← Chapters

မြွေတစ်ကောင်ရဲ့ သေခြင်း

Vol. 15 Ch. 205

မြွေတစ်ကောင်ရဲ့ သေခြင်း

Vol. 15 Ch. 205

"သူဒီလိုအခြေအနေမျိုးနဲ့ ဘယ်လောက် ကြာလိုက်လဲ?"

"တော်တော် ကြာတယ်။ ငါ ဖုန်း မချထားခဲ့ဘူး နားထောင်နေခဲ့တာ။ သူရယ်တယ် ပြီးတော့ ငိုတယ်၊ ငိုပြီးတော့ ထပ်ရယ်ပြန်တယ်။ ဘာပဲဖြစ်ဖြစ် သူက တကယ်ကို ရူးသွပ်နေတဲ့ အတိုင်းပဲ။ ငါစိုးရိမ်လို့ အကြိမ်အနည်းငယ်လောက် အော်ပြီးပြောတယ် မစ္စတာဝမ် သိပ်ပြီးလည်း မစိုးရိမ်ပါနဲ့၊ ဖြစ်လာမှတော့ အကောင်းဆုံး ဖြေရှင်းရမှာပဲလို့"

"ဒါဆို သူဘယ်လိုတုံ့ပြန်ခဲ့လဲ?"

"သူငါ့ကို ဘာမှပြန်မပြောခဲ့ဘူး။ ပြီးတော့ သူ့ဘာသာသူ ဖုန်းချလိုက်တယ်။"

"ဒါဆို အခု သူနဲ့ ဆက်သွယ်လို ရ​သေးလား?"

"ရတယ်၊ မနေ့ကပဲ ဖုန်းပြောခဲ့တယ်၊ ဒါပေမယ့် အဲ့ညက အကြောင်းကို ဘာမှမပြောခဲ့ဘူး။ ဆောက်လုပ်ရေး ကာလက ရပ်နားထားတယ်၊ ကျွန်တော်တို့ အလုပ်သမားဟောင်းတွေကလည်း သူရဲ့ အဖြေကို စောင့်ပြီး တခြားနေရာတွေမှာ အလုပ်ကြမ်းလေးတွေ လုပ်နေရတယ်။"

"အင်း ဒါဆို မင်းသူဌေးကို ဖုန်းဆက်ပြီးမေးကြည့်ပါ"

ကျန်းရီက အကြံပြုလိုက်တယ်၊ ဒါပေမယ့် လောင်ကော်က "ခဏ စောင့်ပါဦး စတွင်မာ ငါပြောမကုန်သေးဘူး"

" ကောင်းပြီ မစ္စတာကော်၊ ဘာထပ်ပြောစရာရှိသေးလဲ?"

"မကြာသေးခင်ကပဲ၊ ငါတို့တွေ အလုပ်က ရပ်လိုက်ရတယ်။ ငါတို့အချိန်အများစုက ရုံးခန်းထဲမှာ ကတ်ကစားတယ်၊ အိပ်တယ်။ အလုပ်ကြမ်းလေးရှိရင် လုပ်လို​က်တယ်။ အလုပ်ကြမ်းမရှိရင် ဆက်ကစားတယ်။ အဲ့ညနေခင်းမှာ ငါ့လုပ်ဖော်ကိုင်ဖက်တချို့နဲ့ လမ်းပေါ်ထွက်ခဲ့တယ်"

"ဒါပေမယ့် ငါတို့သွားနေတုန်း လူကွဲသွားခဲ့တယ်။ ဖုန်းခေါ်တော့လည်း ဘယ်သူမှမကိုင်ကြဘူး၊ ဒါနဲ့ ငါ သူတို့ကို ရှာဖို့ထွက်ခဲ့တယ်။ ရှာနေတုန်း အဲ့နားက ပန်းခြံထဲကို ဝင်လိုက်တယ်။ အဲ့ဒီမှာ အဆောက်အအုံတွေအများကြီးရှိတယ်။ လူတွေအများကြီး အဲ့ဒီကို လာလေ့ရှိတယ်၊ လူငယ်တချို့လည်း အဲ့ဒီမှာ စကားပြောနေကြတယ်"

"ခပ်ကြာကြာလေး ရှာပြီးနောက် အဆောက်အဦး တစ်ခုမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲ့မိန်းကလေးက ၁၈ ၁၉ လောက်ပဲ ရှိမယ်။ သူမက အဆောက်အဦးနားက ကျောက်တုံးပေါ်မှာ ငိုနေတယ်။ ငါက သူမ ငိုနေတာကို မြင်တော့ မနေနိုင်ပဲ မိန်းကလေး မင်းဒီမှာတစ်ယောက်တည်း ဘာလို့ငိုနေတာလဲလို့ မေးလိုက်တယ်"

"အဲ့ဒီမိန်းကလေးက အရင်ဆုံး ငါ့ကိုလျစ်လျူရှုထားတယ်၊ ဒါပေမယ့် ရုတ်တရက် သူမ ခေါင်းကိုကိုင်ပြီး အော်ဟစ်လိုက်တယ်၊ သူမက တစ္ဆေတစ်ကောင်ကို မြင်နေရတဲ့ အတိုင်းပဲ။ အဲ့အချိန်မှာ တစ်ခြားသူတွေလည်း ရှိနေတဲ့အတွက် ငါသူ့ဆီ မချဉ်းကပ်ရဲဘူး၊ သူမဆက်ပြီး လက်ညှိုး ညွှန်ပြီးတော့ မလာနဲ့၊ မလာနဲ့၊ မင်းမှာ ဘာတွေ….!"

"ကံကောင်းတာက အဲ့အချိန်မှာ ငါ့ဘေးမှာ တစ်​ခြားသူတွေရှိနေတာပဲ၊ မဟုတ်ရင် အခြားသူတွေ ငါ့ကို ဘယ်လိုထင်မလဲမသိဘူး။ မိန်းကလေးက ဒီလောက်ထိတ်လန့်နေတာကို မြင်တော့ ငါ့ကိုယ်ငါ ပွတ်သပ်ပြီး ပြောလိုက်တယ် ဘာမှမရှိဘူး၊ အဲ့ဒါက ဘယ်ကလာမှာလဲလို့။"

"မိန်းကလေးက ထပ်ပြီးကြောက်ရွံ့နေတဲ့ ပုံနဲ့ ငါ့ကိုကြည့်နေတယ်။

သူမပြောတယ် ငါ့မှာ မျက်လုံးတစ်စုံ ​ပြူးထွက်နေတယ်တဲ့။

မျက်လုံးတွေက ငါ့ပခုံးကနေ ထွက်နေပြီး ကြောက်စရာပုံစံနဲ့ ရယ်နေသလိုပဲတဲ့။

ငါအံ့အားသင့်သွားခဲ့တယ်၊ ဘေးနားမှာရှိတဲ့ အတွဲတစ်တွဲကလည်း ငါ့ကိုကြည့်ပြီး ဘာမှ မရှိဘူးလို့ပြောတယ်၊ ဒါပေမယ့် မိန်းကလေးကလည်း လိမ်နေတဲ့ပုံစံ မဟုတ်ဘူး။

ငါ့ကိုထပ်ကြည့်ပြီးနောက် သူမ ခေါင်းကိုကိုင်ပြီး အော်ဟစ်ပြေးသွားခဲ့တယ်။"

"စတွင်မည ငါ့ကို ဘာတစ်ခုခုက ကပ်နေတာလဲဆိုတာ ပြောပြနိုင်မလား? အရင်ဆုံးလောင်းကျန်း၊ ပြီးတော့လောင်းလူ၊ နောက်တော့ ရှောင်ဝူနဲ့ရှောင်ကျန်းတို့ သေသွားခဲ့တယ်။

နောက်တစ်ယောက်က ငါလား? ဆိုက်ထဲက လူတိုင်းသေမှာလား? ပြုတ်ကျပြီး သေမှာလား၊ ဒါမှမဟုတ် ဆွဲကြိုးချပြီး သေမှာလား?

ငါမသေချင်သေးဘူး၊ ငါ့သမီး တက္ကသိုလ်တက်တာ ကြည့်ချင်သေးတယ် သူမအနာဂတ်ကောင်းပြီး လင်ကောင်းသားကောင်း ရသွားတာကို ကြည့်ချင်သေးတယ်!"

လောင်ကော်က သူဖုန်းခေါ်ရတဲ့ ရည်ရွယ်ချက်ကိုပြောခဲ့တယ်၊ အခြား အလုပ်သမားတွေလို သေမှာကို ကြောက်လို့ပါပဲ။

ကျန်းရီက သူ့ငိုသံကို နားထောင်ပြီး တည်တည်ငြိမ်ငြိမ်နှစ်သိမ့်ပေးလိုက်တယ် "အစ်ကိုကော် အခု ဘာမှစိုးရိမ်စရာမလိုဘူး။ ကျွန်တော်နဲ့ တွေ့ပြီဆိုမှ​တော့ သေစရာအကြောင်း မရှိတော့ဘူး။ မင်းက မကောင်းတာတွေ လုပ်ခဲ့ပြီး နတ်ဘုရားတွေက မင်းကို သေစေချင်တာက လွဲလို့ပေါ့"

"မဟုတ်ဘူး၊ ငါဘဝမှာ ဘာမှ မကောင်းတာ မလုပ်ခဲ့ဘူး။ အများဆုံးကတော့ အကျိုးအမြတ် အနည်းငယ်ယူတာပဲရှိတယ်။ ငါကျောင်းမတက်ခဲ့ရဘူး၊ ပညာလည်း မတတ်ဘူး။ တခါတလေ ပစ္စည်းတွေဝယ်ရင် ဈေးဆစ်တတ်တယ်။ ဒါပါပဲ... ငါတစ်ခါမှ တစ်ယောက်ယောက်နဲ့ နှစ်ကြိမ်ထက်ပိုပြီးမရန်ဖြစ်ခဲ့ဖူးဘူး"

"ဒါဆိုရင် ပြဿနာမရှိပါဘူး။ အခုမင်းရဲ့ သူဌေးဖုန်းနံပါတ်ကိုနှိပ်လိုက်။ စိတ်မပူနဲ့၊ မင်းငါ့ကိုအင်တာနက်ဖုန်းခေါ်နေတာ။ ငါ့ရဲ့ တို​က်ရိုက်ထုတ်လွှင့်မှု အခန်းမှာ အဲ့နှစ်ခုက မဆန့်ကျင်နေဘူး။ မင်းရဲ့သူဌေးနဲ့ ဖုန်းပြောတဲ့အခါ စပီကာဖွင့်ထားဖို့မမေ့နဲ့"

"ကောင်းပြီ ငါသူ့ကို ဖုန်းခေါ်လိုက်မယ်"

လောင်ကော်က သူ့ဖုန်းကို ထုတ်ပြီး သူဌေးဝမ်ကို ခေါ်လိုက်တယ်။ နောက်တော့ အင်မတန် ပင်ပန်းနေပုံ ရတဲ့အသံ ထွက်လာခဲ့တယ် "လောင်ကော်၊ ငါဘာကူညီပေးရမလဲ?"

"မစ္စတာဝမ်၊ ငါ... ငါဆိုက်ထဲက ပြဿနာတွေဖြေရှင်းဖို့ ကျွမ်းကျင်သူတစ်ယောက် ရှာတွေ့ထားတယ်။ သူကမင်းနဲ့ ဖုန်းပြောဖို့လိုတယ်လို့ပြောတယ်"

"လောင်ကော်၊ ကျေးဇူးတင်ပါတယ်။ ငါနောက်ကနေ အမြဲအတူ လိုက်နေတဲ့ မင်းလိုလူတွေကပဲ ငါ့ကိုကူညီဖို့ စဉ်းစားပေးနေတာ။ ဒါပေမယ့် အပြင်ကလူတွေရဲ့ အကျိုးမဲ့ စကားတွေကို နားမထောင်နဲ့၊ ဟီး..ဟီး... သူတို့က လှည့်စားနေတာ...ဒီလောကမှာ ဒီလိုဆရာတွေ ဘယ်ကရှိမှာလဲ!"

မစ္စတာဝမ်ရဲ့ စကားကိုကြားလိုက်တာနဲ့ ဒီသူဌေးဟာ ကျွမ်းကျင်သူတွေဆီကနေ အကြိမ်များစွာ လှည့်စားခံရတယ်ဆိုတာ သိသာနေခဲ့တယ်။

ကျန်းရီက အဲ့ဒီအချိန်မှာ ရယ်မောပြီးပြောလိုက်တယ်: "မစ္စတာဝမ်၊ ငါ့နာမည် ကျန်းရီပါ။

မင်းငါ့ကို မသိနိုင်ပေမယ့် မင်း အဲဲဒီ ဒေသက ရဲတွေကို ငါ့အချက်အလက်တွေကို ပြောပြပြီး ကျန်းရီဆိုတဲ့ လူတစ်ယောက်ကိုသိ သိလားလို့ မေးရင် သူတို့က မင်းကို ငါ့ကိုယုံဖို့ ပြောလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်!"

"ကျန်းရီ? မင်းက သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာလား?"

ထင်ပေါ်ကြော်ကြားမှုရဲ့ ရလဒ်

ကျန်းရီက ဒီအချိန်မှာ တမင်တကာ ကြော်ငြာတာကို ရပ်တန့်ထားပေမယ့် အရာရာကို သဘာဝအတိုင်းပဲ ရှိစေခဲ့တာတောင်မှ လူအများကြီးက သူ့ကိုသိနေတုန်းပါပဲ၊ ဒါကြောင့် မစ္စတာဝမ်ရဲ့ မေးခွန်းကိုရင်ဆိုင်ရတဲ့အခါ ကျန်းရီက "ဟုတ်တယ် အင်တာနက်ပေါ်ကနေ သိတာလား?"

"မဟုတ်ဘူး၊ ငါဒီနေ့ ငါ့ရဲ့ ကျောင်းနေဖက်ဟောင်း တစ်ယောက်ဆီ သွားခဲ့တယ်။ သူ...သူက ဒီကိစ္စအတွက် ကျန်းရီဆိုတဲ့ စတွင်မာ တစ်ယောက်ကို ရှာဖို့လိုတယ်လို့ပြောတယ်။ ငါသူ့ကို မင်းကို ဘယ်လိုရှာရမလဲလို့ မေးတော့ သူက မင်းကို တိုက်ရိုက် သွားရှာလို့ မရဘူး၊ အဲ့လိုလုပ်ရင်မင်းရဲ့ ကောင်းချီးတွေ ဆုံးရှုံးမယ်လို့ပြောခဲ့တယ်"

ကျန်းရီက အနည်းငယ် ကူရာမဲ့သလို ခံစားလိုက်ရတယ်။ တစ်ခါတလေ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုခန်းက အပြုအမူတွေက အထင်အမြင် လွဲစေဖို့ လွယ်ကူနေခဲ့တယ်။

ဒါပေမယ့် ပြဿနာတော့ မရှိပါဘူး ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်: "ဒါဆိုသူဌေးက အခုပြောပြလို့ ရပြီလား?"

"ပြောလို့ရပါတယ်၊ ဒါပေမယ့် ဘယ်လိုပြောရမှန်းမသိဘူး။

ငါတို့ တစ်ယောက်ချင်းစီမှာ ကျိန်စာတစ်ခု သက်ရောက်နေသလိုပဲ။

ဒီနေ့ ဘယ်သူသေမလဲ၊ နောက်နေ့ ဘယ်သူသေမလဲဆိုတာ ကြိုတင်ဆုံးဖြတ်ထားသလို ခံစားနေရတယ်။

ငါ အဖိုးအိုတစ်ယောက်ဆီ သွားခဲ့တယ်၊ သူက ဒီအရာတွေကို ဖတ်နိုင်တယ်လို့ ပြောတာ ကြားတဲ့အတွက်။

ငါသူ့ကို သွားတွေ့တဲ့အခါ သူ ထိုင်တောင် မထိုင်လိုက်ဘူး ငါ့ကို ပြန်လွှတ်လိုက်ပြီး ငါ့ကိစ္စကို သူ မကိုင်တွယ်နိုင်ဘူးလို့ ပြောတယ် "

"ဒါဆို သူတစ်ခြားဘာမှပြောသေးလဲ?"

"မပြောခဲ့ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ စကားတစ်ခွန်းမှ မပြောရသေးဘဲ သူ့မိသားစုကနေ ပြန်ခိုင်းခဲ့တယ်။ ဒါကြောင့် အဲ့ဒီအချိန်မှာ ငါလုံးဝ မျှော်လင့်ချက်မဲ့သွားတယ်။ အဲ့ဒီ အလုပ်သမားတွေ အားလုံးက ငါနဲ့ နှစ်တွေ အများကြီး အတူရှိခဲ့တာ။ သူတို့ အတွက်ပဲ ဖြစ်ဖြစ်၊ ငါ့ကိုယ်ပိုင် အတွက်ပဲဖြစ်ဖြစ် ငါဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်။

ကျန်းရီက စကားမပြောသေးဘဲ သေသေချာချာစဉ်းစားနေခဲ့တယ်။

စဉ်းစားပြီးနောက် ကျန်းရီက စမ်းသပ်သလို မေးလိုက်တယ်: "မစ္စတာဝမ်၊ အဲ့ဆောက်လုပ်ရေး မစခင်တုန်းက ထူးဆန်းတဲ့ အရာတစ်ခုခု ဖြစ်ခဲ့သေးလား? မင်းအဲ့ဒီမှာ ဆောက်လုပ်ရေး မစခင် စစ်တမ်းကောက်ရသေးတယ်လေ ဟုတ်တယ်မလား?"

"ငါတို့ စစ်တမ်း ကောက်တုန်းကလား? မင်းမပြောရင် ငါမှတ်မိမှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းသတိပေးလိုက်တော့မှပဲ မှတ်မိတယ်။

ငါတို့ စစ်တမ်းကောက်တုန်းက ခေါင်းဆောင်တချို့ လိုက်ပါခဲ့တယ်၊ အဲ့အချိန်မှာ သတင်းထောက်တွေလည်း ရှိတယ်၊ ဘာလို့လဲဆိုတော့ အဲ့မြေက ကျယ်ပြီး မြို့တော်က ပြန်လည်မွမ်းမံမှုတွေ လုပ်နေတဲ့ အတွက်ပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်တာတွေလုပ်ဖို့ လိုတယ်"

"အသေးစိတ်တော့ မပြောတော့ဘူး၊ ဒါပေမယ့် မင်းလည်း နားလည်မယ်ထင်တယ်၊ ငါတို့ တစ်ယောက်ချင်းစီက တူတစ်လက်ကိုင်ပြီး အဲ့အချိန်ကဖြိုဖျက်ထားတဲ့အပျက်အစီးတွေပေါ်မှာလျှောက်နေခဲ့တယ်။ ဒါပေမယ့် ငါတို့လျှောက်နေတုန်း မြွေကြီးတစ်ကောင် ထွက်လာတယ်!"

"မြွေလား?"

"ဟုတ်တယ်၊ မြွေကြီးတစ်ကောင် လက်မောင်းလောက် ကြီးတယ်။ မြွေထွက်လာတော့ လူတိုင်း ကြောက်သွားတယ်"

"ဒါဆိုမင်းတို့ဘာလုပ်ခဲ့လဲ?"

"အဲ့အချိန်မှာ ခေါင်းဆောင်တချို့ရှိတယ်။ မြွေကိုမြင်တော့ ငါ အလန့်တကြား ဂေါ်ပြားနဲ့ ခုတ်လိုက်တယ်။ ဂေါ်ပြားရဲ့ ဘေးက အသွားကမထက်ဘူး၊ ဒါပေမယ့် ခုတ်လိုက်တဲ့ အချိန်မှာ မြွေရဲ့ဦးခေါင်းက ပြတ်သွားတယ်!"

All Chapters