကြောင်ပြီး ကြည့်နေမိတယ်၊ နောက်ဆုံးမှာငါ ဘာလုပ်နေလဲဆိုတာ သတိရလာတော့ ငါအရူးအမူးပဲ ကူးသွားခဲ့တယ်။"
"ဒါပေမယ့် ငါကူးသွားတဲ့အချိန်မှာ ငါ့သူငယ်ချင်းတွေက မလှုပ်ခဲ့ဘူး။
ငါသူတို့ကို လှည့်ကြည့်ပြီး အော်လိုက်တယ် "ဘာလို့ အခုထိရပ်နေကြတာလဲ?ကယ်တင်ဖို့ လုပ်ကြမယ်လေ!"
သူတို့ကမလှုပ်ဘူး၊ သူတို့က အဲ့နေရာမှာပဲ ရပ်နေခဲ့တယ်။
ငါသူတို့ကို ဘာဖြစ်နေတာလဲလို့ မေးတော့နောက်ဆုံးမှာ သူတို့က ပြောခဲ့တယ် "လောင်မာ မင်းနောက်ကျောမှာ ဘာလို့ ဒီလောက်များတဲ့ ကုတ်ရာတွေ ရှိနေတာလဲ?"