← Chapters

နီကယ်ယန်၏ အခက်အခဲ

Vol. 8 Ch. 107

နီကယ်ယန်၏ အခက်အခဲ

Vol. 8 Ch. 107

နီကယ်ယန်သည် ပူဒါဂါသစ်တောပန်းခြံ၏ မန်နေဂျာ ဖြစ်သည်။ သူသည် အသက် (၅၃)နှစ် ရှိပြီဖြစ်၏။ သူဒီအလုပ်ကို လုပ်လာခဲ့တာ ခုနစ်နှစ်နီးပါး ရှိပြီ ဖြစ်သည်။

ပူဒါဂါသစ်တောပန်းခြံသည် အန်ဂါလ်နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ယင်းသည် သမုဒ္ဒရာနှင့် နီးစပ်သော နိုင်ငံငယ်လေး တစ်ခု ဖြစ်၏။

၎င်း၏ အဓိက စီးပွားရေး လုပ်ငန်းမှာ ခရီးသွားများကို ဆွဲဆောင်ခြင်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များကြားတွင် ပူဒါဂါသစ်တောပန်းခြံနှင့် Newar ကျွန်းစုများသည်။ အကျော်ကြားဆုံးဖြစ်ပြီး အဆိုပါ နှစ်ခုမှ တစ်ခုစီသည် အန်ဂါလ်နိုင်ငံ အတွက် ဝင်ငွေများစွာ ရရှိစေသည်။

နီကယ်ယန်သည် ပူဒါဂါသစ်တောပန်းခြံ၏ အကြီးအကဲ မန်နေဂျာ ရာထူးတွင် အချိန်ကြာမြင့်စွာ ထိုင်နိုင်ခဲ့ခြင်းက သူ၏ စွမ်းရည်ကို ကိုယ်စားပြုသည်။

သို့ပေမယ့် မကြာသေးမီက သူ အရမ်းစိတ်ဖိစီးနေခဲ့သည်။

လွန်ခဲ့သည့် ခြောက်လအတွင်း၊ ပူဒါဂါသစ်တောပန်းခြံ၏ ရေပန်းစား ကျော်ကြားမှုမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားမည့် လက္ခဏာမျိုး မရှိသေးပေ။

နီကယ်ယန်သည် ဤသို့ ရုတ်တရက် ကျဆင်းသွားရခြင်း၏ အကြောင်းအရင်း များစွာကို အကျဥ်းချုံ သိရှိထားသည်။

သူတို့၏ ပုံမှန် ခရီးသွားများကို ပြိုင်ဘက်အုပ်စုများမှ အသစ်အဆန်းများနှင့် ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဒါကြောင့် ပြိုင်ဆိုင်မှုအားလုံးကနေ အနိုင်ရလိုပါလျှင် ထူးထူးခြားခြားအရာများနှင့် ပြိုင်ဘက်အုပ်စုများကို ပြန်လည်းအနိုင်ယူရပေမည်။

ထို့အပြင် အခြားသော အကြောင်းအရင်းမှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်လည်း ပါဝင်သည်။

ဝင်ငွေများ ကျဆင်းလာမှုကြောင့် နီကယ်ယန်၏ သူဌေးက သူ့ကို အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့သည်။

ပိုက်ဆံသာသိတဲ့ အယုတ်တမာ သူဌေး၊ မကောင်ဆိုးဝါးကောင်...။

ဒါက သူ့သူဌေးကို နီကယ်ယန်၏ ထင်မြင်ချက်ပင်။ အဘယ့်ကြောင့်ဆိုသော် ဒီနှစ်အစမှာ မနှစ်က ဆုံးရှုံးမှုများအတွက် သူ့ကို အပြစ်တင်ရုံတင်မကဘဲ ဝင်ငွေပုံမှန်ပြန်ဖြစ်အောင် နည်းလမ်းတွေ တွေးခိုင်းပြီး တာဝန် ယူခိုင်းခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊ ပန်းခြံအသစ်များ ဖွင့်လှစ်ခြင်း စသည့် ပြဿနာများကို.... သူ၏ သူဌေးက ဂရုမစိုက်ခဲ့ချေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နီကယ်ရန်သည် သူ၏ သူဌေးထံမှ ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့သည်။ ဖုန်းခေါ်ဆိုသည့် အကြိမ်တိုင်းလိုလိုသည်၊ ပူဒါဂါသစ်တောပန်းခြံ၏ ၀င်ငွေနှင့် ပတ်သက်လျက်ရှိ၏။

သူ၏ သူဌေး ဖုန်းဆက်မှု တိုင်းတွင်း အော်ဟစ်ခြင်း၊ ခြိမ်းခြောက်ခြင်း အစရှိတို့က မပါမဖြစ်လိုပင်။

နီကယ်ယန် အမှန်တကယ် စိတ်ဓာတ်ကျနေခဲ့သည်။ မကြာသေးမီက စိတ်ဖိစီးမှုများကြောင့် သူ၏ ဆံပင်များပင် အများအပြား ကျွတ်သွားခဲ့၏။

"ငါတစ်ခုခုလုပ်ရမှ ရတော့မယ်"

ဘာမှမလုပ်ရင် နုတ်ထွက်စာတင်ခိုင်းရမယ်ဆိုတာ သူသိသည်။

အချိန်ခဏကြာ စဉ်းစားပြီးနောက် သူ့စိတ်ထဲမှာ အတွေးတစ်ခုက ပေါ်လာ၏။

ပူဒါဂါသစ်တောပန်းခြံ၏ လက်ရှိအခြေအနေကြောင့် ခရီးသွားများ တိုးလာရန် မဖြစ်နိုင်သလောက်ပင်။ ထိုကြောင့် ၎င်းတို့ကို ဆွဲဆောင်ရန် အစီစဥ်သစ်များကို ရေးဆွဲရမည် ဖြစ်သည်။

ပူဒါဂါသစ်တောပန်းခြံတွင် ဟစ်ပို ရေပူစမ်း၊ မတ်စောက်သော ရေတံခွန်၊ လက်မတောင်နှင့် အခြားသော အထင်ကရ နေရာအများအပြား ရှိပေသည်။ တစ်ခုချင်းစီသည် ခရီးသွားများကို ဆွဲဆောင်နိုင်သော အရာများ ဖြစ်၏။

ဤကျော်ကြားသော အထင်ကရနေရာများအပြင် ပူဒါဂါသစ်တောပန်းခြံတွင် မဖွံ့ဖြိုးသေးသော နေရာအချို့လည်း ရှိပေသည်။ ၎င်းနေရာများမှ ရှုခင်းတွေက အတော် ကောင်း၏။

သို့သော်လည်း ၎င်းတို့သည် သစ်တောပန်းခြံ၏ နက်ရှိုင်းသော အပိုင်းတွင် ရှိနေခြင်း ဖြစ်သည်။

အရင်ကတည်းက နီကယ်ယန်သည် ထိုနေရာတွေကို ဆွဲဆောင်မှုရှိတဲ့ နေရာတွေအဖြစ် အမြန်ဆုံး ပြောင်းလဲရန် မျှော်လင့်ပြီး သူ၏ သူဌေးကို ပြောခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း သူ၏ သူဌေးက ဒါကို လက်မခံဘဲ ချက်ချင်းပင် ငြင်းပယ်ခဲ့သည်။

အမြင်ကျဥ်းပြီး လောဘကြီးတဲ့ ခွေးကောင်..။

နီကယ်ယန်က စိတ်ထဲမှာ ကျိန်ဆဲရင်း စားပွဲမှာ ထိုင်လျက် ... ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်နှင့် ညင်သာစွာ ရိုက်နေသည်။

ပူဒါဂါသစ်တောပန်းခြံ တစ်ခုလုံးကို ပြန်လည် အသက်သွင်းရန် အတွက် ထိုနေရာများကို တီထွင်ဖန်တီးရန် သူ၏ သူဌေးအား ဆွဲဆောင်ခြင်းဖြင့် ကြိုးစားနိုင်သည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုမှ အကျိုးသက်ရောက်မှုသည် သိသာထင်ရှားသည် မဟုတ်သော်လည်း စီးပွာရေး ကျဆင်းမှု သိသာလာသည်နှင့် ၎င်းသည် ခရီးသွားဧည့်သည်များအား သက်ရောက်မှု တစ်စုံတစ်ရာတော့ သေချာပေါက် ရှိလာမည် ဖြစ်သည်။

ထိုသို့တွေးပြီး နီကယ်ယန်က သူ၏ အကြံများအား မှတ်စုစာအုပ်ထဲ ချရေးသည်။

နီကယ်ယန်သည် ပူဒါဂါသစ်တောပန်းခြံနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် နေရာများကို စဥ်းစားလိုက်ရာ သူ၏ စိတ်ထဲဝယ် တခဏအတွင်း ၎င်းနေရာများက ပေါ်လာခဲ့သည်။

သူသည် သူ့မှတ်စုစာအုပ်ထဲတွင် အသင့်တော်ဆုံးနေရာ ငါးခုကို ရေးခဲ့သည်။ သူသည် ဤအကြံအစည်ကို တွေးနေတာ ကြာပြီ ဖြစ်၏။

သူရေးထားသော အကြောင်းအရာများအား သေချာပြန်ဖတ် ကြည့်ပြီးနောက် ကွန်ပြူတာသို့ ကူးယူကာ သူ့သူဌေးဆီ ပို့ဖို့ ပြင်ဆင်လိုက်၏။

ဤအစီအစဥ်က နည်းနည်းတော့ အကြမ်းထည်နိုင်မှန်း သူသိပါသည်။ သို့ပေမယ့် ၎င်းကလွဲ၍ အချိန်တိုအတွင်း တိုးတက်အောင် လုပ်နိုင်သည့် နည်းလမ်း မရှိချေ။

“မစ္စတာမီလ်”

ဒါက သူ၏ သူဌေးနာမည်..။

နီကယ်ယန်က...

“ကျွန်တော် စာရွက်စာတမ်းတစ်ခု ပို့လိုက်တယ်…” ဟု အစချီကာ သူ့ရည်ရွယ်ချက်ကို လိုရင်းတိုရှင်း ရှင်းပြဖို့ ကြိုးစားခဲ့၏။

သို့သော် ဖုန်းတစ်ဖက်မှ မစ္စတာမီလ်၏ ချက်ချင်း ငြင်းပယ်ခြင်း ခံလိုက်ရသည်။

နီကယ်ယန်သည် စိတ်ဓာတ် မကျသလို လက်မလျှော့ခဲ့ပေ။ သူ့သူဌေးကို ဆက်ရှင်းပြဖို့ ကြိုးစားသည်။

“မစ္စတာမီလ်၊ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ သုံးစွဲခဲ့တဲ့ငွေတွေကို သေချာပေါက် ပြန်ရလိမ့်မယ်လို့ ကတိပေးပါတယ်”

“တကယ်လို့ မလုပ်နိုင်ခဲ့ရင် ချက်ခြင်းနှုတ်စာ တင်ပါမယ်”

နီကယ်ယန်သည် မစ္စတာမီလ် သဘောတူရန် အလွန် လေးနက်သော ကတိတစ်ခု ပေးခဲ့သည်။

နောက်ဆုံးတွင် သူ၏ အာမခံမှုကြောင့် လောဘကြီးသော မစ္စတာမီလ်က သဘောတူခဲ့လေသည်။ ထိုသဘောတူညီချက်ကလည်း အလွယ်လေး ရခဲ့သည်တော့ မဟုတ်..။ အာပေါက်မတက် မိနစ်ပေါင်းများစွာရင်းပြီးမှ ရခဲ့ခြင်း ဖြစ်သည်။

"မဆိုးပါဘူး၊ ငါအခု စဥ်းစားရမှာက ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် နေရာ ဖန်တီးဖို့ပဲ"

နီကယ်ယန်၏ စိတ်ထဲမှာ ခရီးသွားများကို မည်သို့ မည်ပုံ ဆွဲဆောင်ရမည်နည်းဟု တွေးတောရင်း သူသည် သင့်တော်သော ရှုခင်းများ ဖန်တီးသည့် ကုမ္ပဏီတစ်ခုကို ရှာဖွေခဲ့၏။

သူ့တွင် စိတ်ကူးတချို့ ရှိသော်လည်း သူ့ကိုယ်သူ အရာအားလုံး လုပ်နိုင်မယ်လို့ မထင်ချေ။

သူက မောက်မာတဲ့ လူ မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ ပရော်ဖက်ရှင်နယ်တွေ၏ အကြံဥာဏ်ကို သူ လိုအပ်သေးသည်။

...

မိုက်ကယ်သည် လောက အမည်ရှိ ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦး ဖြစ်သည်။

လောက ကုမ္ပဏီသည် ရှုမြင်ကွင်းခင်း ရေးဆွဲခြင်းနှင့် ရှုခင်းအတုများ ပြုလုပ်ခြင်းကို အထူးပြုကာ ဤနယ်ပယ်တွင် ရပ်တည်နေခြင်း ဖြစ်သည်။

မနေ့က နေ့လယ်က လူတစ်ယောက် ဖုန်းဆက်လာသည်။

ဖုန်းခေါ်သူမှာ လူလတ်တစ်ဦး ဖြစ်၏။ ၎င်းက ပရောဂျက်တစ်ခု လုပ်ကိုင်ရန် စိတ်ဝင်စားလားဟု မေးမြန်းခဲ့သည်။

ထို့အပြင် ၎င်းလူက ထိုပရောဂျက်သည် ပူဂါဒါသစ်တောပန်းခြံမှ ဖြစ်ကြောင်း ပြောပြခဲ့၏။

"ပူဂါဒါသစ်တောပန်းခြံ..?"

မိုက်ကယ်က နည်းနည်းတော့ စိတ်ဝင်စားနေသည်။ ၎င်းပရောဂျက်က မရိုးမသား ဖြစ်နိုင်သော်လည်း သူ မကြောက်ပေ။

သူက အသက်သုံးဆယ်သာ ရှိသေးသော်ငြားလည်း ဤလောက ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ယင်းပရောဂျက်ကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်လို့ သူ့မှာ ယုံကြည်မှုရှိသည်။

ထိုသက်လတ်ပိုင်းလူနှင့် သဘောတူညီမှုရပြီးနောက်တွင် လုပ်ငန်း၏ သေး်စိတ်အချက်အလက်များ ပေးလာခဲ့သည်။ တစ်ပတ်အတွင်းမှာ ၎င်းတို့အား အကြောင်းပြန်ရန် တောင်းဆိုခဲ့၏။

ထိုလုပ်ငန်းပရောဂျက်မှာ နီကယ်ယန်၏“ပူဒါဂါသစ်တောပန်းခြံ”မှ ဖြစ်ကြောင်း သတ်လတ်ပိုင်းလူထံမှ သိခဲ့သည်။ သူ့ကုမ္ပဏီသည် ၎င်းတို့၏ ခရီးသွားလုပ်ငန်း ၀င်ငွေတိုးစေနိုင်မည့် နည်းလမ်းများကို ကြံဆပေးရန်နှင့် ကြော်ငြာပေးဖို့ ကူညီပေးမယ်လို့ မျှော်လင့်ထားသည်ဟု ဆိုသည်။

မိုက်ကယ်သည် ခဏကြာစဉ်းစားပြီးနောက် မည့်သို့ မည်ပုံ ကူညီရမလဲဆိုတာ အရူးအမူးမတွေးဘဲ "ပူဒါဂါသစ်တောပန်းခြံ" နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေ ဖတ်ကြည့်ခဲ့သည်။

ဤပန်းခြံအကြောင်းကို သူအရင်က ကြားဖူးသော်လည်း သိပ်ဂရုမစိုက်ခဲ့ချေ။ ယခုတော့ သူနှင့် ဆိုင်လာပြီ ဖြစ်၍ ဂရုမစိုက်လို့ မရတော့ပေ။

ပူဒါဂါသစ်တောပန်းခြံ အကြောင်းအသေးစိတ်အချက်များ ရှာကြည့်ပြီးနောက်..။

သတ်လတ်ပိုင်းလူမှ ပေးထားသည့် pdf ဖိုင်ကိုဖွင့်၍ အမျိုးမျိုးသော ဆွဲဆောင်မှုရှိသာ့် နေရာများနှင့် သစ်တောဥယျာဉ်တစ်ခုလုံး၏ မြင်ကွင်းကို ယျဥ်ကြည့်လိုက်သည်။

မိုက်ကယ်က ခဲတံကို ကိုက်ပြီး အတော်ကြာ ယျဥ်တွဲ စဥ်းစားပြီးနောက် အချက်အလက်ကို နားလည်ပြီး အကြံဉာဏ်အချို့ကို ရရှိခဲ့၏။

မိုက်ကယ်သည် လောက ကုမ္ပဏီ၏ ဒါရိုက်တာ ဖြစ်ထိုက်သူ ဖြစ်လေသည်။ ၎င်းတွင် ကျွမ်းကျင်မှုအချို့ရှိ၏။ ပဉ္စမနေ့တွင် သူသည် အကြမ်းဖျဉ်း အစီအစဉ်တချို့ ရှိနေပြီ ဖြစ်သည်။

နောက်နှစ်ရက်အကြာတွင်...

သတ်လတ်ပိုင်း လူဆီမပို့ခင် မိုက်ကယ်က pdf ဖိုင်များကို သူကျေနပ်တဲ့အထိ ပြင်ပြီးနောက် ပို့လိုက်သည်။

.....

All Chapters