← Chapters

ကျိန်စာမိနေသော ဆောက်လုပ်ရေး

Vol. 15 Ch. 204

ကျိန်စာမိနေသော ဆောက်လုပ်ရေး

Vol. 15 Ch. 204

“ ဖုန်းလား? ဖုန်းပျောက်သွားပြီ”

"မင်းက ဖျောက်လိုက်တာလား? ဒါမှမဟုတ် သူ့ဘာသာ ပျောက်သွားတာလား?"

"အဲ့ဒီည လောင်ကျန်း မတော်တဆ ဖြစ်ပြီးတဲ့နောက် ဖုန်းကို အဲ့အတိုင်းထားခဲ့မိတယ်။ အဲ့အချိန်တုန်းက လူတွေအားလုံးပြေးသွားကြတော့ ဖုန်းကို ဂရုစိုက်ဖို့အချိန်မရှိခဲ့ဘူး။ ဒါပေမယ့် ဆေးရုံမသွားခင် ဖုန်းကိုသိမ်းဖို့ ပြန်သွားတော့ ဖုန်းပျောက်နေတယ်!"

"ဒါဆို အလုပ်ဖော်တွေကို မေးကြည့်ပြီးပြီလား? ဖုန်းကို ယူထားကြတာမျိုး?"

"မမေးဖြစ်ခဲ့ဘူး။ ပြောရရင် အဲ့အချိန်တုန်းက ဖုန်းမှာထူးဆန်းတာ တစ်ခုမှမရှိဘူးလို့ထင်ခဲ့တာ။ နောက်ခံပုံက နည်းနည်းလန့်စရာကောင်းနေတာလေးပဲ! “

ကျန်းရီ ခဏလောက် တိတ်ဆိတ်သွားပြီး "အဲ့ဒီနောက်ပိုင်း တစ်ခုခု ထပ်ဖြစ်သေးလား?" လို့မေးလိုက်တယ်။

"လောင်ကျန်း အဖြစ်အပျက်နောက်ပိုင်း သူဌေးက တော်တော်လေးကောင်းတယ်။ သူနဲ့ ငါတို့တွေ အကြိမ်ကြိမ် အရက် သောက်ဖူးတယ်။ ငါတို့ သူနဲ့ အလုပ်လုပ်လာတာ ၄၊ ၅ နှစ်လောက်ရှိပြီ။ ငါတို့ကို လုပ်ခတွေ တစ်ပြားမှ အကြွေးမတင်ဖူးဘူး။ ငါတို့မှာ ပြဿနာရှိခဲ့ရင် သူကအရင်ကူညီပြီး နောက်မှသာ လစာကနေ နှုတ်တယ်”

"လောင်ကျန်းက သူ့ဘေးက အကြီးတန်း ဆောက်လုပ်ရေးသမားတစ်ယောက်ဆိုတော့ သူ့မိသားစုကလည်း ဒါက မတော်တဆဖြစ်တာပဲလို့နားလည်ပေးတယ်။ သူဌေးက သူတို့ကို သင်္ဂြိုဟ်ဖို့ စရိတ် နှစ်မီလီယံ ပေးခဲ့တယ်”

"တကယ်တော့ သင်္ဂြိုဟ်စရိတ်ဆိုပေမယ့် လက်တွေ့မှာတော့ လျော်ကြေးအနေနဲ့ပါပဲ။ သူတို့မိသားစုက သူဌေးကို မကျေမချမ်း မဖြစ်ခဲ့ဘူး။ ပြန်ပြီးတော့တောင် ကျေးဇူးတင်နေကြတယ်။

လောင်ကျန်းရဲ့သား အထက်တန်းကျောင်း တက်တုန်းက သူဌေးရဲ့ အကူအညီနဲ့ တော်တော်ကောင်းတဲ့ ကျောင်းကို တက်ရောက်နိုင်ခဲ့တယ်"

လောင်ကော်ရဲ့ စကားကိုနားထောင်ရင်း ကျန်းရီက ခေါင်းညှိတ်လိုက်တယ်။ "ဒီခေတ်မှာ ယုံကြည်စိတ်ချရတဲ့ သူဌေးတွေရှိသေးတာပဲ။ လူ့အသက်က တန်ဖိုးဖြတ်လို့မရပေမယ့် သူ့ရဲ့ ဖြေရှင်းပုံက တရားမျှတတယ်"

"ဟုတ်ပါတယ်။ ဒါပေမယ့် သူဌေး ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တစ်ယောက်ကို နှစ်မီလီယံ ပေးတယ်ဆိုရင် နောက်ထပ် အသက်တွေအတွက်ရော ဘယ်လိုပေးနိုင်မှာလဲ? ရှေ့မှာ လောင်ကျန်းကို နှစ်မီလီယံ ပေးပြီး၊ နောက်ထပ် အခြားသူတွေကိုရော နှစ်မီလီယံစီ ပေးနိုင်မှာလား?"

လောင်ကော်ရဲ့စကားကို ကြားတော့ ကျန်းရီက မျက်မှောင်ကျုံ့လိုက်တယ် "ဒါဆို နောက်ထပ်တစ်ယောက် သေသွားတာလား?"

"ဟုတ်တယ်။ လောင်ကျန်း ဖြစ်ပြီးတဲ့နောက် ဆောက်လုပ်ရေးက အချိန်ဇယားနည်းနည်းနောက်ကျသွားတယ်။ အရင်ကတည်းက အချိန်ပိုလုပ်နေရတာ အခုတော့ ပိုပြီးများလာခဲ့တယ်။ ဒါပေမယ့် သူဌေးကိုယ်တိုင်လာပြီး နေ့စဉ် အလုပ်မစခင် ဘေးကင်းရေးကို အရင်သတိပေးတယ်”

"ဒါပေမယ့် နှစ်ရက်လောက် ကြာပြီးနောက် တတိယရက်ညမှာ လောင်လူ မတော်တဆဖြစ်ခဲ့တယ်။ သူလည်း အမြင့်ကပြုတ်ကျတာ။ လောင်ကျန်းထက် ပိုဆိုးတယ်။ မြေပေါ်ကျတဲ့အခါ သံမဏိချောင်းတွေနဲ့ထိုးမိခဲ့တာ။ အဲ့အချိန်မှာ သွေးတွေအများကြီး ထွက်ခဲ့တယ်။ သူဌေးက ပထမဆုံးပြေးလာခဲ့တာ။ သူကိုယ်တိုင် လောင်လူ အမြင့်ကနေ ပြုတ်ကျတာကို မြင်လိုက်ရတယ်”

"သူအော်ဟစ်သံကို လူတိုင်းကြားရတယ်။ စိတ်ရှုပ်ထွေးပြီး ဘာမှမတတ်နိုင်တဲ့ အကူအညီမဲ့တဲ့ ခံစားချက်က ငါတို့ အလုပ်သမားတွေ အားလုံး နားလည်နိုင်တဲ့အရာပဲ”

"ဒါပေမယ့် လောင်လူကို မကယ်နိုင်ခဲ့ဘူး။ ပြုတ်ကျပြီးနောက် နှစ်ခါလောက် ပါးစပ်ဟပြီး ဘာမှမပြောနိုင်ခဲ့ဘူး။ လောင်ကျန်းလိုပဲ မျက်လုံးကျယ်ကျယ်နဲ့ ပြုတ်ကျခါနီးနေရာကိုစိုက်ကြည့်နေခဲ့တယ်။ တခြားသူတွေသတိထားမိမလားမသိဘူး။ ငါသတိထားမိတာက လောင်လူသေတဲ့အခါ ငါ အမြင့်က နေရာကို စိုက်ကြည့်နေတာပဲ။

"တစ်ခုခုကများ ငါတို့ကို ဒုက္ခပေးနေတာလားလို့ ငါကြည့်လိုက်မိတယ်။ ဒါ​မေယ့် ငါကြည့်လိုက်တော့ တစ်ခုမှ မရှိနေဘူး။ နောက်ဆုံး ဆေးရုံကို ပို့လိုက်ရတယ်။ ဆေးရုံမှာ ငါတို့သူဌေး မစ္စတာဝမ်ကို ပင်ပန်းနွမ်းနယ်နေတာ မြင်လိုက်ရတယ်။

"ငါသူ့ဆီသွားပြီး 'မစ္စတာဝမ်၊ ဆောက်လုပ်ရေးကွင်းမှာ ဘုန်းကြီး (သို့) တာအိုရသေ့ တစ်ယောက်ယောက်ကို ပင့်ပြီး ဂါထာရွတ်ခိုင်းပါလား' လို့ပြောလိုက်တယ်။

"မစ္စတာဝမ်က ငါ့ကိုကြည့်ပြီး 'လောင်ကော်၊ မင်းတစ်ခုခုသိလို့လား' လို့မေးခဲ့တယ်။

"ငါက 'မသိဘူး။ ဒါက နှစ်ခါဖြစ်ခဲ့တော့ တစ်ခုခု မှားနေတယ်လို့ထင်တယ်။ ကျွမ်းကျင်သူတစ်ယောက်ယောက်ခေါ်ပြီး ဂါထာရွတ်ကြည့်ရင် ပိုကောင်းမယ်' လို့ပြန်ဖြေလိုက်တယ်။

"မစ္စတာဝမ်က နားထောင်ပြီး ခေါင်းညိတ်လိုက်တယ်။ သူဌေးဖြစ်တဲ့ အတွက် နှစ်သန်းက သူ့အတွက် သိပ်မများဘူး။ နောက်ထပ် အလုပ်သမားတစ်ယောက် သေတာကိုမြင်ရတော့ ဝမ်းနည်းလို့ ဒီလိုခံစားနေတာပဲလို့ထင်ခဲ့တယ်”

"ဒါဆို ဖုန်းအကြောင်း သူဌေးကိုမပြောခဲ့ဘူးလား?"

"မပြောခဲ့ဘူး။ တကယ်တော့ ဖုန်းကို သိပ်ဂရုမစိုက်ခဲ့ဘူး။ ဖုန်းစခရင် ပွင့်နေတာက ထူးဆန်းပေမယ့် ဘယ်သူကမှ ဒါကိုထည့်မတွေးမိဘူး”

"မစ္စတာဝမ်က နောက်ပိုင်း ကျောင်းတစ်ကျောင်းကိုသွားပြီး နာမည်ကြီးဘုန်း​ကြီး တစ်ပါးကို ဖိတ်ခေါ်လာတယ်။ ဘုန်းကြီးက တစ်နေ့လုံး ဂါထာရွတ်ပြီးနောက် စိတ်မသက်မသာနဲ့ ထွက်သွားခဲ့တယ်။ အဲ့ဒါက လူတွေကို မကောင်းတဲ့ ခံစားချက်ကိုပေးခဲ့တယ်။

"ဒါဆို ဘုန်းကြီး ဂါထာရွတ်ပြီးတဲ့နောက် နောက်ထပ်တစ်ယောက်သေသွားတာလား?"

"ဟုတ်တယ်။ နောက်နှစ်ရက် သုံးရက်လောက်ကြာတော့ နောက်ထပ် တစ်ယောက်သေသွားတယ်။ ပထမလောင်ကျန်း၊ နောက်လောင်လူ၊ ပြီးတော့ အလုပ်သစ်ဝင်လာတဲ့ ရှောင်ဝူဆိုတဲ့ ကလေးလည်း သေသွားတယ်”

"သူဌေးလည်း ဒီလို ဆက်လုပ်နေလို့ မရတော့ဘူးဆိုပြီး အလုပ်ကို ရပ်လိုက်တယ်။ ဒါပေမယ့် အလုပ်ရပ်လိုက်လို့ အချိန်မီ မပြီးစီးနိုင်ရင် သူဌေးမှာ ယူရမယ့် တာဝန်က အရမ်းကြီးတယ်။ သတ်မှတ်ထားတဲ့ ရက်အတွင်း မပြီးနိုင်ခဲ့ရင် သူဌေးအတွက် တော်တော် ခက်ခဲလိမ့်မယ်။

တစ်ပတ်လောက် ရပ်ထားခဲ့တယ်။ ငါတို့ထဲက အချို့က ပြန်ဆက်လုပ်ဖို့ စကားပြောခဲ့ကြတယ်။

"သူဌေးကမလုပ်နဲ့လို့ပြောတယ်။ တစ်ယောက်နှစ်ယောက်သေတာက မတော်တဆ ဖြစ်နိုင်ပေမယ့် သုံးယောက်ဆက်တိုက် သေတာက တစ်ခုခုတော့ မှားနေပြီလို့ပြောခဲ့တယ်။

"သူက နောက်ထပ် ပိုကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ကိုဖိတ်ပြီး ထပ်လုပ်မယ်တဲ့။ ညဘက် အချိန်ပို အလုပ် မလုပ်ရဘူး။ တကယ်လို့ သတ်မှတ်တဲ့ အချိန်နောက်ကျရင် သူတာဝန်ယူမယ်လို့ ပြောခဲ့တယ်။

"တကယ်တော့ အဲ့ဒီအချိန်တုန်းက တိုက်ခန်းဝယ်ထားသူတွေကလည်း သတင်းကြားပြီး ဆူဆူပူပူတွေ လုပ်လာခဲ့ကြတယ်။ ဆောက်လုပ်ရေးကွင်းမှာ လူသုံးယောက် သေတာကြောင့် တိုက်ခန်းဆောက်ပြီးရင်လည်း ဘယ်သူမှ မနေရဲကြဘူးလေ”

"သူဌေးကလည်း နောက်ရက် အနည်းငယ်အတွင်းမှာ တိုက်ခန်းကို ဈေးချပြီး ယာယီထိန်းထားတယ်။ ဒါပေမယ့် သူတို့က အချိန်မီ အိမ်အပ်ဖို့ လိုတယ်၊ မဟုတ်ရင် သူတို့ ငွေတွေ ပြန်အမ်းဖို့ လိုတယ်လို့ပြောကြတယ်”

"အဲ့အချိန်တုန်းက လူတွေက တကယ်လန့်နေကြတယ်။ သူဌေးက နောက်နေရာ တစ်ခုကိုသွားပြီး ပညာရှင်တစ်ယောက်ခေါ်ဖို့ ထွက်သွားခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မမျှော်လင့်ထားခဲ့တာက သူဌေး ထွက်သွားပြီးနောက်နေ့မှာ နောက်ထပ် အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ​ရှောင်ကျန်း တစ်ယောက် ဆွဲကျိုးချပြီး သေသွားခဲ့တယ်”

"ဆောက်လုပ်ရေးကွင်း မသွားရင်တောင် ဖြစ်နေသေးတာလား?"

"ဟုတ်တယ်။ ရှောင်ကျန်းရဲ့ မတော်တဆမှုက သူဌေးထွက်သွားပြီး နောက်နေ့မှာဖြစ်ခဲ့တာ။ ဒါပေမယ့် ရှောင်ကျန်းမှာ ကိုယ်တိုင်ကိုယ်ကျ သတ်သေဖို့ အကြောင်းမရှိဘူး “

"သူအသက်က ၃၀ နီးပါးရှိနေပြီ။ ဇနီးနဲ့ ကလေးလည်းရှိတယ်။ သူ့ဇနီးက ငါ့မိသားစုက ငါ့ဇနီးလို သူမျိုးမဟုတ်ဘူး။

ငွေရှာနေတဲ့ အမျိုးသမီးတစ်ယောက်။ ကလေးကို မိဘတွေက စောင့်ရှောက်ပေးနေတာ။ သူတို့တွေ ငွေစုမိဆောင်းမိလို့ မြို့ကိုပြောင်းဖို့ ပြင်နေတဲ့အချိန်၊ အားလုံးက အဆင်ပြေနေတဲ့ အချိန်မှာ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေရမှာလဲ?"

"သူဌေးက ရှောင်ကျန်းရဲ့ သေဆုံးမှုကိုဘယ်လိုကိုင်တွယ်ခဲ့လဲ?"

"ငါ သူဌေးကို ဖုန်းဆက်ခဲ့တယ်။ မှတ်မိသေးတယ် ညဖက်ပဲ ဆက်ခဲ့တာကို။ မစ္စတာဝမ်ကိုဆက်တော့ သူက ဖုန်းကို ကောက်ကိုင်ပြီး 'ဘာတွေဖြစ်နေတာလဲ' လို့မေးတယ်။

"ငါက 'မစ္စတာဝမ်၊ ရှောင်ကျန်းလည်း သေသွားပြီ။ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တာ' လို့ပြောလိုက်တယ်။

"အဲ့ဒီအချိန်မှာ သူဌေးက တကယ်ကို တိတ်ဆိတ်သွားခဲ့တယ်။ နောက်ပြီး 'ငါနားလည်ပြီ' လို့ပြန်ဖြေခဲ့တယ်။

"နောက်ထပ်ဘာမှမပြောတော့ဘူးလား?"

"ဘာမှမပြောတော့ဘူး။ ဒါပေမယ့် ဖုန်းကိုတော့ မချခဲ့ဘူး။ ဖုန်းကနေတဆင့် မစ္စတာဝမ်ရဲ့ ငိုသံကိုကြားလိုက်ရတယ်။ ငိုပြီးနောက် ရီနေခဲ့တယ်။ ကြောက်စရာကောင်းတဲ့ သူတစ်ယောက်လို ဖြစ်နေခဲ့တယ်။ ပြီးတော့ 'တစ်နေ့ ငါလည်းသေရမယ်' ဆိုတဲ့ စကားမျိုးတွေပြောနေခဲ့တယ်"

All Chapters