← Chapters

အပိုင်း-၁

Vol. 1 Ch. 1

အပိုင်း-၁

Vol. 1 Ch. 1

ရှလင်တစ်ယောက်ကွန်ပြူတာရှေ့တွင်ထိုင်ကာစိတ်ရှည်လက်ရှည်စောင့်နေပါသည်။ဟုတ်ပါသည်စိတ်ရှည်လက်ရှည်ကိုစောင့်နေတာပါ။တစ်နာရီနီးပါးရှိနေသော်လည်းသူစောင့်နေသည့်အရာကမလာသေးပေ။ဒီနေ့သည်သောကြာနေ့ဖြစ်သည်။ထို့ကြောင့်ရုံးမှပြန်လာပြီးထဲကသူလက်‌ေတာ့(ပ်)ရှေ့တွင်ထိုင်စောင့်ကာဝိဉာဉ်ကုန်းမြေကြီး(soul land)ကိုကြည့်ရန်ထိုင်စောင့်နေခြင်းဖြစ်သည်။

သို့သော်စောင့်နေ၍လားမသိအချိန်မှာကုန်တာနှေးနေသလိုပင်။ရှလင်စိတ်မရှည်တော့ပေ။သူဗိုက်ဆာနေပြီမဟုတ်လား။ရုံးဆင်းထဲကဘာမှမစားလာရသေးသလိုအိမ်ပြန်ရောက်တော့လည်းဒီနေ့ထုတ်လွှင့်မည့်အပိုင်းကိုစောင့်နေရ၍ဘာမှမစားရသေးပေ။ရှလင်ခေါက်ဆွဲပြုတ်စားရန်ထိုင်နေရာမှထရပ်လိုက်သည်။

မီးဖိုချောင်ထဲတွင်အသစ်နီးပါးရှိနေသောအိုးခွက်များကိုတွေ့နေရသည်။သုံးထားသည်ဟူ၍စတီးဒန်အိုးတစ်ခုသာ။ဘေးရှိစင်တွင်ခေါက်ဆွဲခြောက်များထည့်၍စီထားသည်မှာမနည်းမနောပင်။ရှလင်သည်မိဘမဲ့တစ်ဦးဖြစ်သည်။သူအသက်ပြည့်ပြီးထဲကဂေဟာမှထွက်လာကာအချိန်ပိုင်းအလုပ်များလုပ်ပြီးဘွဲ့ရသည်အထိကျောင်းတတ်ကာယခုတွင်ရုံးဝန်ထမ်းတစ်ဦးဖြစ်နေပြီဖြစ်သည်။သူရေခဲသေတ္တာကိုဖွင့်လိုက်ပြီးအထဲမှကြက်ဥနှင့်အသီးအရွက်များကိုယူလိုက်သည်။

စင်မှခေါက်ဆွဲထုတ်ကိုယူလိုက်ပြီးလူပျင်းပြုတ်နည်းအတိုင်းအိုးထဲသို့ရေထည့်ကာထိုထဲသို့ခေါက်ဆွဲခြောက်ကိုဖောက်ထည့်လိုက်သည်။အနှစ်ထုတ်များနှင့်ကြက်ဥအသီးအရွက်များကိုပါတစ်ခါထဲထည့်ပြုတ်လိုက်သည်။ငါးမိနစ်ခန့်ပြုတ်ပြီးနောက်ခေါက်ဆွဲပြုတ်ကိုပန်းကန်ထဲထည့်ကာအပြင်သို့ပြန်ထွက်လာလေသည်။သူလက်တော့(ပ်)ကိုလှန်းကြည့်လိုက်တော့soul land၏ဇာတ်ဝင်တေးမှာလာနေပြီဖြစ်သည်။သူလက်တော့ပ်နားမြန်မြန်သွားလိုက်ပြီးထိုင်လိုက်သည်။ခေါက်ဆွဲပြုတ်စားရင်းသူကြည့်နေသည်မှာယခုအပတ်အပိုင်း၏တစ်ဝက်သို့ပင်ရောက်လာလေသည်။

ဇာတ်ကားပြန်မလာခင်သူအမြန်ထပြီးစားပြီးပြီဖြစ်သောခေါက်ဆွဲပြုတ်ပန်းကန်ကိုသိမ်းရန်ထလိုက်သည်။ရှလင်မီးဖိုချောင်ထဲသို့အမြန်သွားလိုက်ပြီးပန်းကန်ကိုအမြန်ဆေးလိုက်သည်။သူအမြန်ဆေးလိုက်သဖြင့်ဘေစင်မှဆပ်ပြာရည်များဘေးသို့လျှံကျကုန်သည်ကိုသတိမထားမိပေ။သူ့စိတ်ထဲတွင်ဇာတ်ကားကိုသာစိတ်ရောက်ပြီးအမြန်လုပ်နေခြင်းသာ။ပန်းကန်ဆေးပြီးလို့ထားရန်အရှေ့သို့လျှောက်လိုက်သောအခါစောနကလျှံကျထားသောဆပ်ပြာ‌ရည်များပေါ်သို့သူနင်းမိသွားပြီး

“ဝုန်းးးးးးးးးခလွမ်”

“အားးးးးးး”

သူ့နောက်စိမှစူးစူးစိုက်စိုက်နာကျင်မှုကိုခံစားလိုက်ရပြီးသူ့အသိစိတ်တွေတဖြည်းဖြည်းပျောက်ကွယ်လာသည်။သူ့အမြင်အာရုံထဲတွင်အမှောင်ထုတစ်ခုကိုသာမြင်လိုက်ပြီးသူ့အသိစိတ်တွေတဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

ရှလင်သူအချိန်တွေအများကြီးအမှောင်ထုထဲမှာဖြတ်သန်းခဲ့သည်လို့ခံစားနေရသည်။သူ့အသိစိတ်တဖြည်းဖြည်းပြန်ရလာသောအခါသူ့ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။အမှောင်ထုကြီးသာ

‘သူမသေသေးဘူးလား’

‘မသေသေးရင်ရောဘာလို့အမှောင်ထုကြီးထဲရောက်နေတာလဲ’

‘သူစဉ်းစားမရချေ’

ရုတ်တရက်သူအသံတစ်သံကိုကြားလိုက်ရသည်။မိန်းမတစ်ယောက်၏အသံနှင့်ယောက်ျားတစ်ယောက်၏ကသံပင်

“ဒီနေ့သူလှုပ်သေးလားရှင်မ”

ယောက်ျားသံခပ်ဩဩပင်။

“ဟင့်အင်း..သူမလှုပ်သေးဘူး”

“သူတစ်ခုခုများဖြစ်သွားတာလားဟင်ယောက်ျား”

မိန်းမတစ်ယောက်၏ဝမ်းနည်းနေသောအသံပင်။

သူရုတ်တရက်တစ်ခုခုကိုသဘောပေါက်သွားသလိုရှိသည်။သူအမှောင်ထု၏ဘေးဘက်ကိုစမ်းကြည့်လိုက်သည်။နံရံများရှိသလိုပင်။သူသိလိုက်သည်အဲ့သည်အရာကဘာလဲဆိုတာကို။သူဥတစ်လုံးထဲရောက်နေခြင်းဖြစ်သည်။စောနကစကားပြောနေသည့်သူများကသူ့မိဘများဖြစ်ဟန်ရှိသည်။သူဥ၏ဘေးဘက်ကိုကိုင်လိုက်သည့်အချိန်တုန်းကဥသည်လှုပ်သွားခဲ့သည်။ထိုအရာကိုမြင်လိုက်သည့်လင်မယားဟာသူ့ဆီကိုပြေးလာကြသည်။

“ယောက်ျား ရှင်မြင်လိုက်တယ်မလား သူလှုပ်သွားတယ်မလား”

“ဟုတ်တယ်မလားလို့”

မိန်းမတစ်ယောက်၏ဝမ်းသာမှုများရောနှောပါဝင်နေသောအသံဖြစ်သည်။သူ့အမေဖြစ်ပုံပင်။သူတွေးလိုက်သည်။ယခင်ဘဝတုန်းကမိဘမဲ့ဖြစ်သည့်အတွက်သူ့မိဘတွေကိုသူမမြင်ဖူးပေ။ယခုအချိန်တွင်သူလူမဟုတ်တော့သော်လည်းမိဘများကိုရရှိလိုက်သည့်အတွက်မဆိုးဘူးလို့ခံစားလိုက်ရသည်။

“ဟုတ်ပါတယ်ကွာ မင်းမြင်လိုက်တာမှန်ပါတယ်”

“သူဘာမှမဖြစ်ပါဘူးကွ”

ယောက်ျားကပြန်ဖြေလိုက်သည်။

“တော်သေးတာပေါ့ရှင်....”

“ကျွန်မသားလေးသူဘာမှမဖြစ်တော့ဘူးးးး”

စိတ်လျှော့လိုက်လို့ထင်သည်။သူ့အမေဖြစ်သူမှာရုတ်တရက်အသံမကြားရတော့ပေ။

“ရှင်မ....”

သူ့အဖေ၏စိုးရိမ်တကြီးခေါ်သံကြားလိုက်ရသည်။

‘သူ့အမေတစ်ခုခုဖြစ်သွားတာလား?’

သူတွေးလိုက်သည်။ဘာမှမဖြစ်ပါစေနဲ့လို့သူဆုတောင်းလိုက်သည်။သူသည်ဘဝတွင်မိဘမဲ့မဖြစ်ချင်တော့ပေ။ထိုအသံများကြားပြီးထဲကသူဘာမှမကြားတော့ပေ။အကောင်မပေါက်သေးသည့်သားလောင်းဖြစ်လို့ထင်သည်။သူ့စိတ်ထဲပင်ပန်းပြီးအိပ်ချင်လာသည်။သူအိပ်ပျော်သွားလေသည်။

သူဒီဥကြီးထဲတွင်နေရသည်မှာတော်တော်ကြာပြီဖြစ်သည်။သူ့အမေသူ့ကိုစကားလာပြောလျှင်သူနားထောင်သည်။ပြီးလျှင်ပြန်အိပ်သည်ဒီလိုနှင့်သံသရာလည်နေလေသည်။ဟုတ်ပါသည်သူ့အမေဘာမှမဖြစ်ပါဘူး။အရင်ရက်များမှပြောစကားများကိုသူနားထောင်ထားသည့်အတွက်သူယခုရောက်နေသည့်နေရာကိုသိနေပြီဖြစ်သည်။

သူရောက်နေသည့်နေရာမှာရှေးဟောင်းနဂါးနန်းတော်လို့ခေါ်လေသည်။သူ့ဖခင်မှာရှေးဟောင်းနဂါးနန်းတော်၏သခင်လက်သည်းငါးချောင်းရွှေနဂါးဖြစ်ပြီးမိခင်ကတော့ကျောက်စိမ်းနဂါးမျိုးနွယ်ကဖြစ်သည်။သူ့မိခင်ကျောက်စိမ်းနဂါးမျိုးနွယ်သို့သွားရာလမ်းတွင်အမှောင်နန်းတော်၏ခြုံခိုတိုက်ခိုက်ခြင်းကိုခံရလေသည်။

နန်းတော်၏သခင်မဖြစ်သည့်အလျောက်တိုက်ခိုက်စွမ်းအားကောင်းမွန်သော်လည်းသူ့ကိုယ်ဝန်နှင့်ဖြစ်သည့်အတွက်အားနည်းနေသည့်အချိန်တွင်ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။သူ့ဖခင်၏အမြန်ရောက်လာမှုကြောင့်သူ့မိခင်သည်ဘာမှမဖြစ်ခဲ့သော်လည်းသူကတော့ထိခိုက်သွားခဲ့သည်။သူဝမ်းပြင်ရောက်ပြီးထဲကအသက်ဓာတ်မျှင်မျှင်လေးကိုသာသူ့မိဘတွေခံစားခဲ့ရသည်။

ယခင်နေ့များတွင်ဥကမဆိုသလောက်လေးလှုပ်သေးသော်လည်းသူမရောက်ခင်တစ်ရက်တွင်ဥသည်လုံးဝငြိမ်သက်နေသည်။သူကူးပြောင်းလာပြီးမှသာဥသည်နောက်တစ်ခေါက်ထပ်လှုက်ခြင်းဖြစ်သည်။သူ့မိခင်သည် သားပေါက်ထား၍အားနည်းနေသည့်အချိန်ရောသူ့ကိုစိုးရိမ်၍မအိပ်မစားဘဲစောင့်နေခဲ့သည့်အရှိန်ရောရော၍သတ်လစ်သွားခြင်းဖြစ်သည်။

ညသည်မှောင်မည်းနေသည်မှာကိုယ့်လက်ကိုယ်ပြန်မမြင်ရသည်အထိပင်ဖြစ်သည်။ရွှေနဂါးဥလေးထားရာတံခါးသည်တဖြည်းဖြည်းပွင့်လာလေသည်။အမဲရောင်အရိပ်တစ်ခုသည်ချွန်ထက်သောအရာတစ်ခုကိုကိုင်ထားသဖြင့်အမှောင်ထဲတွင်လက်ခနဲ့ဖြစ်သွားသည်။ရွှေရောင်ဥလေး၏အနားသို့တဖြည်းဖြည်းချည်းကပ်လာပြီးအမှောင်ထဲမှထွက်လာသောအခါထိုအရာမှာချွန်ထက်နေသောဓားမြှောင်ကိုကိုင်ထသောအနတ်ရောင်ဝတ်လူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။

ထိုလူသည်သူ့လက်ထဲမှဓားမြှောင်းကိုတဖြည်းဖြည်းမြှောက်လိုက်ပြီးဥကိုထိုးချလိုက်လေသည်။သို့သော်ဥမှရုတ်တရက်ရွှေရောင်အကာအကွယ်ကြီးတစ်ခုထွက်လာပြီးဓားမြှောင်ကိုကာလိုက်ကာထိုအနက်ဝတ်လူကိုတွန်းထုတ်လိုက်လေသည်။ပြင်းထန်သောအားကြောင့်ထိုလူသည်ပေတစ်ရာလောက်လွင့်ထွက်သွားပြီးနံရံကိုဖောက်ထွက်ကာလွင့်ထွက်သွားလေသည်။ရုတ်ရုတ်သဲသဲအသံများကြောင့်နဂါးနန်းတော်ရှိနဂါးများနိုးလာပြီးရန်သူကိုရှာဖွေတော့လေသည်။ထိုအချိန်တွင်အနတ်ဝတ်လူကိုရှာမတွေ့တော့သလိုဥထားရာနေရာရှိရွှေရောင်ဥသည်လည်းအစအနရှာမရအောင်ပင်ပျောက်သွားလေတော့သည်။

All Chapters