ပြေး….မြန်မြန်ပြေးတော့..
Vol. 15 Ch. 200
"ငါ့ကျောမှာ ဘာလို့ဒီလောက်များတဲ့ ကုတ်ရာတွေ ရှိနေတာလဲဆိုတာ ငါနားမလည်ဘူး။ အဲဒီတုန်းက ငါ့ကျောဟာ ကုတ်ခံရပြီးတော့ နေရာများစွာမှာ သွေးတွေထွက်နေခဲ့တယ်။
"ဒါပေမယ့် ငါနာနေတာကို ငါမသိခဲ့ဘူး။ သူငယ်ချင်းတွေက သတိပေးမှပဲ အဲဒီအနာတွေက ငါ့ကိုနာကျင်စေတာကို သိလိုက်ရတယ်။ မင်းတို့ ကြည့်ချင်လား? ငါ့ကျောမှာ အမာရွတ်တွေ အခုထိ ရှိနေတုန်းပဲ။"
ကျန်းရီက ခေါင်းညှိတ်လိုက်တယ်။ ဦးလေးမာက သူ့အင်္ကျီကိုချွတ်ပြီး ကျောပြင်ကို လူတိုင်းရှေ့မှာ ပြလိုက်တယ်။ အဲဒီကုတ်ရာတွေကို မြင်ရတာက တကယ်ကို ထိတ်လန့်စရာပါပဲ၊ ဒီကုတ်ရာတွေက အနာကျက်သွားပြီ ဖြစ်ပေမယ့် သူ့ကိုကုတ်ခဲ့တဲ့သူက ဘယ်လောက်ပြင်းထန်စွာ ဆွဲကိုင်ခဲ့တယ်ဆိုတာ မြင်နိုင်ခဲ့တယ်။
"ဒီလိုကုတ်ရာမျိုးက လူတစ်ယောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေတဲ့ အချိန်မှာ ဖြစ်တတ်တာမဟုတ်လား?"
ကျန်းရီမေးလိုက်တော့ ဦးလေးမာက မဆိုင်းမတွဘဲ ပြောလိုက်တယ် "ဟုတ်တယ်၊ ငါ့ဝမ်းကွဲအကို သူကုတ်ခဲ့တာ။
ဒီလိုပဲ ရှင်းပြနိုင်တယ်။
ဒီလိုမှ မဟုတ်ရင် ငါ့ကျောမှာ ဒီလိုအခြေအနေတွေ ဘာလို့ဖြစ်နေမှာလဲ၊ ဒါပေမယ့် ငါနားမလည်တာက အဲဒီနေ့ မွန်းလွဲပိုင်းမှာ ငါတို့အားလုံးက သူရေထဲကို ခုန်ချတာကို ကိုယ်တိုင်မြင်ခဲ့ကြတယ်၊ ပြီးတော့ သူပျောက်သွားတယ်။
အဲဒီတုန်းက ရေစီးကြောင်းက မြန်တယ်ဆိုပေမယ့် သိပ်မမြန်နေဘူး။
"သူဘယ်လိုပဲ မျောနေပါစေ၊ ငါတို့ရှိတဲ့ နေရာကို ဒီလိုတိုတောင်းတဲ့ အချိန်အတွင်းမှာ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့် သူ့ခန္ဓာကိုယ်က အဲဒီနေရာကနေ ပေါ်လာတယ်၊ ပြီးတော့ ရေနစ်သေတဲ့သူတွေက ရေထဲမှာ တစောင်းအနေအထားနဲ့ ရှိမနေတတ်ဘူးလေ။
ဘာလို့ သူက စောင်းနေရတာလဲ?တစ်ခုခုက ရေအောက်မှာ သူ့ခန္ဓာကိုယ်ကို ဆွဲထားပြီး ရေထဲက တစ်ဝက်လောက်ပဲ မြင်နေရတာမျိုးပဲ။"
"တကယ်ကို ထူးဆန်းတယ်၊ တကယ်ထူးဆန်းတယ်...
ဦးလေးမာပြောနေစဉ် ကျန်းရီက မေးလိုက်တယ် "မင်းတို့အဖြစ်ဆိုး ဖြစ်ခဲ့တဲ့နေရာကို မှတ်မိသေးလား?"
"ဆင်ခြေဖုံးနားမှာပါ၊ အဲဒီကိုရောက်ဖို့ ဝါးတောတစ်ခုကို ဖြတ်ရမယ်။ အဲဒီကဝါးပင်တွေက တကယ်ကို ကြီးမားပြီး သန်စွမ်းတယ်"
"ဦးလေး ခုနက ဘာပြောလိုက်တာလဲ?"
"ဆင်ခြေဖုံး"
"မဟုတ်ဘူး၊ နောက်ဆုံးစကားစု"
"ဝါးတောကိုဖြတ်ရမယ်။"
"အဲဒီမှာ ဝါးတောရှိတာ သေချာလား?"
"ဒီလိုအရာမျိုးကို ငါဘယ်လိုမှားနိုင်မလဲ? ဝါးတောရှိတယ်!"
ဦးလေးမာရဲ့စကားကို နားထောင်ရင်း ကျန်းရီက ထန်ဝမ်ကို ကြည့်လိုက်တယ်။ ထန်ဝမ်ကလည်း တစ်ခုခုကို သတိရသွားပြီး တုန်လှုပ်သွားခဲ့တယ်။
"အစ်မထန်ဝမ် အဲဒီဓာတ်ပုံကို အခုထိ သိမ်းထားသေးလား?"
ကျန်းရီထပ်မေးတော့ ထန်ဝမ်က တုန်လှုပ်နေရာကနေ သတိ မဝင်လာသေးခင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက တစ်ခုခုကို နားလည်သွားခဲ့ကြသည်။
ကြည့်ရှု့သူ A-“ကျိန်းသေပဲ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းက အဲဒီဓာတ်ပုံကြောင့်ပဲ! အိုး...အတိအကျ ပြောရရင် ဝါးတောကြောင့်ပဲ!”
ကြည့်ရှု့သူ B-“ဦးလေးမာက အဲ့ဒီဝါးတောကို ရောက်ဖူးတယ်။ အစ်မထန်လည်း ဝါးတောထဲက ရွှံ့အိမ်တစ်လုံးအတွက် ပန်းချီ အလုပ်တစ်ခုကို ရလိုက်တယ်။ ဒါက အဲ့ဒီ ဝါးတောနဲ့ပဲ ဆိုင်နေရမယ်!”
ကြည့်ရှု့သူ C-“အရင်က ဘာမှမဆိုင်ခဲ့တဲ့ လူနှစ်ယောက်က အခု ဆုံနေပြီ။ ဒီဝါးတောထဲမှာ...ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေပြီ!”
ဒါပေါ့ ကျန်းရီလည်း ဝါးတောထဲမှာ ပြဿနာကြီးရှိနေတာ သိတာပေါ့။ သူ့မျက်လုံးတွေက အစ်မ ထန်ဝမ်ကိုပဲ စိုက်ကြည့်နေတယ်။ နောက်ဆုံးမှာ ထန်ဝမ်က သတိရလာပြီး ခေါင်းခါလိုက်တယ် -
"ကျွန်မ...ကျွန်မဓာတ်ပုံကို မီးရှို့လိုက်ပြီ။"
"အခု ဒီမှာ ချက်ချင်းဆွဲပြလို့ရမလား?"
"ရပါတယ်၊ ဒါပေမယ့် အခုချက်ချင်းဆွဲဖို့ လိုအပ်လို့လား?"
"အရမ်းလိုအပ်တယ်။ မင်းရဲ့ပန်းချီကြောင့် အဲ့ဒီနေရာကို ငါသိနိုင်မယ်။ နေရာကို သိမှသာ လူတွေကို ပိုပြီး ကယ်တင်နိုင်မယ်။"
ကျန်းရီရဲ့စကားက ကြည့်ရှုသူတွေရဲ့ အာရုံကို ထုတ်လွှင့်မှုရဲ့အစဆီ ပြန်ရောက်သွားစေခဲ့တယ်။
ထုတ်လွှင့်မှုစတင်တဲ့အချိန်မှာ ကျန်းရီက ဒီမြို့မှာ အဖြစ်အပျက်ကြီးကြီးမားမားတစ်ခု ဖြစ်တော့မယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဘယ်နေရာမှာ ဖြစ်မယ်၊ ဘယ်လိုပုံစံနဲ့ ဖြစ်မယ်ဆိုတာ သူမသေချာဘူး၊ ဒီဟိုတယ်မှာ လူတချို့ကို စောင့်နေတယ်ဆိုတာပဲ သိခဲ့ရတယ်။
"အစ်မထန် အခု မင်း အဲဒီအရာတွေကို ပြန်ဆွဲဖို့လိုတယ်။ ဒါပေမယ့် မင်းစိတ်ဖိစီးစရာ မလိုဘူး၊ မင်းတတ်နိုင်သလောက် ခပ်ကြမ်းကြမ်းလေးပဲ ဆွဲပေးပါ"
"ဟုတ်ကဲ့၊ ကျွန်မ အိတ်ထဲမှာ စာရွက်နဲ့ဘောပင် ပါတယ်၊ အခုစဆွဲပေးမယ်"
ထန်းဝမ်ပြောပြီးတော့ ကျန်းရီက ဦးလေးမာကို ပြန်ကြည့်ပြီး မေးလိုက်တယ် “ဦးလေးတို့ သွားတဲ့ ဆင်ခြေဖုံးနေရာက ဘယ်လိုခေါ်လဲ?"
"လုံခေါင်းတောင်ပါ၊ အဲဒီမှာ ရေလှောင်ကန်တစ်ခုရှိတယ်၊ အဲဒီတုန်းက ငါတို့ အဲဒီရေလှောင်ကန်မှာ ကစားနေခဲ့တာ"
"အဲ့ဒီမှာ အိမ်တစ်လုံး တွေ့ခဲ့သေးလား?"
"မတွေ့ခဲ့ဘူး၊ အဲဒီမှာ ဘာမှ ဖြစ်ဖူးတယ်လို့လည်း မကြားဖူးဘူး"
ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်လိုက်တယ်၊ တစ်ယောက်က ပြန်ပြောလိုက်တယ် "ဒီမြို့ဆင်ခြေဖုံးမှာ ဝါးပေါက်တဲ့နေရာတွေ အများကြီးရှိတယ်၊ လုံခေါင်းတောင်က အဲဒီထဲက တစ်ခုပါ"
"ဒါဆို အဲ့ဆင်ခြေဖုံးနားမှာ အရင် နှစ်တွေအတွင်း ဘာတွေဖြစ်ခဲ့လဲ စုံစမ်းကြည့်ရအောင်။" ကျန်းရီပြောပြီး ဟိုတယ်အပြင်ဘက်ကို ကြည့်လိုက်တယ်။
ဒီအချိန်မှာ အပြင်ကနေ နောက်ထပ် လူတစ်ယောက် ဝင်လာခဲ့တယ် ကျောင်းလွယ်အိတ် လွယ်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။
အဲဒီမိန်းကလေးက မိသားစု အခြေအနေ ကောင်းတဲ့သူ ထင်ပါတယ်၊ သူတစ်ယောက်တည်း ခရီးဆောင်အိတ်ကို သယ်ပြီး မပျော်ရွှင်တဲ့အမူအရာနဲ့ ဝင်လာတယ်။
သူဟိုတယ်ရောက်တော့ ဧည့်ခန်းကို တန်းသွားတယ်၊ ပန်းချီဆွဲနေတဲ့ ထန်ဝမ်ကိုကြည့်ပြီး ဦးလေးမာ အင်္ကျီဝတ်နေတာကိုလည်း ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ ကျန်းရီကို ပိုယုံကြည်ရတယ်ထင်ပြီး ကျန်းရီနားက စားပွဲတစ်ခုမှာ ထိုင်လိုက်တယ်။
"ဟယ်လို အလှလေး ဒီလိုနောက်ကျတဲ့ အချိန်မှ အခန်းယူမလို့လား?"
ကျန်းရီပြောလိုက်တဲ့အခါ မိန်းကလေးက သူ့ကို သတိထားတဲ့ အမူအရာနဲ့ ညာမှ ပြန်မပြောဘဲ ဖုန်းထဲမှာ တစ်ခုခု ရှာနေခဲ့တယ်၊ ကျန်းရီက ပြုံးပြီး ပြောလိုက်တယ် "အခု ကျွန်တော်တို့ မိတ်ဆက်လို့ ရပြီလား?"
ကျန်းရီက ဆိုဖာခုံမှာ ထိုင်နေတုန်း အနားက ရှောင်ယိုက ကျန်းရီနားကို ကပ်ပြီး ပြောလိုက်တယ် "အဲ့ဒီ ဆင်ခြေဖုံးကို ငါသွားစစ်လိုက်ရမလား?"
"ဓားသွေးတဲ့အချိန်က သစ်ခုတ်တဲ့ အချိန်ကို မဖြုန်းဘူး ဆိုတဲ့စကားကို မင်းသိလား။ မင်း အလှည့်ကျတဲ့ အချိန်ကိုသာ စောင့်နေပါ။" ကျန်းရီရဲ့အသံက ရှောင်ယိုတစ်ယောက်ပဲ ကြားနိုင်လောက်အောင် တိုးနေခဲ့တယ်။
မိန်းကလေးက သူ့ဖုန်းပေါ်က ကျန်းရီပုံကို တွေ့တော့ အံ့အားသင့်သွားပြီး ပြောလိုက်တယ် "မင်းက သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းနိုင်တဲ့ စတွင်မာလား? တစ္ဆေတွေကို ဖမ်းနိုင်လား?"
"တစ္ဆေဖမ်းတာကို သိပ်မကြိုက်ဘူး၊ ဒါပေမယ့် သူတို့ကို အန္တရာယ်ပေးရတာကို ကြိုက်တယ်။" ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို ငါဘာနဲ့ တွေ့နေရလဲဆိုတာ ပြောပြနိုင်မလား? ငါဝါးတောတစ်ခုကို သွားခဲ့တယ်။ အဲဒီကနေပြန်လာတည်းက တစ်ခုခုက ငါ့နောက်ကိုလိုက်နေသလို ခံစားနေရတယ်။ ငါသည်းမခံနိုင်တော့ဘူး၊ ဒါ့ကြောင့် ကျောင်းအဆောင်ကနေ ထွက်ပြေးလာတာ။ အခုလည်း ကျောင်းအဆောင်မှာ မနေရဲတော့ဘူး!"
"ဝါးတောကို သွားဖူးတယ်လား? လုံခေါင်းတောင်လား?"
"မဟုတ်ဘူး၊ ငါ ဖန်းပေါင် တောင်ကို သွားခဲ့တာ။
အဲဒီမှာ လှပတဲ့ ဝါးပင်တွေ အများကြီးရှိတယ်။
ငါနဲ့ငါ့အတန်းဖော်တွေ အရင်တစ်ပတ်က အဲဒီကို တစ်ညသွားခဲ့တယ်။
ကျောင်းပိတ်ရက်ဆိုတော့ စခန်းချဖို့ သွားတာ၊ သူတို့ပြောတာက ဖန်းပေါင်တောင် ဝါးတောထဲမှာ ပန်းခြံတစ်ခုရှိတယ်၊ အဲနေရာက စခန်းချဖို့ အကောင်းဆုံး နေရာတဲ့။
အဲဒီညမှာ အထူးဆန်းတဲ့အရာတွေ အများကြီးဖြစ်ခဲ့တယ်။
ငါပြန်လာတည်းက ညဘက်တိုင်း လူတွေစကားပြောသံတွေ ကြားနေရတယ်။"
"သူတို့အသံတွေက အရမ်း ထိတ်လန့်နေတဲ့ အသံတွေ၊ ဘယ်လိုရှင်းပြရမလဲမသိဘူး၊ ငါ့နားနဲ့ အရမ်းနီးနေပေမယ့် အရမ်းဝေးနေသလို ခံစားရတယ်။ တစ်ယောက်ယောက်က ငါ့နားထဲမှာ အော်နေသလိုပဲ... ပြေး... ...ပြေးတော့! ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အားလုံးက အော်ဟစ်ငိုယိုနေကြတယ်"
"ငါအရမ်းနာကျင်နေတယ်။ တစ်ပတ်လုံး ငါမျက်လုံးမှိတ်လိုက်တာနဲ့ သူတို့အသံတွေကို ကြားနေရတယ်။ ပြေး... ပြေးတော့။ သူတို့တွေ အရမ်း ထိတ်လန့်နေကြတယ်။ ငါလည်း သူတို့ကို ကူညီချင်တယ်။"
ဒါပေမယ့် ငါလည်း ကြောက်နေတာကို သူတို့ မသိဘူးလား? ဘာလို့ ငါ့ကို အဆုံးမရှိ ခြောက်လှန့်နေကြတာလဲ!"