မသေခင် ဖက်ခဲ့ခြင်း
Vol. 15 Ch. 207
မစ္စတာဝမ် ထိုဖြစ်ရပ်အကြောင်း ပြောပြသည့်အခါ သူဝမ်းကွဲအစ်မရဲ့ ထူးဆန်းသော အပြုအမူများမှအပ၊ အခြား အံ့သြစရာတွေက မရှိသလောက်ပင် ဖြစ်သည်။
ထိုသက်ပြင်းချသံက ပြောရရင် စိတ်ထဲမှဖြစ်သည့် အာရုံထွေပြားခြင်းသာ ဖြစ်နိုင်သည်။
ရေခဲအခေါင်းအတွင်း လဲလျောင်းနေသော ဝမ်းကွဲအစ်ကိုက မျက်လုံးဖွင့်ခဲ့သလား၊ သူ၏မျက်ဆန်များ ရွေ့ခဲ့တာလား ဆိုသည်က မစ္စတာဝမ်ရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်မှုတွေသာ ဖြစ်နိုင်သည်။
သို့သော် ဝမ်းကွဲအစ်မရဲ့ မျက်လုံးများကို ပြူးနေအောင်ဖွင့်ကာ တုတ်တစ်ချောင်းဖြင့် ရေခဲအခေါင်းကို သုံးကြိမ်ခေါက်တာတွေ၊ မစ္စတာဝမ် ရောက်လာတဲ့အခါတုန်းက "ကျွန်မခင်ပွန်း မသေသင့်ဘူး" ဟု ပြောခဲ့သည့် စကားကို သတိရမိလိုက်သည်။
ဤအရာအားလုံးကို ဆက်စပ်ကြည့်ပြီး နက်နက်နဲနဲ စဉ်းစားလိုက်သည့်အခါ တစ်စုံတစ်ရာ ကြောက်စရာကောင်းသည့် ခံစားချက်မျိုး ရလာခဲ့သည်။
သူမက ဘာကြောင့် ဤစကားများကို ပြောခဲ့သနည်း။
မစ္စတာဝမ်ရဲ့ ဝမ်းကွဲအစ်ကို သေဆုံးရတဲ့ အခြားအကြောင်းရင်း တစ်စုံတစ်ရာများ ရှိနေသလား။
သူမက အဘယ်ကြောင့် ရေခဲအခေါင်းကို ခေါက်ခဲ့သနည်း။ ရေခဲအခေါင်းအတွင်းရှိ ဝမ်းကွဲအစ်ကို သည် တကယ်ပင် မျက်လုံးဖွင့်ကာ မျက်ဆန်များ ရွေ့လျားနေခဲ့သလား?။
သို့မဟုတ် ခင်ပွန်းသည်၏ ဝိညာဉ်ကို အေးချမ်းစွာ နားခိုစေရန် ရည်ရွယ်ချက်ဖြင့် ခေါက်ခဲ့ခြင်းလား?
ထို့အပြင် ဝမ်းကွဲအစ်မက မစ္စတာဝမ်ရဲ့ နဖူးကို ရိုက်ခဲ့သည်မှာ ဘာကြောင့်လည်း?
မစ္စတာဝမ် သူ့ဘာသာသူ တွေးမိပြီး ကြောက်စိတ်များ ဖြစ်လာခဲ့သည်။
“စတွင်မာ ကျန်း၊ ကျွန်တော်..."
စကားမဆုံးသေးမီ၊ ကျန်းရီက "ဝမ်းကွဲအစ်မကို အရင်မေးဖို့ မလောပါနဲ့။ ဒါပေမယ့် ဒီမှာ တစ်ခုခုကတော့ ပြဿနာရှိနေတယ်ဆိုတာ သေချာတယ်။
ကျွန်တော်သိချင်တာက ဝမ်းကွဲအစ်ကို သေဆုံးတဲ့အချိန်နဲ့ ပထမဆုံး မတော်တဆဖြစ်သူ သေဆုံးချိန်ကြား ဘယ်လောက်ကွာခြားသလဲဆိုတာပဲ၊ ဆိုလိုတာက လောင်းကျန်းနဲ့ ဝမ်းကွဲအစ်ကိုကြား ရက်ဘယ်လောက် ကွာခြားလဲ"
"သိပ်မကြာပါဘူး၊ ဆယ်ရက်၊ ရက်နှစ်ဆယ် လောက်ပါပဲ"
"လောင်ကော်၊ လောင်းကျန်း မတော်တဆဖြစ်တဲ့ညက သူ့မှာ တစ်စုံတစ်ခု မူမမှန်တာ တွေ့ခဲ့သေးလား" ဟု ကျန်းရီက ထပ်မေးလိုက်သည်။
လောင်းကောင်းက ခဏလောက် တွေးလိုက်ပြီး "မရှိပါဘူး၊ ကျွန်တော်တို့က အလုပ်အမျိုးအစားလည်း မတူကြဘူး။ အလုပ်အားချိန်မှလွဲပြီး တခြား အချိန်တွေမှာ အတူမရှိကြဘူး"
"သင်တို့နှစ်ယောက်ထဲက လောင်းကျန်းမိသားစုရဲ့ ဖုန်းနံပါတ် ရှိရင် အွန်လိုင်းကနေ ပို့လိုက်ပါ။ မစ္စတာဝမ် ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို အရင် ဝင်လိုက်ပါ။ ကျွန်တော့်နာမည် ရိုက်ရှာရုံနဲ့ ဝင်လို့ရပါတယ် "
မစ္စတာဝမ် လွယ်ကူစွာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ဝင်လာခဲ့သည်။ အဖြူရောင် ရှပ်အင်္ကျီဝတ်ထားပြီး၊ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်နေကာ ဆံပင်ထဲတွင်လည်း အဖြူရောင်များ ရောနေသည်။
လောင်ကော်က ကျန်းရီသို့ ဖုန်းနံပါတ် ပေးပို့လိုက်ပြီး၊ ကျန်းရီက ဖုန်းခေါ်ဆိုခဲ့သည်။ ဤသည်မှာ လောင်းကျန်း ဇနီး၏ ဖုန်းနံပါတ်ဖြစ်သည်။
ဖုန်းကိုင်လိုက်သည်နှင့် ကျန်းရီက "မင်္ဂလာပါ၊ ဒီဖုန်းနံပါတ်က မစ္စတာကျန်း ဇနီး၊ မစ္စဟန် ဖြစ်ပါသလား" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မပါ။ ဘယ်သူလဲ"
ထိုအချိန်တွင် မစ္စတာဝမ် ပြောလိုက်သည်။ "ရှောင်ဟန်ရေ ငါ ဝမ်တခိုင်ပါ။ မင်းကိုဖုန်းဆက်နေတဲ့ မစ္စတာကျန်းက အလွန်ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်ပါ။ ငါတို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖြစ်နေတဲ့အရာတွေကို သိချင်တယ်။ သူမေးသမျှကို အကုန် ဖြေပေးလိုက်ပါ"
"အဲ...အိုကေ၊ ကျွန်မ...ကျွန်မ ပူးပေါင်းဆောင်ရွက်ပါ့မယ်"
ဖုန်းရဲ့ အခြားဘက်မှ အမျိုးသမီးသည် အလွန်ရိုးသားဟန်ရှိပြီး၊ အနည်းငယ် ကြောက်ရွံ့နေပုံရသည်။
ကျန်းရီက အသံအေးအေးဖြင့် "အစ်မဟန်၊ ကျွန်တော့်နာမည် ကျန်းရီပါ။ အစ်ကိုကျန်း မတော်တဆ ဖြစ်ခါနီး ရက်တွေမှာ တစ်စုံတစ်ရာ ထူးဆန်းတဲ့ လက္ခဏာတွေ ရှိခဲ့သလား။ ဒါမှမဟုတ် အစ်မအိမ်မှာ တစ်စုံတစ်ရာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိခဲ့သေးလား" ဟု မေးလိုက်သည်။
"အဲဒီလိုမျိုး မရှိခဲ့ဘူး ထင်တယ်။ အရာအားလုံး ပုံမှန်ပါပဲ။ ဒါပေမယ့် မတော်တဆဖြစ်တဲ့ညက ကျွန်မ အိမ်မှာ စိတ်က လွတ်တချက် မလွတ်တစ်ချက်နဲ့ စိတ်တိုနေခဲ့တယ်။ တစ်ခုခုက ဖြစ်တော့မယ်လို့ ခံစားနေရတယ်။
အဲဒီလိုမျိုးပါ"
"ဒါပဲလား?"
ကျန်းရီက လေးနက်စွာ မေးလိုက်သည်။ ဖုန်းရဲ့အခြားဘက်မှ လောင်းကျန်း၏ ဇနီးသည်က တစ်စုံတစ်ရာကို ထပ်မံပြီး မတွေးမိတော့တဲ့အတွက်။ ကျန်းရီက ထပ်မေးသည် " အစ်ကိုကျန်း တစ်စုံတစ်ခုကို ကောက်ယူခဲ့သေးလား"
"ရှိတယ်၊ ဖုန်းတစ်လုံး ကောက်ယူခဲ့တယ်။"
"ဘယ်လိုဖုန်းမျိုးလဲ"
"အနက်ရောင် ခေါက်ဖုန်းတစ်လုံးပါ။ လောင်းကျန်း အလုပ်ကပြန်တဲ့ညက သူ့အိတ်ထဲကနေ ထုတ်မိလိုက်တယ်။ အဝတ်လျှော်ဖို့ပါ။ အဲဒီဖုန်းက အရမ်းဟောင်းနေပြီ။ ဒါပေမယ့် ဖွင့်ကြည့်တဲ့အခါမှာ ဖွင့်လို့ရနေသေးတယ်။ ဖန်သားပြင်ပေါ်က ပုံက မျက်လုံးတစ်စုံပါ။ အဲဒီမျက်လုံးတွေထဲ ကြည့်ရတာ အလွန်ဆိုးယုတ်တဲ့ အပြုံးနဲ့တူနေတယ်"
"အဲ့ဒီအချိန် အစ်ကိုကျန်းက ဘာပြောခဲ့သလဲ"
"ကျွန်မက 'နင့်အိတ်ထဲမှာ ဖုန်းက ဘာလို့ရှိနေတာလဲ' လို့မေးတော့ သူက ရေချိုးနေတုန်းပါ။ ပြီးတော့ ထွက်လာပြီး 'လမ်းပေါ်က ကောက်လာမိတာပါ' လို့ပြောတယ်။
လောင်းကျန်းတို့က အလွန် စီးပွားရေး ကျပ်တည်းတယ်။ အဲဒီအချိန်က သူ့ဖုန်းကလည်း သိပ်မကောင်းဘူး။ ဒါကြောင့် သူက 'ကောက်မိပြီး ပြင်ပြီးသုံးလို့ရမလားလို့ ဆိုပြီး ယူလာခဲ့တာပါ' လို့ပြောတယ်။
ကျွန်မကလည်း 'ဒီဖုန်းရဲ့ ခလုတ်တွေ အားလုံး ပျက်နေတာပဲ။ ဘာမှသုံးလို့ မရတော့ဘူး' လို့ပြောခဲ့တယ်"
"လောင်းကျန်းက ပြုံးပြီး ဘာမှမပြောဘူး။ ကျွန်မ အဝတ်လျှော်ပြီးတဲ့နောက် အဲဒီဖုန်းကို အမှိုက်ပုံးထဲ ပစ်လိုက်တယ်။ ပြီးတော့ အဲဒီညမှာ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အဲဒီအိပ်မက်က ထူးဆန်းတယ်"
"ဟုတ်ကဲ့၊ အဲဒီအိပ်မက်အကြောင်း ပြောပြလို့ ရမလား?"
"အိပ်မက်ထဲမှာ အရမ်းမှောင်နေတယ်။ ဘာမှမမြင်ရဘူး။ ဒါပေမယ့် ကျွန်မ သတိထားမိသလောက်ကတော့ တစ်ယောက်ယောက်က ကျွန်မအိပ်ရာ အောက်ကနေ ထွက်လာခဲ့တယ်။ ပြီးတော့ အဲဒီမျက်လုံးတွေက ကျွန်မအိပ်ရာကို စိုက်ကြည့်နေသလို ခံစားရတယ်။ အဲဒီမျက်လုံးတွေက ဖုန်းထဲက အပြုံးနဲ့ ဆိုးယုတ်နေတဲ့ မျက်လုံးတွေလိုမျိုးပဲ"
"အိပ်မက်မက်နေတာ သေချာလား"
"ဟုတ်ကဲ့၊ အိပ်မက်ပါ"
"အဲဒီအချိန်က အစ်ကိုကျန်း လှုပ်ရှားခဲ့သေးလား"
"လှုပ်ရှားခဲ့တယ်
ကျွန်မ အဲဒီမျက်လုံးတွေကို ခံစားလိုက်ရတဲ့အချိန်မှာ သူက ကျွန်မကို ရုတ်တရက် ဖက်လိုက်တယ်။
အဲဒါကို ကျွန်မ အရမ်း ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတယ်။
ကျွန်တို့ လင်မယားနှစ်ယောက် အတူတူ နေခဲ့တာ နှစ်တွေကြာပြီ။
အစပိုင်း လက်ထက်ခါစ ချိုမြိန်တဲ့ အချိန်ကလွဲပြီး နေ့စဉ်ဘဝရဲ့ ပျင်းခြောက်ခြောက်တွေ ဖြစ်လာတော့ သူက ကျွန်မကို ထပ်မဖက်တော့ဘူး။
အဲဒီအချိန်မှာ ကျွန်မ 'ဒီလိုအိုကြီးက အိပ်မက်ထဲမှာပဲ ငါ့ကိုဖက်တော့တယ်' ဆိုတဲ့အတွေးမျိုး ရှိနေခဲ့တယ်"
"အစ်မ အိပ်မက်မက်နေတာဆိုရင်၊ အဲဒီလိုအတွေးမျိုး ဘာလို့ရှိနေရတာလဲ"
"ဒါမထူးဆန်းဘူးလား။ အိပ်မက်ထဲမှာ အိပ်မက်မက်နေတယ်လို့ မထင်မိတာပေါ့"
"ဒါဆို နောက်တစ်ခုမေးမယ်။ အစ်ကိုကျန်း အစ်မကို ဖက်တဲ့အချိန်မှာ သူ့ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ခံစားမိသလား"
"ခံစားမိတယ်။ သူ့မတော်တဆဖြစ်ခါနီး ညမှာ သူ့လက်မောင်းထဲက နွေးထွေးမှုကို ခံစားရတယ်"
"ဒါဆို အစ်မ အိပ်မက်မက်နေတာ မဟုတ်ဘူး။
အစ်မ နိုးနေတဲ့အချိန်မှာ တကယ်ပဲ မျက်လုံးတစ်စုံက အစ်ကိုကျန်းကို စောင့်ကြည့်နေတာ။
အစ်ကိုကျန်းက အိပ်နေတုန်းဖြစ်ပေမယ့်၊ သေဆုံးခါနီးညမှာ သူ့ရဲ့ မသိစိတ်က ဒါကို သိနေတယ်။
သူက အစ်မကို တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။
သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် လက်ထက်ပြီး အတူနေပြီးတဲ့နောက် သူက အစ်မကို ပိုပိုပြီး အကြွေးတွေ တင်နေတယ် ဆိုတာ သိနေတယ်။ ဒါကြောင့် သေခါနီးမှာ သူ့ချစ်သူကို ဖက်ချင်ခဲ့တာဖြစ်မယ်"
ကျန်းရီ ပြောပြီးနောက်၊ ဖုန်းအခြားဘက်မှ မစ္စဟန်သည် တိတ်ဆိတ်သွားခဲ့သည်။
စက္ကန့်အနည်းငယ်အကြာတွင်၊ အမျိုးသမီးတစ်ဦး၏ ငိုသံကို ကြားလိုက်ရသည်။ အစက ဖိနှိပ်ထားသော ငိုသံဖြစ်ပြီး၊ နောက်ဆုံးတွင် လုံးဝ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာခဲ့သည်။
"အစ်မဟန် ဒီအချက်တွေကို ပြောပြရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိတယ်။ လူတွေက အရာအားလုံးထဲမှာ စိတ်အဝိညာဉ် အပြည့်ဆုံးဖြစ်တယ်။ ဒါကြောင့် ဒီကမ္ဘာရဲ့ အဓိကကျတဲ့သူတွေ ဖြစ်လာတာ။ တချို့လူတွေက သေခါနီးမှာ သတိပေးချက်တွေ ဘာတွေမရှိဘူး။ ဒါပေမယ့် တချို့က ရှိတယ်။ အဲဒီ ဖက်ခြင်းက တကယ်ပဲ အိပ်မက် မဟုတ်ဘူး"
"ကျွန်မ...ကျွန်မ...ဝူး…ဝူး…"
လောင်းကျန်း၏ ဇနီးသည် ငိုနေခဲ့ပြီဖြစ်သည်၊ စကား မပြောနိုင်တော့ပေ။
ကျန်းရီက "အစ်မဟန် အစ်မ ပျော်ရွှင်သင့်တယ်။
အစ်မ ခင်ပွန်းက အစ်မကို လျစ်လျူမရှုခဲ့ဘူး။
သူသိတယ်။ ညတိုင်း သူအလုပ်ကနေ နောက်ကျပြီး ပြန်လာတိုင်း၊ အမြဲတမ်း ညစာ ချက်ပြုတ်ပေးတဲ့သူ၊ အဝတ်လျှော်ပေးနေတဲ့ သူ တစ်ယောက် ရှိတယ်ဆိုတာကို။
သူမသေခင်လေးမှာ အစ်မကို နွေးနွေးထွေးထွေး ဖက်ပေးဖို့ အကြွေးတင်နေတယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် ဝမ်းနည်းမနေပါနဲ့။
အစ်မပေးတဲ့ အချက်အလက်တွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။
အစ်မ အဆင်ပြေရင် ကျွန်တော့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ဝင်လာခဲ့ပါ။ အစ်ကိုကျန်း သေဆုံးရခြင်းရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့ ကျွန်တော် ကူညီပေးပါ့မယ်။ ဟုတ်ပြီလား?"
"ဟုတ်...ဟုတ်ကဲ့...ကျွန်မ မင်းစကားကို နားထောင်ပါ့မယ်။ ကျွန်မ သေသေချာချာ စဉ်းစားကြည့်တော့...အဲဒီညက အိပ်မက်မက်နေတာ မဟုတ်ဘူး။ တကယ်ဖြစ်နေတာပါ။ အိပ်မက်ဆိုရင် ဒီလောက်ထိ ရှင်းရှင်းလင်းလင်း ဘာလို့ မှတ်မိနေရမှာလဲ"
"ကောင်းပြီ၊ ဒါဆို အခြားသေဆုံးသွားတဲ့ ညီအစ်ကိုတွေရဲ့ မိသားစုဝင်တွေရဲ့ ပြောစကားကို နားထောင်ကြရအောင်"