← Chapters

မကောင်းဆိုးဝါးကို ဓာတ်ပုံရိုက်ခြင်း

Vol. 8 Ch. 113

မကောင်းဆိုးဝါးကို ဓာတ်ပုံရိုက်ခြင်း

Vol. 8 Ch. 113

"မင်းအဆင်ပြေလား...?"

နီကယ်ယန်က စိုးရိမ်တကြီးဟန်ဖြင့် မိုက်ခရိုဖုန်းက မေးသည်။

"အခြေအနေက နည်းနည်းတော့ ဆိုးတယ်"

အိုင်ဇင်၏ တိုးလျသော အသံသည် လူတိုင်းကို အံ့အားသင့်စေခဲ့၏။ အထူးသဖြင့် ၎င်းက နီကယ်ယန်ကို မတော်တဆဖြစ်တော့ မည်လားဟု ထင်သွားစေခဲ့သည်။

သူက အိုင်ဇင်ကို မေးခါနီးတွင် အသံက ထပ်ထွက်လာသည်။

“ကျွန်တော်တော့ ဒီနေရာက လှပတဲ့ ရှုခင်းတွေကို စွဲလန်းသွားပြီ ထင်တယ်”

လူအုပ်ကြီးက ရုတ်တရက် ငြိမ်သက်သွားပြီ ရယ်မောလိုက်ကြ၏။ စက္ကန့်အနည်းငယ် အကြာတွင် ရယ်မောသံများက ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော် တစ်ခါတစ်ရံ ပေါ်လာသည့် ရယ်မောသံများကို ကြားနေရဆဲ ဖြစ်သည်။

"ကောင်းပြီ၊ ရေအောက်ရှုခင်းက တကယ်ကောင်းပုံရတယ်၊ မစ္စတာ အိုင်ဇင် ပြန်ယူလာမယ့် ဓာတ်ပုံတွေကို စောင့်မျှော်နေပါတယ်"

နီကယ်ယန်က ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။

အိုင်ဇင်၏ ကမ်းသို့ ပြန်မည့်အချိန်ကို စောင့်မျှော်နေကြပြီး လူတိုင်းက တိတ်ဆိတ်နေကြသည်။

သို့သော်လည်း လူအုပ်ကြီးအတွင်းမှ တစ်ချက်တစ်ချက် ပေါ်လာသည့် တီးတိုးသံတွေကို ကြားနေရဆဲပင်။ ၎င်းတို့သည် အိုင်ဇင်၏ ဝတ်ဆင်သည့် ရေငုပ်ကိရိယာတွေအကြောင်း ပြောနေကြတာ များပေ၏။

...

အိုင်ဇင်သည် ရေတိမ်ပိုင်း ဧရိယာတွင် ဓာတ်ပုံများစွာ ရိုက်ပြီးနောက် အနက်ပိုင်းသို့ ကူးခတ်သွားခဲ့သည်။

"ဒီနတ်ဆိုးလေးကို ဓာတ်ပုံရိုက်ဖို့ အချိန်တန်ပြီ"

သူ့တာဝန်ကို သူမမေ့ချေ။ ဤတစ်ခါတော့ ရေအောက်ရှိ မကောင်းဆိုးဝါးကြီီးပုံကို ရိုက်ကူးလာဖို့ ဖြစ်သည်။

အိုင်ဇင်သည် နီကယ်ယန်က သူ့ကို ပြောပြဖူးတဲ့ လမ်းကြောင်းအတိုင်း ပစ်မှတ်နေရာကို မရောက်ခင် ဆယ်မိနစ်နီးပါး ခရီးနှင်ခဲ့ရလေသည်။

သူ့၏ အဓိက တာဝန်မှာ ဓာတ်ပုံရိုက်ဖို့ ဖြစ်ပေသည်။ ၎င်းသည် ယေဘူယျဖြင့် ဤနေရာ အနီးတဝိုက်တွင် ရှိသင့်၏။

သူ့ခန္ဓာကိုယ်က ရေကန် အောက်ခြေပိုင်းသို့ ရောက်ရှိလာ၏။ ဤနေရာက အလင်းရောင်သည် မှိန်ဖျော့နေပြီး မြင်နိုင်စွမ်းက နှစ်မီတာကနေ သုံးမီတာလောက်သာ ရှိသည်။

အိုင်ဇင်သည် သူ၏ ခေါင်းပေါ်မှ မီးကိုဖွင့်လိုက်ပြီး ဖုံးကွယ်ထားသည့် မကောင်းဆိုးဝါးကို စတင်ရှာဖွေခဲ့သည်။

အိုင်ဇင်၏ ရေထဲတွင် ဖြည်းညှင်းစွာ ကူးခတ်နေပုံကို ကြည့်ခြင်းဖြင့် သူသည် အမှန်တကယ် ထူးချွန်သော ရေငုပ်သမား ဖြစ်မှန်း သိနိုင်ပေသည်။

သူ၏ ကိုယ်ဟန်အနေအထားသည် ငါးရှည့်တစ်ကောင်ကဲ့သို့ မှန်ကန်ပြီး အလွန်လှပချောမွေ့သည်။ ဤကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားခြင်းဖြင့် အလွန်ချောမွေ့သော ရေကူးအတွေ့အကြုံကို ရရှိစေမည် ဖြစ်သည်။

သူက ရေအောက်မှာ ကူးခတ်နေတဲ့ ငါးတစ်ကောင် အလားပင်။

အိုင်ဇင်သည် အောက်ဘက်သို့ ရေကူးရင်း မီတာ ၁ဝဝ အရောက်တွင် ဤကျယ်ပြောသော ရေကန်၏ ရေထုဖိအားသည် သူ့အပေါ် တစ်စထက်၊ တစ်စ ပိုမို ကျရောက်လာ၏။

၎င်းသည် သာမန်လူနှင့် အတွေ့အကြုံနုသည့် ရေငုပ်သမားတွေအတွက် ထိုအရာသည် သည်းမခံနိုင်အောင် ဖြစ်စေ၏။ သို့ပေမယ့် အတွေ့အကြုံရှိသည့် ရေငုပ်သမားတစ်ယောက်အနေနဲ့တော့ သူ့မှာ ဖိအားသိပ် မရှိချေ။

(ဖိအားဒဏ် ခံနိုင်လာခြင်းကို ဆိုလိုသည်)

အိုင်ဇင်ကတော့ ဒီလို အနက်မှာ ရေကူးရတာ သက်တောင့်သက်သာ ရှိတယ်လို့တောင် ခံစားနေမိခဲ့သည်။

သူသည် နောက်ထပ် မီတာ ၅၀၀ လောက်ကို ဆက်ပြီး ရေကူးခဲ့ပေသည်။

အရိပ်မည်းကြီးတစ်ခု သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာလေသည်။

"နောက်ဆုံးတော့ ငါတွေ့ပြီ!"

ရှေ့မလှမ်းမကမ်းက အရိပ်မဲကြီးကို လှမ်းကြည့်လိုက်ရင်း အိုင်ဇင်က စိတ်လှုပ်ရှားနေသည်။

သူ၏ စိတ်လှုပ်ရှားမှု အနည်းငယ် ငြိမ်သက်သွားနောက် ထိုအရိပ်ဆီ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။

သူ့စိတ်ထဲတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

လောက ကုမ္ပဏီက ဒီမှာ ဘယ်လို မကောင်းဆိုးဝါးရုပ်တုကို ထား၊ ထားတာလဲ..?

သတင်းစာရှင်းလင်းပွဲ မစခင်တွင် နီကယ်ယန်က သူ့အား ရေကန်အောက်ခြေမှာ မကောင်းဆိုးဝါးအတုကို ထား၊ ထားခဲ့သည်ဟု ဆိုခဲ့သော်ငြား ၎င်း၏ အသွင်အပြင်ကိုတော့ မပြောခဲ့ချေ။

နီကယ်ယန်၏ ထိုစဥ်က အတွေးကို အိုင်ဇင် ယခု သဘောပေါက် သွားခဲ့သည်။

အပြောထက် မျက်မြင်ကိုတွေ့က ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။ ၎င်းမှသာ သူ့တွင် လူအများအား လိမ်ညာရန် ခံစားချက် အတုအယောင်များ ပိုရှိနေလိမ့်မည်။

နီကယ်ယန်က ရေထဲက ဆင်းပြီးတာနဲ့ သူမည်သို့ ခံစားချက်ရကြောင်း ပြောပြစေလိုခဲ့သည်။ ကြည့်ရသည်မှာ ၎င်း၏ အကျိုးသက်ရောက်မှုကို သိချင်နေပုံပေါ်သည်။

"ငါက ကြောက်ဖို့ အရမ်းခက်တာ။ ဒါက ငါ့ကို ကြောက်ရွံစေနိုင် ပါ့မလား"

အိုင်ဇင်က စိတ်ထဲမှ ရယ်မောလိုက်သည်။

သူ ဒီအလုပ်ကို လုပ်လာတာ ခုနစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ရေငုပ်ခြင်းသည် အသက်ကိုရင်းကာ စွန့်စားရသည့် စိတ်ဝင်စားဖွယ် အလုပ် ဖြစ်ပေသည်။

ထူးဆန်းသော မြင်ကွင်းများနှင့် သတ္တဝါမျိုးစုံကို သူမြင်ဖူးသည်၊ သူသည် လမ်းတစ်လျှောက်တွင် ခိုင်မာသောနှလုံးသားကို မွေးမြူထားခဲ့၏။ အထူးသဖြင့် သူပြင်ဆင်ထားလျှင် သူ့ကို ကြောက်လန့်စေဖို့ရန် အလွန် ခဲယဥ်းပေလိမ့်မည်။

၎င်းအကြောင်းကို သိရှိထားပြီးဖြစ်သော်လည်း၊ နီကယ်ယန်သည် မည်သည့် မကောင်းဆိုးဝါးအတုကို ဖန်တီးခဲ့သည်ကို အလွန်သိချင်နေသေးသည်။

အရိပ်မည်းကြီးနှင့် နီးကပ်လာခဲ့သည်။

အိုင်ဇင် သူ့ခေါင်းပေါ်က ဓာတ်မီးကို ပိတ်လိုက်သည်။ ၎င်းက သူ့အနီးဝန်ကျင်ကို မှောင်မဲလုနီးပါး ဖြစ်သွားစေပြီး သူ့မျက်လုံးများကို ကျဥ်းမြောင် သွားစေသည်။

“တကယ်ကို ကြောက်စရာကောင်းတဲ့ပုံ ပေါ်တယ်”

ရှေ့မလှမ်းမကမ်းက အရိပ်မည်းကြီးကို ကြည့်ရင်း အိုင်ဇင်က သဘောကျစွာ ခေါင်းညိတ်မိသည်။

"လောက ကုမ္ပဏီရဲ့ စျေးကွက်ချဲ့ထွင်မှု အစီအစဉ် အောင်မြင်နိုင်မယ့် ပုံရတယ်"

အိုင်ဇင်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူ့ရှေ့ရှိ ကြီးမားလှသော အနက်ရောင် အရိပ်ကြီးကို ကြည့်ရင်း အနည်းငယ် တုန်လှုပ်နေသေးသည်။

သူလို အတွေ့အကြုံရှိသည့် ရေငုပ်သမားတစ်ယောက်က ဒါတွေကို အတုမှန်း သိနေသော်ငြား တုန်လှုပ်မိသည် ဆိုလျှင် သာမာန်ရေငုပ်ဝါသနာအိုး တစ်ယောက်သာဆို ဘယ်လို ခံစားရမယ်ဆိုတာ စိတ်ကူးကြည့်လို့ပင် မရချေ။

ဤရေအောက် ရှုခင်းများကို ခံစားနိုင်ရန် ခရီးသွားများနှင့် ရေငုပ်ဝါသနာပါသူများသည် မစ္စစ္စပီ ရေကန်ကို မည်မျှလာရောက်လည်ပတ်ကြမည်ကို သူစိတ်ကူးကြည့်နိုင်သည်။

အိုင်ဇင်က အရိပ်မည်းကြီးနဲ့ ပိုနီးဖို့ ကြိုးစားခဲ့၏။ မကြာခင်အချိန်မှာတော့ ၎င်းနှင့် (၂) မီတာသာ ဝေးတော့သည်။

သူသည် ထိုအနက်ရောင် အရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။

ကြီးမားလှသော ထိုအရိပ်မည်းကြီး၏ အသွင်အပြင်ကို မြင်ရပြီးနောက် အိုင်ဇင်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့ကာ အော်လိုက်၏။

"အား!..."

ကမ်းစပ်၌...

လူတစ်ဦးသည် လူအုပ်ကြီးထဲတွင် ပုန်းလျို့ပုန်းကွယ် ရှိနေသည်။

မိုက်ကယ်သည် သူ့ကိုယ်သူ သာမန်ခရီးသွားတစ်ဦးအဖြစ် ဟန်ဆောင်ထားခဲ့၏။ သတင်းထောက်များစွာဖြင့် ဝန်းရံနေသော နီကယ်ယန်ကို သူက ကြည့်နေသည်။

နီကယ်ယန်သည် သတင်းထောက်များနှင့် အေးအေးဆေးဆေး စကားစမြည်ပြောနေစဥ် သူ့မျက်နှာပေါ်တွင် ဟန်ဆောင် အပြုံးတစ်ခု ရှိနေပေသည်။

နီကယ်ယန်က တွေးနေသည်။

'ဒီအစီအစဉ်က (၉ဝ%) အောင်မြင်ဖို့ သေချာတယ်။ အိုင်ဇင်က သူ့ရဲ့ သရုပ်ဆောင်မှုနဲ့ သတင်းထောက်တွေကို ပီပီပြင်ပြင် ဟန်ဆောင်ပြနိုင်ဖို့ပဲ မျှော်လင့်ရမယ်'

သူ့မျက်နှာပေါ်တွင် အပြုံးအနည်းငယ်ပေါ်လာပြီး နောက်အခိုက်အတန့်တွင် ဤအပြုံးသည် ပို၍ ကြီးမားလာသည်။

"အား!..."

ရုတ်တရက် နားကြပ်မှ ထိတ်လန့်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ကမ်းစပ်တွင် လူတိုင်းက တီးတိုး၊ တီးတိုးနှင့် ကိုယ်ပိုင် အုပ်စုဖွဲ့ကာ စကား ပြောနေကြသည်။

ဤကြောက်လန့်ဖွယ်အော်သံကိုကြားပြီးနောက်၊ သူတို့အားလုံးသည် အသံ၏ ရင်းမြစ်ဖြစ်သော နီကယ်ယန်၏ လက်ထဲက နားကြပ်ကို မကြည့်မီ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ဘာဖြစ်တာလဲ?"

နီကယ်ယန်နှင့် စကားပြောနေသော သတင်းထောက်သည် ရုတ်တရက် ရပ်လိုက်ပြီး နီကယ်ယန်၏ လက်ထဲမှ နားကြပ်ကို စိုက်ကြည့်ကာ ငြိမ်သက်ပြီး လှပသော ရေကန်ကို တစ်ချက်လှည့် ကြည့်လိုက်သည်။

အိုင်ဇင်၏ ထိတ်လန့်တကြားအော်သံက တစ်ခုခုဖြစ်နေပြီဟု ညွှန်ပြနေသဖြင့် ၎င်းသည် နီကယ်ယန်ကို သံသယဖြင့် ကြည့်လိုက်လေသည်။ သို့သော်လည်း ထိုမှအပ မတက်နိုင်ချေ။

ကျန်လူများ၏ မျက်လုံးအကြည့်များသည် နီကယ်ယန်၏ အပေါ်တွင် သို့မဟုတ် ရေကန်ပေါ်တွင် ကျရောက်နေသည်။

နီကယ်ယန်၏ နှလုံးသားက လေးလံနေသလိုပင်။

သူ၏ စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ သံသယနှင့် တုံ့ဆိုင်းမှုများ ရောနှောနေသည်။

အိုင်ဇင်၏ ထိတ်လန့်တကြားအော်သံသည် အတုအယောင် ကဲ့သို့ မဟုတ်ပေ။

နီကယ်ယန်သည် မိုက်ကယ်ကို လှမ်းကြည့်ကာ အရာရာသည် သူ့အစီအစဉ်အတွင်းရှိကြောင်း မသိမသာ ခေါင်းညိမ့် ပြသည်။

"အိုင်ဇင်က ငါ့လက်ရာကို ရှာတွေ့သွားပုံရတယ်"

မိုက်ကယ်၏ နှလုံးသားမှာ မာနတွေနဲ့ ပြည့်နှက်နေသည်။

“ရေအောက်က အကောင်ကြီးကြောင့် သူ သေချာပေါက် အံ့သြသွားလိမ့်မယ်။ မကောင်းဆိုးဝါးအတုရဲ့ အကြည့်က အရမ်းကြောက်ဖို့ကောင်းတယ်လို့ ငါပြောခဲ့ပေမယ့် သူ တုန်လှုပ်နေတုန်းပဲ”

ထိုသို့သော အခြေအနေများ အောက်တွင် အိုင်ဇင်ကို ကြည့်၍ သူဖန်တီးခဲ့သော မကောင်းဆိုးဝါးသည် အလွန်လက်တွေ့ကျကြောင်း ပြသနိုင်သည်ဟု သူခံစားခဲ့ရသည်။

အတွေ့အကြုံရှိ ရေငုပ်သမား အိုင်ဇင်ကိုပင် ကြောက်လန့် စေနိုင်လျှင် ၎င်းသည် ရေငုပ်ခြင်းကို တွေ့ကြုံလိုသူ ငနုများကို သေချာပေါက် ရာနှုန်းပြည့် ထိတ်လန့်စေနိုင်မည် ဖြစ်သည်။

"အစီအစဉ်က ၉၅% လောက်တော့ ပြီးသွားပြီ"

မိုက်ကယ်သည် အခုအချိန်မှာ တကယ့်ကို ဂုဏ်ယူနေ၏။ ဖြစ်နိုင်ရင် ဤအစီအစဉ်ရဲ့ အောင်မြင်မှုအတွက် သူ့ကိုယ်သူ ဂုဏ်ပြုဖို့ ကော်ဖီတစ်ခွက် လိုချင်နေသည်။

"ဘာလို့ အိုင်ဇင်က ပေါ်မလာသေးတာလဲ"

အော်ဟစ်ပြီးနောက် အချိန်အတော်ကြာသွားပြီဟု ခံစားလိုက်ရသဖြင့် မိုက်ကယ်သည် ငြမ်သက်နေသော ရေကန်ကို လှမ်းကြည့်လိုက်မိသည်။

သူမသိခဲ့သည်မှာ အိုင်ဇင်ဟာ ကြောက်လန့်တကြားနှင့် ဧရာမမြွေကြီး၏ ရှေ့တွင် ထိတ်လန့်မှုတွေနှင့် အေးခဲနေခဲ့ခြင်းပင်။

.....

All Chapters