← Chapters

တစ်ယောက်နှင့် တစ်ရာ

Vol. 5 Ch. 421

တစ်ယောက်နှင့် တစ်ရာ

Vol. 5 Ch. 421

ချန်းဖန်မှာ စတင် လှုပ်ရှားသည်နှင့် ရပ်တန့်၍ မရတော့ချေ။

အသံထက်မြန်သော လှုပ်ရှားမှုကို ဖော်ခုတ်ချင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ မူလ နေရာမှ မှုန်ဝါးသွားကာ သမန်း ဝံပုလွေ တစ်ကောင်၏ ရှေ့၌ ပြန်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် သူ၏ လက်သီးက သမန်းဝံပုလွေ၏ ဝမ်းဗိုက်အား ထိုးဖောက် သွားသည်။

"ဘုန်း…"

လူတိုင်းကား သမန်းဝံပုလွေ၏ ခန္ဓာကိုယ် ပေါက်ကွဲသံကို ကြားမှသာ မည်သည့် အရာများ ဖြစ်ပျက် သွားကြောင်း သတိပြုမိလိုက်ကြ၏။

"အာ… ဝူး…"

ခဏအတွင်းမှာပင် သမန်းဝံပုလွေများမှာလည်း မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သတိပြုမိသွားသည်။ သူတို့က ချန်းဖန်အား ဆာလောင် မွတ်သိပ်ကာ ဒေါသထွက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ထိုလူသားကား သမန်း ဝံပုလွေတစ်ကောင်ကို လှုပ်ရှားမှု တစ်ချက်တည်းဖြင့် သတ်ဖြတ် ပစ်ခဲ့သည်။ သူ၏ လှုပ်ရှားမှုက အလွန်တရာ မြန်ဆန်လွန်းရာ မည်သူမျှ မြင်တွေ့နိုင်စွမ်း မရှိခဲ့ကြချေ။

အကယ်၍ ထိုလူသားကသာ လက်သီး တစ်ချက်ဖြင့် သမန်းဝံပုလွေ တစ်ကောင်ကို သတ်ဖြတ်နိုင်ပါက စုစုပေါင်း လက်သီး တစ်ရာ သုံးဆယ့်ခုနစ်ချက် အတွင်း သမန်း ဝံပုလွေ အားလုံး သေဆုံး ရလိမ့်မည်။

ထိုအတွေးဖြင့် ဂေါ့ဒင်၏ မျက်နှာမှာ အရောင်ပြောင်း သွားခဲ့သည်။ သို့သော်လည်း သူက စိတ်များကို ပြန်လည် စုစည်းကာ သမန်းဝံပုလွေများအား အမိန့်ပေးလိုက်၏။

"သူ့ကို ဝိုင်းတိုက်ကြ… သူ့ရဲ့ ခန္ဓာကိုယ်က အချိန်တိုင်း အသံထက် မြန်အောင် မလှုပ်ရှား နိုင်လောက်ဘူး…"

"အာ… ဝူး…"

သူ၏ စကားအား ကြားသည်နှင့် သမန်း ဝံပုလွေများမှာ စူးရှစွာ အူရင်း ချန်းဖန်အား ဝန်းရံ လိုက်ကြသည်။ ဧဒင်တို့အား တိုက်ခိုက်နေသည့် တစ်ဒါဇင်မျှသော သမန်းဝံပုလွေများမှ လွဲလျှင် ကျန် သမန်းဝံပုလွေ အားလုံးမှာ ချန်းဖန်၏ ဘေးပတ်လည်၌ ရောက်ရှိနေပြီ ဖြစ်သည်။

"အဲ့လိုဆိုတော့လည်း…"

ချန်းဖန်က တစ်ချက် ပြုံးလိုက်၏။

ထို့နောက် မြေပြင်အား တစ်ချက် ဆောင့်နင်းကာ အသံထက်မြန်သော လှုပ်ရှားမှုအား ဖော်ထုတ် လိုက်ပြန်သည်။ ယခု တစ်ကြိမ်တွင်မူ သူက သမန်းဝံပုလွေ အမတစ်ကောင်၏ ခေါင်းအား ဦးတည် တိုက်ခိုက်လိုက်သည်။

"နှစ်ကြိမ်မြောက် တိုက်ခိုက်မှု…"

ချန်းဖန်၏ တည်ငြိမ်သော ရေရွတ်သံ အဆုံး၌ သမန်းဝံပုလွေ အမ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျ သွားခဲ့တော့သည်။

ထိုအဖြစ်အပျက်က သမန်းဝံပုလွေများ၏ သွေးကို ပွက်ပွက်ဆူ စေသည်။ ထိုသတ္တဝါများက ရင်ဘတ်များအား ဒေါသတကြီး ရိုက်ပုတ်ရင်း ချန်းဖန်ထံ အလွန် လျင်မြန်စွာ ခုန်အုပ် လိုက်ကြတော့၏။

ရုတ်တရက်ပင် ချန်းဖန်၏ ဦးခေါင်းထက်ရှိ ကောင်းကင် တစ်ခုလုံး၌ ချွန်ထက် ရှည်လျားသော လက်သည်းများ၊ အစွယ်များစွာဖြင့် ပြည့်နှက် သွားတော့သည်။ ထိုတိုက်ခိုက်မှုများက နတ်ဘုရား ဖွဲ့စည်းပုံ ခန္ဓာကိုယ် တစ်ခုကိုပင် ဖျက်ဆီး ပစ်နိုင်လောက်သည်။

သို့သော်လည်း ချန်းဖန်က ညင်သာစွာသာ ပြုံးရင်း အသံထက် မြန်သော လှုပ်ရှားမှုကို နောက်တစ်ကြိမ် ဖော်ထုတ်လိုက်၏။ ရုတ်တရက်ပင် သူ၏ ခန္ဓာကိုယ်က မှုန်ဝါး ပျောက်ကွယ်သွားကာ မီတာများစွာ ကွာဝေးသော နေရာတစ်ခုသို့ ရွေ့လျားသွားသည်။ ထိုအချိန် ခဏ အတွင်းမှာပင် တုတ်ခိုင်သော သမန်းဝံပုလွေ တစ်ကောင်အား သူ၏ ပခုံးဖြင့် တိုက်ထုတ် လိုက်သည်။ ထိုသမန်းဝံပုလွေမှာ ချန်းဖန်၏ တိုက်ခိုက်မှုအောက်၌ တစ်ကြိမ်တည်း အသက်ပျောက် သွားပြန်သည်။

အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့် အသံထက်မြန်သော လှုပ်ရှားမှုတို့ ပေါင်းစပ်ထားသည့် တိုက်ခိုက်မှုကို နတ်ဘုရားဖွဲ့စည်းပုံ ခန္ဓာကိုယ်ပင်လျှင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

"သုံးကြိမ်မြောက် တိုက်ခိုက်မှု…"

ချန်းဖန်က ခဏမျှရပ်ရင်း တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သမန်းဝံပုလွေများအား တစ်ချက် ကြည့်လိုက်ရင်း အသံထက်မြန်သော လှုပ်ရှားမှုအား ဖော်ထုတ် လိုက်ပြန်သည်။

"လေးကြိမ်မြောက်…"

"ငါးကြိမ်မြောက်…"

" … "

" … "

"ဆယ်ကြိမ်မြောက်…"

ချန်းဖန်က သမန်းဝံပုလွေ တစ်ကောင်၏ ဦးခေါင်းအား နင်းချေရင်း ရေရွတ်လိုက်၏။

ချိုင့်ဝှမ်း တစ်ခုလုံးကား လုံးဝ တိတ်ဆိတ်နေချေပြီ ဖြစ်သည်။

မျက်တောင် တစ်ခပ်မျှ အချိန်အတွင်းမှာပင် ချန်းပေ့ရွှမ်းကား အထွတ်အထိပ် အဆင့်နှင့် ညီသော သမန်းဝံပုလွေ ဆယ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသမန်းဝံပုလွေများမှာ အလွန် အစွမ်းထက်သည့်တိုင် ချန်းပေ့ရွှမ်း၏ အသံထက်မြန်သော လှုပ်ရှားမှု အောက်၌ တီကောင်များ အလား ခွန်အား ကင်းမဲ့နေ၏။

ဂေါ့ဒင်၏ လက်များကား အနည်းငယ် တုန်ခါလာနေပြီ ဖြစ်၏။ လူငယ်လေး၏ တစ်ချက် လှုပ်ရှားမှုတိုင်း၌ သမန်းဝံပုလွေ တစ်ကောင်စီ ကျဆုံးနေရခြင်းမှာ မယုံကြည်နိုင်လောက်အောင်ပင်။ ဤအတိုင်းသာ ဆက်တိုက် ဖြစ်နေပါက မကြာခင် အချိန်အတွင်း သူ၏ ကလေးများ အားလုံး သေဆုံးရပေလိမ့်မည်။

ယခုတိုက်ပွဲ မစခင် အမှောင်ကမ္ဘာ ပညာရှင်များနှင့် တိုက်ပွဲ၌ ချန်းဖန်သည် အသံထက်မြန်သော လှုပ်ရှားမှုကို ဆယ်ကြိမ်မက အသုံးပြုခဲ့ရ၏။ ယခု တိုက်ပွဲမှု အကြိမ် အရေအတွက်ပါ ထည့်ပေါင်းပါက နှစ်ဆယ်ကျော်နေပြီ ဖြစ်သည်။ သူ့တွင် အဇူရာ သက်ရှည် ခန္ဓာကိုယ် ရှိသည့်တိုင်အောင် ခဏမျှ အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။

"ဟဟ… ငါခန့်မှန်းထားတဲ့ အတိုင်းပဲ… သူ ကြာကြာ မခုခံနိုင်တော့ပါဘူး…"

ချန်းဖန်၏ အနည်းငယ် နွမ်းနယ်နေဟန် ရသော အမူအရာကို ကြည့်ကာ ဂေါ့ဒင်၏ မျက်လုံးများ တောက်ပ လာသည်။ ထို့နောက် သူက သမန်းဝံပုလွေများအား အော်ဟစ် အမိန့်ပေး လိုက်ပြန်၏။

"ကလေးတို့… တိုက်ခိုက်ကြစမ်း… သူရဲ့ လည်ချောင်းကို သွားတွေနဲ့ ကိုက်ဖြတ်ပြီး သူရဲ့ သွေးတွေကို စုပ်ယူကြစမ်း… မင်းတို့ရဲ့ မောင်တွေ၊ နှမတွေ အတွက် လက်စားချေကြစမ်း… အဲ့ခွေးကောင်ကို သတ်နိုင်တဲ့သူက ဝါသစ်သီးကို အသုံးပြုခွင့် ရမယ်… နောက်ပြီး အုပ်စုရဲ့ ခေါင်းဆောင် အသစ် ဖြစ်ရမယ်…"

"အာ… ဝူး…"

"အာ… ဝူး…"

"အာ… ဝူး… "

များစွာသော သမန်းဝံပုလွေများ၏ အော်သံများကား ကောင်းကင်ကိုပင် တုန်အောင် ထွက်ပေါ်လာခဲ့တော့၏။ ချန်းဖန်အား ကြည့်နေသော သူတို့၏ မျက်လုံးများက ဒေါသများ၊ လောဘများဖြင့် သွေးနီရောင် တောက်လောင်နေသည်။ ထိုကောင်လေးအား သတ်နိုင်လျှင် ဝါသစ်သီးအား အသုံးပြုခွင့် ရမည့် အပြင် သမန်းဝံပုလွေ အုပ်စု၏ ခေါင်းဆောင်ပါ ဖြစ်လာဦးမည် ဖြစ်သည်။ ထိုကောင်လေးကား သူတို့အတွက် လှေကားထစ် တစ်ခု ဖြစ်သည်။

"ဟမ့်…" ချန်းဖန်က နှာခေါင်းရှုံ့ရင်း ကျောက်စိမ်း အဆောင် တစ်ဒါဇင်ခန့်ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ ကျောက်စိမ်း အဆောင်များက လေထဲတွင် ပေါက်ကွဲကာ ဓားအလင်းများ၊ မီးလုံးများ၊ အလင်းကြိုးများ၊ ရေခဲဆောက်များ စသည့် အစီအရင်များ အသွင် အဖြစ် ပြောင်းလဲ သွားသည်။ ထို အစီအရင်များမှာ ချိုင့်ဝှမ်း တစ်ခုလုံးကို ဖြန့်ကြက်သွားပြီး သမန်းဝံပုလွေများထံ တိုးဝင် သွားတော့သည်။

ထိုကျောက်စိမ်း အစီအရင်များမှာ အားလပ်သည့် အချိန်များ၌ ချန်းဖန် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ခဏအတွင်းပင် အစီအရင်များ၏ တိုက်ခိုက်မှု အောက်၌ သမန်းဝံပုလွေ ငါးကောင် သေဆုံးသွားပြီး မရေမတွက်နိုင်သော ဝံပုလွေများစွာ ဒဏ်ရာ ရသွားကြတော့သည်။ သို့သော်လည်း သမန်ဝံပုလွေများ၌ ပြိုင်ဘက်ကင်း ဒဏ်ရာကျက်နှုန်း ရှိရာ ခဏမျှ အနားယူလိုက်သည်နှင့် ပြန်လည် ထလာနိုင်ကြ၏။

"အာ… ဝူး…"

အလွန် ကြီးမားသည့် သမန်းဝံပုလွေ လေးကောင်က ကျယ်လောင်စွာ အူရင်း ချန်းဖန်ထံသို့ ပြေးလာကာ ခုန်အုပ်လိုက်၏။ သူတို့၏ လက်သည်းများက နေရောင် အလင်းအောက်၌ ချွန်ထက် တောက်ပနေကာ ကြီးမားသော ခွန်အားကို သယ်ဆောင်ထားသည်။ ချန်းဖန်မှာ မီတာများစွာ အကွာအဝေးကပင်လျှင် ထိုလက်သည်းများ၏ ထက်ရှမှု အငွေ့အသက်များကို ခံစားနေရ၏။

ထိုသမန်းဝံပုလွေ လေးကောင်ကား အခြားသမန်း ဝံပုလွေများထက် ပိုမို အစွမ်းထက် နေကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။ သူတို့ကား အမှောင် သတ်မှတ်ချက်ဝင် ပညာရှင်များနှင့်ပင် ယှဉ်နိုင်လောက်သည်။

"အဇူရာ သစ်သားချီဓား…"

ချန်းဖန်က တီးတိုးရေရွတ်ရင်း လှပသော အဇူရာ ဓားအလင်းတစ်ခုကို ဖော်ထုတ် လိုက်သည်။ ဓားအလင်းက ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ တဖြည်းဖြည်း ကြီးထွားလာကာ သမန်းဝံပုလွေ လေးကောင်ကို ပိတ်ဆို့လိုက်၏။

"ခရက်…"

အဇူရာ ဓားအလင်းက သမန်းဝံပုလွေများ၏ ကိုယ်၌ ဒဏ်ရာများကို ချန်ထားခဲ့သည်။ သို့သော်လည်း သမန်းဝံပုလွေများမှာ ထိုဒဏ်ရာများအား အမှု့ထားဟန် မရပေ။ သူတို့က ရှေ့သို့ တိုး၍သာ ဒေါသတကြီး တိုက်ခိုက်လိုက်ကြ၏။

ချန်းဖန်နှင့် သမန်းဝံပုလွေ လေးကောင်၏ တိုက်ခိုက်မှုများကား အလွန်တရာ မြန်ဆန်လွန်းလှရာ ဘေးမှကြည့်လျှင် အဇူရာ အလင်းတစ်ခုနှင့် အနက်ရောင် အရိပ်လေးခု တရိပ်ရိပ် လှုပ်ရှားနေဟန်သာ တွေ့မြင်ရသည်။

"ဘုန်း… ဘုန်း… ဘုန်း… "

ချန်းဖန် လက်ထဲမှ ဓားအလင်းမှာ ပိုမို ကျစ်လစ် သိပ်သည်းကာ အရိုင်းဆန်လာ၏။ ဓားအလင်း၏ တိုက်ခိုက်မှု တစ်ချက်စီတိုင်း၌ ဝံပုလွေများအား အသေသတ်နိုင်သော ခွန်အားများ ပါဝင်နေခဲ့၏။

ဆယ်စက္ကန့်ပင် မကြာသေးသော အချိန်အတွင်း သမန်းဝံပုလွေများ၏ အမွေးများကား သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ရွှပ်… "

ချန်းဖန် နောက်ဆုံး ခုတ်လိုက်သော ဓားချက်က သမန်းဝံပုလွေ သုံးကောင်အား နောက်ဆုတ် သွားစေ၏။

သမန်းဝံပုလွေ သုံးကောင် နောက်ဆုတ်သွားသည်နှင့် ဓားအလင်းမှာ စတုတ္ထမြောက် သမန်းဝံပုလွေထံ ဆက်လက်၍ တိုးဝင်သွားသည်။ ဓားအလင်း၏ ရိုင်းစိုင်းမှုအောက်၌ ထိုသတ္တဝါမှာ တစ်ချက်တည်းပင် အသက် ထွက်သွားခဲ့တော့၏။

ထိုမြင်ကွင်းအား ကြည့်ရင်း တောင်ဝှေးကိုင်ထားသည့် ဂေါ့ဒင်၏ လက်များ တဆတ်ဆတ်ပင် တုန်လာနေခဲ့သည်။ ထိုသမန်းဝံပုလွေ လေးကောင်မှာ အုပ်စုထဲ၌ အသန်မာဆုံး ဖြစ်ကာ ခေါင်းဆောင်များဟုပင် ဆိုနိုင်သည်။ ထိုအထဲမှ တစ်ကောင် ဆုံးရှုံးရခြင်းမှာ အခြား သမန်းဝံပုလွေ ဆယ်ကောင်ခန့် ဆုံးရှုံးရသည်နှင့် ညီမျှသည်။

"သတ်... သတ်... သတ်... "

"သူ့ကို ... သတ်ကြစမ်း ... "

ဂေါ့ဒင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ထိုအခိုက်၌ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာပြီး သမန်းဝံပုလွေများကဲ့သို့ အရိုင်းဆန် လာတော့သည်။

"ဟမ့်... မင်းမှာပဲ အကူအညီရှိတာ ထင်နေလား..."

ချန်းဖန်က နှာခေါင်းရှုံ့ရင်း အဇူရာဓားအား ရုတ်သိမ်းလိုက်သည်။ ထို့နောက် လက်တစ်ဖက် ဝှေ့ယမ်းကာ အဝါရောင် ကျောက်မျက်ထဲမှ အရိုးပုလွေကို ထုတ်ယူလိုက်၏။ ခဏအတွင်းမှာပင် ထူးဆန်းသော ရှေးဟောင်း သံစဉ် တစ်ခုက လူတိုင်း၏ နားအတွင်းသို့ ပျံ့နှံ့လာခဲ့တော့၏။

"နတ်ဆိုးသခင် ဆင့်ခေါ်ခြင်း ပုလွေ…"

"ဒုန်း … ဒုန်း … ဒုန်း … "

ရှေးဟောင်း စစ်ဗုံသံ တီးခတ်သံ များစွာနှင့် အတူ ရွှေရောင် တန်ခိုးရှင် အစောင့်အရှောက်က ဝံ့ကြွားစွာ ထွက်ပေါ်လာသည်။ ထိုတန်ခိုးရှင် အစောင့်အရှောက်မှာ သခင်ကြီး စုဆမ်နို၏ ဝိညာဉ်ကို သန့်စင်ကာ ဖန်တီးခြင်း ဖြစ်သည်။

တန်ခိုးရှင် အစောင့်အရှောက် ထွက်ပေါ်လာမှုက ဂေါ့ဒင် အပါအဝင် များစွာသော လူများအား ဆွံ့အ သွားသေတော့သည်။

"တန်ခိုးရှင် တစ်ပိုင်း အဆင့် … "

ဧဒင်က တန်ခိုးရှင် အစောင့်အရှောက်ကို သေချာစွာ လေ့လာနေတုန်းမှာပင် ရွှေရောင် အတောင်နှစ်ခုပါသည့် တန်ခိုးရှင် အစောင့်အရှောက် တစ်ဦး ကောင်းကင်မှ ကျဆင်း လာပြန်သည်။

"တန်ခိုးရှင် အစောင့်အရှောက် ကာရာစုတန်ဂူ…"

"တန်ခိုးရှင် တစ်ပိုင်းအဆင့် နှစ်ယောက်…"

ဧဒင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။ အားလုံး၏ အကြည့်များ အောက်တွင်ပင် အခြား တန်ခိုးရှင် အစောင့်အရှောက်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာခဲ့၏။

"လက်ခြောက်ဖက် နတ်ဆိုး တန်ခိုးရှင် အစောင့်အရှောက်…"

"ကူရိုမီ တန်ခိုးရှင် အစောင့်အရှောက်…"

"ယာမမိဇူကီ တန်ခိုးရှင် အစောင့်အရှောက်…"

စုစုပေါင်း တန်ခိုး အစောင့်အရှောက်ကား ငါးယောက်တိတိ ရှိနေပြီ ဖြစ်သည်။

ထိုမြင်ကွင်းက သမန်းဝံပုလွေများ အပါအဝင် လူတိုင်းအား ဆွံ့အ သွားစေတော့၏။

"သွားကြစမ်း…"

ချန်းဖန်၏ အမိန့်ပေးသံအား ကြားသည်နှင့် တန်ခိုးရှင် အစောင့်အရှောက် ငါးဦးမှာ သူတို့၏ လက်နက်များကို ဆွဲကိုင်ရင်း သမန်းဝံပုလွေများထံ ပြေးဝင်သွားကြတော့သည်။

သူတို့ကား တန်ခိုးရှင် တစ်ပိုင်း အဆင့်များ ဖြစ်ရာ သမန်းဝံပုလွေများ အနေဖြင့် မည်သို့မျှ မယှဉ်နိုင်ချေ။ မကြာခင်မှာပင် သမန်းဝံပုလွေအုပ်၏ တစ်ဝက်ခန့်မှာ တန်ခိုးရှင် အစောင့်အရှောက် ငါဦး လက်အောက်၌ ပြုတ်ပြုတ်ပြုန်း ကုန်တော့၏။

"သူတို့က တကယ် အစွမ်းထက် တာပဲ…"

ဆံပင်ဖြူ ကောက်ရိတ်သမားနှင့် ရန်ချင်ဟူတို့က တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်မိကြသည်။

ဧဒင်မှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ချန်းပေ့ရွှမ်းသာ သူတို့နှင့် ရင်ဆိုင်စဉ်၌ ထိုတန်ခိုးရှင် တစ်ပိုင်း အဆင့်များကို သုံးခဲ့လျှင် .... ထိုအတွေးကြောင့် ဧဒင်၏ နဖူးမှ ချွေးများ စီးကျ လာခဲ့တော့သည်။

ထိုအချိန်၌ ဂိုဒင်၏ မျက်လုံးများကမူ မီးတောက် မီးလျှံများဖြင့် တောက်လောင် နေခဲ့ပြီ ဖြစ်၏။

"အာ... ဝူး..."

သူက ကျယ်လောင်စွာ အူရင်း အင်္ကျီများအား ဆွဲဖြဲပစ်လိုက်သည်။ ခဏအတွင်းမှာပင် တုန်တုန်ရီရီ အဘိုးအိုကား အမွေးကြမ်းများ ရှိသည့် သုံးမီတာခန့် မြင့်သော သမန်းဝံပုလွေ တစ်ကောင် အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

"ကောင်စုတ်လေး… မင်း ငါ့ရဲ့ ကလေးတွေကို သတ်ရဲတယ်ပေါ့…"

"မင်းကို ငါသတ်ပစ်မယ်ကွ…"

***

All Chapters