ကြော်ငြာမည့် အစီအစဉ်
Vol. 8 Ch. 108
နီကယ်ယန်သည် သူ့ရုံးခန်းအတွင်း၌ ထိုင်လျက်... အနက်ရောင် လက်ဖက်ရည် တစ်ခွက်သောက်ရင်း ကွန်ပျူတာထဲက ဖိုင်တွဲများကို ဖတ်ကြည့်နေ၏။
ဤအရာများသည် ကုမ္ပဏီအသီးသီးမှ ပေးပို့ထားသော ရှုခင်းအစီအစဉ်၊ ဗျူဟာများနှင့် အရောင်းမြှင့်တင်ရေး စာရွက်စာတမ်းများ ဖြစ်သည်။
ဤစာရွက်စာတမ်းများကိုကြည့်ရင်း နီကယ်ယန် အနည်းငယ် စိုးရိမ်နေမိသည်။
ထိုအစီအစဥ်များထဲမှ အလားအလာကောင်းများကို သူမတွေ့ခဲ့ရသလို၊ ၎င်းတို့ထဲမှ တစ်ခုကိုပင် သူ နှစ်သက်ခြင်း မရှိခဲ့ချေ။
“ဒါတွေအားလုံးက နာမည်ကြီး ကုမ္ပဏီတွေက ရေးတာမဟုတ်ဘူးလား။ ကောင်းမွန်တဲ့ အစီအစဥ်တစ်ခုမရှိဘူး ဘယ်လို ဖြစ်ရတာလဲ..?”
နီကယ်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ဆဲဆိုသည်။ ထိုသို့ ပြောနေရင်း သူက ကွန်ပြူတာပေါ်က ဖိုင်များကို ဖွင့်၍ ဆက်ဖတ်သည်။ တစ်ခုသော ဖိုင်တစ်ခုမှာ ရုတ်တရက် ရပ်လိုက်၏။
"အိုး?"
သူ ရုတ်တရက် လေးနက်လာပြီး သူ့ရှေ့က pdf ဖိုင်ကို အတွင်းမှ အချက်အလက်များကို စိတ်ဝင်တစား ဖတ်တော့သည်။
သူသည် စာမျက်နှာ၏ အစသို့ ပြန်လှည့်ကာ ပေးပို့သူ အမည်ကို ဂရုတစိုက်ကြည့်လိုက်သည်။
လောက ကုမ္ပဏီ - မိုက်ကယ်...။
"မိုက်ကယ်"
နီကယ်ယန်က စိတ်ထဲမှာ ထိုနာမည်ကို မှတ်လိုက်ပြီး အစီအစဉ်ကို ပြန်ဖတ်သည်။ စာများများဖတ်လေ သူ့မျက်လုံးများ တောက်ပလာလေလေ ဖြစ်သည်။
အစီအစဥ်ကို အစမှ အဆုံးတိုင်း ဖတ်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေသည်။
၎င်းအစီအစဥ်တွင် နည်းလမ်းစွာပါရှိသည်။ ထိုအစီစဥ်သည် အနည်းငယ် အကြမ်းထည်နိုင်သော်လည်း အခြားကုမ္ပဏီများထက် သာလွန်ပေသည်။ တစ်ပတ်အတွင်း ထိုကဲ့သို့ အစီအစဥ်ကို ရေးနိုင်ခြင်းက ထိုလူ မည်မျှ တော်မှန်းသိနိုင်သည်။
အတွေးခြင်း ထပ်တူကျသည့် ထိုလူ၏ အစီအစဉ်ကို နီကယ်ယန် သဘောကျနေခဲ့သည်။
...
မိုက်ကယ်သည် အစီအစဉ်ကို ပေးပို့ပြီးနောက် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့၏။
သူ့ကို ချက်ချင်းပြန်ဖြေဖို့ သူ မမျှော်လင့်ထားပေ။ ဒီလိုအခြေအနေမျိုးက စိတ်ရှည်ရမည်မှန်း သူသိသည့်အတွက် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။
သူ စိတ်ရှည်ရှည်နဲ့ စောင့်နေရင်း တစ်ပတ်အကြာတွင် အကြောင်းပြန်လာခဲ့၏။
ဖြေကြားချက်၏ အကြောင်းအရာသည် စာကြောင်း တစ်ကြောင်းတည်းပင်။
"မစ္စတာ မိုက်ကယ်၊ မင်းနဲ့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို စောင့်မျှော်နေပါတယ်”
စာမျက်နှာ၏ အဆုံးတွင်၊ မိုဘိုင်း ဖုန်းနံပါတ်တစ်ခု ပါရှိသည်။
“ဟုတ်ပြီ!”
မိုက်ကယ်သည် ထိုအကြောင်းကြားစာ ပို့လာခဲ့စဥ် သူ့ရုံးခန်းအတွင်း ထိုင်နေခဲ့သည်။
ပေးပို့လာသော စာကို မြင်ပြီးနောက် သူက အောင်ပွဲခံ အော်ဟစ်သည်။ ဒါက အနာဂတ်တွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပင်။ သူ့အစီအစဉ်ကို တစ်ဖက်က အသိအမှတ်ပြုခဲ့ကြောင်း ထင်ရှားသည်။
တစ်ဖက်သားကို ဖုန်းနဲ့ ဆွဲဆောင်ဖို့ သူ့ကိုယ်ပိုင် နှုတ်သတ္တိကို အသုံးချနိုင်ရင် ဒီပြိုင်ပွဲမှာ လုံးဝ အနိုင်ယူ နိုင်လိမ့်မည်။
အထူးသဖြင့် သူသည် အောင်မြင်မှုကို နှစ်သက်သည်။
ငြိမ်သက်သွားပြီးနောက် မိုက်ကယ်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်ပြီး၊ စားပွဲဘေးရှိ ဖုန်းကို ကောက်ကိုင်ကာ အီးမေးလ်မှ ပေးထားသည့် ဖုန်းနံပါတ်ကို ခေါ်ဆို၍ စောင့်ဆိုင်းခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဖုန်းချင်း ချိတ်ဆက်သွား၏။
"ဟဲလို၊ မစ္စတာ နီကယ်ယန်"
"မင်္ဂလာပါ မစ္စတာ နီကယ်ယန်၊ ကျွန်တော်က လောက ကုမ္ပဏီမက မိုက်ကယ် ပါ။ ဒီဖုန်းနံပါတ်ကို အီးမေးလ်ကနေ တဆင့် ရလိုက်တာ။"
မိုက်ခရိုဖုန်းထဲက ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်သည်နှင့် မိုက်ကယ်က သူ့ကိုယ်သူ ရိုသေတဲ့လေသံနဲ့ ချက်ချင်း မိတ်ဆက်လိုက်သည်။
စကားပြောကောင်းခြင်းသည် အော်ဒါမှာယူခြင်းအတွက် အဆုံးအဖြတ်ပေးနိုင်သော အချက်ဖြစ်သည်။
"အိုး၊ ဒါက မစ္စတာ မိုက်ကယ် ဖြစ်သွားလား"
ဖုန်း၏ အခြားတစ်ဖက်မှ နီကယ်ယန်သည် ၎င်းကို မပြောမီ သူ၏ လည်ချောင်းကိုရှင်းခဲ့၏။
သူ့လက်ထဲမှာ စာရွက်စာတမ်းတွေ အများကြီးရှိနေသည်။ ၎င်းသည် မိုက်ကယ်၏ အစီအစဥ်တွေကို ဖိုင်တွဲများမှ ထုတ်ယူ ပုံနှိမ့်ထားသော စာရွက်စာတမ်းများ ဖြစ်သည်။ ယခုမှု သူက ပြန်ဖတ်နေခြင်း ဖြစ်၏။
ပိုဖတ်ကြည့်လေလေ သဘောကျလေလေပင်။
ယင်းတွင် ရှုခင်းများ ဖန်တီးရန် အစီအစဉ်သာမက ကြမ်းတမ်းသည့် သတင်းအတု ဖြန့်ချိမည့် ကော်ပီတစ်ခုလည်း ပါရှိသည်။
အလားအလာ အလွန်ကောင်း၏။
“မစ္စတာ မိုက်ကယ်၊ မင်းရဲ့ အတွေးတွေကို သေသေချာချာ ဖော်ပြနိုင်မလား။ မစ္စစ္စပီ ရေကန်စီမံကိန်းနဲ့ ကြော်ငြာအကြောင်း”
မိုက်ကယ်၏ အစီအစဉ်တွင်၊ ဟစ်ပို ရေပူစမ်း နှင့် လက်မတောင် အတွက် ဖြတ်သန်းသွားလာနိုင်သော နေရာတစ်ခုဖြစ်သည့် မစ္စစ္စပီ ရေကန်ကို ၎င်းတို့ ဦးစွာ တီထွင်နိုင်ကြောင်း ပါနေခဲ့သည်။
လိုက်လျောညီထွေ ဆက်ဆံမယ်ဆိုရင် ထိုအစီစဥ်သည် ကမ္ဘာလှည့်ခရီးသည်အသစ်တွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မည်။
ဖုန်း၏ တစ်ဖက်မှ နီကယ်ယန်၏ တောင်းဆိုမှုကို ကြားပြီးနောက်၊ မိုက်ကယ်သည် သူပေးပို့ထားသော မူကြမ်းအတိုင်း နီကယ်ယန်အား သူ၏ အစီအစဉ်ကို တဆင့်ချင်း ပြောပြလာသည်။
နီကယ်ယန်သည် မိုက်ကယ်၏ အစီအစဉ်ကို တိတ်တဆိတ် နားထောင်ခဲ့သည်။ သူ၏ ပြောပြလာသည့် အစီစဥ်များသည့် ၎င်းပေးပို့ထားသည့် pdf ဖိုင်ထက် အများကြီး ပို၍ အသေးစိတ်ပြီး စိတ်ဝင်စားစရာ ကောင်းပေသည်။
နီကယ်ယန်သည် လေးနက်ပြီး စိတ်အားထက်သန်သော လူစားမျိုးကို သဘောကျသည်။
အချိန်ကြာလာသည်နှင့် အမျှ နီကယ်ယန်သည် အစီအစဉ်နှင့် ပတ်သက်သည့် မိုက်ကယ်၏ ဖော်ပြချက်ကို ပို၍ နှစ်သက်လာသည်။ ဤမိုက်ကယ်၏ ကုမ္ပဏီကို ရွေးချယ်ခဲ့တာ ထိုက်တန်၏။
သို့ပေမယ့် သူတို့ပြောခဲ့တာတွေက ပျင်းဖို့ကောင်းလှ၏။ မိနစ်အနည်းငယ်ကြာ နားထောင်ပြီးနောက်၊ နီကယ်ယန်သည် သူ့ကိုယ်သူ အလွှတ်ပေးရန် ဆုံးဖြတ်ပြီး ဖုန်းချသည်။
"ကောင်းပါပြီ၊ မစ္စတာ မိုက်ကယ်"
နီကယ်ယန်က သူ့လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်ရင်း ပြောခဲ့သည်။
“မင်းရဲ့ အစီအစဉ်က အရမ်းအဆင်ပြေတယ်လို့ ငါထင်တယ်။ ဖြစ်နိုင်ရင် မင်း ငါ့ဆီကို လူချင်းလာ စကားပြောကြည့်ဖို့ ငါ မျှော်လင့်ပါတယ်”
ဤနည်းဖြင့် မိုက်ကယ် သည် ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး လုပ်ငန်း ပရောဂျက်တစ်ခု ရရှိခဲ့သည်။
ထို့နောက် အဖွဲ့တစ်ဖွဲ့ ဦးဆောင်ကာ နီကယ်ယန်ဆီသို့ သွားခဲ့ပေသည်။ သို့သော်ငြားလည်း ထိုနေရာသို့ ရောက်ပြီးနောက် မစ္စတာ နီကယ်ယန်ကို မတွေ့ခဲ့ရပေ။
၎င်းတို့ကိုလက်ခံသူမှာ နီကယ်ယန်၏ လက်အောက်ခံ တစ်ဦး ဖြစ်ပေသည်။
နီကယ်ယန်သည် မကြာသေးမီက လုပ်စရာတစ်ခုကြောင့် လုပ်နေခဲ့ရ၍ ၎င်းတို့အား အလုပ်အမြန်ဆုံး စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း သူပြောခဲ့သည်ဟု ဆိုသည်။
မိုက်ကယ်က သဘာဝအတိုင်း အမြင်မကြည်ခဲ့ချေ။ သူသည် မစ္စစ္စပီရေကန်သို့ ဦးစွာသွားရောက်၍ ဂရုတစိုက်စစ်ဆေးပြီးနောက် အလုပ်စတင်ခဲ့သည်။
သူ၏ အစီအစဉ်မှာ မစ္စစ္စပီရေကန်တွင် ရေငုပ်ခြင်းဝန်ဆောင်မှုနှင့် လျို့ဝှက်အန္တာရာယ်အတု ဖန်တီးရန် ဖြစ်သည်။
မစ္စစ္စပီရေကန်သည် လှပသောနေရာဖြစ်သောကြောင့် Lake Tour ပရောဂျက်သည် ခရီးသွားအချို့ကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ရေငုပ်ခြင်းဝန်ဆောင်မှုအတွက်..။
ရေငုပ်ရန်အတွက် မစ္စစ္စပီရေကန်တွင် ရေတိမ်သော နေရာတစ်ခု ရှိသည်။
ထို့အပြင်၊ နက်ရှိူင်းသော နေရာများတွင် ရေငုပ်လိုသည့် သတ္တိခဲ ရေငုပ်ဝါသနာရှင်များအတွက် ရေနက်ပိုင်း ဧရိယာလည်း ရှိသည်။
သို့သော် သူ့အစီအစဥ်သည် ဤမျှလောက် ရိုးရှင်းသည်တော့ မဟုတ်..။ ဤမျှသာ ရိုးရှင်းပါက နီကယ်ယန်၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
သူတို့သည် ရေကန်၏ အနက်ပိုင်းတွင် မကောင်းဆိုးဝါး တစ်ကောင်ကို ဖန်တီးရန် စီစဉ် ထားကြသည်။
မိုက်ကယ်ရဲ့ အစီအစဥ်က ဧရာမဖြစ်ရပ်တစ်ခုကို ဖန်တီးပြီး အင်တာနက်မှာ နာမည်ကြီး အောင်ဖို့ ဖြစ်သည်။
ယူဂန်ဒါ မြက်ခင်းပြင်ဒေသတွင် မီတာ (၂ဝ) ကျော် အရှည်ရှိသည့် ဧရာမစပါးအုံးမြွေကြီး ပေါ်ထွက်လာချိန်မှ စ၍ မကောင်းဆိုးဝါးဟူသည့် ခေါင်းစဉ်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အလွန်ရေပန်းစားသည့် အမည်နာမ တစ်ခု ဖြစ်လာခဲ့၏။
ရေနဂါးဒဏ္ဍာရီကို ဖန်တီးပြီးနောက်... နီကယ်ယန်သည် ၎င်းသည် သူတို့၏ ပန်းခြံ၏ ကြော်ငြာတစ်ခုသာ ဖြစ်ကြောင်း ရှင်းလင်းပြရန် အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။
အစပိုင်းတွင် နီကယ်ယန်သည် မစ္စစ္စပီကန်အတွက် ရေငုပ်ခြင်းဝန်ဆောင်မှုကို ချက်ချင်းစတင်မည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
သတင်းထောက်များစွာရှေ့မှာ ၎င်းတို့က နက်ရှိူင်းစွာ ငုပ်ပြီး ရေအောက်ရှုခင်းကို ပြသမည် ဖြစ်သည်။
ရုတ်တရက် အမှတ်မထင်၊ ရေငုပ်သမားသည် ရေနဂါးတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့သည် ရေငုပ်သူကို ကြိုတင် အကြောင်းကြားထားမည် ဖြစ်၏။
ရေငုပ်သမားသည် ထိတ်လန့်တကြားဖြင့် မျက်နှာပြင်ပေါ်သို့ ပြန်ကူးလာကာ ရေကန်အောက်ခြေတွင် မကောင်းဆိုးဝါး တစ်ကောင် ရှိနေကြောင်း သတင်းထောက်များရှေ့တွင် ထိတ်လန့်စွာ အော်ဟစ်၍။ သတင်းထောက်များ အံ့အားသင့်သွားပြီးနောက်...။
၎င်းသည် မစ္စစ္စပီရေကန်၏ တကယ့်ခရီးသွားလုပ်ငန်း ပရောဂျက်ဖြစ်ကြောင်း ၎င်းတို့အား အသိပေးခဲ့သည်။
.....