အနီရောင် မိုးသစ်တောသို့ရောက်ရှိခြင်း
Vol. 8 Ch. 102
ဖန့်ရန်သည် ရေထဲတွင် ပေါ့ပေါ့ပါးပါး ကူးခတ်နေ၏။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် အနက် (၁၀) မီတာမှာ ရှိနေသော်လည်း ရှည်လျားသော အရိပ်မည်းတစ်ခုကို အပေါ်ဆီးမှ ကြည့်လျှင် မြင်ရပေမည်။
ယူကန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသက သူထွက်ခွာလာသည်မှာ ဆယ်ရက်တောင် ကြာခဲ့ပြီ ဖြစ်သည်။
ယခုဆို သူသည် ယူဂန်ဒါ (ဆာဗားနား) မြက်ခင်းပြင်ဒေသနှင့် ကီလိုမီတာ တစ်ထောင်ကျော် အကွာအဝေးသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ရေထဲတွင်သာ မနေဘဲ တခါတရံ သားကောင်ဖမ်းရန် သူသည် ကမ်းစပ်သို့ သွားလေ့ရှိသည်။
သူ ဖမ်းဆီးသော သားကောင်အများစုမှာ အကောင်ကြီးများသာ ဖြစ်သည်။
၎င်းသည် မိကျောင်း၊ ကျားသစ်၊ ခြင်္သေ့၊ ဆင် သို့မဟုတ် သစ်ကုလားအုတ်များပင်။
သူ၏ စနစ်အမှတ်က ယခုဆို (၂ဝဝဝဝဝ) သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ စနစ်အမှတ် အများစုသည် ပြောင်း အများစုထံမှ ဖြစ်ပေသည်။
သို့ပေမယ့် သူသည် မကြာမီက သူတို့နှင့် ခွဲခွာလာခဲ့သည်။
သူသည် ရေအောက်သို့ ခရီးဆက်သွားသော်လည်း ထိုပြောင်းအုပ်စုသည် တစ်နေရာတည်းတွင်သာ ရှိနေကာ ရှေ့ဆက်မသွားခဲ့ချေ။
ထိုမှတဆင့် ဖန့်ရန်သည် သူသည် မြက်ခင်းပြင်ဒေသ၏ အစွန်အဖျားသို့ ရောက်နေပြီဟု သဘောပေါက်ခဲ့သည်။
...
တဖြည်းဖြည်း သစ်တော၊ တောင်တန်းနှင့် သစ်ပင်များ ထူထပ်လာခဲ့သည်။
ဖန့်ရန်သည် အင်တာနက်မှ သိရှိထားသော အချက်အလက်များအရ၊ သူသည် မကြာမီ အချိန်အတွင်း အနီရောင် မိုးသစ်တောဆီသို့ ရောက်ရှိတော့မည်မှန်း သိနေသည်။
ဤအနီရောင် မိုးသစ်တောကို ဖြတ်ကျော်သွားသည်နှင့် ပင်လယ်ဆီသို့ ရောက်မည် ဖြစ်သည်။
နောက်တစ်ခုသတိပြုရမှာက သူ့ရဲ့ဂုဏ်သတင်းရမှတ်က လွန်ခဲ့သော သုံးရက်က သန်း (၁ဝဝ) ကျော်သွားခဲ့ခြင်း ဖြစ်သည်။
ထိုမှတဆင့် သူသည် ကျွမ်းကျင်မှုရမှတ် (၉) မှတ် ရရှိလာခဲ့ပြီး။ ယခင် ရှိပြီးသား ကျွမ်းကျင်မှုရမှတ် (၉) မှတ်နှင့် စုပေါင်းကာ ကျွမ်းကျင်မှုရမှတ် (၁၈) မှတ်အထိ ရှိလာခဲ့သည်။
သံမဏိ ကိုယ်ထည်အား အဆင့်မြှင့်တင်ပြီးနောက် ၎င်းသည် သူ၏ ခံစစ်အား အလွန်မြင့်မားသော အဆင့်သို့ ယူဆောင်သွားခဲ့သည်။
လက်ရှိ အချိန်တွင်..။ ဖန့်ရန်သည် လက်ရှိ သူ၏ ခုခံ ကာကွယ်နိုင်မှုဖြင့် တင့်ကားများ၊ တင့်ကားဖောက် ကျဥ်ဆံများသည်ပင် သူ့အား မထိခိုက်နိုင်တော့ဟု ခံစားနေရသည်။
ထိုအချိန်တွင် သူသည် ဒဏ္ဍာရီလာ ဧရာမမြွေ သွေးလိုင်းကို အသုံးမပြုရသေးပေ။ ၎င်းကို အသုံးမပြုမီ လုံခြုံသောနေရာ တစ်ခုကို ရှာရန် သူစီစဉ်ထားသည်။
သုတေသီ မည်မျှ သူ့အား ရှာနေမည်ကို သူ စိတ်ကူးကြည့်နေ နိုင်ပြီ ဖြစ်သည်။
သူ့လက်ရှိ နေရာသည် ယခင်က သူနေထိုင်ခဲ့သော ယူကန်ဒါ မြက်ခင်းပြင်ဒေသနဲ့ ကီလိုမီတာ (၁ဝဝဝ) မက ဝေးကွာ၍ သူ့အား ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်သော်လည်း ... သတိဟူသည် ပိုသည် မရှိချေ။ သတိကြီးကြီးထားမှ သာလျှင် အဆုံးသတ်ထိ အသက်ရှင်နိုင်မည် မဟုတ်ပါလော...။
ဧရာမမြွေ သွေးလိုင်းကို သုံးပြီးနောက်၊ သူသည် ဆောင်းခိုသော အခြေအနေသို့ ရောက်သွားလိမ့်မည်။ သူမည်မျှ ကြာအောင် ထိုအခြေအနေတွင် ရှိနေမည်ကို မသိသောကြောင့် သတိထားသည်က ပိုကောင်းသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ တွင်ပင်..။ ဖန့်ရန်သည် သူ၏ သွေးလိုင်းအား ပြောင်းလဲရန် စိတ်အားထက်သန် နေလေသည်။
...
မိုင် (၂ဝ) ခန့် ရှေ့သို့ ကူးခတ်ပြီးနောက်၊ ဖန့်ရန်သည် မြစ်ကမ်းနံဘေးတွင်.. သစ်ကုလားအုပ် တစ်စုအား လှမ်းမြင်လိုက်ရသည်။
အုပ်စုတစ်စုဟု ဆိုသော်လည်း အုပ်စုဝင် လေးကောင်သာ ရှိပေသည်။
ယင်းသည် အရွယ်ရောက် သုံးကောင်နှင့် အရွယ်မရောက်သေးသော သစ်ကုလားအုတ် လေးကောင်တို့ ဖြစ်သည်။
သစ်ကုလားအုတ်များသည် အထူးသဖြင့် အရပ် ရှည်ပေသည်။ အရင်က သူဖြစ်ခဲ့လျှင် ဤသတ္တဝါတွေကို သတ်နိုင်ရင်တောင်မှ စားနိုင်မည် မဟုတ်ချေ။
ယခုမူ သူ၏ သွားများသည် သန်မာထက်မြက် လာသဖြင့် ဤပြဿနာအတွက် စိတ်ပူစရာ မလိုတော့ပေ။
ဗုန်း!
ဖန့်ရန်သည် မြစ်ထဲတွင် လျင်မြန်စွာ ရွေ့လျားသွားပြီး သစ်ကုလားအုတ်လေးကောင်ဆီ တည့်တည့် ပြေးသွားလိုက်သည်။
သူ့အရှိန်သည် တစ်နာရီကို ကီလိုမီတာ (၁ဝဝ) ကျော်ရှိပေသည်။
သစ်ကုလားအုတ်လေးကောင်သည် သူ့အသွင်အပြင်ကြောင့် ကြောက်လန့်ပြီး အမြန် ထွက်ပြေးခဲ့ကြသည်။
သို့ပေမယ့် သစ်ကုလားအုတ်တွေ၏ အမြင့်ဆုံး အမြန်နှုန်းသည် တစ်နာရီကို ကီလိုမီတာ (၆၀) မှ (၇၀) လောက်ထိသာ ရှိသည်။ ခံနိုင်ရည်အားကလည်း နည်းလွန်းသောကြောင့် သူ့လက်ကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
သိပ်မကြာခင်မှာပဲ ဖန့်ရန်က အသေးဆုံး သစ်ကုလားအုတ်ကို ဖမ်းမိသွားခဲ့သည်။
၎င်းအပေါ်တွင် သူသည် အဆိပ်ကို အသုံးပြုကာ အခြားသစ်ကုလားအုတ် သုံးကောင်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
သစ်ကုလားအုတ်တွေမှာ သဘာဝရန်သူဆိုတာ အတည်တကျ မရှိပေ။ အခန့်မသင့်လျှင့် တစ်ခါတစ်ရံ ၎င်းကြောင့် ခြင်္သေ့တောင် သေနိုင်လေသည်။
သို့သော် ၎င်းတို့ ရှေ့မှာသာ လွတ်မြောက်နိုင်သည်။ ဖန့်ရန်၏ ကြောက်မက်ဖွယ် စွမ်းအား၊ အရှိန်နှင့် ခုခံမှုအောက်တွင် ၎င်းတို့သည် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိပေ။
စနစ်၏ အသိပေးချက်အရ အရွယ်ရောက်ပြီးသော သစ်ကုလားအုတ်တစ်ကောင်သည် သူ့ကို စနစ်အမှတ် (၈၀၀၀) ပေးနိုင်လေသည်။
ဤနေရာတွင် အရွယ်ရောက် သစ်ကုလားအုတ် သုံးကောင်ရှိပေသည်။ ဆိုလိုသည်မှာ သူသည် စနစ်အမှတ် (၂၄,၀၀၀) ကို ရရှိနိုင်၏။
ထို့အပြင် သစ်ကုလားအုတ်လေးများကပင် တစ်ကောင်လျှင် သူ့အား စနစ်အမှတ် (၂၂ဝဝ) ပေးစွမ်းနိုင်သည်။
သုံးမိနစ်အကြာတွင် ဖန့်ရန်သည် အရွယ်ရောက် သစ်ကုလားအုတ် သုံးကောင်ကို သတ်ဖြတ်ခဲ့ပြီးနောက် သစ်ကုလားအုတ်လေး လေးကောင်ကို အဆုံးသတ်ခဲ့သည်။
ဖန့်ရန်သည် သစ်ကုလားအုတ်လေးမှ စတင်၍ ဝါးမြိုခဲ့သည်။
"စနစ်၊ ကိုယ်ရေး အချက်အလက်တွေ ပြပေးအုံး!"
သူ့စနစ်အမှတ် မည်မျှ ရှိပြီမှန်း သိလိုသော ဖန့်ရန်က စိတ်ထဲကနေ ပြောလိုက်၏။ သူပြောပြီးသည်နှင့် တပြိုက်နက် အပြာရောင်အလင်းတန်းတစ်ခုဟာ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
စနစ်အမှတ်သည် (၂၆၅၈ဝဝ) သို့ပင် ရောက်ရှိနေကြောင်း သူတွေ့လိုက်ရသည်။
"ကောင်းပြီ၊ ဒီအနီရောင် မိုးသစ်တောဆီ မရောက်ခင် ငါ... စနစ်အမှတ် သုံးသိန်းအထိ စုဆောင်းနိုင်ရမယ် "
"ပင်လယ်ထဲ မ၀င်ခင် ငါလုံးဝ ကြီးမားတိုးတက်နေသင့်တယ်"
သူ၏ လက်ရှိ ခန္ဓာကိုယ် အရှည်သည် (၂၁) မီတာ ဖြစ်ပေသည်။ နောက်ထပ် ဆင့်ကဲ ပြောင်းလဲမှု အပြီးမှာတော့ သူသည် (၂၄) မီတာ သို့မဟုတ် ဒီထက်ပို ရှည်လာနိုင်သည်။
ဤခန္ဓာကိုယ်အရွယ်အစားသည် ဝေလငါးအများစုနှင့် နှိုင်းယှဉ်နိုင်လေသည်။
ဤသည်ကိုတွေးရင်း သူ့ရင်ထဲမှာ အမျိုးမျိုးသော ခံစားချက်တွေ ပေါ်လာခဲ့သည်။
“ဒါက အစပဲ ရှိသေးတယ်”
ဖန့်ရန်က စိတ်ထဲမှာ တွေးနေမိသည်။
သူ၏ နှလုံးသားကို တည်ငြိမ်အောင် ထိန်းပြီး ရှေ့သို့ ဆက်လက် ချီတက်ခဲ့သည်။
နောက်ထပ် (၅) ရက်လောက်ကြာတော့ မိုးသစ်တောကို ရောက်သွားတော့သည်။
ယခုအချိန်တွင် သူမျှော်လင့်ထားသည့်အတိုင်း စနစ်အမှတ် (၃ဝဝဝဝဝ) အထိ စုဆောင်ပြီ ဖြစ်သည်။ နောက်တစ်ခုကတော့ အနီရောင် မိုးသစ်တောတွင် မျှော်မှန်းထားသည့် စနစ်အမှတ် (၅ဝဝဝဝ) ကို စုဆောင်းရန် ဖြစ်သည်။
ဖန့်ရန်သည် ရေထဲတွင် ပေါ့ပါးစွာ ကူးခတ်နေပြီး သူ့မျက်လုံးများက အဆက်မပြတ် လှည့်ပတ်နေခဲ့သည်။
မြစ်ကမ်းနှစ်ဖက်တွင် မြင့်မားသော သစ်ပင်များစွာ ရှိပေသည်။ ၎င်းတို့၏ ပင်စည်မှ ထူထဲသော အမြစ်တချို့သည် ရေထဲသို့ ဖြာကျလျက် ရှိ၏။
ဤအမြစ်များသည် အလွန်ထူထဲကြီးမားလှသည်၊ အသေးဆုံး အမြစ်သည်ပင် အရွယ်ရောက်လူတစ်ယောက်၏ လက်မောင်လုံးထက် တုတ်ခိုင်ပေသည်။
ထိုသစ်ပင်ကြီးများ၏ သစ်ကိုင်းများပေါ်၌ ကျေးငှက်များစွာက တေးဆိုလျက်ရှိ နေကြသည်။
ထို့အပြင် အခြားသော တိရစ္ဆာန်များစွာကိုလည်း မြင်တွေ့ခဲ့ရသည်။
ဥပမာအားဖြင့် မနီးမဝေးတွင် မျောက်အုပ်စုကြီးတစ်ခုရှိပေသည်။ ထိုမျောက်များသည် အရွယ်အစားအားဖြင့် အလွန်သေးငယ်ပြီး ပျမ်းမျှအားဖြင့် ပုံမှန်အကောင်၏ အရပ်သည် (၂ဝ) မှ (၃ဝ) စင်တီမီတာခန့်ရှိကာ အကောင်ကြီးများသည်ပင် (၄ဝ) မှ (၅ဝ) စင်တီမီတာ ခန့်သာရှိပေသည်။
ယင်းမျောက်အုပ်စုသည် မြစ်ကမ်းနံဘေးရှိ သစ်ပင်ကြီးတစ်ပင်ထက်တွင် ထိုင်ကာ ဆူညံစွာအော်ဟစ်လျက် သစ်ပင်တစ်ပင်မှ အခြားတစ်ပင်သို့ တကွီကွီနှင့် ခုန်ပေါက်နေကြသည်။
စနစ်၏ အသိပေးချက်အရတော့ ဒီမျောက်တွေကို ရှဉ့်မျောက်လို့ ခေါ်လေသည်။
ဖန့်ရန်တွင် ၎င်းတို့ကို လိုက်လံဖမ်းဆီးဖို့ ရည်ရွယ်ချက် မရှိပေ။
ဒီလိုမျောက်တစ်ကောင်ကို ဖမ်းဖို့ရန် အချိန်ကုန်ပြီး လူပင်ပန်းခဲ့လျှင်ပင် ကြိုးစားရကျိုးနပ်မည် မဟုတ်ချေ။ ထို့ထက် ပိုအရေးကြီးသည်မှာ မြစ်ထဲရှိ ငါးများက များပြားရုံသာမက ဖမ်းရန်လည်း အလွန်လွယ်ကူလေသည်။
"..."
မြစ်ရေပြင်၌ အလွန်သေးငယ်သော လှိုင်းအနည်းငယ် ထသွား၏။ ဖန့်ရန်သည် သူ၏ မျောက်အုပ်စုထံမှ အကြည့်ကို ရုတ်သိမ်းပြီး ရေအောက်သို့ ပြန်ငုတ်သွားခဲ့သည်။
အနီရောင် မိုးသစ်တောထဲသို့ ဝင်ရောက်ပြီးနောက် မြစ်ထဲ၌ ရွှံ့နွံများ အလွန်များပြားလာသည်။
ရေမျက်နှာပြင်မှသည် အနက်တစ်မီတာသာ မြင်နိုင်ပေမည်။ အကယ်၍ ရေအောက် အနက် (၆) မီတာမှ (၇) မီတာခန့် ငုပ်သွားမည်ဆိုပါက အလွန်မှောင်မဲသွားလိမ့်မည် ဖြစ်သည်။
သိထားသင့်သည်မှာ ဤမြစ်ကြီးသည် အနီရောင် မိုးသစ်တောသို့ ရောက်ရှိပြီးနောက် သေးငယ်သော မြစ်ငယ်များအဖြစ် ကွဲထွက်သွားခြင်း ဖြစ်သည်။
ဖန့်ရန်သည် အကြီးဆုံးဖြစ်ပြီး အကျယ်ဆုံးမြစ်ဖြစ်သည့် တစ်ကီလိုမီတာခန့်ကျယ်သော အလယ်မြစ်ကို ရွေးချယ်ခဲ့ပေသည်။
အင်တာနက်မှာ သူလေ့လာသင်ယူထားမှုတွေအရ ဤမြစ်များထဲမှ အကြီးဆုံးမြစ် သုံးစင်းသည် ပင်လယ်ဘက်ကို ဦးတည်သွားပေသည်။
ရေအောက်သို့ ငုတ်လျှို့ပြီးနောက်၊ ဖန့်ရန် သည် သူ့ရှေ့တွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာသည်ကို သတိပြုမိခဲ့သည်။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အနည်းငယ် ကွာသောကြောင့်၊ မှောင်မဲနေသော ဤမြစ်ထဲတွင် ၎င်းသတ္တဝါသည် မည်သို့သော သတ္တဝါမျိုးဖြစ်သည်ကို သူမသိခဲ့ပေ။
.....