ပြင်ဆင်မှုများ
Vol. 8 Ch. 110
ဝေးလံသော ဂိုဒေါင်တစ်ခု၏ အလယ်တွင် ကြီးမားသော မှန်ရေကန်ကြီးတစ်ခုရှိသည်။
ရေတွေ ပြည့်နေသော မှန် ကန်၏ အောက်ခြေ၌ အနက်ရောင် အရိပ်ကြီးတစ်ခု ပေါ်လာသည်။
ဧရာမ ပိုးကောင်..။
ဤပိုးကောင်ကို ဖုံးအုပ်ထားသည့် ရေညှိအချို့ရှိသဖြင့် ၎င်းကို ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး ပိုကြောက်စရာကောင်းစေသည်။
မှန်ကန်ထဲက ရေထဲတွင် အလွန်နက်မှောင်ပြီး ရွှံ့တွေ၊ အပျက်အစီးတွေ အများကြီး မျောပါနေတဲ့အတွက် ထိုပိုးကောင်တွေကို ပို၍ ကြောက်မယ်ဖွယ်ကောင်းသည်ဟု ထင်ရစေသည်။
မှန်ကန်ဘေးတွင် လူတစ်စု ရပ်နေသည်။
မိုက်ကယ်က သူ့ရှေ့ရှိ နီကယ်ယန်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
နီကယ်ယန်ကို မျက်နှာချင်းဆိုင်တွေ့တာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ ဆံပင်ဖြူတစ်ဝက်ခန့်နှင့် ရှုံ့တွနေသော မျက်နှာကို ကြည့်ခြင်းဖြင့် ၎င်းသည် အသက်အတော်ကြီးပုံရသည်။
“နီကယ်ယန်က အဖိုးကြီးလား..?”
မိုက်ကယ်က နည်းနည်းတော့ ထူးဆန်းသလို ခံစားနေရသည်။ နောက်ဆုံးတော့ သူ့၏ ကြော်ငြာအစီအစဉ်က စွန့်စားမှုများနှင့် ဖြစ်သည်။ ဤအသက်အရွယ်ရှိ လူကြီးများသည် ရှေးရိုးဆန်သော အစီအစဉ်ကို ခံယူထားတာ မဟုတ်ဘူးလား..။
အကယ်၍ မိုက်ကယ် တွေးနေပုံကို နီကယ်ယန် သိခဲ့ပါက ၎င်းကို ငြင်းဆိုမည်မှာ သေချာပေသည်။
ငါ့ဆံပင်တွေ ဖြူကုတ်တာ အကျင့်မကောင်းတဲ့ မီလ် ကြောင့်ပဲ..။
နီကယ်ယန်သည် မိုက်ကယ်ကို သိပ်ဂရုမစိုက်ခဲ့ချေ။ သူ၏ အာရုံက သူ့ရှေ့ရှိ ပိုးကောင်ကြီးထံတွင် ရှိနေသည်။
၎င်း၏ ပုံပန်းသဏ္ဍာန်က အမှန်တကယ်ကြောက်စရာ ကောင်းပေသည်။ ၎င်းကိုသာ မှောင်မဲနေသော ရေကန်၏ အနက်ပိုင်းတွင် ထားလိုက်မည် ဆိုလျှင် ၎င်း၏ သက်ရောက်မှုက ပို၍ပင် အားကောင်းလာနိုင်သည်။
ဒါကိုတွေးပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
မိုက်ကယ်၏ ယခင် အစီအစဉ်ကို မြင်ချိန်ကပင် သူ အတော်လေး ကျေနပ်နေခဲ့ပြီ ဖြစ်သည်။ ယခု သူဖန်တီးထားသည့် မကောင်းဆိုးဝါးအတုကို မြင်လိုက်ရတော့ နီကယ်ယန်က ပိုလို့တောင် ကျေနပ်သွားသည်။
"မင်းဘယ်လိုထင်လဲ မစ္စတာ နီကယ်ယန်"
မိုက်ကယ်က နီကယ်ယန်ကို အပြုံးနဲ့ မေးသည်။
“မဆိုးပါဘူး”
နီကယ်ယန်က ကျေနပ်စွာ ခေါင်းညိတ်သည်။
"မင်းရဲ့ လောက ကုမ္ပဏီကို ရွေးချယ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"
ရိုးရိုးသားသား ပြောရလျှင် သူ့ရင်တွင်း၌ သက်ပြင်းတစ်ချက်ချမိသည်က အမှန်ပင်။
သူ့ သူဌေးကို ပေးထားသော ကတိရှိသည် ၎င်းကို မအောင်မြင်ခဲ့လျှင် သူအမှန်တကယ် အလုပ်ထုတ်ခံရနိုင်သည်။
အန်ဂါလ် နိုင်ငံငယ်မှာ သက်ကြီးရွယ်အိုများ၏ သက်သာချောင်ချိရေးကို အလေးအနက်မထားချေ။ ပျော်ရွှင်သော အငြိမ်းစားဘဝအတွက် နောက်ထပ်နှစ်အနည်းငယ် အလုပ်လုပ်ရန် လိုအပ်သည်ဟု သူခံစားရသည်။
“မစ္စတာ မိုက်ကယ်၊ မင်း ဒါကို မစ္စစ္စပီ ရေကန်ထဲ ဘယ်အချိန်လောက် ထည့်မှာလဲ..? "
နီကယ်ယန်က လှည့်ကြည့်ကာ မိုက်ကယ် ကို ပထမဆုံးအကြိမ် အဖြစ် ဂရုတစိုက် အကဲခတ်ရင်း မေးသည်။
မိုက်ကယ်က အလွန်ငယ်ပေသည်။ သူ့မျက်လုံးများမှ မာနအနည်းငယ်ကို ခဏလေးက ဖျတ်ခနဲ မြင်လိုက်ရသည်။ နီကယ်ယန်က ဒါကို စိတ်မ၀င်စားချေ။ လူငယ်တွေ မာနကြီးသည်က ပုံမှန်ပင်။
ပြီးတော့ မိုက်ကယ် မှာ ဂုဏ်ယူစရာ အရင်းအနှီးရှိ၏။
အနည်းဆုံးတော့ နီကယ်ယန်က ထိုသို့ တွေးသည်။ ၎င်း၏ တွေးခေါ်ပုံနှင့် လုပ်ကိုင်ပုံက သူ့အကြိုက်ပင်။
“မစ္စတာ နီကယ်ယန်၊ နောက် နှစ်ရက်လောက်ကြာရင် ဒီရေကန်မှာ တွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်” ဟု မိုက်ကယ်က အတန်ကြာစဉ်းစားပြီးနောက် ပြန်ပြောလာခဲ့သည်။
"ဒါဆို နောက်နှစ်ရက်နေရင်း တွေ့မယ်"
နီကယ်ယန်က ပြုံးပြီး မိုက်ကယ်၏ ပခုံးကို ပုတ်လိုက်ပြီး ဂိုဒေါင်အပြင်ဘက်ကို လှည့်ထွက်လာခဲ့သည်။
ပူဂါဒါသစ်တောပန်းခြံ၏ မန်နေဂျာ အနေဖြင့် သူ့တွင် အားလပ်ချိန်သိပ်မရှိပေ။
ဂိုဒေါင်ထဲမှ နီကယ်ယန် ထွက်သွားတာကို မိုက်ကယ်က စောင့်ကြည့်ပြီး မှန် ရေကန်ဆီကို ပြန်လျှောက်သွားသည်။
သူသည် သူ့မေးစေ့ကို ညာလက် ကိုင်လျက်... ဤမကောင်းဆိုးဝါးကို မည်သည့်နည်းနှင့် ထက်မံ ပြည့်စုံအောင် လုပ်ပေးနိုင်မလဲဆိုတာကို တွေးသည်။
...
နောက်နှစ်ရက်အကြာတွင်..။ လမ်းကြမ်းယာဉ်တစ်စီးသည် ရေကန်ကြီးတစ်ခု ရှေ့တွင် ရပ်တန့်သွားပြီး လူနှစ်ယောက် ဆင်းလာခဲ့သည်။
"ထင်ထားတာထက် ပိုအထီးကျန်တာပဲ"
မိုက်ကယ်သည် မစ္စစ္စပီ ရေကန်၏ အရှေ့ဘက်ခြမ်းတွင် ရပ်နေခဲ့သည်။ သာယာလှပသော ရေကန်ကို ဂရုတစိုက် သူကြည့်နေခဲ့၏။
“ဒါက ထင်ထားတာထက် အများကြီး ပိုလှတယ်”
မစ္စစ္စပိ ရေကန်သည် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး သန့်ရှင်းပေသည်။ ၎င်းသည် တိုက်ချွတ်ထားသော မှန်တစ်ချက်ကဲ့သို့၊ လှပပြီး သန့်ရှင်းကာ အညစ် အကြေးကင်းသည်။
မစ္စစ္စပီ ရေကန်၏ ပတ်လည်ရှိ သစ်ပင်များ၏ ပုံရိပ်သည် ရေမျက်နှာပြင်တွင် ထင်ထင်ရှားရှားထင်ဟပ်နေလေသည်။ မသိလျှင် ရေထဲတွင် အခြားသစ်တောတစ်ခု ရှိနေသလိုပင်။
"ဒီနေရာကို ခရီးသွားတွေ ကြိုက်ကြမယ်ထင်ပါတယ်"
မိုက်ကယ်က ပြောသည်။
သူ့အစီအစဉ်တွင် မစ္စစ္စပီ ရေကန်ကို ပြောင်းလဲပြစ်ရန် မဟုတ်ဘဲ ကန်ပတ်ပတ်လည်က ရှုခင်းတွေကို ခရီးသွားများကို ပိုဆွဲဆောင်နိုင်စေမယ့် နည်းလမ်းတွေအကြောင်း ပါရှိသည်။
အမှန်တော့ ဒါက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
"ငါလည်း မျှော်လင့်ပါတယ်"
နီကယ်ယန်က သက်ပြင်းတစ်ချက်ချကာ မေးလိုက်သည်။
"ဟယ်လီကော်ပတာ ဘယ်အချိန် လာမှာလဲ"
"မကြာခင်လောက် ဖြစ်မယ်ထင်တယ်"
မိုက်ကယ်က အေးချမ်းတိတ်ဆိတ်သည့် ကန်ရေပြင်ကို ကြည့်ရင်း ပြန်ပြောခဲ့သည်။
ခဏအကြာ အဝေးက ကောင်းကင်မှ ကျယ်လောင်တဲ့ အသံတွေ ပေါ်လာသည်။
သူတို့နှစ်ယောက် မျှော်ကြည့်လိုက်တော့ အဝေးက မိုးကုတ်စက်ဝိုင်းမှာ ရဟတ်ယာဉ်တစ်စီး ပေါ်လာတာကို တွေ့လိုက်ရသည်။
ရဟတ်ယာဉ်၏ အောက်တွင်၊ ကြိုးနှင့် သိုင်းထားသည့် အရှည် (၃ဝ) မီတာရှိသော ပိုးကောင်အတု ပါပေသည်။
ထိုပိုးကောင်အတု၏ ခန္ဓာကိုယ်သည် အလွန် ရှည်လျားပြီး ၎င်းတွင် များစွာသော ခြေထောက်များ ပါရှိ၏။
၎င်းတွင် ပုရွက်ဆိတ်နှင့် တူသော အနက်ရောင် ဦးခေါင်း ရှိကာ ခိုင်မာ၍ ချွန်ထက်သော သွားများရှိပေသည်။
မိုက်ကယ်နဲ့ နီကယ်ယန်တို့ဟာ ရဟတ်ယာဉ်အောက်က တွဲလောင်းကျနေတဲ့ သတ္တဝါကို ကြည့်နေစဉ်။ ရဟတ်ယာဉ်က သူတို့အနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
၎င်းမှ တိုက်ခတ်လာသော လေပြင်းသည် မိုက်ကယ်နှင့် နီကယ်ယန်၏ ဆံပင်များကို ဖွာစာ ကြဲသွားစေသည်။
“နောက်ဆုတ်!”
နှစ်ယောက်လုံးက အော်ပြီး နောက်ဆုတ်လိုက်သည်။
ရေကန်အလယ်သို့ ရောက်ပြီးနောက် ရဟတ်ယာဉ်သည် ဖြည်းညှင်းစွာ နှင့် နိမ့်ဆင်းလာသည်။
အောက်တွင် သိုင်းဆွဲထားသော ပိုးကောင်အတုသည် ရေပြင်နှင့် နီးကပ်လာခဲ့၏။
ရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးငယ်မှုများ စတင်ပေါ်လာပြီး ယခင်က ရေထဲတွင် ထင်ဟပ်နေသည့် မြင်ကွင်းသည် ပြိုကွဲသွားခဲ့၏။
"အောက်ထပ် နည်းနည်းဆင်းအုံး!"
မိုက်ကယ်က ရဟတ်ယာဉ်ကို လှမ်းအော်သည်။
သူပြောပြီးနောက်၊ ရဟတ်ယာဉ်သည် နောက်ထပ် နှစ်မီတာ ထက်မက ဖြည်းညှင်းစွာ နိမ့်ဆင်းပေးခဲ့သည်။
ပိုးကောင်အတုသည် ရေကန်ထဲသို့ လုံးဝနစ်မြုပ်သွား၏။
မိုက်ကယ်သည် ရဟတ်ယာဉ်၏ ယာဉ်မောင်းအား “အိုကေ”ဟူသည့် အမူအရာ ပြလိုက်သည်။
အားလုံး အဆင်သင့် ဖြစ်ပြီးနောက်၊ ယာဉ်မောင်းက ကြိုးကို ဖြည်ဖို့ သူ့ဘေးကလူကို လက်ဟန်ပြပြီး ပြောသည်။
မကြာမီတွင် ရဟတ်ယာဉ်က လွှတ်ချလိုက်သော ပိုးကောင်အတုသည် ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားခဲ့၏။
“ကောင်းတယ်!”
မိုက်ကယ်က အော်ပြီး နီကယ်ယန် ဘက်ကို ခေါင်းလှည့်ပြီး ပြောလိုက်သည်။
“မစ္စတာနီကယ်ယန်၊ ပြီးရင်၊ ငါတို့ သဘောတူထားတဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ပါ”
"ကောင်းပါပြီ"
နီကယ်ယန် ခေါင်းညိတ်လိုက်သည်။
မိုက်ကယ်နှင့် အစီအစဥ်ကို အကျဉ်းချုံး ဆွေးနွေးပြီးနောက် လှည့်၍ ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင်မှာပင် အပေါ်က ရဟတ်ယာဉ်လည်း ပျံသန်း ထွက်ခွာသွားခဲ့၏။
နောက်တစ်နေ့တွင် အံ့အားသင့်ဖွယ်သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။
*တုန်လှုပ်စရာသတင်း! - ပူဂါဒါသစ်တောပန်းခြံမှာ မကောင်းဆိုးဝါးတွေ ရှိနေတယ်။ ပူဂါဒါ ဧည့်သည်များ, ကျေးဇူးပြုပြီး၊ ဘေးကင်း, လုံခြုံရေကို ဂရုစိုက်ပါ!*
ဤစာပိုဒ်၏အဆုံးတွင်၊ ဗီဒီယိုတစ်ခုရှိသည်။
ငြိမ်သက်နေသော ရေအောက်တွင် ရှည်လျားသော အနက်ရောင် အရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ၎င်းသည် တခဏမျှ ကူးခတ်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုဗီဒီယို ကလစ်တိုလေးကို မြင်ပြီးနောက်.. အင်တာနက်တွင် နေရာကွက်ကြား ဆွေးနွေးမှုတွေ အများအပြား ထွက်ပေါ်လာခဲ့သည်။
ထိုဗီဒီယို ကလစ်တိုလေးက အမှန်လား၊ အလိမ်အညာလား လူများစွာက သိလိုနေကြသည်။
ယူဂန်ဒါ၏ မြက်ခင်းပြင်ဒေသ၌ ဧရာမစပါးအုံးမြွေကြီး ပေါ်လာပြီး နောက်ပိုင်း..။
ကမ္ဘာပေါ်တွင် ပုန်းကွယ်နေသော ဧရာမသတ္တဝါများ အမှန်တကယ် ရှိ၊ မရှိကို လူအများက သံသယရှိလာခြင်းကြောင့် ဤသတင်းကို သတင်းအမှားအဖြစ် ချက်ချင်း မဖော်ပြခဲ့ကြချေ။
အန်ဂေါလ်နိုင်ငံရှိ ပူဂါဒါသစ်တောပန်းခြံသည် ထူးဆန်းသော တိရစ္ဆာန်များရှိသည့် အပျိုစင်တောလည်း ဖြစ်၏၊ ထို့ကြောင့် မကောင်းဆိုးဝါး တစ်ကောင်သည် ထိုနေရာတွင် ပုန်းနေရန် မဖြစ်နိုင်ပေ။
သို့သော် ဤအရာသည် အမှန်ဖြစ်သည်ဟု လူတချို့က မယုံကြည်ကြသလို ... အချို့ကလည်း ၎င်းသည် ခရီးသွားများကို ဆွဲဆောင်ရန် ပန်းခြံမှ ဖန်တီးထားသည့် လုပ်ကြံမှုတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြသည်။
မည်သို့ပင် ဖြစ်စေ ပူဂါဒါသစ်တောပန်းခြံ သည် တွစ်တာနှင့် အခြားလူမှုမီဒီယာပလက်ဖောင်းများတွင် လူသိများသောအကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ယင်းအကြောင်းကို လူအများက စတင်ပြောဆိုလာကာ ၎င်းသည် မှန်ကန်သည်ဖြစ်စေ မမှန်ကန်ကြောင်း မေးမြန်းကြ၏။
.....