ရေငုပ်သမား အိုင်ဇင်
Vol. 8 Ch. 112
သုံးရက်အကြာ....
မစ္စစ္စပီ ရေကန်၏ တိတ်ဆိတ်ငြိမ်သက်မှုသည် အရှေ့ဘက်ကမ်းတွင် ဆူညံစွာရပ်နေသော လူအယောက် (၃၀၀) ကြောင့် ပျက်စီးနေခဲ့၏။
ယနေ့က သတင်းစာရှင်းလင်းပွဲ လုပ်မည့်နေ့ ဖြစ်သည်။
ဤနေ့တွင် နီကယ်ယန်သည် ၎င်းအသစ်ဖန်တီးထားသည့် “မစ္စစ္စပီ ရေကန်”ကို မီဒီယာများမှတစ်ဆင့် လူအများအား မိတ်ဆက်ပေးမည် ဖြစ်သည်။
မစ္စစ္စပီ ရေကန်ကြီး၏ ပုံရိပ်သည် ယခင်ကထက် အနည်းငယ် ပြောင်းလဲနေခဲ့၏။
အရှေ့ဘက်တွင် အဝတ်လဲရန် အခန်းများစွာကို ဆောက်လုပ်ထားသည်။ ထို့အပြင် ရေကန်နှင့်မနီးမဝေးတွင် ထိုင်ခုံများ ချထား၏။ ထို့အပြင် ရေကန်ပတ်ပတ်လည်ရှိ အခြားနေရာများတွင်လည်း လုံခြုံရေး အဆောက်အဦငယ်လေးများ တည်ဆောက်ထားပေသည်။
၎င်းတို့၏ သစ်လွင်သော ပုံပန်းသွင်ပြင်အား ကြည့်ခြင်းဖြင့် ဤအဆောက်အအုံများသည် မကြာသေးမီက ဆောက်လုပ်ခဲ့ကြောင်း သတိပြုမိသူတိုင်း သိနိုင်သည်။
ထို့အပြင် ရေကန်တွင် အပျော်စီးသင်္ဘောများစွာ ရှိပြီး ခရီးသွားများ လည်ပတ်ရန် အသုံးပြုနိုင်သည့် လှေများလည်း ရှိသည်။
နီကယ်ယန်သည် ရေကန်အရှေ့ဘက်ကမ်းတွင် လုံခြုံရေးအစောင့် သုံးဦးနှင့် အတူ ရပ်နေ၏။ ကမ္ဘာတဝှမ်းမှ သတင်းထောက်များက ၎င်းတို့၏ မိုက်ခရိုဖုန်းများနှင့် နီကယ်ယန်ကို ညွှန်ပြပြီး မေးခွန်းမျိုးစုံ မေးနေကြသည်။
ဟန်ချိုရဲ့ စေ့စပ်ထားသူ လီယောင်လည်း ပါဝင်လေသည်။
ထို့အပြင် ရပ်ဝေးမှ လာရောက်ကြသော ခရီးသွားများ အများအပြားရှိကြပေသည်။ ၎င်းတို့က အယောက် (၂၀၀) ကျော်ရှိ၏။
၎င်းတို့အားလုံးက အသစ်ဖွင့်လှစ်သည့် ထိုလှပသော ခရီးသွားဆွဲဆောင်မှုကို ကြည့်ချင်ကြသည်။ အထူးသဖြင့် ရေငုတ်ခြင်း လုပ်ဆောင်ပြမည့် ပုံပင်။
မိုဘိုင်းလ်ဖုန်းကိုင်ပြီး လှပလွန်းသည့် ရှုခင်းတွေကို ဓာတ်ပုံရိုက်နေကြသူတွေ အများကြီး ရှိပေသည်။
“ဒီရေကန်က အရမ်းလှပြီ၊ သစ်ပင်ပင်လယ်ထဲမှာ ရှိတယ်။ ဒါတွေကလွဲလို့ တခြားထူးခြားတဲ့ နေရာမရှိဘူး”
ပုဒါဂါသစ်တောပန်းခြံသည် ဤနေရာကို ဆွဲဆောင်မှုရှိသော နေရာအဖြစ် ဖန်တီးပြုပြင်ဆဲ ဖြစ်သည်။ ပတ်ဝန်းကျင် ရှုခင်းများသည် အချိန်နှင့် အမျှ ပြောင်းလဲသွားမှာ သေချာ၏။
"သူတို့တွေ သစ်ပင် အများကြီး မခုတ်ကြဖို့ပဲ မျှော်လင့်ပါတယ်၊ ဒီနေရာက ဆွဲဆောင်မှု အတော်အသင့်တော့ သူဟာသူ ရှိပါတယ်"
“... ဒီတောအုပ်က ရှုခင်းကောင်းတာ မှန်ပေမယ့်၊ အချိန်အလုံအလောက် တွေ့ပြီးရင် ငြီးငွေ့လာနိုင်တယ်။ မကြာခင် အချ်ိန်မှာပဲ ဒီနေရာလည်း တခြား အပန်းဖြေနေရာတွေလို စားသောက်စရာ ကစားစရာနေရာလို ဖြစ်သွားလိမ့်မယ်"
“ဒီကန်ထဲက ရေက အရမ်းကြည်လင်တယ်။ ရေအောက်သွားရင်တော့ ပုံကောင်းတွေ အများကြီး ရိုက်နိုင်မှာပါ”
ထိုခရီးသွားဧည့်သည်များသည် နှစ်ယောက် သို့မဟုတ် သုံးယောက် အုပ်စုဖွဲ့ကာ အလွန်စိတ်လှုပ်ရှားနေသည့် မျက်နှာထားဖြင့် အချင်းချင်း စကားအခြေအတင် ပြောနေကြသည်။
“ကောင်းပြီ အားလုံးပဲ”
အခြားတစ်ဖက်တွင် နီကယ်ယန်က သူ့ရှေ့မှ သတင်းထောက်များကို လက်ဟန်ပြပြီး....
“အခုဆို အင်တာဗျူးက ပြီးဆုံးသွားပါပြီ။ ငါတို့တွေ ရေငုပ်သမားကို အာရုံစိုက်လိုက်ရအောင်”
“သူက ရေအောက်ကင်မရာကို ယူပြီး။ ဓာတ်ပုံရိုက်ဖို့ ကန်ထဲကို ၀င်ပါလိမ့်မယ်။ မကြာခင်မှာပဲ ရေအောက်ရှုခင်းက ဘယ်လောက်တောင် လှလဲဆိုတာ အားလုံးမြင်ရမှာပါ”
“ရေငုပ်သမားရိုက်မယ့် ဓာတ်ပုံတွေက ရေအောက်က တကယ့် ရှုခင်းတွေပါ။ ရေငုပ်သမားက ရေအောက်ရောက်နေချိန် ဓာတ်ပုံတွေကို ပြုပြင်ဖို့ အချိန်မရှိဘူး”
နီကယ်ယန်က သတင်းထောက်တွေကို တည်ကြည်စွာ ပြောရင်း ဘေးဘက်သို့ အနည်းငယ် ရွေ့လိုက်ပြီ ကင်မရာတွေအား သူ့နောက်က လူကို ရိုက်ကူးခွင့် ပြုလိုက်သည်။
ထိုလူက သူ့ထက် ပိန်သော်လည်း အရပ်ပိုရှည်၏။
ယင်းသည် ဆံပင်တိုတိုနှင့် ချောမောသော ရုပ်ရည်ရှိသည့် လူငယ်လေးတစ်ယောက် ဖြစ်၏။ ၎င်းက ရေငုပ်ဝတ်စုံ ဝတ်ဆင်ထားသော်ငြား မျက်နှာဖုံး မဝတ်ရသေးပေ။
သေချာသည်မှာ သူသည် ရေငုပ်သမား ဖြစ်ပေ၏။
ထို့အပြင် ၎င်း၏ လည်ပင်းတွင် ချိတ်ဆွဲထားသော ကင်မရာတစ်လုံး ရှိပေ၏။
နီကယ်ယန်က အနားသို့ လျှောက်သွားသည်။
ကင်မရာများက သူ့လက်ကို မြှောက်ပြီး ဝှေ့ယမ်း နှုတ်ဆက်နေသည့် လူဖြူလူငယ်ကို အာရုံစိုက်ထားသည်။
"ဒါက ဒီတစ်ခါ ငါတို့ဖိတ်ထားတဲ့ ရေငုပ်သမား အိုင်ဇင် ပါ"
နီကယ်ယန်က လူငယ်အား သတင်းထောက်များနှင့် မိတ်ဆက်ပေးပြီးနောက် ခေါင်းလှည့်ကာ သူ့ဘေးနားရှိ လူဖြူလူငယ်ကို ပြုံးပြ၍ မေးသည်။
"အိုင်ဇင် မင်းအဆင်သင့် ဖြစ်ပြီလား"
"အဆင်သင့် ဖြစ်ပါပြီ။ မစ္စတာ နီကယ်ယန်"
အိုင်ဇင် အမည်ရှိ ရေငုပ်သမားက ခေါင်းညိတ်သည်။
"ရေထဲခုန်ဆင်းဖို့တောင် မစောင့်နိုင်တော့ဘူး"
အိုင်ဇင်သည် သူ့စိတ်လှုပ်ရှားမှုကို ဖော်ပြရန် တစ်ချက် ခုန်လိုက်၏။
"ကောင်းပြီ ဒါဆို ငါမင်းကို နောက်တစ်ခု ပေးလိုက်မယ်။"
နီကယ်ယန် လှည့်၍ မစ္စစ္စပီရေကန်ကို တည့်တည့်ကြည့်ကာ အိုင်ဇင် သွားနိုင်ကြောင်း ညွှန်ပြရင်း လက်ကို ဝှေ့ယမ်းပြသည်။
အိုင်ဇင်က ခေါင်းညိတ်ပြပြီး သူ့လက်ထဲက မျက်နှာဖုံးကို ကိုင်လိုက်ပြီး သူ့မျက်နှာပေါ် တပ်ဖို့ အဆင်သင့် ဖြစ်နေ၏။ သို့ပေမယ့် နီကယ်ယန်က သူ့ပခုံးကို ပုတ်လိုက်ပြီး ဘေးနားကို ခေါ်သွားသည်။
“ဒါနဲ့ အိုင်ဇင်၊ မင်းရေငုပ်သမား လုပ်လာတာ ခုနစ်နှစ်နီးပါးရှိနေပြီလို့ ငါကြားတယ်။ မင်းမှာ ခိုင်မာတဲ့ နှလုံးသား ရှိသင့်တယ် မဟုတ်လား”
အိုင်ဇင်က နီကယ်ယန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
သူတို့နံ့ဘေးက သတင်းထောက်တွေလည်း ခေါင်းရှုပ်နေ၏။
နီကယ်ယန်က အိုင်ဇင်ကို လေးလေးနက်နက် ကြည့်ပြီး ပြုံးလိုက်ကာ ပြောလိုက်၏။
"မင်း ရေအောက်က မကောင်းဆိုးဝါးနဲ့တွေ့ရင် လန့်သေသွားမှာကို ငါကြောက်မိတယ်"
"ဟား..၊ ဟား..၊ ဟား!"
နီကယ်ယန် ယခင်က သူ့ကို ပြောပြခဲ့တာတွေကို တွေးရင်း အိုင်ဇင်က ရယ်မောရင်း ပြောလေသည်။
"တကယ်လို့ မကောင်းဆိုးဝါး ရှိနေရင်း အဲ့ကောင်ကို ဖမ်းပြီး ကမ်းစပ်ကို ဆွဲခေါ်လာခဲ့မယ်"
"ဟာ..၊ ဟား..၊ ဟား၊ ငါနောက်တာကို အတည်မမှတ်နဲ့နော် အိုင်ဇင်၊ ဒါပေမဲ့ မကောင်းဆိုးဝါး တစ်ကောင်ကို တွေ့ချင်တာတော့ အမှန်ပဲ ... နောက်ဆုံးတော့ လူတိုင်းက မြင်ချင်နေကြတာလေ”
နီကယ်ယန်က တောင့်တောင့်ကြီး ဖြစ်နေသည့် လူများ၏ မျက်နှာကို ကြည့်ပြီး ၎င်းတို့အား ရယ်မောစေခဲ့သည်။
အိုင်ဇင်သည် အပြုံးဖြင့် ပခုံးတွန့်ကာ နီကယ်ယန်နှင့် လက်ဆွဲနှုတ်ဆက်ပြီး မျက်နှာဖုံး စွပ်ပြီးနောက် ရေကန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် သူ့နောက်မှ လူအုပ်ကြီးက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လူတိုင်း၏ မျက်လုံးများသည် အိုင်ဇင်၏ ခန္ဓာကိုယ်ပေါ်မှာ ရှိနေပေသည်။
အိုင်ဇင်၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်ထိ မလွတ်တမ်း စောင့်ကြည့် နေခဲ့ကြသည်။
ရေအောက် ရောက်နေပြီဖြစ်သော အိုင်ဇင်သည် ကန်ကြမ်းပြင်သို့ အလျင်စလိုမဆင်းခဲ့ပေ။ သူသည် ရေတိမ်ထဲတွင် ခဏနေ၍ ဓါတ်ပုံရိုက်သည်။ လှပသော ရေအောက်ရှုခင်းကို လူအုပ်အား ပြသရန် လိုအပ်သည်။
မျှော်လင့်ထားသလိုပင် ဤနေရာက အမှန်တကယ် လှပပေသည်။
နေရောင်ခြည်သည် ရေပြင်အလွှာကို ထိုးဖောက်ဝင်ရောက်၍ အရောင်အသွေး စုံလင် လှပသည့် ရံဖန်ရံခါ ဖြတ်ကူးသွားသော ငါးများပေါ် ကျရောက်နေ၏။
တစ်ခါတစ်ရံတွင် ထိုငါးများက သူ့အနားသို့ ရောက်လာပေလိမ့်မည်။
ဤနေရာရှိ ရေကြည်လင်မှုနှင့် အပူချိန်သည် အလွန်သင့်လျော်သည်။ ရေငုပ်သမားတစ်ဦးအနေဖြင့် ဤနေရာသည် ရေငုပ်လုပ်ငန်းများအတွက် အမှန်တကယ် သင့်လျော်မှန်း အိုင်ဇင် သိနေ၏။
"အိုင်ဇင်၊ မင်းကြားလား"
နားကြပ်မှ နီကယ်ယန်၏ အသံကို ရုတ်တရက်ကြားလိုက်ရပြီးနောက် အိုင်ဇင်က ချက်ချင်းပြန်ပြောသည်။
"မစ္စတာ နီကယ်ယန် ငါ မင်းအသံကို ကြားတယ်"
နားကြပ်ကနေတစ်ဆင့် အိုင်ဇင်ရဲ့ အသံကို ကြားလိုက်သည့် သတင်းထောက်တွေနဲ့ ခရီးသွားတွေ အားလုံး တအံ့တသြ ဖြစ်ကုန်ကြသည်။
သတင်းထောက်တစ်ယောက်က နီကယ်ယန် ကို မေးသည်။
“မစ္စတာ နီကယ်ယန်၊ မစ္စတာ အိုင်ဇင် ဝတ်ထားတဲ့ ရေငုပ်ကိရိယာအကြောင်း ငါတို့ကို ပြောပြလို့ရမလား"
"ရပါတယ်"
နီကယ်ယန်က ခေါင်းညိတ်လိုက်သည်။
“ဒီကိုယ်ထည်အပြည့် ရေငုပ်ကိရိယာက နောက်ဆုံးပေါ် ရေငုပ်ကိရိယာပါ။ ရေငုပ်သမားတွေကို သက်တောင့်သက်သာ ဖြစ်စေရုံသာမက ရေအောက်မှာ အချိန်ကြာကြာ နေနိုင်အောင်လည်း ကူညီပေးနိုင်တယ်”
“ဒီရေငုပ်ဝတ်စုံမှာသုံးတဲ့ ပစ္စည်းတွေက အထူးပြုလုပ်ထားတာမို့လို့ ရေငုပ်သမားရဲ့ ခန္ဓာကိုယ်အပူချိန်ကို ဆုံးရှုံးသွားမှာမဟုတ်ဘူးလို့ အာမခံနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ရေငုပ်သမားတွေအတွက် ရေဖိအားကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်ပေးနိုင်တယ်”
“အလားတူပါပဲ၊ မျက်နှာဂီယာက ရေငုပ်သမားကို ကုန်းပေါ်မှာပြောသလိုမျိုး ရေအောက်စကားပြောနိုင်စေတယ်။ ဒီကိရိယာနဲ့ ရေငုပ်သမားနဲ့ စကားပြောရင်း ရေအောက် ရှုခင်းတွေကို ကြည့်နိုင်ပါတယ်”
“သင်တို့က ပရော်ဖက်ရှင်နယ် ရေငုပ်သမား မဟုတ်ရင်တောင် ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုအောက်တွင် သင်ကိုယ်တိုင် ရေအောက်ကမ္ဘာထဲသို့ ဝင်ရောက်ပြီး လှပသောရှုခင်းများကို ကြည့်ရှုနိုင်ပါတယ်"
နီကယ်ယန်သည် ဤရှုခင်းသာနေရာ၏ အဓိကဆွဲဆောင်မှု တစ်ခုအကြောင်း လူတိုင်းကို ပြောပြလိုက်သည်။
အဝေးက ကြည့်နေသည့် ခရီးသွားတွေသည် နီကယ်ယန်၏ စကားကို ကြားပြီးနောက် ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားကြောင့် သူငယ်အိမ်များပင် ကျယ်လာကာ ကြည်လင်လာကြသည်။
၎င်းတို့ အရမ်းစိတ်ဝင်စားသွားပုံ ပေါ်သည်။
ကမ်းပေါ်ရှိ ခရီးသွားများနှင့် သတင်းထောက်များအား စကားပြောပြီးနောက် နီကယ်ယန်သည် အိုင်ဇင်ကို မိုက်ခရို ဖုန်းမှ မေးခဲ့သည်။
.....