စျာပန အခမ်းအနား
Vol. 15 Ch. 206
မြွေက တော်တော်လေးကို ကြီးတယ်၊ ဒါပေမယ့် အဆိပ်မရှိဘူး ။ လူတွေအားလုံး အဲဒီအချိန်မှာ ထိတ်လန့်နေကြတယ် ဆိုပေမယ့် မြွေရပ်သွားတာကို မြင်ပြီးတဲ့နောက် စိတ်သက်သာရာ ရသွားကြတယ်။
"ခေါင်းဆောင်တွေကလည်း ကျွန်တော်ရဲ့ တုံ့ပြန်မှုကမြန်ပြီး လက်အား ကောင်းတယ်လို့ ပြောရင်း ရယ်မောနေကြတယ်။
တကယ်တော့ ကျွန်တော်က သိပ်ပြီး အားမကောင်းဘူး။ မြွေခေါင်းကို ဘယ်လိုဖြတ်မိလိုက်လဲ ဆိုတာကိုလည်း မသိခဲ့ဘူး။
ဒါပေမယ့် နောက်တော့ တစ်ယောက်ယောက်ကို မြွေကို ဖယ်ခိုင်းလိုက်တယ်။
အလုပ်သမားတစ်ယောက်က ဒီမြွေက ပန်းမြွေဖြစ်ပြီးတော့ စားလို့ရတယ်လို့ ပြောတယ်"
"မြွေက တော်တော်လေး ကြီးတဲ့အတွက် သူတို့စားချင်ရင်လည်း စားကြပါစေဆိုပြီး ယူသွားခိုင်းလိုက်တယ် အဲဒီနေ့ ကျွန်တော့် အလုပ်သမားတွေ ပျော်ပျော်ကြီး စားသောက်ကြတယ်လို့ ကြားရတယ်"
မစ္စတာဝမ်က အဲဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေကိုပြောပြခဲ့တယ်။ ကျန်းရီက နားထောင်ပြီးနောက် "ဘယ်သူတွေစားခဲ့တာလဲ? လောင်ကော် စားခဲ့လား?" လို့မေးလိုက်တယ်။
"ကျွန်တော်မစားခဲ့ဘူး။ လောင်ကျန်း၊ ရှောင်ကျန်း၊ လောင်လူ နဲ့ ရှောင်ဝူ တို့ အားလုံးစားခဲ့တာ! ဝူအားဖူ နဲ့ ဝမ်ကျိုင်းကော်တို့လည်း စားခဲ့သေးတယ်!"
လောင်ကော်က ဒီအချိန်မှာ အလျှင်အမြန်ပဲ ဖြေလိုက်တယ်။ ကျန်းရီက တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ် "အဲဒီနေ့က မြွေကို စားခဲ့တဲ့သူက ခြောက်ယောက် ရှိတယ်မလား?" လို့မေးလိုက်တယ်။
"ဟုတ်တယ်၊ စတွင်မာ ဒီကိစ္စတွေက အဲ့ဒီမြွေစားလို့ ဖြစ်တာလား?"
"အခုထိတော့ သေချာမပြောနိုင်သေးဘူး။ ဒါပေမယ့် ရှေးယခင်ကတည်းက အိမ်တွင်းမြွေတွေကို မသတ်ရဘူးဆိုတဲ့ အယူအဆရှိခဲ့တယ်။
တချို့က အိမ်တွင်းမြွေတွေက ကြွယ်ဝ ချမ်းသာ စေတယ်လို့ပြောကြတယ်။ မြင်လိုက်ရတာနဲ့ ဝမ်းသာသင့်တယ် မနှင်ထုတ်ရဘူး
တချို့ကလည်း အိမ်တွင်းမြွေတွေက ဆုံးသွားတဲ့ ဆွေမျိုးတွေရဲ့ အသွင်ဆောင်တယ်လို့ဆိုကြတယ်။
အယူအဆအမျိုးမျိုးရှိပေမယ့် အမှန် ဟုတ် အဟုတ် ဆိုတာကို ဘယ်သူမှ အတည်ပြုနိုင်ခဲ့ကြတာ မဟုတ်ဘူး။ ဒါကြောင့် ဒီမြွေကြောင့်လားဆိုတာ ပြောဖို့က မဖြစ်နိုင်ဘူး။
ဒါအပြင်ကို အဲဒီအချိန်တုန်းက အဲ့နေရာက ဖြိုချထားတာ တော်တော် ကြာနေပြီထင်တယ်"
"ဟုတ်တယ်၊ တစ်လနှစ်လလောက် ကြာနေပြီ၊ ဒါကြောင့် အိမ်တွင်းမြွေလို့ ခေါ်ဖို့မသင့်တော့ဘူး"
"မစ္စတာဝမ် အဲဒီဖြစ်ရပ်မဖြစ်ခင်က သင့်မိသားစုထဲမှာ ဆွေမျိုး တစ်ယောက်ယောက်ဆုံးသွားခဲ့ဖူးလား?"
ကျန်းရီကမေးလိုက်တော့ မစ္စတာဝမ် က ခဏစဉ်းစားပြီးနောက် "ရှိတယ်..."
"ဒါဆို ဆွေမျိုးဆုံးသွားတဲ့အခါ သူ့ရဲ့ ဈာပနကြည့်ဖို့ ပြန်သွားခဲ့ဖူးလား?သေချာစဉ်းစားကြည့်ပါ၊ အဲဒီညမှာ တခြား ဘာတွေဖြစ်ခဲ့သေးလဲ? ကျွန်တော် လိုချင်တာက အမှန်တရား၊ ဒါမှမဟုတ် အဲဒီအချိန်တုန်းက ခင်ဗျား သတိမထားမိပဲ နေခဲ့လိုက်မယ်။ အခုချိန် စဉ်းစားကြည့်လိုက်ရင် တစ်ခုခု မှားနေတာမျိုးပေါ့ "
ကျန်းရီက လမ်းညွှန် မေးလိုက်တယ်။ မစ္စတာဝမ် က နက်နက်ရှိုင်းရှိုင်းကို စဉ်းစားနေခဲ့တယ်။ တဖြည်းဖြည်းနဲ့ မြင်ယောင်လာတဲ့ ဖြစ်ရပ်တွေရှိလာခဲ့တယ်။
"ဆုံးသွားတဲ့သူက ကျွန်တော့် ဝမ်းကွဲအစ်ကိုတစ်ယောက်ပါ။
သူက ကျွန်တော့်ထက် အသက် တော်တော် ကြီးတယ်။
သူဆုံးသွားတဲ့အချိန်မှာ အသက် ၇၀ ကျော်နေပြီ။
အသုဘ ရက်က အတော်ကြာတယ်၊ တစ်ပတ်လောက် ကြာတယ်။
ကျွန်တော်က တတိယနေ့မှာ သူတို့ အိမ်ကို ရောက်ခဲ့တယ်။
ကျွန်တော် ရောက်တဲ့အချိန်မှာ ညနေခင်းဖြစ်နေပြီ။
နေသာတဲ့ နေ့ဖြစ်ပေမယ့် ညနေခင်း မိုးတိမ်တွေက အနီရောင်ရင့်ရင့်နဲ့ ထူထဲနေပြီး အလွှာလိုက်ဖြစ်နေတယ်"
"ကျွန်တော်က မြို့မှာ အချိန်အတော်ကြာနေထိုင်ခဲ့တယ်၊ ဒါပေမယ့် ဝမ်းကွဲအစ်ကိုမိသားစုက ကျေးရွာမှာနေထိုင်တယ်။
အသုဘက ကျွန်တော့် အကြီးဆုံးတူရဲ့ အိမ်မှာလုပ်တာ၊ ဘာလို့လဲဆိုတော့ ဝမ်းကွဲအစ်ကိုက အဲဒီအိမ်မှာဆုံးသွားလို့ပါ။
ကျွန်တော်က ငွေ ရှာနိုင်တော့ မိသားစုဝင်တွေ အတွက် ခြံဝင်းနဲ့ အိမ်တစ်လုံးစီ ဆောက်ပေးခဲ့တယ်။ စျာမနက ခြံဝင်းထဲမှာ လုပ်ခဲ့တယ်"
"ပူဇော်ပသမှုတွေ ပြီးသွားတဲ့အခါ ကျွန်တော်က ဝမ်းကွဲအစ်မကို သွားတွေ့ခဲ့တယ်။ ကျွန်တော်က အများကြီး ကူညီပေးခဲ့တာကြောင့်လားမသိ၊ သူတို့မိသားစုက ကျွန်တော့်ကို အမြဲ ကျေးဇူးတင်နေကြတယ်။ ဒါကြောင့် ဝမ်းကွဲအစ်မကို နှစ်သိမ့်ပေးတဲ့အခါ သူမက ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်း 'အစ်ကိုမသေသင့်ဘူး၊ တကယ်ပဲ မသေသင့်ဘူး' လို့ပြောနေခဲ့တယ်"
"ကျွန်တော် အဲ့ဒါကို ကြားတဲ့အခါ သူမ လက်မခံနိုင်သေးဘူးလို့ပဲ ထင်မိတယ်။ ဘာလို့လဲဆိုတော့ ဝမ်းကွဲအစ်ကိုက အသက် ၇၀ ပဲရှိသေးတယ်၊ ဒီခေတ်မှာတော့ အသက်ရှည်ရှည် နေရသေးတဲ့အရွယ်ပါ။
'ဒါဆို မင်းရဲ ဝမ်းကွဲအစ်ကိုက ဘာဖြစ်ခဲ့တာလဲ?'
'ဖျားနာတာ၊ အိပ်ရာထဲက နိုးမလာဘဲ အိပ်ပျော်နေရာကနေ တစ်ခါတည်း ထွက်သွားခဲ့တာ"
ကျန်းရီက မစ္စတာဝမ်ကို ဆက်ပြောဖို့ အချက်ပြလိုက်တယ်။
"ဝမ်းကွဲအစ်မက အရမ်း ဝမ်းနည်းနေတယ်။ ကျွန်တော်ကလည်း လူသေပြီးရင် ပြန်ရှင်လာနိုင်တာ မဟုတ်ဘူးလို့ နှစ်သိမ့်ပေးခဲ့တယ်။
ဒါပေမယ့် သူမက ဝမ်းကွဲအစ်ကိုသေတာ မတရားဘူးလို့ အထပ်ထပ်ပြောနေခဲ့တယ်။
နောက်ပိုင်းမှာ ရွာက အကြီးအကဲတွေ ရောက်လာတော့ ကျွန်တော်က သူတို့ကို ကြိုဆိုရတယ်။
ကျွန်တော်က ရွာသူရွာသားတွေရဲ့ အတင်းအဖျင်း ပြောတာတွေ မခံချင်လို့ ကျေးလက်ကို ပြန်တဲ့အခါတိုင်း သတိကြီးကြီးထားပြီး ဘယ်သူ့ကိုမှ မမှားမလုပ်မိခဲ့ဘူး၊ နှိမ့်နှိမ့်ချချနဲ့ အမြဲနေတယ်။ ငွေရှိတယ် ဆိုတာနဲ့ ဟိတ်ဟန် ကြီးတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး"
"ဒါက ကျွန်တော့်ရဲ့ စရိုက်နဲ့လည်း သက်ဆိုင်နေမယ် ထင်တယ်။
ဘာပဲဖြစ်ဖြစ် ဝမ်းကွဲအစ်မပြောတဲ့စကားကို သိပ်ပြီး ဂရုမထားမိဘူး။
ညအထိ ကြာသွားတယ်။
အရင်နှစ်တွေတုန်းက ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကို အရမ်းဂရုစိုက်ခဲ့တာကြောင့် အဲဒီညမှာ သူ့အတွက် ထိုင်စောင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်း ထိုင်စောင့်တာမဟုတ်ဘူး။
သူ့သားတွေနဲ့ အတူ ကျွန်တော့်ဆီကနေ ငွေအနည်းငယ်ရဖို့အတွက်လာတဲ့ ရွာက လူငယ်တချို့လည်းပါတယ်။
လူအများကြီးက ဖဲရိုက်ဖို့ အော်နေကြတယ်၊ ဒါပေမယ့် ကျွန်တော် မပါခဲ့ဘူး"
"သူတို့တွေက အပြင်မှာဖဲကစားနေတုန်း ကျွန်တော်က ရေခဲအခေါင်းနားမှာ တစ်ယောက်တည်း ထိုင်နေလိုက်တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်နေမှန်းမသိဘူး။ ဖြစ်နိုင်တာက ငယ်ငယ်တုန်းက ဖျားနာခဲ့တုန်းက ဆောင်းတွင်းကြီးမှာ ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကို ဆယ်မိုင်ကျော်လောက် ကျောပိုးပြီး ဆရာဝန်ရှာဖို့ သယ်သွားခဲ့ရတာမျိုးတွေ ကြောင့်လားမသိဘူး သူ့ကို တကယ်တမ်း တွေ့ချင်ခဲ့တယ်"
"ရေခဲအခေါင်းကို ဖုံးထားတဲ့ အမဲရောင်အထည်ကိုမ တင်လိုက်ပြီး ဝမ်းကွဲအစ်ကိုကို သေသေချာချာကြည့်လိုက်တယ်။
အဲဒီအချိန်မှာတော့ သူတကယ်ကို အိုမင်းနေပြီး ပိန်လှီနေပြီဆိုတာ သိလိုက်ရတယ်။
ငယ်ငယ်တုန်းကလို လေထဲမှာ လွင့်နေသလို မြန်မြန်လမ်းလျှောက်နိုင်တဲ့သူ မဟုတ်တော့ဘူး။
သူ့ကိုကြည့်ရင်း ငိုချင်လာတယ်။
သူ့ကိုကြည့်ရင်းနဲ့ ငယ်ငယ်တုန်းက သူကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အကြောင်းတွေကို ပြောပြရင်း ပြန် ရယ်နေမိတယ်"
"ဒါပေမယ့် ကျွန်တော်ခေါင်းကို ဘေးကိုလှည့်လိုက်ပြီး မျက်ရည်တွေ သုတ်လိုက်တဲ့အချိန်မှာ သက်ပြင်းချသံ တစ်ချက်ကြားလိုက်ရတယ်။ ဒီလိုမျိုးပါ ရင်ထဲမှာ အများကြီး မျိုသိပ်ထားသလို ဖြစ်နေပြီး အဲဒီအချိန်မှပဲ လေးလံတဲ့ သက်ပြင်းချသံ တစ်ချက် ထွက်လာသလိုပဲ!"
"ဒါပေမယ့် အသံတကယ်မထွက်ခဲ့ဘူး။
ကျွန်တော် မှားကြားမိတာလားလို့ ထင်မိခဲ့တယ်၊ နှလုံးခုန်နှုန်းက တစ်ချက်လောက် ရပ်သွားခဲ့တယ်။
တကယ်တော့ အဲဒီအချိန်မှာ နည်းနည်း ကြောက်နေခဲ့တယ်၊ ဒါပေမယ့် ကြောက်ပြီးတဲ့နောက်မှာ နည်းနည်းလေး အပြစ်ရှိသလိုခံစားရတယ်။
ရေခဲအခေါင်းထဲမှာ လှဲနေတဲ့သူက ကျွန်တော့်ဝမ်းကွဲအစ်ကို ၊ သူ သေဆုံးသွားပြီ။
သူ့မျက်နှာက ကြောက်စရာ ကောင်းနေပေမယ့် သူကျွန်တော့်ကို ဘယ်လိုလုပ်ဒုက္ခပေးနိုင်မှာလဲ? ဒါကြောင့် စိတ်ထဲမှာ ပဋိပက္ခဖြစ်နေခဲ့တယ်၊ သူ့ကို အများကြီး ထပ်ပြောချင်ပေမယ့် အဆုံးမှာတော့ ကြောက်လို့ ရေခဲအခေါင်းကို ပြန်ဖုံးလိုက်တယ်"
"ဒါပေမယ့် ဖုံးပြီးတဲ့နောက်မှာလည်း ရေခဲအခေါင်းထဲမှာ လှဲနေတဲ့ ဝမ်းကွဲအစ်ကိုရဲ့ ပုံရိပ်က စိတ်ထဲမှာ အမြဲရှိနေခဲ့တယ်။
အရေးကြီးဆုံးက အဲဒီပုံရိပ်ထဲမှာ သူ့မျက်လုံးတွေ ပွင့်နေသလို ဖြစ်နေတယ်။
ကျွန်တော်တကယ်စပ်စုမိလိုက်တယ်... တကယ်ပဲ... တကယ်ပဲ ရေခဲအခေါင်းကို ပြန်ဖွင့်ပြီး အတွင်းထဲက ဝမ်းကွဲအစ်ကိုရဲ့ မျက်လုံးဖွင့်ထားလားဆိုတာ ကြည့်ချင်နေမိခဲ့တယ်၊ ဒါပေမယ့် အဆုံးမှာတော့ မကြည့်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒါမျိုးတွေးနေတာကိုက မလေးစားရာကျတယ်လို့ သိလို့ပါပဲ"
"ကျွန်တော်ဖိနှိပ်ထားလေ၊ ပိုပြီး စပ်စုချင်လာလေပဲ၊ တစ်ညလုံး ကျွန်တော် ခံစားနေရတာက ရေခဲအခေါင်းထဲမှာ လှဲနေတဲ့ ဝမ်းကွဲအစ်ကိုက မျက်လုံးဖွင့်ထားရုံတင် မကဘူး၊ စိတ်ထဲမှာတောင် သူ့မျက်လုံးတွေ လှုပ်ရှားနေတယ်လိုခံစားနေရတယ်။"
"ညနက်လာလေ ပိုကြောက်လာလေပဲ၊
နံနက် ၂ နာရီလောက်ဖြစ်မယ်ထင်တယ်၊ အမွှေးတိုင်လဲဖို့ အချိန်ရောက်လာခဲ့တယ်။
အဲဒီအချိန်မှာ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေက အတူတူ ကုန်သွားလောက်ပြီ။
ကျွန်တော်ဖယောင်းတိုင်ကိုကိုင်ပြီး ဈာပနခန်းရှေ့မှာမတ်တပ်ရပ်ကာ မီးထွန်းနေတုန်း နောက်ကနေ ဝမ်းကွဲအစ်မက မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာနဲ့ရပ်နေတာကိုတွေ့လိုက်ရတယ်"
"အဲဒီအချိန်မှာ သူမမျက်နှာက အရမ်းပင်ပန်းနွမ်းနယ်နေပေမယ့် မျက်လုံးတွေက အဝိုင်းကြီး ပြူးကျယ်နေတယ်။ ကျွန်တော် နောက်လှည့်လိုက်တဲ့အချိန်မှာ သူမက ကျွန်တော့်နဖူးကိုရိုက်လိုက်တယ်။ အရမ်းနာတယ်၊ ဒါပေမယ့် ဝမ်းကွဲအစ်မကိုတော့ ဒေါသမထွက်ခဲ့ဘူး၊ 'ဘာဖြစ်တာလဲ အစ်မ?' လို့မေးလိုက်တယ်"
"ဝမ်းကွဲအစ်မက မျက်လုံးအပြူးသားနဲ့ ကြည့်နေပြီး ဝမ်းကွဲအစ်ကိုရဲ့ ရေခဲအခေါင်းကို လမ်းလျှောက် တုတ်နဲ့ သုံးချက်ရိုက်ပြီးနောက် ခါးကုန်းကုန်းကြီးနဲ့ ထွက်သွားခဲ့တယ်"