← Chapters

စောက်ရှောက်သူ ဝိညာဥ်

Vol. 15 Ch. 202

စောက်ရှောက်သူ ဝိညာဥ်

Vol. 15 Ch. 202

ကျန်းရီက တကယ်တော့ သူသတင်းပို့ခဲ့တဲ့ လူတွေက ဒီလောက်ထိ မြန်ဆန်တိကျ လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။

ဖုန်းပြောလို့ ပြီးတဲ့အခါ ကျန်းရီက ဦးလေးမာနဲ့ အခြားလူနှစ်ယောက်ကို ပြောလိုက်တယ် " ဦးလေးတို့ရဲ့ ကိစ္စက ပြီးသွားပြီ။ ဦးလေးတို့ ဘာသာပြန်လို့ရပြီ။ ပြန်ရင်းလမ်းမှာ သတိထားပါ။ ညနက်နေပြီ ဆိုတော့"

ဦးလေးမာတို့က ဒီစကားကိုကြားတဲ့အခါ မျက်နှာမှာ အပြုံးတွေနဲ့ ကျန်းရီကို လက်ဝှေ့ပြလိုက်ပြီး "ဘိုင်ဘိုင်၊ မစ္စတာကျန်း!" လို့ ပြောလိုက်ကြတယ်။

"ဘိုင်ဘိုင်"

ကျန်းရီကလည်း သူတို့ကို လက်ပြ နှုတ်ဆက်လိုက်တယ်။ သူတို့ ထွက်သွားတာကိုမြင်တဲ့အခါ ကျန်းရီက ရှောင်ယိုကို ပြောလိုက်တယ် "ငါတို့လည်း မြင်ကွင်းကို သွားကြည့်ရအောင်"

ရှောင်ယို ခေါင်းညိတ်လိုက်တယ်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေကတော့ ဖုန်းသံကို မကြားရတဲ့အတွက် ဘာဖြစ်နေတယ်ဆိုတာ သေချာမသိကြဘူး။

ကြည့်ရှု့သူများ-"စတွင်မာ ဘယ်လောက်ကြီးတဲ့ ကိစ္စကို လုပ်လိုက်တာလဲ? ဒီလိုမြင်ရတာ မယုံနိုင်စရာပဲ"

"နောက် သိရမှာပေါ့"

ကျန်းရီက ပြုံးရင်း ပြန်ဖြေလိုက်ပြီး ဟိုတယ် အပြင်ကို ထွက်လာတဲ့အခါ ကားတစီးစောင့်နေတာကိုတွေ့လိုက်ရတယ်။

ကားထဲကလူတွေက ရိုးရိုးလေး ဝတ်စားဆင်ယင်ထားကြတယ်။ ကျန်းရီကို မြင်တဲ့အခါ ထီးနဲ့ချက်ချင်းဆင်းလာပြီး "မစ္စတာကျန်း၊ ကားလိုပါသလား?" လို့မေးလိုက်ကြတယ်။

"မင်းတို့က တကယ်ကို စဉ်းစားပေးတတ်ကြတာပဲ။ ငါ့ကို အဲဒီကို ပို့ပေးနိုင်တယ်၊ ဒါပေမယ့် ငါ့ကို အဲ့နေရာမှာ ချပေးပြီး ကားတစီးချန်ထားပေးပါ။ ပြီးတော့ အလွန်အကျွံ ကြေညာမှု​တွေ မလုပ်နဲ့၊ ငါက စတွင်မာတစ်ယောက် ဖြစ်ပေမယ့် အရမ်းကြီး နာမည်မကြီးချင်ဘူး "

ကျန်းရီ�ရဲ့စကားက ကားမောင်းနေတဲ့လူကို ခေါင်းညိတ်စေခဲ့တယ် "ဟုတ်ကဲ့ပါ မစ္စတာကျန်းလို အစွမ်းရှိပြီး ဒီလိုနှိမ့်ချတဲ့လူက အရမ်းရှားတယ်။" ကျန်းရီက ဘာမှ ပြန်မပြောခဲ့ဘူး။

ကားပေါ်တက်လိုက်ပြီး ခဏလောက် ကြာတဲ့အခါ သူနဲ့ ရှောင်ယိုက တောင်တစ်ခုရဲ့ထိပ်မှာရပ်နေပြီး ကားက တောင်ခြေမှာရပ်ထားတယ်။

ရှေ့မှာရှိနေတဲ့ ပျက်စီးနေတဲ့ ကျေးရွာကိုကြည့်ရင်း ကျန်းရီက ကင်မရာကို ချိန်ညှိလိုက်တယ်၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက သူဘာလုပ်ခဲ့တယ်ဆိုတာ နောက်ဆုံးတော့ နားလည်သွားခဲ့ကြတယ်။

ကြည့်ရှု့သူ A-"တကယ်ပဲ မြေပြိုတာကိုး။ အိမ်တွေအများကြီး ပြိုကျသွားတာပဲ!"

ကြည့်ရှု့သူ B-"ဘုရား..ဘုရား.. စတွင်မာသာ ဟီဒုံ မှာ မရှိဘဲနဲ့ ဒီလိုကြီးမားတဲ့ အရာဖြစ်တော့မယ်ဆိုတဲ့ အမြင်သာ မရှိခဲ့ရင် ဒီကျေးရွာက လူတွေ ဘယ်နှစ်ယောက်လောက် လွတ်မြောက်နိုင်မှာလဲ၊ အထူးသဖြင့် ညနက်နေပြီဆိုတော့ လူတွေ ဘယ်နှစ်ယောက်လောက် ထွက်ပြေးနိုင်မှာလဲ?"

ကြည့်ရှု့သူ C-"ဟူး...ညီကိုတို့ အခု စတွင်မာကို ငါ ဘယ်လို ချီးကျူးရမှန်းတောင် မသိတော့ဘူး!"

ကြည့်ရှု့သူ D-“မင်းတစ်ယောက်တည်း ချီးကျူးတယ်လို့ ထင်နေတာလား? ငါတို့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ လူ ၇ သိန်းကျော် ရှိတယ်။ အခုအချိန်မှာ စတွင်မာကို မရိုမသေပြောမယ့်သူ ရှိမယ်လို့ ထင်လား? ဒီစတွင်မာက တကယ်ပဲ မယုံနိုင်စရာကောင်းတဲ့ ကုသိုလ်တွေ ရလိုက်တာပဲ။ အဓိကက ငါတို့ကိုယ်တိုင် မြင်ခဲ့ရတာပဲ!"

ကျေးရွာတချို့ပေါင်းလိုက်ရင် တစ်ရွာကို လူပေါင်းရာနဲ့ချီရှိတယ်။

ကျန်းရီက ဝေးဝေးက ကားမီးလုံးတွေ လင်းနေတာကိုကြည့်ရင်း ဘေးနားမှာ ရှိနေတဲ့ ရှောင်ယိုက ပြောလိုက်တယ် "ဘာလို့ သူတို့ကိုကယ်ချင်တာလဲ? သူတို့သေသွားရင် မင်းအတွက် ပိုအသုံးဝင်မှာပဲကို"

"ရှေးအရင်က ပြောခဲ့တဲ့စကားရှိတယ်၊ လူကောင်းက ငွေကိုချစ်တယ်၊ ဒါပေမယ့် တရားမျှတတဲ့ နည်းနဲ့ပဲ ရှာတယ်၊ တရားမမျှတတဲ့ ဥစ္စာကို မယူဘူး။ ငါလုပ်ချင်တဲ့အရာကလည်း ဒီလိုပဲ။ မသေရမယ့်ကံ မပါသေးတဲ့ သူတွေက ဘာလို့သေရမှာလဲ?"

"ပြီးတော့ လူတွေအများကြီး သေပြီးသွားပြီ"

ကျန်းရီပြောပြီးတဲ့အခါ သူ့နောက်မှာ ပုံရိပ်တွေပေါ်လာခဲ့တယ်။

အဲဒီပုံရိပ်တွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီး၊ ငယ်ငယ်တွေ အကုန်ပါနေခဲ့တယ်။

သူတို့ ရုတ်တရက်ပေါ်လာတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက နည်းနည်း အံ့သြသွားခဲ့ကြတယ်။

ဒါပေမယ့် သတိဝင်လာပြီးတဲ့နောက်မှာ ပရိတ်သတ်တွေက သာမာန် ပြန်ဖြစ်သွားခဲ့ကြတယ်။

အဲဒီလူအုပ်ထဲမှာ အရှေ့ဆုံးမှာ ရပ်နေတာက မိန်းကလေးတစ်ယောက်ပါ။

အဲ့ဒီမိန်းကလေးရဲ့မျက်လုံးတွေက နည်းနည်းထူးဆန်းနေတယ်။ ကျန်းရီက သူ့ကိုကြည့်ပြီး တောင်ခြေက ကျေးရွာတွေကိုညွှန်ပြရင်း ပြောလိုက်တယ်၊ "သူတို့တွေ တကယ်တော့ မင်းကို ကျေးဇူးတင်သင့်တယ်။ ဒီ​လောက်တောင် ကြာတဲ့အထိ ဘာလို့ မထွက်သွားချင် ရတာလဲ?"

"လူတွေကို ဒီလိုနာကျင်မှုတွေနဲ့ ထပ်မသေစေချင်တော့ဘူး။

ငါတို့လည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဒီမှာနေခဲ့ကြတာ။

အဲဒီတုန်းကလည်း မိုးသည်းထန်စွာ ရွာနေတဲ့ကာလပဲ။

တောင်ကုန်းကနေ စီးဆင်းလာတဲ့ ရေစီးမြောင်းကြီးက ငါတို့ရွာတစ်ရွာလုံးကို မြှုပ်နှံသွားတယ်။

ဘယ်သူမှ အသက်မရှင်နိုင်ခဲ့ဘူး။

ရေစီးအောက်မှာမြှုပ်နှံခံရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ မင်းသိလား? အရမ်းကြောက်စရာကောင်းတယ်၊ အသက်ရှူလို့မရဘူး၊ ကိုယ်ခန္ဓာကိုတောင် မထိန်းချုပ်နိုင်ခဲ့ဘူး။

ကြီးမားပြီးလေးတဲ့အရာတွေနဲ့ ရိုက်မိလို့ ချက်ချင်းသေသွားရင်တော့ သိပ်မဆိုးဘူး။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ အသက်ရှူကျပ်ပြီး ရေနစ်သေဆုံးရတာ၊ အား...ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သလဲ"

"စိတ်ပျက်လွန်းလို့ မင်းတို့ရွာတစ်ရွာလုံးက လူပေါင်းဒါဇင်နဲ့ချီပြီး ကမ္ဘာပေါ်မှာ ဆက်နေခဲ့တာလား။ ဒီတောင်တွေက မိုးသည်းထန်စွာရွာတဲ့အတွက် ရေတွေစားသွားပြီး တောင်ခြေမှာ ပြန်ပြီး အခြေချနေထိုင်သူတွေကို မျိုချသွားမှာကို ကြောက်နေတာလား?"

လူအုပ်ရှေ့က မိန်းကလေးက ခေါင်းညိတ်လိုက်တယ်၊ ကျန်းရီမျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး "လုပ်တာကောင်းတယ် အထူးသဖြင့် မင်းလိုလူမျိုးပဲ၊ ဒါပေမယ့် ဘာလို့ သူတို့ သုံးယောက်ကို ရွေးချယ်ခဲ့တာလဲ?"

မိန်းကလေးက "ငါတို့က တောင်ခြေက ကျေးရွာက လူတွေကိုရှာဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အသုံးမဝင်ခဲ့ဘူး။

ဘယ်လိုနည်းနဲ့ ကြိုးစားကြိုးစား သူတို့က သတိမထားမိသလို ဖြစ်နေတယ်။

ဒါပေမယ့် ဒီနေရာကို ရောက်ဖူးတဲ့သူတွေဆိုရင်တော့ သူတို့နောက်ကို လိုက်ပြီး ဆွဲဆောင်တဲ့ နည်းလမ်းကိုသုံးလို့ရတယ်။

တခြားနည်းလမ်းမရှိခဲ့ဘူး။

ဘာလို့လဲဆိုတော့ ငါတို့အားလုံးက လူတွေကို ပိုပြီးကယ်တင်ချင်နေကြတာ"

"မှန်တာမှားတာကို နောက်မှပြောမယ်။ မင်းတို့ ဒီလိုမျိုး နာကျင်မှုကိုသိလို့ ဒီမျိုးဆက်ကို ကာကွယ်ဖို့ ဒီကမ္ဘာပေါ်မှာ ဆက်နေခဲ့တာဖြစ်နိုင်တယ်၊ ဒါပေမယ့် လူတွေအများကြီး ဆက်နေဖို့မလိုဘူးလေ၊ နားလည်ရဲ့လား? မင်းတို့ဆင်းသွားရင် ပိုသင့်တော်တဲ့ ဖြေရှင်းနည်းကို ရှာဖွေနိုင်မှာပါ"

ကျန်းရီက ပြောလိုက်တော့ မိန်းကလေးက ခေါင်းငုံ့လိုက်ပြီး ပြန်မော့ကာ "မှန်ပါတယ်။ ရွာထဲမှာ ဆက်နေခဲ့တဲ့ လူတွေ အများကြီးရှိတယ်။ သူတို့တွေက ဘာလို့ ပြန်လည်မမွေးဖွားရမှာလဲ?"

"ကောင်းပြီ၊ ဆင်းသွားလိုက်ပါ။ ဒီနေရာက အဲဒီလိုအချိန်မှာ ကာကွယ်ခံရမှာပါ"

ကျန်းရီက ပြုံးရင်းပြောလိုက်သည်။ မိန်းကလေးက သူ့နောက်က လူတွေကို ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

ဒါပေမယ့် သူတို့ လှည့်ထွက်လိုက်တဲ့ အချိန်မှာ ကျန်းရီက တစ်ခုခုကိုသတိရပြီး ပြောလိုက်တယ် "ဒီနေရာမှာ ရေလှောင်ကန် တစ်ခုရှိတယ်။ အဲဒီရေလှောင်ကန်ထဲမှာ ရေနစ် သေဆုံးသူတွေက ဘာဖြစ်သွားတာလဲ?"

"အဲဒီလူက ရေငုပ်ရင်း ခေါင်းကို ကျောက်တုံးနဲ့ ထိမိပြီး သေဆုံးသွားတာပါ။

အဲဒီအချိန်တုန်းက ခန္ဓာကိုယ်ကို မတွေ့ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျောက်တုံးတွေရဲ့အက်ကြောင်းထဲမှာညှပ်နေတာ၊ ရေငုပ်လိုက်ရင်တောင် အောက်ခြေကို မရောက်နိုင်ဘူး။

ငါကပဲ၊ ခန္ဓာကိုယ်ကို ရေထဲကဆွဲထုတ်ခဲ့တာ။

အဲဒီလူ သေဆုံးပြီးတဲ့နောက် ဝိညာဉ်က ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်သွားခဲ့တယ်။

သူသေဆုံးတဲ့အထိ သူ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ်မှာ အမာရွတ်တွေ အများကြီး ချန်ထားခဲ့တယ်၊ သူ့ရဲ့ သေဆုံးမှုကို လက်မခံနိုင်သေးဘူးထင်တယ်။

"ဒါပေမယ့် သူသေဆုံးပြီးတဲ့ညမှာပဲ ပြန်လည်မွေးဖွားဖို့ ထွက်သွားတယ်၊ နောက်တစ်ခါ ငါမတွေ့တော့ဘူး။"

ဒီစကားကိုကြားပြီးတဲ့နောက် ကျန်းရီက နားလည်သွားခဲ့တယ် "အခုလို ဆိုတော့ ရှင်းသွားပါပြီ၊ သွားကြပါလေ"

မိန်းကလေးက ရေစီးထဲ မြှုပ်နှံခံခဲ့ရတဲ့ ရွာသားတွေနဲ့အတူ အဝေးကို လျှောက်သွားခဲ့တယ်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက ဒါကိုမြင်တဲ့အခါ ပြောခဲ့ကြတယ် "စတွင်မာ သူတို့တွေက ရွာသားတွေကို ကာကွယ်ဖို့အတွက် ရှိနေတာ။ အခုသူတို့ထွက်သွားလို့ ဒီနေရာက လူတွေပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ?"

"ဒီနေရာက လူတွေနေထိုင်ဖို့ မသင့်တော်ဘူး။ ဒီလူတွေအားလုံး ရွှေ့ပြောင်းကြရမှာ။ နေထိုင်စရာ လူမရှိတော့ရင် သူတို့တွေကို ကာကွယ်ဖို့မလိုတော့ဘူး။ ပြီးတော့ လူတွေကို ကာကွယ်ဖို့အတွက် သူတို့တွေ အမြဲတမ်း နေဖို့ လိုလို့လား? အသက်ရှင်နေတဲ့ လူတွေအတွက်တော့ ကောင်းတယ်၊ ဒါပေမယ့် သေဆုံးသွားတဲ့ သူတွေအတွက်တော့ မမျှတဘူး"

​ကြည့်ရှု့သူ A-"စတွင်မာ မှန်တယ်။ ဒီနေရာမှာ ဒီလိုပြင်းထန်တဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့တာ။ နေထိုင်ဖို့ လုံးဝမသင့်တော်တော့ဘူး။ အထက်က လူတွေက ဖြေရှင်းဖို့ နည်းလမ်းရှာမှာပဲ။ ဒီနေရာမှာ နေထိုင်တဲ့ လူတွေ မရှိတော့ရင် ဒီကျေးရွာသားတွေကို ပြန်လည်မွေးဖွားခွင့် မပေးဘဲဆက်ထားလို့မရဘူး"

ကြည့်ရှု့သူ B-"နောက်ထပ် မပြောတော့ဘူး၊ စတွင်မာ... ဒီညမင်းကို လက်ဆောင်တွေ အများကြီးပေးရမယ်!"

ကြည့်ရှု့သူ C-"ဟုတ်တယ်၊ ဒီဝိညာဥ်​တွေက စောင့်ရှောက်နေတာ ဆိုပေမယ့် စတွင်မာနဲ့ မတွေ့ခဲ့ရင် ဘာဖြစ်ခဲ့တယ် ဆိုတာ အတိအကျ ဘယ်လိုသိနိုင်မှာလဲ။ ဒါကြောင့် ဒါက ကံကြမ္မာကို ပြောင်းလဲလိုက်တာပဲ!"

ကြည့်ရှု့သူ D-"ညီကိုတို့ စတွင်မာကို လက်ဆောင် ပေးကြရအောင်!"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းကို မကြည့်ဘဲ ဘေးနားမှာ ရှိနေတဲ့ ရှောင်ယိုကို ပြောလိုက်တယ် "မင်းလည်း သူတို့နဲ့အတူ လိုက်သွားလိုက် ငါ ဒီမိန်းကလေးကို သိပ်မစိတ်မချဘူး"

ရှောင်ယိုက အဝေးက ကောင်းကင်ကို ကြည့်ရင်း ခဏတွေးပြီး ပြောလိုက်တယ် "ကောင်းပြီ၊ နောက်တစ်ခါ အချိန်ရရင် ငါမင်းဆီကို လာလည်မယ်"

ကျန်းရီက အပြုံးနဲ့ အိုခေလို့ ဖြေလိုက်တယ်၊ မိန်းကလေးရှောင်ယိုက ကျေးရွာသားတွေနဲ့အတူ ငရဲကို လိုက်သွားလိုက်တယ်။

All Chapters