မကောင်းဆိုးဝါး အတုကို ဖန်တီးခြင်း
Vol. 8 Ch. 109
မိုက်ကယ်က လွဲ၍ သူ့ရုံးခန်းမှာ ထိုင်နေသူတစ်ယောက်မှ ရှိမနေပေ။
အရေးကြီးကိစ္စများကို တွေးတဲ့အခါ လူတွေက သူ့ကို အနှောက်အယှက်ပေးတာကို မကြိုက်တဲ့အတွက် ကျန်တဲ့အဖွဲ့တွေကို တခြားရုံးခန်းမှာ ခွဲထားသည်။
ပူဂါဒါသစ်တောပန်းခြံသို့ ရောက်ရှိပြီးနောက် နီကယ်ယန်၏ လက်အောက် ငယ်သား များသည် ၎င်းတို့အသုံးပြုရန်အတွက် ရုံးခန်းနှစ်ခုကို ပြင်ဆင်ပေးခဲ့သည်။
မိုက်ကယ် အခုအချိန် လေးလေးနက်နက် စဉ်းစားနေသော အရာသည် ဘယ်လို မကောင်းဆိုးဝါးမျိုးကို ဖန်တီးရမလဲ ဟူ၍ပင်။
မစ္စစ္စပီရေကန်တွင် ရေငုပ်ခြင်းနှင့် ခရီးသွားများအတွက် အထောက်အကူပြု ပစ္စည်းများကို တည်ဆောက်နေ၏။ တည်ဆောက်သည့် လုပ်ငန်းစဥ်က လွယ်ကူသည်။
ယင်းက သူစဉ်းစားရမည့် ပြဿနာတော့ မဟုတ်ချေ။
မစ္စစ္စပီရေကန်၏ ရေငုပ်ခြင်းနှင့် ရေကန်ခရီးစဉ်များကို အကြံပြုရခြင်းအကြောင်းရင်းမှာ ဤနှစ်ခုသည် ပြင်ဆင်မှုများစွာ မလိုအပ်သောကြောင့် ဖြစ်သည်။
နှစ်ရက်လောက် စဉ်းစားပြီးသည့်တိုင် သူမျှော်လင့်ထားသည့် ပြီးပြည့်စုံသော မကောင်းဆိုးဝါး ရုပ်သွင်ကို စိတ်ကူးမယဉ်နိုင် ခြင်းကြောင့် လွန်စွာ စိုးရိမ်နေမိသည်။
"မဟုတ်ဘူး၊ ငါဒီအတိုင်းဆက်သွားလို့မရဘူး၊ ငါအရင်ဆုံးအနားယူဖို့လိုတယ်"
မိုက်ကယ်သည် ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ကုလားထိုင်မှ ထ၍ အခန်းအတွင်း အရှိန်ပြင်းပြင်းဖြင့် လမ်းလျှောက်လိုက်သည်။
“ဒီမကောင်းဆိုးဝါး အတုက ကြီးပြီး ကြောက်စရာကောင်းတဲ့ အကြည့်မျိုး ရှိရမယ်။ အနည်းဆုံး လူမြင်တာနဲ့ အကြောက်တရားရဲ့ သက်ရောက်မှုကို အနည်းဆုံးခံရမယ်...”
မိုက်ကယ်က သူ့ကိုယ်သူ ပြောနေသည်။
“ဒါပေမယ့် ငါ ယူကန်ဒါက ဧရာမစပါးအုံးမြွေကြီးနဲ့ ဆင်တူတဲ့ မကောင်းဆိုးဝါးပုံ ဒီဇိုင်းဆွဲလို့ မရဘူး။ အဲဒါက ငါ့ကို အရည်အချင်း မပြည့်မီတဲ့ ပုံပေါက်စေလိမ့်မယ်”
"ဟမ့်..၊ ငါးမန်းကြီးလား..? မဟုတ်ဘူး၊ အဲဒါနဲ့ လိုချင်တဲ့ အကျိုးသက်ရောက်မှုကို ရနိုင်မှာ မဟုတ်ဘူး”
"ရေဘဝဲ မကောင်းဆိုးဝါးလား..? ၊ ဒါလည်း မဟုတ်သေးဘူး၊ ရေဘဝဲ မကောင်းဆိုးဝါး ဆိုတာ လူအတော်များများ အကြိမ်များစွာ အသုံးပြုခဲ့လို့၊ အခုဆို ပြောနေကျ စကားလို ဖြစ်နေပြီ...”
အချိန်အတော်ကြာ စဉ်းစားပြီးနောက်.. မိုက်ကယ်က အကြံတစ်ခု ရလာခဲ့၏။ စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး သူက စဆွဲသည်။
မိုက်ကယ်သည် ပိုးကောင်နှင့် ခပ်ဆင်ဆင်တူသော ပုံ တစ်ခုကို ဆွဲနေခဲ့၏။
"ပိုးကောင်က တော်တော်ရှည်ရမယ်။ မီတာတစ်ရာလောက် ဆိုရပြီ။ မဟုတ်ဘူး.. ဒါက အရမ်းကြီးတယ်။ ပိုက်ဆံအများကြီး ကုန်လိမ့်မယ်။ ဒီနီကယ်ယန် အဖိုးကြီးက ငွေအများကြီး မသုံးချင်လောက်ဘူး”
သူသည် ပိုးကောင်၏ အထက်တွင် မျဉ်းတစ်ကြောင်းဆွဲပြီး စကားလုံးအချို့ကို ရေးခဲ့သည်။
အရှည် : ၃ဝ မီတာ..။
“ဟမ့်၊ ဒါက သိပ်ကြောက်စရာ မကောင်းဘူး၊ ချစ်စရာတောင် ကောင်းနေသေးတယ်။ မဟုတ်ဘူး!..။ ငါဒါကို ကြောက်စရာကောင်းအောင် လုပ်ရမယ်"
မိုက်ကယ်သည် ပိုးကောင်ပေါ်တွင် မျဉ်းကြောင်းများ ဆွဲခဲ့၏။ ခဏအကြာတွင် ၎င်းတွင် ခြေထောက်များ ပေါ်လာပြီး ပိုးကောင်ပုံကို ချစ်စရာမှ ရွံရှာဖွယ်ရာ ပုံ အဖြစ်သို့ ပြောင်းလဲ သွားစေခဲ့သည်။
"ဟုတ်ပြီ၊ သူ့ခေါင်းကို ပြောင်းရမယ်"
ပိုးကောင်၏ ခေါင်းကို ခဲဖျက်ဖြင့် ညင်သာစွာ ဖျက်လိုက်သည်။ ခေါင်းတစ်ခုလုံးကို ဖျက်ပြီးနောက်။ ခဏလောက် ပြန်တွေးပြီး မိုက်ကယ်က ပြန်ဆွဲသည်။
သူသည် ရှည်လျား၍ အစွယ်ခြောက်ခုနှင့် လုံးဝန်းသော ပုရွက်ဆိတ်တစ်ကောင်နှင့် ဆင်တူသည့် ဦးခေါင်းကို ဆွဲခဲ့သည်။
ထို့နောက် သူသည် အမျိုးမျိုးသော အရာများကို တတ်နိုင်သမျှ အသေးစိတ်ထက်ဆွဲကာ ကြောက်မက်ဖွယ်ဖြစ်အောင် ကြိုးစားခဲ့သည်။
မိုက်ကယ်က ပိုးကောင်၏ ခေါင်းကို ပါးစပ် ဖွင့်လှစ်လိုက်သည်နှင့် အသားစား ပန်းပွင့်သွားများနှင့် တူအောင် မျဉ်းကြောင်းများစွာ ရေးဆွဲခဲ့၏။
“ဒီသွားတွေက လူအတော်များများ အတွက် အိပ်မက်ဆိုးတွေ ယူဆောင်လာသင့်တယ်”
သူ့ လက်ရာကို ကြည့်ရင်း မှုန်ကုပ်ကုပ်နဲ့ မိုက်ကယ်က တွေးတောလိုက်သည်။
ပထမဦးစွာ၊ ၎င်းသည် ၎င်း၏ သားကောင်ကို ခိုင်မာသော ပါးစပ်ဖြင့် ဖမ်းယူမည်ဖြစ်သည်။
မိုက်ကယ်က ထိုပိုးကောင်၏ ခြေထောက်များကြား ရုန်းကန်နေရသည့် လူသားတစ်ဦးကို စိတ်ကူးကြည့်မိသည်။
သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အသွင်အပြင်မှာ သူ့ပုံသဏ္ဍာန်ဖြစ်သော်လည်း၊ ခေါင်းကို အမြန်ခါယမ်း၍ မကောင်းသည့်ကောင် နီကယ်ယန်နှင့် အစားထိုးလိုက်သည်။
နီကယ်ယန်ကို အပြင်မှာ သူမမြင်ဘူးသော်လည်း ၎င်း၏ ပုံကို ရှုခင်းသာနေရာ၏ အများသူငှာ ဆိုင်းဘုတ်ပေါ်မှ မြင်ဖူးခဲ့ပေသည်။
ကြီးမားသော မကောင်းဆိုးဝါးသည် အသက်လုပြေးနေသော နီကယ်ယန်ကို ဖမ်းမိသွားသည်ဟု သူ စိတ်ကူးမိသည်။
နီကယ်ယန်၏ ထိတ်လန့်တကြား ရုန်းကန်မှုများသည် အရာမဝင်ခဲ့ချေ။ ပိုးကောင်၏ ခြေချောင်းများက သူ့ခန္ဓာကိုယ်ထဲ ဖြည်းညှင်းစွာ ထိုးဖောက်သွားသည်။
နီကယ်ယန်သည် ပြင်းထန်လှသည့် နာကျင်မှုကြောင့် အော်ဟစ်ကာ ရုန်းကန်ခဲ့သည်။
သို့သော် ဧရာမပိုးကောင်ကို သူ၏ ပျော့ညံ့သော စွမ်းအားဖြင့် မည်သို့ ကိုင်လှုပ်နိုင် မည်နည်း။
နီးကပ်လာသော ပိုးကောင်၏ ပါးစပ်ကို နီကယ်ယန်က ခိုကိုးရာမဲ့နှင့် ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေခဲ့ရ၏
"အား!"
နီကယ်ယန်၏ ခန္ဓာကိုယ်သည် ပိုးကောင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။ ပိုးကောင်များ၏ သွားများသည် သူ့ခန္ဓာကိုယ်ကို ကြိတ်ခြေသွားခဲ့သည်။
အဆုံးတွင် နီကယ်ယန်၏ ခန္ဓာကိုယ်မှာ အသားဆော့စ်အဖြစ် ပြောင်းလဲသွားသည်။
{ မှတ်ချက်။ ။ယောက်ျားတိုင်းတွင်..၊ ကိုယ်ပိုင် သွေးထွက်သံယို စိတ်ကူးများ ရှိသည်။ }
"အလွန်ကောင်းတယ်!"
မိုက်ကယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲက ပိုးကောင်ပုံ ဆွဲထားတာကို သေချာ ပြန်ကြည့်သည်။
သူ့တွင် ဤမကောင်းဆိုးဝါး ပုံကို ပြီးပြည့်စုံအောင်လုပ်ဖို့ ကျန်ရှိနေသေးသည်။
သူ ပထမဆုံးလုပ်ခဲ့သော အရာမှာ ထိုမကောင်းဆိုးဝါး ပုံကို အညိုရောင် ဆေးချယ်ခြင်း ဖြစ်သည်။
ဒုတိယအနေနှင့်၊ ၎င်း၏ ချွန်ထက်၍ လှံနှင့် တူသော အမြီးဖြစ်သည်။ အမြီးမှာ သံမဏိကဲ့သို့ မာကျောပြီး အတွင်း၌ အလွန်အဆိပ်ပြင်းသော အဆိပ်များ ရှိနေပေမည်။
တစ်စုံတစ်ယောက်သည် အနောက်မှ ထိုပိုးကောင်ကို တိုက်ခိုက်လိုက်လျှင်၊ ပိုးကောင်သည် ၎င်း၏ အမြီးမှ အဆိပ်ဖြင့် တိုက်ခိုက်ပေမည်။
တိုက်ခိုက်ခံရ သူမှာ ရွံရှာဖွယ် အသားပုံ အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
မိုက်ကယ်သည် ဤကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်အတုကို မဖန်တီးမီတွင် နောက်ထပ်အသေးစိတ် အချက်အလတ်အချို့ကို ရေဆွဲခဲ့၏။
စာရွက်ကြမ်းပေါ်က ပုံကို ကြည့်ရင်း မိုက်ကယ် စိတ်ကျေနပ်နေခဲ့သည်။
"တကယ်လို့ ငါသာ ကံကောင်းပြီး ဒီပိုးကောင်ကို ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတချို့က အသိအမှတ်ပြုခဲ့ရင်၊ မူပိုင်ခွင့်အခကြေးငွေတောင် ရနိုင်သေးတယ်"
မိုက်ကယ်က စိတ်ကူးယဉ်နေရင်း သူ့ကွန်ပြူတာကို ဖွင့်ပြီး 3D ပုံရိပ် စတင် ဖန်တီးသည်။
...
၎င်းအတွက် 3D ပုံရိပ်များနှင့် အခြားပစ္စည်းများကို ဖန်တီး ပြုလုပ်ရန် နှစ်ရက်ကြာခဲ့၏။
မိုက်ကယ်နှင့် အဖွဲ့သည် စက်ရုံတစ်ရုံကို တွေ့ရှိပြီးနောက် 3D ပုံရိပ် ဖိုင်များနှင့် ကျန်အစီအစဥ်များကို ၎င်းတို့အား ပေးအပ်ခဲ့ပြီး။ ၎င်းတို့အား ပြုလုပ်စေခဲ့သည်။
အလျား (၃ဝ) မီတာ နှင့် အချင်း တစ်မီတာ ရှိသော မကောင်းဆိုးဝါးသည် အလွန်ကြီးမားပေမည်။ ၎င်း၏ နံဘေးရှိ ခြေလက်များကို ထည့်တွက်ပါက ပိုကြီးမည် ဖြစ်သည်။
မိုက်ကယ်သည် ထိုအရာကို အတတ်နိုင်ဆုံး လက်တွေ့ဆန်အောင် ပြုလုပ်ပေးရန် စက်ရုံအား ပြောခဲ့သည်။
ပြုလုပ်စဥ် အတွင်းလည်း ၎င်းအား သံမဏိဖြင့် ပြုလုပ်ခြင်းမပြုရန် တောင်းဆိုခဲ့သည်။
သံမဏိသည် လေးလံလွန်းသဖြင့် ၎င်းကို သယ်ယူခြင်း ရွေ့ဆိုင်းခြင်း လုပ်လျှင် ပြဿနာများစွာ ကြုံတွေ့ရနိုင်သည်။
စက်ရုံပိုင်ရှင်အား အသေးစိတ် အခြေအနေ ပြောပြပြီးနောက် မိုက်ကယ်သည် စတင်စောင့်ဆိုင်းခဲ့၏။
နောက်ထပ် (၁ဝ) ရက် အကြာတွင် ပြီးစီးသွားသည်။
သူ့ရှေ့က ပိုးကောင်ကြီးကို မိုက်ကယ်က ကျေနပ်စွာ ကြည့်နေသည်။
ယခုထိတိုင် လုပ်ငန်းများ မပြီးပြတ်သေးပေ။ အချို့အရာများ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။
ဤပိုးကောင်အတုကို ရေကန်ထဲ ထားလိုက်လျှင်ပင်။ ကြောက်စရာ သိပ်မကောင်းသေးချေ။ ဤအရာအား လက်တွေ့ဆန်အောင် လုပ်ကအုံးမည်။
မကောင်းဆိုးဝါးအတုနှင့် အခြားပစ္စည်းကိရိယာများကို လက်ခံရရှိပြီးနောက်..။
မိုက်ကယ် နှင့်အဖွဲ့သည် ၎င်းကို အသေးစိတ် အရာများ နောက်ထပ် (၂) ရက်ကြာ ပြင်ဆင်ခဲ့ရသည်။
ထိုနောက် နီကယ်ယန်ကို အကြောင်းကြားခဲ့သည်။
အလုပ်ပြီးမြောက်ကြောင်း သတင်းရရှိသော နီကယ်ယန်သည် အပြေးအလွှားနှင့် လာကာ မိုက်ကယ်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
.....