သတင်းစာရှင်းလင်းပွဲ
Vol. 8 Ch. 111
အန်ဂါလ်နိုင်ငံ၏ “ပူဂါဒါသစ်တောပန်းခြံ” မှာ ပေါ်လာသည့် မကောင်းဆိုးဝါး အကြောင်း လူတိုင်း ပြောနေကြတုန်းပင်။
မကောင်းဆိိုးဝါး အမဲလိုက်မုဆိုးများဟု ဆိုသူများ ပေါ်လာပြီး ၎င်းတို့သည် မကောင်းဆိုးဝါးအား အမဲလိုက်ရန် အန်ဂေါလ်နိုင်ငံသို့ သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဤအဖြစ်အပျက်ကို လူအတော်များများက စိတ်ဝင်စားခဲ့ကြသည်။
ဧရာမစပါးအုံးမြွေကြီးကို ယူဂန်ဒါမှာ ပထမဆုံး အကြိမ်တွေ့ရှိခဲ့တုန်းစဥ်က လူအတော်များများသည် ကိုယ်တိုင်တွေ့ကြုံ သတ်ဖြတ်လိုကြသော်လည်း မသွားရဲခဲ့ကြချေ။
ယူကန်ဒါ မြက်ခင်းပြင်ဒေသသည် လူသားများ သွားသင့်သည့် နေရာ မဟုတ်ပေ။
၎င်းတွင် သည်းမခံနိုင်သော ပတ်ဝန်းကျင်၊ ရောဂါမျိုးစုံ သယ်ဆောင်သည့် ခြင်များ၊ အဆိပ်ရှိ သတ္တဝါမျိုးစုံနှင့်၊ ကြမ်းကြုတ်ရက်စက်သော သားကောင်များ ရှိသည်။
ထိုနေရာသည် လူသားများအတွက် အလွန်အန္တရာယ်များ၏။
အကယ်၍ ကြိုတင် ပြင်ဆင်မှု မရှိဘဲ တစ်စုံတစ်ယောက်သည် ထိုနေရာတွင် လျှောက်သွားမည်ဆိုလျှင် တစ်နာရီကြာအောင်ပင် အသက်ရှင်နိုင်မည် မဟုတ်ချေ။
ထိုနေရာသို့ သွားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခများထံမှ ဧရာမစပါးအုံးမြွေကြီး၏ ခြေရာကို ရှာမတွေ့ကြောင်းကိုလည်း ၎င်းတို့ ကြားသိရသည်။
ထိုဧရာမစပါးအုံးမြွေကြီးသည် အမှောင်ထုအတွင်း ဖျက်ခနဲ ပေါ်လာသော အလင်းရောင်နှင့် ဆင်တူ၏။ ၎င်းသည် တခဏအတွင်းပေါ်လာကာ ရုတ်တရက် ဆန်စွာ ပျောက်ဆုံးသွားခဲ့သည်။
ယခုအခါလည်း ပူဂါဒါသစ်တောပန်းခြံ၌ အခြားသော ဧရာမမကောင်းဆိုးဝါး တစ်ကောင်၏ ခြေရာလက်ရာကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းက အာရုံစိုက်မှုများစွာကို ဆွဲဆောင်ခဲ့သည်။
ထိုသစ်တောပန်းခြံသည် အလွန်ကျယ်တာမို့ ပုန်းအောင်းနေသည့် မကောင်းဆိုးဝါး တစ်ကောင် ရှိနိုင်ချေတော့ ရှိသည်။
ဟန်ချိုသည် ဆိုဖာပေါ်ထိုင်ပြီး သူ့ရှေ့က တီဗီကို ကြည့်နေ၏။ တီဗီဖန်သားပြင်ပေါ်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြသနေသည်။
သတင်းထောက်အုပ်စုသည် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ဦးကို ဝိုင်းရံထားပြီး ၎င်းတို့ နောက်တွင် ဓာတ်ပုံဆရာအများအပြားက ဓာတ်ပုံရိုက်နေကြသည်။
ထိုအထဲက သတင်းထောက်တစ်ဦးကို သူ သေချာ စိုက်ကြည့်မိသည်။
ဆံပင် တိုတိုနဲ့ မိန်းမလှလေးသည် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို မီးမောင်းထိုးပြနိုင်သည့် အသားကပ်ကို ဝတ်ဆင်ထားသည်။
သူမသည် မိုက်ခရိုဖုန်းကို သူမနှင့် ဆန့်ကျင်ဘက်က လူကို ချိန်ရွယ်ထား၏။
ဤအမျိုးသမီးသတင်းထောက်သည် ၎င်း၏ စေ့စပ်ထားသူ လီယောင် ဖြစ်ပြီး သူမရှေ့တွင် ရပ်နေသည့် ဝတ်စုံပြည့် ဝတ်ဆင်ထားသူမှာ ပူဂါဒါသစ်တောပန်းခြံ၏ မန်နေဂျာဆိုသူ နီကယ်ယန် ဖြစ်သည်။
မကြာသေးမီက ပူဂါဒါသစ်တောပန်းခြံတွင် မကောင်းဆိုးဝါး ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။
လူအများရဲ့ မေးခွန်းများကို တုံ့ပြန်ရန် အတွက် ပူဂါဒါသစ်တောပန်းခြံ၏ စီမံခန့်ခွဲမှူးက ယနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤအဖြစ်အပျက်ကို ယနေ့သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းမည်ဟု ပြောခဲ့ပေသည်။
သူနှင့် စေ့စပ်ထားသူ လီယောင်သည် အလုပ်သင် သတင်းထောက် တစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမအား နီကယ်ယန်ထံသို့ ပထမဆုံးအကြိမ်အဖြစ် သတင်းရယူရန် စေလွှတ်ခဲ့သည်။
"ဒါက လိမ်ညာမှုတစ်ခု ဖြစ်လိမ့်မယ်"
ဟန်ချိုက တစ်ယောက်တည်း ရေရွတ်ရင်း ပခုံးတွန့်သည်။
“ပုန်းအောင်းနေသော မကောင်းဆိုးဝါးများ" ဟူသည့် ကောလဟာလများကို သူ မယုံခဲ့ချေ။
ထိုကောလဟာလများကို "ပူဂါဒါသစ်တောပန်းခြံ"က ဖန်တီးခြင်း ဖြစ်နိုင်သည်။
၎င်းတို့ အာရုံစိုက်ခံရဖို့ လုပ်ခြင်း ဖြစ်နိုင်၏။
“ဒီလို တူညီတဲ့လှည့်ကွက်တွေ သုံးဖူးတဲ့ လူတွေ သမိုင်းမှာ အများကြီးရှိတယ်”
ဟန်ချိုက အထင်အမြင်သေးစွာ ရေရွတ်သည်။
ယူကန်ဒါ မြက်ခင်းပြင်ဒေသတွင် ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေတွေ့ရှိပြီးကတည်းက ဤကဲ့သို့သော အဖြစ်အပျက်များ အများအပြား ဖြစ်ပျက်ခဲ့ပေသည်။
အချို့သော လူများသည် အာရုံစိုက်ခံရရန် ဤနည်းလမ်းကို အသုံးပြုကြ၏။
ဟန်ချို၏ အမြင်တွင်၊ ဤပူဂါဒါသစ်တောပန်းခြံသည်လည်း ထို့အတူပင်။
ဤနည်းလမ်းကို အသုံးပြု၍ ၎င်းတို့၏ ရှုခင်းနေရာအသစ်ကို မြှင့်တင်လိုခြင်း ဖြစ်ရမည်။
ဟန်ချို တစ်ဦးတည်းသာ ထိုကဲ့သို့ တွေးခြင်း မဟုတ်..။ အချို့လည်း ဒါကို တွေးမိသည်။
အကြိမ်ပေါင်းများစွာ လှည့်စားခံခဲ့ရပြီ ဖြစ်သော်လည်း ကောလာဟလများ အသစ်ထွက်တိုင်း၊ အမှန်တကယ် ဖြစ်နိုင်သည် ဆိုသည့် အလိမ်အညာကို စွဲမှတ်ထားကြဆဲပင်။
ထို့အပြင်၊ ယခုတစ်ကြိမ်သည် ပူဂါဒါသစ်တောပန်းခြံတွင် အပင်နဲ့ တိရိစ္ဆာန် အမျိုးအစားများစွာ ရှိသော်လည်း သန့်စင်သည့် အပျိုစင်သစ်တောကြီး မရှိခြင်းကြောင့် ၎င်းက မဖြစ်နိုင်ပေ။
{ သန့်စင်သည့် ။ ။ လူသူအပေါက်အရောက် ရှားပါးခြင်း }
“မစ္စတာ နီကယ်ယန်၊ ဒီအဖြစ်အပျက်ကို မင်းဘယ်လိုထင်လဲ"
သတင်းစာရှင်းလင်းပွဲ စတင်သည်ကို မြင်လိုက်ရသဖြင့် ဟန်ချိုသည် ထိုအကြောင်းများ မတွေးတော့ဘဲ တီဗွီဖန်သားပြင်ကို အာရုံစိုက် ကြည့်လိုက်သည်။ သူ့စေ့စပ်ထားသူ မေးခွင့်မရမချင်း အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။
"မစ္စစ္စပီရေကန်ကြီးမှာ အရိပ်အကြီးကြီး ကူးခတ်နေတဲ့ ဗီဒီယို ကလစ်နဲ့ ပတ်သတ်ပြီး တစ်ချက်လောက် ရှင်းပြပေးနိုင်မလား "
သူမမေးပြီးနောက် ကျန်သတင်းထောက်များအားလုံး နီကယ်ယန်ကို စိုက်ကြည့်နေကြသည်။
၎င်းသည် သူတို့မေးလိုသော မေးခွန်းများထဲမှ တစ်ခုဖြစ်ကြောင်း သိသာထင်ရှားပေသည်။
"လူတိုင်းကို တောင်းပန်ဖို့ လိုအပ်တယ်လို့ ခံစားရတယ်"
နီကယ်ယန်က တောင်းပန်သည့် စကားလုံးနှင့် အစချီသည်။
“ဒီဗီဒီယိုက အတုပါ။ တကယ်တော့ ဒါက ခရီးသွား လုပ်ငန်းဗျူရိုက ပြင်ဆင်ပေးထားတဲ့ ဗီဒီယိုရဲ့ တစ်စိတ်တစ်ပိုင်းပဲ”
မျှော်လင့်ထားသည့် အတိုင်းပင်။
နီကယ်ယန်၏ အဖြေကိုကြားပြီးနောက် ဟန်ချိုက ခေါင်းယမ်းပြီး ပြုံးလိုက်သည်။
နီကယ်ယန် ပေးသောအဖြေသည် လူများစွာကို စိတ်ပျက်စေမည်ကို သူသိသည်။
ယူဂန်ဒါ မြက်ခင်းပြင်ဒေသတွင် ဧရာမစပါးအုံးမြွေကြီး ပေါ်လာပြီးနောက်တွင် ရှန်ရှပရိသတ်များစွာသည် ကွန်ရက်ပေါ်တွင် အလွန်တက်ကြွလာ၏။
သို့သော်လည်း ဧရာမစပါးအုံးမြွေကြီး၏ ရုတ်တရက် ပျောက်ဆုံးသွားမှုက ထိုလူများကို အလွန်စိတ်ပျက် သွားစေခဲ့သည်။
နောက်ပိုင်းတွင် ဧရာမမြွေကြီး၏ သတင်းများသည် မီဒီယာပလက်ဖောင်းများပေါ်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော်လည်း ခြွင်းချက်မရှိ၊ ၎င်းတို့အားလုံးသည် အတုအယောင်များသာ ဖြစ်၏။
ပူဂါဒါသစ်တောပန်းခြံတွင် ဧရာမမြွေကြီးကဲ့သို့ မကောင်းဆိုးဝါးရှိသည်ဟု ကောလာဟလ သတင်းများ အင်တာနက်ပေါ် ပျံနှံ့လာချိန်၌ ဟန်ချိုသည် ၎င်းအကြောင်းကို လူများစွာက အင်တာနက်ပေါ်တွင် ပြောနေကြောင်း တွေ့ခဲ့ရသည်။
ယခု နီကယ်ယန်သည် ထိုမကောင်းဆိုးဝါး တည်ရှိမှုကို ကိုယ်တိုင်ကိုယ်ကျ ငြင်းဆိုလိုက်သောကြောင့် လူအများ မည်သို့ခံစားရမည်နည်း။
နီကယ်ယန်က..။
“ကျွန်တော်တို့ရဲ့ တရားဝင်ပေ့ဝဘ်ဆိုဒ်မှာ အဲ့ဒီ ပရိုမိုးရှင်း ဗီဒီယိုကို ထုတ်လွှင့်ပြီးခဲ့ပါပြီ။ သိသာပါတယ်.. ဒီသတင်းတွေက အတုအယောင်တွေဆိုတာ”
*#*ယုံ၊ ချီးပဲ"
ဟန်ချိုက နည်းနည်းမှ မယုံကြည်ခဲ့ချေ။
ဒီသတင်းတွေကို ဘယ်လို စောက် အာယားနေတဲ့ ကောင်တွေက တင်မှာလဲ...။ ငတုံးပဲ ယုံမယ်....
ယင်းကို ဟန်ချို တွေးနေရင်းစဥ် တီဗီဖန်သားပြင်ပေါ်မှ နီကယ်ယန်က တိတ်တဆိတ် နောက်ပြန်ဆုတ်သွားပြီး သူ့နောက်က ခန်းစည်းကို ဖယ်ကာ ကြီးမားသည့် ဖန်သားပြင်ကို ထုတ်ဖော် ပြသလာသည်။
ကင်မရာသမားက ကြီးမားသော တီဗီဖန်သားပြင်ကို အကျယ်ချဲ့ပြလာ၏။
အနောက်ဘက်ရှိ ဖန်သားပြင်ကြီးအား ဖွင့်ပြီးနောက်၊ ဗီဒီယိုတစ်ခု စတင်ဖွင့်လိုက်သည်။
ရှည်လျားသော အနက်ရောင် အရိပ်တစ်ခုသည် ရေအောက်တွင် မနစ်မြုပ်မီ ရေပေါ်တွင် ပျော်ရွှင်စွာ ကူးခတ်နေခဲ့၏။
ထိုနောက် ၎င်းအရိပ်သည် သူ၏ အသွင်သဏ္ဌာန်အမှန်ကို မဖော်ပြဘဲ တဖြည်းဖြည်း ကူးခတ်ပျောက်ကွယ်သွားခဲ့သည်။
ရေငုပ်သမား တစ်ယောက်ပေါ်လာသည်။
သူ၏ လက်တွင် စကားလုံးအချို့ရေးထားသော စာတန်းရှည်ကြီးကို ပါသည်။
မစ္စစ္စပီရေကန် : ရေငုပ်ဝါသနာအိုးများအတွက် ဖွင့်လှစ်သည်။
“ဒီဗီဒီယိုက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တင်ခဲ့တာပါ။ တင်ပြီး သိပ်မကြာခင်မှာပဲ ကောလဟာလတွေက အင်တာနက်မှာ ပျံ့လွင့်သွားခဲ့တယ်။ လူတိုင်းကို ဒုက္ခပေးသလို ဖြစ်သွားတဲ့ အတွက် တကယ့်ကို စိတ်မကောင်းပါဘူး”
“ယူဂန်ဒါက ဧရာမစပါးအုံးမြွေကြီး ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ လူတိုင်းက တခြားသတ္တဝါတွေကို ရှာဖွေနေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကံမကောင်းစွာနဲ့ပဲ၊ ကျွန်တော်တို့ ပူဂါဒါသစ်တောပန်းခြံမှာ တကယ်ပဲ မကောင်းဆိုးဝါးတွေ မရှိခဲ့ဘူးဗျ"
နီကယ်ယန်က ရှင်းပြရင်း ပြုံးလိုက်သည်။ ထိုနောက်...
“ဒါပေမယ့် မင်းတို့တကယ် မကောင်းဆိုးဝါးတွေ ရှာဖို့ အန်ဂါလ်နိုင်ငံကို လာချင်တယ် ဆိုရင် ကြိုဆိုနေမှာပါ။ ပြောလို့မရဘူးလေ... တစ်ကောင်တစ်လေလောက် တွေ့ရင်းတွေ့မှာပေါ့..."
ဤကဲ့သို့ ပြောပြီးနောက်မှာတော့ နီကယ်ယန်သည် လက်နှစ်ဖက်ကို လေပေါ်မြှောက်ပြီး ညစ်ပတ်တဲ့ မျက်နှာထားနှင့် ၎င်းနေရာရှိ လူတိုင်းကို ရယ်မောစေခဲ့သည်။
“မစ္စတာ နီကယ်ယန်၊ မစ္စစ္စပီ ရေကန်ရဲ့ ရေငုပ်ဝန်ဆောင်မှုက စတင်ဖို့ အဆင်သင့်ဖြစ်၊ မဖြစ် မေးလို့ရမလား..? "
ရုတ်တရက် သတင်းထောက်တစ်ယောက်က ထိုမေးခွန်းကို အော်မေးလိုက်သည်။
“ရပါတယ်"
နီကယ်ယန်က သတင်းထောက်ကို အားတက်သရော ကြည့်ပြီး...။
“မစ္စစ္စပီရေကန် အလွန်လှပပါတယ်။ အကြောင်းအရင်း အမျိုးမျိုးကြောင့် အရင်က ခရီးသွားဆွဲဆောင်မှုအဖြစ် မဖွင့်ခဲ့ပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာတော့ ခရီးသွားဆွဲဆောင်မှု တစ်ခုအဖြစ် ဖော်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ”
“နောက်သုံးရက်အကြာ မစ္စစ္စပီ ရေကန်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပါလိမ့်မယ်၊ မီဒီယာချန်နယ်တွေကနေ တစ်ဆင့် ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေကို ကျွန်တော်တို့ရဲ့ ခရီးစဉ်နဲ့ ရေငုပ်ဝန်ဆောင်မှုတွေ အကြောင်း အသေးစိတ် မိတ်ဆက်ပေးပါ့မယ်"
"အဲဒီမှာ ခင်ဗျာတို့ အားလုံးရှိနေမယ်လို့ မျှော်လင့်ပါတယ်"
နီကယ်ယန်သည် သတင်းထောက်များကို ခေါင်းညိတ်ပြပြီးနောက် လုံခြုံရေးအဖွဲ့တစ်ဖွဲ့၏ အကာအကွယ်အောက်တွင် ခန်းမအတွင်မှ ထွက်သွားခဲ့၏။
နီကယ်ယန်၏ စကားကိုကြားပြီးနောက် ဟန်ချို အနည်းငယ် စိတ်ဝင်စားလာသည်။
တီဗီ မျက်နှာပြင်ကြီးတွင်၊ မစ္စစ္စပီရေကန်၏ အပြည့်အစုံကို ပြသထားသည်။
ထိုနေရာက တကယ်လှပသည့်ဟု သူခံစားမိနေသည်။
အဲဒီနေရာကို သွားရင် ကောင်းမလား..?
နောက်သုံးရက်အကြာတွင် နီကယ်ယန် သည် နောက်ထပ် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်၍ ၎င်းကို ကြည့်ရှုရပေမည်။
ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြားသည် နီကယ်ယန်၏ သတင်းစာရှင်းလင်းပွဲကို ကြည့်ရှုခဲ့ကြလေသည်။
လူအများစု ထံ၌ ဟန်ချိုနှင့် တူညီသော အတွေးရှိကြသည်။
နီကယ်ယန်နှင့် မိုက်ကယ်၏ အစီအစဉ်သည် အမှန်တကယ် အလုပ်ဖြစ်ပုံရသည်။
.....