← Chapters

လူအများ၏ တုံ့ပြန်မှု

Vol. 8 Ch. 101

လူအများ၏ တုံ့ပြန်မှု

Vol. 8 Ch. 101

"ဟန်ချို .... မင်း ပြင်ဆင်စရာရှိတာ အားလုံး လုပ်ပြီးပြီလား "

ရုံးခန်းထဲသို့ ဝင်လာသော ဟန်ချိုကို ကြည့်ရင်း ထန်ရွှဲသည် သူ့လက်ထဲမှ စာရွက်များကို ချပြီး မေးလိုက်သည်။

"ပါမောက္ခ၊ လူအင်အား စီစဉ်ပြီးပါပြီ၊ ငါတို့တွေ ယူကန်ဒါ မြက်ခင်းပြင်ဒေသကို အချိန်မရွေး သွားလို့ရပြီ"

ဟန်ချိုသည် အခြေအနေက အချိန်နှင့်အမျှ ပြိုင်ဆိုင်မှု ပြင်းထန်လာမှာကို သိနေသည်။ အခုချိန်က မိုက်မဲစွာ စကားတွေ ပြောပြီး အချိန်ဖြုန်းနေရမည့် အချိန်အခါ မဟုတ်ချေ။

"ကောင်းပြီ အခုသွားရအောင်!"

ထန်ရွှဲက သူ့ကို ပြောသည်။

ဟန်ချိုသည် ထန်ရွှဲကို ချီတုံချတုံ ကြည့်လျက်ရှိသည်။ သူသည် တစ်စုံတစ်ခုကို ပြောချင်နေပုံရသည်။

ဟန်ချိုကို ဖြတ်သွားသော ထန်ရွှဲသည် ၎င်းကို ကြည့်လိုက်သည်နှင့် သူ့ အတွေးများကို နားလည်နေခဲ့သည်။

"ဟန်ချို၊ ယူကန်ဒါ မြက်ခင်းပြင်ဒေသ ပတ်ဝန်းကျင်က အရမ်းဆိုးပေမယ့်...ငါ ကိုယ်တိုင် သွားမှဖြစ်မယ်!!"

"စိတ်ချစမ်းပါ၊ ငါတစ်ခုခု ဖြစ်သွားမှာ မင်းစိတ်ပူတာ ငါသိတယ်။ ဒူပေဒါပေ ငါ ခံနိုင်ပါတယ်ကွာ.."

ထန်ရွှဲသည် ဟန်ချို၏ ပခုံးကို ပုတ်လိုက်သည်။

ဤအသက်အရွယ် ရောက်လာသော်လည်း သူ့မှာ ကလေးမရှိပေ။ သူသည် ဟန်ချိုကို သူ့သားအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့သည်။ ထို့ကြောင့် သူ့တွင် ပရောဂျက်တစ်ခုရှိတိုင်း သူ့ကို ခေါ်ဆောင်သွားမည် ဖြစ်သည်။

ဟန်ချိုက သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူပေးသမျှ တာဝန်မှန်သမျှကို ကျေပွန်စွာ ထမ်းဆောင်သလို သူ့အပေါ်တွင် အလိုက်သိလေ့ရှိသည်။

ပိုအရေးကြီးတာက ဟန်ချိုက သူ့ကို တကယ် ဂရုစိုက်တယ်ဆိုတာ သူသိနေခဲ့သည်။ ဒါကိုတွေးရင်း ထန်ရွှဲသည် အေးစက်နေသော သူ့နှလုံးသားလေးက ပူနွေးလာသလို ခံစားလိုက်ရသည်။

ရှုံ့တွနေသည့် သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"အိုကေတယ်နော်"

ဟန်ချိုက ခေါင်းညိတ်လိုက်ပြီး ထန်ရွှဲ နောက်ကို လိုက်သွားသည်။

ယခုတစ်ကြိမ် ယူဂန်ဒါ မြက်ခင်းပြင်ဒေသတွင် တွေ့ရှိခဲ့သည့် မီတာ (၂၀) အရှည်ရှိသော ဧရာမစပါးအုံးမြွေကြီးက ဇီဝဗေဒအသိုင်းအဝိုင်းတစ်ခုလုံးကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။

ထိုကဲ့သို့သော ကြီးမားသော်လည်း ၎င်းသည် သွေးအေး သတ္တဝါဖြစ်သောကြောင့် ၎င်းသည် အသက်ရှင်ရန် အပူချိန် (30.C) ဒီဂရီ ထက် မျှတသော ပတ်ဝန်ကျင်းကိုသာ လိုအပ်မည် ဖြစ်သည်။

သို့သော် ထိုသို့သော အပူချိန်အခြေအနေများလွန်းသည် သဲကန္တာရကဲ့သို့ ဖြစ်နေသော နေရာသည် နေ့ဘက်တွင် အပူချိန်အလွန်မြင့်မားကာ ညဘက်တွင် အပူချိန်အလွန်ကျဆင်း သွားပေမည်။

ထိုပေါ်ထွက်လာသော ထိုဧရာမမြွေကြီးသည် ပါမောက္ခများ၊ သုတေသီများ၏ အသိဥာဏ်ကို လုံးဝ ချိုးဖျက်လိုက်သလိုပင်။

သတင်းအတုများကို ကြားခဲ့သော်လည်း..။

ဟန်ချိုနှင့် ထန်ရွှဲက မယုံခဲ့ချေ။

အရှည် (၁၂) မီတာရှိတဲ့ စပါးအုံးမြွေကြီးက မီတာ (၂ဝ) အရှည်ရှိတဲ့ စပါးအုံးမြွေကြီး ဖြစ်နေပြီ။ ဟုတ်လား!..

လုံးဝ မဖြစ်နိုင်ဘူး!!

သို့သော် ဗီဒီယိုကို မြင်ပြီးနောက်တွင် ၎င်းတို့သည် အံ့ဖွယ်ကောင်းသည့် သတ္တဝါတစ်ကောင် အမှန်တကယ် ရှိနေပြီဆိုတာ ဝန်ခံရပေမည်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုလည်း ရှိပါသေးသည်။

ထိုဧရာမစပါးအုံးမြွေကြီးသည် တရုတ်နိုင်ငံတွင် တွေ့ရှိရလေ့ ရှိသော မီးခိုးရောင်စပါးအုံးနှင့် ဆင်တူလှသည်။

သူတို့နှစ်ဦးသည် ထိုဧရာမမြွေကြီးကို မြင်လိုက်ရသည်နှင့် ပထမဆုံး တွေးမိလိုက်တာက ကျီမည်း တောင်တန်းတွင် မြင်တွေ့ခဲ့ရသော ဧရာမစပါးအုံးမြွေကြီးပင်။

...

အရွယ်အစား ကွာဟချက်က ကြီးမားလှသည်။ တစ်ကောင်က (၁၂) မီတာ ရှိပေသည်။ ၎င်းကို သူတို့ လက်ခံနိုင်ပါသည်။

သို့သော် မီတာ (၂ဝ) ကျော်ရှည်သော ဧရာမစပါးအုံးမြွေကြီးကတော့ သူတို့ရဲ့ သိမြင်မှုများကို ဖျက်ဆီးပစ်ခဲ့သည်။

"ပါမောက္ခ!၊ ယူကန်ဒါ မြက်ခင်းပြင်ဒေသက ဧရာမစပါးအုံးမြွေကြီးက အမှန်တကယ်ပဲ မီးခိုးရောင် စပါးအုံးမြွေလား..? သူက ကျီးမည် တောင်မှာ တွေ့ခဲ့ရတဲ့ မြွေများလား..?? ပါမောက္ခကော် ဘယ်လိုထင်လဲ..?"

လမ်းမပေါ်တွင် လျှောက်သွားရင်း ဟန်ချိုသည် မဆုံးနိုင်သော မေးခွန်များဖြင့် ထန်ရွှဲအား မေးမြန်နေခဲ့သည်။

"ဒါက မီးခိုးရောင်စပါးအုံးမြွေ ဖြစ်နိုင်ပေမယ့် ဆင်တူယိုးမှားတွေလည်း ရှိနိုင်တယ်..."

ထန်ရွှဲက ခဏလောက် စဉ်းစားပြီး..

"ဒီစပါးအုံးမြွေကြီးနှစ်ကောင်မှာ တူညီတဲ့အချက်နှစ်ချက် ရှိတယ်၊ အဲဒါက အရွယ်အစားကြီးပြီး မြန်တာပဲ.."

“ဒါပေမယ့် ယူကန်ဒါ မြက်ခင်းပြင်ဒေသမှာရှိတဲ့ ဧရာမစပါးအုံးမြွေကြီးရဲ့ သွားတွေက ငါ့အထင် ထက်မြက်လွန်းတယ်။ သူ့သွားတွေက ထက်မြက်လွန်းတာကြောင့် သားကောင်တွေကို ကိုက်ဖြတ်ဖို့လည်း အသုံးပြုနိုင်တယ်!”

ဆက်မပြောခင်တွင် ထန်ရွှဲက အသက်ပြင်းပြင်း တစ်ခဏမျှ ရှူလိုက်သည်။

"ဒိုင်နိုဆောခေတ် သို့မဟုတ် ဒိုင်နိုင်ဆောခတ်ကုန်ခါနီးမှာတောင် ဒီလို ဧရာမစပါးအုံးမြွေကြီးက ဘာမှမဟုတ်ပေမယ့်၊ အခုချိန်မှာတော့ သူ့အတွက် တစ်ကမ္ဘာလုံးမှာတောင် ပြိုင်ဘက် အနည်းငယ်ပဲ ရှိတယ်လို့ ယေဘူယျဖြစ် ယူဆလို့ရတယ်"

"ကျီမည်း တောင်တန်းမှာရှိတဲ့ မီးခိုးရောင်စပါးအုံးမြွေကို လေ့လာဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရ ပြီပြီး။ အခုချိန်မှာ ပိုကောင်းတဲ့ ပန်းတိုင်တစ်ခု ရှိလာမှတော့ ဒီတစ်ကြိမ် အမိအရ ဖမ်းဆုပ်ရလိမ့်မယ်!!"

ဟန်ချိုက ခေါင်းညိတ်လိုက်သည်။

ဤထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော သတ္တဝါကို လေးလေးနက်နက် လေ့လာပါက ၎င်းတို့သည် ကြီးမားသော ရှာဖွေတွေ့ရှိမှုများ ရရှိလာနိုင်သည်။

ကျီမည်း တောင်ပေါ်ရှိ မီးခိုးရောင်စပါးအုံးမြွေက ... ယူကန်ဒါ မြက်ခင်းပြင်ဒေသရှိ တစ်ကောင်နှင့် အတူတူပဲလားဟု သူတကယ် မေးချင်မိသည်။

သို့ပေမယ့် ဒီအတွေးက အဓိပ္ပါယ်မဲ့လွန်းလှသောကြောင့် သူ မေးမှာမဟုတ်ပေ။

လွန်ခဲ့သော သုံးလခန့်က ကျီမည်းတောင်တန်းတွင် တွေ့ရှိခဲ့ရသော ဧရာမစပါးအုံးမြွေကြီးသည် (၁၂) မီတာကျော် အရှည်မှ မီတာ (၂၀) အရှည်အထိ အချိန် သုံးလအတွင်း ကြီးထွားရန် မဖြစ်နိုင်ပေ။

ဒါက စိတ်ကူးယဉ် သက်သက်ပင်။

သူ့ခေါင်းကို ခါယမ်းရင်း၊ ဟန်ချိုသည် ထိုမိုက်မဲလှသော အတွေးများကို ခေါင်းထဲက ဖယ်ထုတ်ပစ်လိုက်သည်။

...

သမုဒ္ဒရာတစ်ဖက်ကမ်းရှိ နိုင်ငံတစ်ခုတွင်..။

ဥရောပ ဂန္တဝင်နန်းတွင်းပုံစံဖြင့် အလှဆင်ထားသော ရုံးခန်းတစ်ခုအတွင်း အဖြူရောင်ရှပ်အင်္ကျီဝတ် အဘိုးအိုတစ်ဦးသည် စာရေးနေခဲ့သည်။

ဒေါက်၊ ဒေါက်!

ရုတ်တရက် တံခါးခေါက်သံများ ထွက်ပေါ်လာသည်။

အဘိုးအိုက စာရေးခြင်းကို ရပ်တန့်လိုက်ကာ တံခါးကို လှမ်းကြည့်သည်။ ဤအချိန်တွင် တံခါးက ပွင့်လာပြီး အပြင်မှာ လူတစ်ယောက် ရပ်နေခဲ့၏။ ၎င်းသည် သူ့တပည့် ရွိုင်း ဖြစ်သည်။

"အထဲဝင်လာခဲ့!"

ဆရာဖြစ်သူ၏ သဘောတူညီချက်ကို ကြားတာနဲ့ ရွိုင်းက ရုံးခန်းထဲကို ဝင်လာသည်။

"တစ်ခုခု ရှိလို့လား?"

ဆရာဖြစ်သူ၏ အမေးစကားကို ကြားတော့ သူက ချက်ချင်း ပြန်ဖြေသည်။

"ဆရာ၊ ပါမောက္ခ ဗွိုင်းရန်က ယူကန်ဒါ မြက်ခင်းပြင်ဒေသကို သွားမယ့်..လေ့လာရေး ခရီးအဖွဲ့မှာ ပါဝင်လိုနေပါတယ်"

"ဗွိုင်းရန်? စိတ်ကူးယဉ် သိပ္ပံရလဒ်တွေ ပေးရင်း သူ့ကိုယ်သူ အရှက်ရစေခဲ့တဲ့ ကောင်လား..”

အဘိုးအိုသည် မျက်မှန်ကို ချွတ်ကာ နူးညံ့သော အဝတ်ဖြင့် ညင်သာစွာ သုတ်လိုက်သည်။ သူက ပြုံးပြီပြောပြန်သည်။

"ငါ့အဖွဲ့မှာ ဒီလို လှည့်စားတက်တဲ့ ကောင်မျိုး မပါစေချင်ဘူး"

"ဒါ့အပြင် သူက ငါတို့ကောလိပ်မှာ ပါမောက္ခမဟုတ်တော့ဘူး။"

"သူက ယူကန်ဒါ မြက်ခင်းပြင်ဒေသ ကို တကယ်သွားချင်တယ်ဆိုရင်တော့ သူရေးခဲ့တဲ့ (sci-fi) သီအိုရီကို အခြေခံပြီး လော့စ်အိန်ဂျလိစ်တစ်ခု ဖန်တီးပြီး သွားခိုင်းလိုက်"

ဒါကိုကြားတော့ ရွိုင်းက ပြုံးလိုက်သည်။

" ဘယ်လိုပြန်ပြောရမလဲ ကျုပ်သိပါတယ် ဆရာ"

ထိုသို့ ပြောပြီးသောအခါ တံခါးအပြင်ဘက်သို့ ထွက်သွားသည်။

ရုံးခန်းရှေ့ တံခါးဝသို့ ရောက်သောအခါ ဘောင်းဘီရှည် ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

"တောင်းပန်ပါတယ်၊ ပါမောက္ခ ဗွိုင်းရန်၊ ငါ့ရဲ့ ဆရာက စစ်ဆေးရေးအဖွဲ့မှာ အပြင်လူမခေါ်သွားနိုင်ဘူးတဲ့ ဒါက ကောလိပ်ရဲ့ အခြေခံစည်းကမ်းမို့ သူလည်း ဘာမှလုပ်လို့မရဘူးလို့ ပြောလိုက်ပါတယ်"

ရွိုင်းသည် အဘိုးအိုရှေ့မှာ ရပ်ကာ မတက်သာဟန်ဖြင့် ပြောလိုက်သည်။

ရွိုင်းဟု လူသိများသော အဖိုးအိုသည် ရွိုင်း၏ အဖြေကို ကြားပြီးနောက် ချက်ချင်းဒေါသထွက်သွားသည်။ ဒေါသတကြီးနဲ့ သူက ပြောသည်။

"ဘာစည်းကမ်းလဲ၊ အဲဒါက ဒီကောင်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်!!!"

"အခု ငါသူနဲ့ စကားပြောချင်တယ်!၊ ဒီအချိန်မှာ ပညာရေးဘက်လိုက်မှုကို ဖယ်ထားသင့်တယ်!!!”

ထိုစကားကို ပြောပြီး ဗွိုင်းရန်သည် ရုံးခန်းတံခါးဆီသို့ အလျင်အမြန် ပြေးကာ ဝင်ရောက်လိုခဲ့သည်။

သို့သော်လည်း ရွိုင်းသည် သူ့ရှေ့မှ ပို၍ လျင်မြန်စွာ ပြေးသွားပြီး ပိတ်ရပ်လိုက်သည်။

"တောင်းပန်ပါတယ် ပါမောက္ခ ဗွိုင်းရန်၊ မင်းဝင်လို့ မရဘူး"

"ငါ့ကို ဝင်ခွင့်ပြု!၊ လန်ဇူးဆိုတဲ့ ကောင်နဲ့ ငါ သွားတွေ့မယ်!"

ပါမောက္ခ ဗွိုင်းရန်သည် ရွိုင်းကို အဝေးသို့ တွန်းထုတ်ချင်သော်လည်း ၎င်းကို လုံးဝမတွန်းနိုင်ကြောင်း တွေ့ရှိခဲ့သည်။

သူက ရွိုင်းကို စိုက်ကြည့်နေခဲ့သလို ရွိုင်းက လည်း သူ့ကို ပြန်ကြည့်နေခဲ့သည်။

"သေရော!"

ပါမောက္ခ ဗွိုင်းရန်က ရွိုင်းကို လက်ညှိုးထိုးပြီး အော်ဟစ်သည်။

"မင်းသာ ငါ့တပည့်ဖြစ်ခဲ့ရင် ငါမင်းကို သေချာပေါက် ဖင်ပိတ် ကန်ရလိမ့်မယ်!"

သူ့စကားကြားပြီးနောက် ရွိုင်းသည် ပခုံးတွန့်ကာ ကံမကောင်းစွာဖြင့် သူသည် သူ၏ တပည့် မဟုတ်ကြောင်း ဖော်ပြလေသည်။

ရွိုင်းသည် လုံးဝမတုန်လှုပ်ပေ။ သူ၏ မျက်နှာချင်းဆိုင်က ပါမောက္ခ ဗွိုင်းရန်သည် မုန်းတီးမှုများဖြင့် အံသာ ကြိတ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် သူက ထိုအတွေးများကို စွန့်လွှတ်လိုက်သည်။

ရုတ်တရက် သူ့အိတ်ကပ်ထဲမှ ဖုန်းက မြည်လာသည်။

သူက အဖြေခလုတ်ကို နှိပ်လိုက်ပြီး ဖုန်းကို နားရွက်ပေါ် တင်လိုက်သည်နှင့် စပီးကာမှ လေယူလေသိမ်း လေနက်သည့် ယောင်္ကျားတစ်ယောက်၏ အသံ ထွက်လာခဲ့သည်။

"ပါမောက္ခ ဗွိုင်းရန်၊ မင်း ငါတို့နဲ့ အနီရောင် မိုးသစ်တောကို သွားလည်ချင်လား"

"ပုံမှန်အတိုင်းပဲ စီးပွားရေးလုပ်ပါ!"

ပါမောက္ခ ဗွိုင်းရန်သည် ဖုန်းချလိုက်သည့် ခလုတ်ကို ဒေါသတကြီး နှိပ်လိုက်သည်။

သူ့စိတ်ထဲတွင် ဒေါသနှင့် ပြည့်နေပုံရသည်။

ဆယ်ရက်ခန့်အကြာတွင် ကမ္ဘာတစ်ဝှမ်းမှ စစ်ဆေးရေး အဖွဲ့များသည် အဆိုပါ ဧရာမစပါးအုံးမြွေကြီးကို ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် ယူကန်ဒါ မြက်ခင်းပြင်ဒေသသို့ ဝင်ရောက်လာကြသည်။

သို့သော် စပါးအုံးမြွေကို နောက်ဆုံးတွေ့သည့်နေရာကို သေချာစွာရှာဖွေပြီးနောက်တွင်ပင် ဘာမျှမတွေ့ခဲ့ပေ။

ကံမကောင်းစွာဖြင့်၊ ဒီခရီးသည် အချိန်ကုန် လူပင်ပန်းခဲ့သော်လည်း မည်သူမျှ အကျိုးမရှိခဲ့ချေ။

.....

All Chapters