← Chapters

မျက်လုံး

Vol. 15 Ch. 208

မျက်လုံး

Vol. 15 Ch. 208

ကျန်းရီက လောင်ကော်ကို လောင်လူရဲ့ မိသားစု ဖုန်းနံပါတ်ကို ပေးပို့ခိုင်းခဲ့သည်။ မစ္စတာဝမ်ကိုလည်း အရင်ဆုံး မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့သည်။ အခြားတစ်ဖက်မှ သူက နားလည်သွားပြီးနောက် ကျန်းရီက စတင်ပြောခဲ့သည်-

"ဦးလေးလူ၊ အစ်ကို လူ မတော်တဆ မဖြစ်ခင် သူ့မှာ ထူးဆန်းတာတွေများ ရှိခဲ့သေးလား?"

ဖုန်းရဲ့ တစ်ဖက်က ဒုတိယသေဆုံးသွားတဲ့ လောင်လူရဲ့ အဖေဖြစ်သည်။ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည်။ ဒါပေမယ့် သူ့သားအကြောင်းပြောရာတွင် နှလုံးမသာမခံ ဖြစ်နေဆဲဖြစ်သည်။

"ဘာသတိပေးချက်မှ မရှိဘဲ၊ လူကောင်းတစ်ယောက်က လှေကားပေါ်ကနေ လဲကျပြီး သေသွားခဲ့တယ်။

ငါ့သားလေး... ငယ်ငယ်တုန်းက သူ့ကို ကောင်းကောင်းမွန်မွန် မပြုစု မစောင့်ရှောက်နိုင်ခဲ့ဘူး။

ငါ အသုံးမကျလို့ပါ။

ငါသာ အသုံးကျခဲ့ရင် သူ့ကို ပိုပြီး ချမ်းချမ်းသာသာ ထားခဲ့ရင်၊ နေရောင်အောက်မှာ အလုပ်လုပ်စရာမလိုဘဲ၊ အသက်နဲ့လဲပြီး ပိုက်ဆံရှာစရာ မလိုဘဲ၊ အဲဒီလိုမျိုး အဆုံးသတ်ခဲ့မှာမဟုတ်ဘူး။

လက်ချောင်းထက်ပိုထူတဲ့ သံတိုင်တစ်တိုင်က သူ့နှလုံးသားထဲကို စိုက်ဝင်သွားတယ်။

သူဘယ်လောက်ထိ နာကျင်နေခဲ့မလဲ!"

ဖုန်းရဲ့တစ်ဖက်က ဦးလေးလူရဲ့ စကားကြောင့် ကြားရသူတိုင်းရဲ့ နှလုံးသား နာကျဉ်သွားခဲ့ကြသည်။

ကလေးက အရွယ်ဘယ်လောက် ရောက်ရောက်၊ အဖေ့တွေရဲ့ နှလုံးသားထဲမှာတော့ အမြဲသူ့ကလေးပါပဲ။ ဒီသံတိုင်တွေမရှိရင်တောင် သူ အသက်မရှင်နိုင်ဘူးဆိုတာ အားလုံးသိကြပါတယ်။

ဒါပေမယ့် သံတိုင်တွေ ရင်ဘတ်ထဲ ဖောက်ဝင်ပြီး နှလုံးသားကို ထိုးဖောက်သွားတဲ့ ခံစားချက်ကို တွေးမိကြတဲ့အခါ အားလုံးဟာ ကြမ်းကြုတ်မှုဆိုတာ ဘယ်လိုအရာလဲဆိုတာ သိသွားခဲ့ကြသည်။

" ဦးလေးကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ် ဦးလေးလူ၊ "

"အိုး... ငါတို့သားအဖက စကားပြောဖို့ အကြောင်းအရာ သိပ်မရှိဘူး။ သူက အစောပိုင်း နှစ်တွေတုန်းက အိမ်ထောင်ကွဲခဲ့ပြီး ကလေးတွေကို တစ်ယောက်တည်း ပြုစု စောင့်ရှောက်ခဲ့တယ်။ အခုကလေးတွေက အခြားနေရာတွေမှာ အလုပ်လုပ်နေကြတယ်။ မင်းမေးရင်တောင် ငါမသိဘူး"

ဦး​လေးလူပြောတာကို ကျန်းရီက ကောင်းကောင်းနားလည်ခဲ့သည်။

"အိုကေ ဦးလေးလူ၊ စောစောအနားယူပါ"

"ခဏ လူငယ်လေး... ငါ့သားရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အရမ်းကြမ်းတမ်းလို့ သေဆုံးတာလား? အဲ့ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လူအချို့သေဆုံးခဲ့တယ်ဆိုတာ ငါသိတယ်။

ဟူး…မစ္စတာဝမ်က လူကောင်းပါ၊ မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့်

စုံစမ်းစစ်ဆေးမှုက ရဲတွေက လုပ်မှာပဲလေ? မစ္စတာဝမ်ကို အပြစ်မတင်ပါနဲ့!"

ဦးလေးလူရဲ့ စကားက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက မစ္စတာဝမ်ကို မျက်ရည်များ ကျစေခဲ့သည်။

ဖုန်းချလိုက်ပြီး ရှောင်ဝူရဲ့ မိသားစုကိုလည်း ထပ်ဆက်သွယ်ခဲ့သည်။

ဖုန်းကို ကိုင်ခဲ့တဲ့ သူက ရှောင်ဝူရဲ့ အမေ ဖြစ်ပြီး သူမက -

"ဘာမှ ထူးဆန်းတာမျိုး မရှိဘူးထင်တယ်။ မတော်တဆ မဖြစ်ခင် နှစ်ရက်လောက် ကတည်းက ကလေးက စကား သိပ်မပြောတော့ဘူး။ အခန်းထဲမှာပဲ သီးသန့်နေတယ်၊ ဂိမ်းဆော့တယ်၊ ဒါမှမဟုတ် အိပ်ယာပေါ်မှာ ငေးငိုင်နေတယ်။"

"ရှောင်ဝူ မတော်တဆ မဖြစ်ခင် စိတ်ဓာတ်ကျနေတယ်လို့ ဆိုလိုတာလား?"

"ဟုတ်တယ်၊ ဘယ်သူနဲ့မှ စကားမပြောချင်ခဲ့ဘူး၊ ဒါပေမယ့် အလုပ်သွားရမယ့်အချိန်ဆို အလုပ် သွားတယ်။

အိုး… မှတ်မိသေးတယ်၊ မတော်တဆ မဖြစ်ခင် သူဟာ အစားကို သိပ်မစားခဲ့ဘူး။

သူက လုပ်နေတဲ့အလုပ်က ဆောက်လုပ်ရေးလေ ပြီးတော့ သူက ငယ်သေးတယ်။

ဒါကြောင့် တစ်နေ့တစ်နေ့ကို အစားအသောက်တွေကို အများကြီး စားနိုင်တယ်၊ ဒါပေမယ့် မတော်တဆ မဖြစ်ခင်မှာ သူ့အစားအသောက် ပမာဏက တစ်နေ့ထက်တစ်နေ့ နည်းလာတယ်"

"တစ်နေ့ထက်တစ်နေ့ နည်းလာတယ်?"

"ဟုတ်တယ်၊ အရင်က တစ်နေ့လုံးဆို သုံးပန်းကန်စားတယ်၊ ဒါတွေက ပန်းကန် သေးသေးလေးတွေ မဟုတ်ဘူး။ နောက်ပိုင်း နှစ်ပန်းကန်၊ တစ်ပန်းကန် ဖြစ်လာတယ်။ မတော်တဆ မတိုင်ခင် ပထမနေ့မှာတော့ ရေကလွဲပြီး ဘာမှ မစားတော့ဘူး။ အဲဒီတုန်းက ငါသတိမထားမိလိုက်ဘူး။ ဒါက အသက်ကြီးတဲ့လူတွေ သေဆုံးတဲ့ပုံစံနဲ့ တူနေတယ်လေ"

"လူတစ်ယောက် အစားမစားနိုင်ရင်၊ သူ့ရဲ့စွမ်းအင်နဲ့ အားအင်တွေအားလုံး ကုန်ခမ်းသွားမယ်။

နောက်ဆုံးမှာတော့ ဖြည်းဖြည်းချင်း သေဆုံးသွားမယ်။

ဒါက ငါ့ရဲ့ သားလေး ဖြစ်သွားတဲ့ပုံစံပဲ။

ငါ အရင်ကတည်းက နားလည်ခဲ့သင့်တာ။

အဲဒီတုန်းက ဘာလို့မသိခဲ့ရတာလဲ? အဲဒီတုန်းက သူ့ကို ထွက်လိုက်ဖို့၊ အဲ့ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဆက်မနေဖို့ ပြောခဲ့သင့်တာ!"

"ရှောင်ဝူက အဲဒီနည်းလမ်းကို ရွေးချယ်ခဲ့တဲ့ အချိန်မတိုင်ခင် တစ်ခုခုပြောခဲ့သေးလား?"

"ရှိတယ်၊ နှစ်ရက်လောက် သူအိမ်မှာ စိတ်ဓာတ်ကျနေတုန်း၊ သူ့မျက်နှာက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ညှိုးငယ်လာတယ်။ ဒါပေမယ့် ငါကြားနေရတာက သူအခန်းထဲမှာ စကားပြောနေတာပဲ၊ နဖူးကို ရိုက်နေပြီး 'သွားမယ်၊ သွားမယ်' ဆိုတာမျိုးတွေ ပြောနေတာ"

"ဘာပြောတာလဲ? ရှောင်ဝူက နဖူးကို ရိုက်နေတာလား?"

"ဟုတ်တယ်၊ အဲဒီတုန်းက ဘာဖြစ်နေမှန်း ငါမသိဘူး၊ သူ့ကိုမေးတော့လည်း ရှင်းရှင်းလင်းလင်း ဘာမှမပြောဘူး"

"ဟုတ်ပြီ ဒါဆို ရှောင်ဝူ မတော်တဆ မတိုင်ခင် ဖုန်းတစ်လုံး ယူလာခဲ့သေးလား?"

"အနက်ရောင် ခေါက်ဖုန်းလား?"

"ဟုတ်တယ်၊ မင်းမြင်ဖူးတယ်မလား?"

"မြင်ဖူးတယ်။ အလုပ်မလုပ်တဲ့ အဲဒီကာလတုန်းက သားလေးက အခန်းထဲမှာ အဲဒီဖုန်းကို တစ်ချိန်လုံး ဆော့နေတယ်။ ဖွင့်ကြည့်တော့ အဲဒီဖုန်းရဲ့ စခရင်မှာ ကြောက်စရာကောင်းတဲ့ မျက်လုံးတစ်စုံ ရှိနေတယ်!"

"အိုကေ၊ ကျွန်တော် နားလည်ပြီ"

ကျန်းရီက နှစ်သိမ့်စကား တချို့ပြောပြီး ဖုန်းချလိုက်တယ်။

ဖုန်းချပြီးနောက် သူက- "ဒီဖြစ်စဉ် တစ်ခုလုံးမှာ အရေးအကြီးဆုံးက ဖုန်းပဲ။

ဒါပေမယ့် အစဉ်လိုက်ဆိုရင်၊ အစ်ကိုကော် ဖုန်းမကောက်ခင်မှာ လောင်ကျန်း၊ လောင်လူ၊ ရှောင်ဝူ၊ ရှောင်ကျန်း တို့က အရင် တွေ့ရှိခဲ့တယ်။ သူတို့ ဖုန်းကို ကောက်ပြီးနောက် အချိန်အတော်ကြာမှ ဒါတွေက ဖြစ်လာခဲ့တယ်။

ဖုန်းက ရုတ်တရက် ပျောက်သွားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေလက်ထဲ ပြန်ပေါ်လာတယ်။

အစ်ကိုကော်လည်း အဲ့ဖုန်းကို မြင်ဖူးတယ်၊ ဒါပေမယ့် အစ်ကိုကော်က ဘာမှမဖြစ်သေးဘူး။

"ဒါကြောင့် ဒီညမှာ အဲဒီမျက်လုံးတွေက ဘယ်သူ့မျက်လုံးလဲဆိုတာ ရှာဖွေရမယ်။ အစ်မထန် မင်း ငါ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာလား?"

ကျန်းရီက မေးလိုက်တဲ့အခါ၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တစ်ဦးက "ရှိပါတယ်" လို့ပြန်ဖြေခဲ့တယ်။

"အစ်ကိုကော်၊ အဲဒီမျက်လုံးတွေက ဘယ်လိုပုံစံလဲဆိုတာ ရှင်းပြပါအုံး အဲဒီမျက်လုံးတွေက မျက်ဆန်ပဲလား၊ ဒါမှမဟုတ် မျက်လုံးတစ်ခုလုံးရဲ့ အလုံးစုံ ပုံသဏ္ဍာန်လား?"

"မျက်လုံးတစ်ခုလုံးပါ၊ ဒါမှမဟုတ်ရင် ပြုံးနေတယ်ဆိုတာ သိဖို့ခက်မယ်​လေ။ မျက်ခွံ နှစ်ထပ်ရှိတယ်။ အိုး..ဒါနဲ့ မှတ်မိသေးတယ်၊ သူ့မျက်ခွံမှာ အမာရွတ်တစ်ခုရှိတယ်။ အမာရွတ်က ကင်း​ခြေတစ်ကောင်လိုပဲ၊ ဒါပေမယ့် မျက်ခုံးမွှေးတွေတော့ မမြင်ရခဲ့ဘူး...."

လောင်ကော်က မျက်လုံးရဲ့ ပုံစံကို ရှင်းပြခဲ့ပြီး ထန်ဝမ်က လောင်ကော်ရဲ့ ပြောကြားချက်အတိုင်း မျက်လုံးကို ရေးဆွဲခဲ့သည်။

ရေးဆွဲပြီးတဲ့နောက်၊ လောင်ကော်က သိပ်မတူဘူးလို့ပြောတဲ့အတွက် ထန်ဝမ်က ဆက်ရေးဆွဲခဲ့သည်။

မကြာခင်မှာပဲ ပယ်ချ ခံရပြန်ပြီး၊ နောက်တစ်ခါ ပြန်ပြင်ဆင်ပြီးနောက်၊ လောင်ကော်က အဲဒီမျက်လုံးတွေကို ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တာက- "ဟုတ်တယ် ဒါပဲ...!"

"ကောင်းပြီ ဒေါင်းဟိုင်ရဲတပ်ဖွဲ့ကို အဲ့နေရာကို မဖျက်ဆီးခင်က ဒေသခံတွေကို ရှာဖွေပြီး၊ ဒီလက္ခဏာတွေရှိတဲ့ မျက်လုံးက ဘယ်သူ့ဆီမှာ ရှိနေလဲ၊ နာမည် ဘယ်လိုခေါ်သလဲဆိုတာ မေးမြန်းပေးပါ၊ အသေးစိတ် အချက်အလက်အားလုံး ရနိုင်ရင် အကောင်းဆုံးပဲ"

"ကောင်းပါပြီ မစ္စတာကျန်း၊ ကျွန်တော်တို့ သွားပြီး စုံစမ်းစစ်ဆေးလိုက်ပါ့မယ်"

ကျန်းရီက အစီအစဉ်တွေချမှတ်ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တစ်ဦးက -

"စတွင်မာ အဲဒီမျက်လုံးရဲ့ ပိုင်ရှင်ကို ဘာလို့ စုံစမ်းစစ်ဆေးဖို့လိုတာလဲ? သူက ဒုက္ခပေးနေတာပဲလေ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားပြီး သူ့ကိုဖမ်းလိုက်ရင် ပြီးနေတာပဲ!"

"လောင်ကော်က ဘာမှမဖြစ်သေးဘူး၊ ဆောက်လုပ်ရေးကလည်း ရပ်နားထားပြီ၊ သူက လောင်ကော်ကို စွန့်လွှတ်လိုက်ပြီဆိုတာ ငါအတိအကျပြောနိုင်တယ်"

" နားလည်ပါပြီ"

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ၊ မစ္စတာဝမ်ကို ကြည့်ကာ-

"မစ္စတာဝမ် ကျေးဇူးပြီး မင်းရဲ့ ဝမ်းကွဲအစ်ကိုရဲ့ ဇနီးကိုဆက်သွယ်လိုက်ပါ။

မစ္စတာဝမ်က သူရဲ့ဖုန်းကို ကောက်ယူပြီး ဖုန်းခေါ်ဆိုခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သူရဲ့ ဖုန်းခေါ်လိုက်တဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဖုန်းဆက်သွယ်မိသောအခါ အသက်ကြီးကြီး အမျိုးသမီး တစ်ဦး၏အသံ ထွက်လာခဲ့သည် - "အားဝမ် ညအချိန်ကြီး ဘာလို့ ဖုန်းဆက်တာလဲ?"

"ဝမ်းကွဲအစ်မ အဲ့ညတုန်းက ကျွန်တော့်နဖူးကို ဘာလို့ရိုက်တာလဲ? ဒီနေ့ရက်တွေ အတွင်းမှာ ကျွန်တော် စဉ်းစားနေမိတယ်။ ပြီးတော့ ဝမ်းကွဲရဲ့ ရေခဲအခေါင်းကိုလည်း ဘာလို့ ခေါက်တာလဲ?"

ဖုန်းရဲ့တဖက်က ဝမ်းကွဲအစ်မက ဒါကို ကြားလိုက်ရတဲ့အခါ တိတ်ဆိတ်သွားခဲ့သည်။

ခဏကြာပြီးနောက် - "အားဝမ် မင်းကိစ္စက မဖြေရှင်းရသေးဘူးလား?"

"ဒီမှာဖြေရှင်းနေပါတယ်"

"အိုး၊ နောက်ထပ်ခုနစ်ရက်ကြာဦးမယ်။ မှတ်ထား၊ နောက်ခုနစ်ရက်အတွင်း မင်းကိစ္စကို မဖြေရှင်းရသေးရင် ပြန်လာခဲ့၊ သိလား? အချိန်ဆွဲလို့မရဘူး!"

ဝမ်းကွဲ၏ စကားများ ရုတ်တရက် လေးနက်လာခဲ့သည်။ ကျန်းရီ ၏ အချက်ပြမှုဖြင့်၊ မစ္စတာဝမ်သည် မြန်မြန်မေးလိုက်သည် - "ဝမ်းကွဲအစ်မ..အစ်မ ဘာတွေ သိထားလို့လဲ?!"

All Chapters