← Chapters

အလောင်း ဖျောက်ခဲ့ခြင်း

Vol. 15 Ch. 210

အလောင်း ဖျောက်ခဲ့ခြင်း

Vol. 15 Ch. 210

မစ္စတာဝမ် ကျန်းရီကို တိုက်ရိုက်ကြည့်ရင်းနဲ့ ကြောင်အသွားခဲ့သည်။

"မဟုတ်ဘူး၊ ငါလူမသတ်ဖူးဘူး၊ ငါဘယ်လိုလုပ် လူသတ်မှာလဲ!"

"မင်း မသတ်ရင် သူဘာလို့ မင်းရဲ့ပခုံးကို ဆွဲထားမှာလဲ?"

"ငါ... ငါလည်းမသိဘူး!"

"မင်းဝမ်းကွဲ သေဆုံးချိန် မတိုင်ခင်၊ မင်းအဲဒီမတိုင်ခင် ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာစဉ်းစားကြည့်ပါ။

မင်းဝမ်းကွဲသေခါနီးက အပြုအမူတွေက မတရား သေသွားတဲ့ သူရဲ့ ခေါ်သံ ဖြစ်နေတာပဲ။

ဒါပေမယ့် သူမင်းနာမည်ကိုခေါ်နေတယ်။

မင်းက အသက်ရှင်နေပြီး ဘာလို့ မင်းနာမည်က ပါနေရတာလဲ? ဆိုလိုတာက တစ်ခုခုက မင်းကိုစောင့်ကြည့်နေတာပဲ!"

"မင်းအဲဒီဖုန်းကိုမကောက်ခဲ့ဘူး၊ ဒါပေမယ့် မင်းအမြဲ ကြင်ကြင်နာနာနဲ့ ဂရုစိုက်တဲ့ မင်းရဲ့ အလုပ်သမားတွေက ကောက်ယူပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြတယ်။

“မစ္စတာဝမ်၊ မင်းကိုငါ တကယ်ချီးကျူးတယ်၊ အထူးသဖြင့် မင်းရဲ့အလုပ်သမားတွေ သေတော့ မင်းဘယ်လို ပြုမူခဲ့လဲဆိုတာကိုပဲ။

ဒီလိုလုပ်နိုင်တဲ့ အလုပ်ရှင်တွေက ဒီလောကမှာ များများစားစား မရှိဘူးလို့ ထင်တယ်၊ ဒါပေမယ့် သူတို့ သေဆုံးသွားတဲ့ပုံစံက နားလည်ဖို့ ခက်တယ်။ 'မင်းတကယ် ဘာမှမမှတ်မိတော့ဘူးလား?'"

"မင်းက မင်းရဲ့ အလုပ်သမားတွေကို ကြင်နာစွာ ဆက်ဆံတယ်၊ ဒါဆို ငါမေးမယ် မင်းအခြားလူတွေကိုရော ကြင်နာစွာ ဆက်ဆံဖူးလား? ပြီးတော့ မင်း ရိုင်းစိုင်းစွာ ဆက်ဆံတဲ့ သူရော ရှိလား? ပြီးတော့ သူသေသွားပြီလား? "

ကျန်းရီ ပြောလိုက်တော့ မစ္စတာဝမ် ရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်၊ ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူတစ်ခုခုကို သတိရသွားပြီး မျက်နှာမှာ ထိတ်လန့်မှုတွေနဲ့ ပြောခဲ့တယ်- "မဟုတ်ဘူး၊ အဲဒီညမှာ ဘာမှမဖြစ်ခဲ့ဘူး!"

"အဲဒီည၊ ဘယ်ညလဲ?"

"ငါ့ဝမ်းကွဲမသေခင်ည။ အဲ့ဒီနေ့ ငါအရေးကြီးတဲ့ ဧည့်သည်တွေကို လက်ခံနေတယ်။ ရှောင်ဝူ..ရှောင်ဝူက ဖြတ်လက်တက်ကြွတဲ့ လူငယ်တစ်ယောက်၊ အသက်က ၂၀ ပဲရှိသေးတော့ သူက အရမ်းမရင့်ကျက်သေးဘူး၊ ဒါပေမယ့် အောင်မြင်လိုစိတ် ရှိတယ်၊ သတ္တိရှိတယ်"

"ဒါကြောင့်... ဒါကြောင့် ငါအချိန်ရတဲ့အခါ သူ့ကို ငါ့ကားမောင်းဖို့ခေါ်ထားတယ်။ အဲဒီည ငါ အရက်အရမ်း သောက်မိခဲ့လို့ ကားနောက်ခန်းမှာအိပ်နေခဲ့တယ်၊ ဒါပေမယ့် လမ်းမှာ ရုတ်တရက် ဆူညံသံကြားလိုက်ရတယ်။ တစ်ခုခုကို တိုက်မိသွားတယ်လို့ မသိစိတ်ကနေ သိနေတယ်။ ဒါနဲ့ ငါ ရှောင်ဝူ ကိုမေးလိုက်တယ် ဘာဖြစ်သွားတာလဲလို့။"

"ရှောင်ဝူက ထိတ်လန့်နေပြီး ပြောဖို့ အချိန်ယူနေတယ်။ ငါအရက်တွေ အရမ်းမူးနေလို့ ခေါင်းထဲမှာ ဝေဝေကြီးဖြစ်နေတော့ ကျောက်တုံးနဲ့ တိုက်မိတာလားလို့ မေးလိုက်တယ်။ သူက ဟုတ်တယ်လို့ပြောတယ်၊ ပြီးတော့ ငါသူ့ကို မေးတယ်၊ မင်းအဆင်ပြေရဲ့လားလို့။ သူအဆင်ပြေတယ်လို့ပြန်ပြောတယ်၊ ပြီးတော့ ငိုနေရင်းပြောတယ်၊ ကားပျက်သွားပြီတဲ့။ အရက် အရှိန်ကြောင့် ငါဒီကိစ္စကို အရေးမစိုက်မိခဲ့ဘူး။ ရှောင်ဝူက အရမ်းငယ်သေးတယ်၊ ဒါပေမယ့် ငါသူ့ကိုတကယ်တန်ဖိုးထားတယ်၊ ဒါကြောင့် ငါသူ့ကို ဆူလိုက်တယ်။ ဆူပြီး ကားကနေ ဆင်းပြီးစစ်ဆေးဖို့ပြောလိုက်တယ်"

"ရှောင်ဝူ ဆင်းသွားလိုက်တယ်။ သူ ဘယ်လောက်ကြာကြာ ပြင်နေခဲ့လဲဆိုတာ ငါမမှတ်မိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါကားနောက်ခန်းမှာအိပ်နေခဲ့တယ်။ ပြီးတော့ ရှောင်ဝူ ပြန်တက်လာပြီး ငါ့ကို အိမ်ပြန်ခေါ်သွားခဲ့တယ်၊ ကားကိုပြင်ဖို့ ယူသွားမယ်လို့ပြောတယ်။ ငါသူ့ကို တန်ဖိုးထားပေမယ့် အဲဒီအချိန်မှာ ငါက အရက်အမူးပြေနေပြီ။ တစ်ခုခုပြောရင်း နောက်တစ်ခါ ဂရုစိုက်မောင်းဖို့ပြောလိုက်တယ်"

"ငါစိတ်ထဲမှာသိနေတယ်။ အဲဒီည ငါတွေ့တဲ့ ဧည့်သည်ရဲ့ အဆင့်အတန်းကြောင့် ငါ သိန်းဂဏန်းပဲတန်တဲ့ ကားမောင်းခဲ့တာ ဆိုတော့ ပြင်ဖို့က အရမ်းစျေးမကြီးဘူး။ တကယ်လို့ငါ့ရဲ့တခြားကားဖြစ်နေရင်၊ သူ့မှာ ပြင်ဖို့ပိုက်ဆံ ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်။ ရှောင်ဝူ ထွက်သွားတယ်၊ ကားပြန်ပြင်ဖို့ ၄၊ ၅ရက်ကြာတယ်၊ ပြီးမှသူ ပြန်မောင်းလာခဲ့တယ်"

"အဲ့ဒါတစ်ခုပဲရှိတယ် မစ္စတာကျန်း၊ နောက်ထပ် မေးရင် ငါတကယ် မစဉ်းစားနိုင်တော့ဘူး"

ဒါကိုကြားပြီးတဲ့နောက် ကျန်းရီက- "ဆူညံသံ တစ်ချက်ကြားတယ်၊ မင်းက ကျောက်တုံးနဲ့ တိုက်မိတယ်လို့ ထင်ခဲ့တယ်၊ ဒါပေမယ့် လူနဲ့တိုက်မိတာရော ဘာလို့ မဖြစ်နိုင်ရမှာလဲ?"

"လူနဲ့တိုက်မိတာ? ဘယ်လိုဖြစ်နိုင်မှာလဲ?"

"အဲဒီည လမ်းရဲ့ အခြေအနေတွေက ဘယ်လိုရှိလဲ"

"လမ်းသေးသေးလေးပါ၊ အခြေခံအားဖြင့် လူသိပ်မရှိဘူး"

"ကင်မရာတွေရော ရှိလား?"

"မရှိဘူး... မရှိနိုင်ဘူး"

ကျန်းရီက မစ္စတာဝမ်ကို အဲဒီညရဲ့ရက်စွဲနဲ့ အချိန်ကို ထပ်မေးလိုက်တယ်။ မေးပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ပြောလိုက်တယ်။

အဲ့ဒီအချိန် တစ်ယောက်က ဗီဒီယို ပို့လိုက်တယ်။ ဗီဒီယိုပို့တဲ့ သူက အလယ်အလတ်အရွယ် ယောက်ျားတစ်ယောက်၊ ရဲဝတ်စုံ ဝတ်ထားပြီး လက်ထဲမှာ ဖိုင်တစ်ခုကိုင်ထားတယ်။ သူပြောတာက- "ကျွန်တော်တို့မှာ မဖြေရှင်းနိုင်သေးတဲ့ အမှုတစ်ခုရှိတယ်။ သေဆုံးသူရဲ့ သေဆုံးရတဲ့အကြောင်းရင်းက ကား တိုက်မိလို့ ဖြစ်တယ်။ အဲ့ဒါကို လမ်းဘေးက တောထဲကနေ လမ်းဘေး ခွေးတစ်ကောင်က တူးဖော် တွေ့ရှိခဲ့တာ။ သေဆုံးချိန်က မစ္စတာဝမ်ပြောပြခဲ့တဲ့ ညပဲ!"

ကျန်းရီက ဒါကိုကြားတော့ ကိစ္စတွေက ရှင်းသွားခဲ့ပြီဖြစ်သည်။ မစ္စတာဝမ် ကြောင်အသွားခဲ့တယ်။ ကိစ္စတွေက ဒီလိုဖြစ်သွားမယ်လို့ သူမထင်ထားခဲ့ဘူး။

"သေဆုံးသူရဲ့မျက်ခွံမှာ အမာရွတ်ရှိလား?"

"ဓာတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ မျက်ခွံမှာ အမာရွတ်တစ်ခုရှိနေတယ်!"

" ဒါဆို ရှောင်ဝူကို ခေါ်ထုတ်ဖို့လိုနေပြီ"

ကျန်းရီက ပြောလိုက်ပြီး ရှောင်ဝူရဲ့ မိခင်ဖုန်းကို ပြန်ခေါ်လိုက်တယ်။

"အဒေါ်ရေ ကိစ္စတွေက ရှင်းသွားပြီ။ အဒေါ် ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ မဝင်ရ သေးဘူးလား?"

"မဝင်ရသေးဘူး၊ ဘယ်လို ဝင်ရမှန်းေတာင် မသိဘူး"

"အဒေါ်ရဲ့ သားကိုတွေ့ချင်လား?” ကျန်းရီက မေးလိုက်တယ်။

"သူ့ကို တွေ့လို့ရမယ့် နည်းလမ်းရှိလား?"

"ရှိတာပေါ့ ကျွန်​တော်ပြောတဲ့ အတိုင်းလုပ်၊ အဒေါ်သားရဲ့ အခန်းကနေ အိမ်တံခါးအထိ အမွေးတိုင်ထွန်းထားလိုက် သူ ပြန်လည်မမွေးဖွားရသေးရင် အမွှေးတိုင် လမ်းကြောင်းအတိုင်း လာပြီး မင်းကို တွေ့နိုင်တယ်"

ကျန်းရီ ပြောြပလိုက်တော့ ရှောင်ဝူရဲ့ မိခင်က မျက်ရည်ကျရင်းနဲ့ "ဟုတ်ကဲ့၊ လူငယ်လေး ပြောတဲ့အတိုင်းလုပ်ပါ့မယ်"

ရှောင်ဝူရဲ့မိခင်က ကျန်းရီ ပြောတဲ့အတိုင်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲဝင်လာပြီး အခန်းကနေ တံခါးအထိ အမွှေးတိုင်တွေ ထွန်းလိုက်တယ်။ ကျန်းရီက မျက်လုံးကို ခဏမှိတ်လိုက်ပြီး မကြာခင် မျက်လုံးကို ပြန်ဖွင့်လိုက်တယ်၊ အခြားတဘက်ရှိ သာမန်အိမ်ငှား တိုက်ခန်းကနေ မီးခိုးစိမ်းစိမ်းတွေ ထွက်လာနေပြီး လေတွေတိုက်နေခဲ့တယ်။ ရှောင်ဝူရဲ့ မိခင်က အခန်းတံခါးကို စိုက်ကြည့်နေခဲ့တယ်၊ တံခါးမှာ ငြိမ်သက်နေတဲ့ ပုံရိပ်တစ်ခုရပ်နေခဲ့တယ်။ သူက အသက်၂၀ကျော် လူငယ်တစ်ယောက်၊ လည်ပင်းကျိုးနေတဲ့ အမူအရာနဲ့ တံခါးမှာရပ်နေခဲ့တယ်။ ဒါပေမယ့် သူ့မိခင်ကိုင်ထားတဲ့ ဖုန်းရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကျန်းရီကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေမှာ တောင်းဆိုမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျန်းရီက သူဆိုလိုတာကိုနားလည်ပြီး- "အဒေါ်၊ မင်းကလေးပေါ်လာပြီ။ ဒါပေမယ့် အခုမင်း အပြင်ထွက်ဖို့လိုတယ်။ ငါသူ့ကို တစ်ခုခုပြောမလို့၊ ဖုန်းကိုချန်ထားခဲ့"

ရှောင်ဝူရဲ့မိခင်က ထိတ်လန့်ပြီး ဝမ်းနည်းနေတယ်၊ သူ့သားလေးကို ကြည့်ရင်းနဲ့ နောက်ဆုံး အပြင်ထွက်သွားခဲ့တယ်။ တံခါးပိတ်လိုက်တာနဲ့ ကျန်းရီရဲ့မျက်နှာက အေးစက်သွားခဲ့တယ်-

"ဝူချင်း၊ အဲဒီညက မင်း လူသတ်ခဲ့တာလား?"

"....."

"အမှန်တိုင်း ပြောစမ်း!" ကျန်းရီက အော်လိုက်တော့ ဝူချင်းက ငိုပြီးပြောတယ်-

"ငါမရည်ရွယ်ခဲ့ပါဘူး။ ငါ မစ္စတာဝမ် အတွက် အရမ်းကို ဂရုစိုက်မောင်းနေခဲ့တာ။ ဒါပေမယ့် အဲဒီလူက ဘယ်ကနေ ပေါ်လာမှန်း မသိဘူး၊ ငါသူ့ကို တိုက်မိသွားတယ်! ငါကားက​နေ ဆင်းပြီးကြည့်တော့ သူ့မျက်နှာမှာ သွေးတွေပြည့်နေတယ်၊ သူ မသေဖို့အတွက် ငါတောင်းပန်ခဲ့တယ်၊ ဒါပေမယ့် သူက နည်းနည်းလောက် လှုပ်ပြီးသေသွားခဲ့တယ်!"

"ငါကြောက်တယ်၊ တကယ် ကြောက်နေခဲ့တယ်။ ငါသူ့ကိုသတ်မိတာ၊ တစ်ယောက်ယောက်သိရင် ငါထောင်ထဲကို ရောက်သွားလိမ့်မယ်။ မဟုတ်ဘူး၊ ငါထောင်မဝင်နိုင်ဘူး! ငါသူ့ကိုဝှက်ရမယ်၊ ငါသူ့ကိုမြှုပ်ရမယ်!"

"ဒါကြောင့် မစ္စတာဝမ် အရက်မူးပြီး အိပ်နေချိန်ကို အခွင့်ကောင်းယူပြီး ကားက ဆင်းပြီး အနီးက တောထဲမှာ မြှုပ်ခဲ့တာမလား?"

"ဟုတ်တယ်... မဟုတ်ဘူး၊ မင်းဘယ်လိုသိတာလဲ?"

ဝူချင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်၊ ကျန်းရီက အေးစက်စွာ ပြောလိုက်တယ်-

"မင်းကိုယ်မင်း ညှဉ်းပန်းနှိပ်စက်ပြီး ကိုယ့်ကိုယ်ကို သတ်သေစေခဲ့တဲ့သူက အဲဒီညက မင်းသတ်ခဲ့တဲ့သူဆိုတာ မင်းတစ်ခါမှ မစဉ်းစားမိဘူးလား? မင်းတိုက်မိခဲ့တဲ့ သူရဲ့မျက်ခွံမှာ ကင်း​ခြေတစ်ကောင်လို အမာရွတ်ရှိနေတာကို မင်းသတိမထားမိဘူးလား!"

ဒီစကားတွေ ပြောပြီးတဲ့နောက် ဝူချင်းရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်၊ သူ့ရဲ့ ဝိညာဉ် တုန်လှုပ်သွားပြီး နောက်ဆုံးမှာ လုံးဝ ပြိုလဲကျသွားခဲ့တယ်...

All Chapters