သင့်လျော်သော နေရာတစ်ခု ရှာဖွေသည်
Vol. 8 Ch. 106
ဂျိုက်ဂွားကျားသစ်ကို မျိုချပြီးနောက် ဗိုက်အနည်းငယ် ဖောင်းကားလာသော်လည်း လှုပ်ရှားနိုင်စွမ်းကို ထိခိုက်ခြင်းမရှိပေ။
သူ၏ မြန်ဆန်သော အစာခြေစွမ်းရည် ရှေ့မှောက်၌ ဂျိုက်ဂွားကျားသစ်ကို မိနစ်အနည်းငယ်အတွင်း အစာခြေပြီး သွားခဲ့သည်။
ဖန့်ရန်က ပတ်ပတ်လည်ကို နောက်ဆုံးအနေနှင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဤစိမ့်ရေကန်ကို သစ်ပင်များနှင့် ချုံပုတ်ငယ်များက ဝန်းရံထားပေသည်။
လုံခြုံသည့် နေရာတစ်ခုကို ရှာပြီး၊ ဒဏ္ဍာရီလာ ဧရာမမြွေသွေးလိုင်းကို သုံးဖို့ရန် သူကြံစည်ထား၏။
စနစ်အမှတ်များ စုဆောင်းဖို့က အခုအချိန်မှာ အရေးမကြီးတော့ပေ။ သူ၏ ပထမဆုံး ဦးစားပေးမှာ ဒဏ္ဍာရီလာ ဧရာမမြွေသွေးလိုင်းကို သုံးရန် ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေဖို့ ဖြစ်သည်။
ထိုနောက် ဖန့်ရန်သည် ယင်းအနီရောင် မိုးသစ်တောမှ မြစ်ဆီသို့ ပြန်သွားခဲ့၏။ မြစ်ထဲသို့ ဆင်းပြီးနောက် သူသည် ရှေ့သို့ ဆက်လက် ကူးခတ် ခရီးဆက်ခဲ့သည်။
...
သုံးရက်ကြာသွားခဲ့သည်။
ဤသုံးရက်အတွင်း...။ သွေးလိုင်းပြောင်းလဲရန် သင့်တော်သော နေရာကို အရူးအမူးရှာဖွေနေသော်လည်း ရှာမတွေ့သဖြင့် ဖန့်ရန် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့၏။
သို့ပေမယ့် လေးရက်မြောက် နေ့မှာ...။ သင့်တော်သော နေရာကို သူ ရှာတွေ့ခဲ့သည်။
၎င်းသည် ဂူတစ်လုံး ဖြစ်၏။
ကြီးမားသော ကိုယ်ထည်တစ်ခုသည် ရေအောက် ကြမ်းပြင်ပေါ်တွင် ရစ်ခွေနေခဲ့သည်။
ဖန့်ရန်က သူ့ရှေ့ရှိ ဂူကို ဂရုတစိုက်ကြည့်နေ၏။
ဤမှောင်မိုက်သော ရေအောက်ထဲတွင် ဘာမှ မမြင်ရချေ။ သူ၏ အနီရောင် ရောင်ခြည်မြင်ကွင်းသည် သက်ရှိများကိုသာ မြင်နိုင်၏။ အမှောင်ထဲမှ အရာဝတ္တုများကို မမြင်ရချေ။
ဤဂူကို ရှာဖွေတွေ့ရှိခြင်းသည် ကြီးမားသော တိုက်ဆိုင်မှုတစ်ခုကြောင့် ဖြစ်သည်။ ဤနေရာရှိ ရေအအေးဓာတ်သည် ကျန်နေရာမှ ရေများထက် များစွာအေးသည်ဟု ခံစားမိသောကြောင့် ဤနေရာကို ရေအောက်မှ စူးစမ်းခဲ့သည်။
ထို့နောက် သူသည် ဤကျောက်နံရံကို ထိရန် သူ၏ အမြီးကိုအသုံးပြုခဲ့၏။ ထိုမှတဆင့် ဤကျောက်နံရံအလယ်၌ အပေါက်ကြီးတစ်ခုကို တွေ့ရှိခဲ့သည်။
သူသည် အပြင်ဘက်အခြေအနေကို စူးစမ်းလေ့လာပြီးနောက် ၎င်းသည် နက်ရှိူင်းသော ဂူတစ်ခု ဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။
ဤဂူ၏အကျယ်သည် (၂) မီတာခန့်ရှိ၏။ ဒါက သူ၏ ခန့်မှန်းချက် တစ်ခုသာ ဖြစ်သည်။ တချို့နေရာများတွင် အရွယ်အစား ကွဲလွဲမှုအချို့ ရှိနိုင်ပေသည်။
အမှန်တကယ်အားဖြင့် သူက အပေါက်သေးသွားသလား ဆိုတာကိုသာ အာရုံစိုက်ရမှာဖြစ်သည်။
ဖန့်ရန်က ဂူအတွင်းသို့ ဝင်ကာ ဖြည်းညှင်းစွာ ဝင်သွားသည်။
သူကို အံ့အားသင့်စေသည့် အချက်မှာ ဤဂူသည် အပြင်ဘက်ကဲ့သို့ ကျယ်ဝန်းဆဲဖြစ်သည်။ လုံးဝကို မကျဥ်သွားခဲ့ချေ။
"ဒီရေအောက်ဂူက ဘယ်ကို ဦးတည်တာပါလိမ့် "
ဤသည်မှာ ဖန့်ရန်၏ စိတ်ထဲမှ မေးခွန်းဖြစ်ပြီး၊ ဤလမ်းကြောင်းသည် အောက်နှင့်အထက်ကြားတွင် တလှည့်စီဖြစ်နေကြောင်း သူတွေ့ရှိခဲ့သည်။
သုံးလေးကီလိုမီတာလောက် သွားထွက်ပြီး နောက်ဆုံးတော့ ၎င်းဂူ၏ အဆုံးကို ရောက်သွားသည်။
လမ်း၏ အဆုံး၌ မြေအောက်ရေကန်ကြီးတစ်ခု ရှိနေလေသည်။ ဖန့်ရန်သည် ကြည့်ရုံမျှဖြင့် ထိုမြေအောက်ရေကန်၏ အရွယ်အစားကို တိတိကျကျ မဆုံးဖြတ်နိုင်ခဲ့ပေ။
မှောင်မိုက်နေသော ၎င်းနေရာတွင် ဘာမှမမြင်နိုင်သော်လည်း သူ့လျှာသည် ရေထဲမှ ဓာတုအချက်ပြမှုများကို ဖမ်းယူနိုင်ဆဲဖြစ်သည်။
ဤနေရာ၌ မည်သည့်သက်ရှိမျှ မရှိပေ။
ထိုနေရာတွင် စက္ကန့်အနည်းငယ် လှည့်ပတ်သွားပြီးနောက် တစ်နေရာ အရောက်တွင် ကျောက်တုံးအက်ကွဲကြောင်းကို သူ တွေ့ရှိခဲ့၏။ ၎င်း၏ အကျယ်သည် (၂) မီတာကျော်ရှိပေသည်။
မတုံ့ဆိုင်ဘဲ ဖန့်ရန်က ထိုအပ်ကြောင်းထဲ ဝင်သွားလိုက်သည်။
များမကြာမီ ပတ်ဝန်းကျင်က အလင်းရောင်များ ပေါ်လာကာ နောက်ဆုံးတော့ သူ့ပတ်ဝန်းကျင်က အရာတွေကို သူသေချာ မြင်လာရသည်။
ဤနေရာသည် မြစ်နှင့် (၄) ကီလိုမီတာအကွာတွင် တည်ရှိသော ရေကန် ဖြစ်သင့်သည်။
ဖန့်ရန်သည် ဆက်သွားသည်နှင့် အမျှ သူ့ပတ်ဝန်းကျင်သည် ပိုမိုတောက်ပလာသည်ကို တွေ့ရှိခဲ့သည်။
ဤနေရာ၏ ရေသည် အတော်လေး ကြည်လင်သော်လည်း အထက်သို့ တက်လေ ပိုကြည်လင်လေပင်။
ဤရေကန်၏ အတိမ်အနက်ကို သူ မသိသလို စစ်လည်းမစစ်ဆေးရသေးပေ။
ယင်းကို တွေးမိပြီးနောက် ဖန့်ရန်သည် ထိုရေကန်၏ အတိမ်အနက်ကို စူးစမ်းလေ့လာခဲ့သည်။
အတိမ်အနက်ကို စစ်ဆေးပြီးနောက် မြေအောက်ရေကန်နှင့် ဆက်သွယ်ထားသော အပေါက်သည် ဤကန်၏ အနက်ဆုံးအပိုင်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထို့နောက် ရေကန်မျက်နှာပြင်သို့ ကူးခတ်သွားပြီး ပတ်ဝန်းကျင် အခြေအနေကို စတင်လေ့လာခဲ့သည်။
ဤသည်မှာ ကညာသစ်တောများဖြင့် ဝန်းရံထားသည့် တောင်တန်းများအတွင်းမှ နက်ရှိုင်းစွာ ရေကန်တစ်ခု ဖြစ်နိုင်ပေသည်။ သံသယဖြစ်ဖွယ်မရှိချေ။ ဤနေရာ၏ လေထုက စိုစွတ်သည်။
ရာသီဥတုက သိပ်တော့ မကောင်းပေ။ ကောင်းကင်တွင် တိမ်မည်းများဖြင့် ပြည့်နေခဲ့သည်။
အနီးအနား သေချာစစ်ဆေးပြီးနောက် တွင်ပင် လူသားများ၏ လှုပ်ရှားမှုကို မတွေ့ခဲ့ရပေ။
ဤရေကန်သည် အလွန်သာယာ လှပသည်ဟု ဆိုနိုင်သည်။ ရံဖန်ရံခါတွင် ငှက်များ၏ တကျီးကျီးအော်သံကို အဝေးရှိ တောတွင်းမှ ကြားနိုင်သည်။
ဤရေကန်က အလွန်ကျယ်ဝန်းပေသည်။ ကန်ရေပြင်၏ အရှည်မှာ အနည်းဆုံး ကီလိုမီတာ (၂ဝ) ရှိပြီး အကျယ်သည် နေရာအမျိုးမျိုးကို မှုတည်၍ ကွဲပြားလေသည်။ အကျယ်ဆုံးနေရာသည် (၂) ကီလိုမီတာခန့် ကျယ်ပြီး အကျဉ်းဆုံးနေရာသည် မီတာ (၈၀၀) သာ ကျယ်သည်။
ဖန့်ရန်က ဤရေကန်၏ အတိမ်အနက်ကို အထူးကျေနပ်နေ၏။ အနက်ရှိုင်းဆုံးနေရာသည် မီတာ ၁ဝဝ ခန့် ဖြစ်ပြီး ယင်းနေရာသည် မြေအောက်ရေကန်၏ အဝင် ပေါက်ဖြစ်သည်။ ရေတိမ်ပိုင်းကမှု (၁၀) မီတာသာ နက်၏။
ဤကန်ထဲ၌ အရှည် (၁) မီတာ ရှိသည့် ငါးများစွာ ရှိပေသည်။
ဖန့်ရန်က ၎င်းတို့ကို ဂရုမစိုက်အားပေ။ လက်ရှိ သူအလိုအပ်ဆုံးမှာ သူ၏ သွေးလိုင်းပြောင်းလဲရန် အတွက် လုံခြုံသော နေရာတစ်ခု ဖြစ်သည်။
"ဒီနေရာက အဆင်ပြေတယ်။ ဒီနေရာမှာ ဧရာမမြွေ သွေးလိုင်းကို အသုံးပြုရမယ်.."
ဖန့်ရန် စိတ်ထဲမှာ ဤနေရာတွင် ဧရာမမြွေ သွေးလိုင်း အသုံးပြုရန် အကြံတစ်ခု ဖြစ်ပေါ်လာသည်။
ထိုနောက် သူသည် ယင်းအကြံအစည်က တကယ် ဖြစ်နိုင်ချေရှိတယ်လို့ ခံစားလိုက်ရတဲ့ အတွက် ရေကန်၏ အနက်ရှိုင်းဆုံးအပိုင်းကို ငုံ့လျို့သွားလိုက်သည်။
ဖန့်ရန်က မြေအောက်ရေကန် ဝင်ပေါက်မှ မီတာတစ်ရာခန့် အကွာတွင် ရပ်လိုက်၏။ ဤအနေအထားက အနေတော်ပင်။
မြေအောက်ရေကန် ဝင်ပေါက်အနီးက ကျောက်သားများသည် အလွန်ပါးလွှာ၍ ကွဲထွက်နိုင်ချေ ရှိသည်။
အသက်ရှုကြပ်မည့် ပြဿနာအတွက်တော့ သူ စိတ်ပူနေစရာ မလိုချေ။ သွေးလိုင်း ပြောင်းလဲနေစဥ် စနစ်က သူ့အသက်ရှူမှုပြဿနာကို ဖြေရှင်းပေးလိမ့်မည်။
"စနစ်၊ ငါ ဒဏ္ဍာရီလာ ဧရာမမြွေသွေးလိုင်းကို သုံးချင်တယ်"
နောက်အခိုက်အတန့်တွင် ထူးဆန်းသော ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့သွားသည်။
မျက်လုံးတွေက ငိုက်မြည်းလာ၏။ သို့သော် သူ့ဦးနှောက်က နိုးကြားနေသည်။
သူ့ခန္ဓာကိုယ်က ထုံထိုင်းလာသော်လည်း သူ့စိတ်က တက်ကြွနေဆဲ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်က အရာအားလုံးကို အလိုလို သူ သိနေခဲ့သည်။ သူ့အာရုံခံနိုင်စွမ်းက အရင်ကထက် ပိုပြင်းထန်လာ၏။
မီတာများစွာမှာပင် ရှိနေသည့် ငါးသေးသေးလေးများကို သူ အာရုံခံမိနေသည်။
ဤလုပ်ငန်းစဥ်အတွင်း အန္တရာယ်လာလျှင် အသွင်ပြောင်းခြင်း ဖြစ်စဉ်ကို ရပ်တန့်နိုင်သော်လည်း ၎င်းသည် ဧရာမမြွေသွေးလိုင်းကို ပျက်စီးသွားစေမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ၎င်းသည် သူ့အတွက် ကြီးမားသော ရိုက်ခတ်မှု တစ်ခု ဖြစ်နိုင်သည်။
နောက်ထပ် သွေးလိုင်းတစ်ခု ရယူချင့တယ်ရင်တော့ ဂုဏ်သတင်းရမှတ် (၁) ဘီလီယံကို စုဆောင်းရပေမည်။ ထိုမှသာ ဒုတိယသွေးလိုင်းကို ရရှိနိုင်လိမ့်မည်။
ဒါက သူ့တိုးတက်မှုကို လုံးဝ ရပ်တန့်သွားစေနိုင်သည်။
ဤအချိန်သည် အန္တရာယ်များလွန်းလှ၏။
.....