အပိုင်း၂
Vol. 1 Ch. 2
ရှလင်တစ်ယောက်ဥထဲတွင်အိပ်ပျော်နေခြင်းဖြစ်သည်။ထိုအချိန်တွင်ရုတ်တရက်သူ့စိတ်ထဲမှအသံအကျယ်ကြီးကိုကြားလိုက်ရသည်။ ထိုအသံမှာပျက်နေသောရေဒီယိုမှလာနေသောအသံနှင့်ပင်ဆင်တူနေသေည်။
“ဂျစ်....ဂျစ်...ဂျစ်..”
ထို့နောက်
“ဒင်.....နဂါးနတ်ဘုရားစနစ်ကိုအသက်သွင်းလိုက်ပါပြီ”
“ဒင်....နဂါးနတ်ဘုရားစနစ်ကိုပိုင်ရှင်နှင့်အောက်မြင်စွာချိတ်ဆက်ပြီးပါပြီ”
ထိုအသံနှစ်သံကိုကြားလိုက်ရသဖြင့်ရှလင်တစ်ယောက်ခနကြောင်အသွားပြီးမှအတိုင်းထက်လွန်ပျော်ရွှင်သွားလေသည်။သူလည်းအွန်လိုင်းဝတ္ထုတွေကလို့ရွှေလက်ညိုးစနစ်တစ်ခုကိုရလိုက်သည်မဟုတ်လား။ သို့သော်သူ့မှာစဉ်းစားစရာတစ်ခုရှိသည်။ ထိုအရာကတော့ဤစနစ်သည်သူဒီကိုစရောက်ရောက်ခြင်းတုန်းကအသက်မဝင်ဘဲအဘယ်ကြောင့်အခုမှအသက်ဝင်သနည်း။ သူထိုသို့စဉ်းစားနေသည်မှာတစ်ခဏလေးသာကြာသေးသည်။ ထိုအချိန်တွင်စနစ်မှသတိပေးသံကြီးကိုကြားလိုက်ရလေသည်။
“အရေးပေါ်!!!....အရေးပေါ်!!!!..”
“စနစ်ပိုင်ရှင်သည်အန္တရာယ်ကျရောက်နေကြောင်းစနစ်မှတွေ့ရှိထားပါသည်”
“စနစ်၏အရေးပေါ်ကာကွယ်ရေးmoodကိုဖွင့်လိုက်ပါပြီ”
ထို့နောက်သူ့ကိုယ်ထဲမှရွှေရောင်အလင်းများထွက်ပေါ်လာပြီးအပြင်ဘက်ကိုပြန့်ကားသွားလေသည်။ထို့နောက်သူအသံများကြားလိုက်ရသည်။
“အားးးးးးးးးး”
“ဝုန်းးးးးးးးး”
“ဘယ်သူကငါ့နန်းတော်ထဲကိုကျူးကျော်လာတာလဲကွ”
“ရှာကြစမ်းးးးး”
သူ့အဖေ၏အသံပင်။တော်တော်စိတ်တိုနေပုံလည်းရသည်။ဖြစ်နိုင်သည်မှာသူ့ကိုတစ်ယောက်ယောက်ကလာလုပ်ကြံခြင်းဖြစ်ပေမည်။ထို့နောက်စနစ်၏အသံကိုသူထပ်ကြားလိုက်ရသည်။(A/N:အဖြစ်အပျက်တွေကတပြိုင်တည်းဖြစ်တာပါနော် သူတွေးနေတုန်းဖြစ်သွားတာ)
“ဒင်...ပိုင်ရှင်သည်အန္တရယ်နှင့်ကြုံတွေ့လိုက်ရသောကြောင့်အရေးပေါ်အသက်ကယ်ခြင်းmoodကိုဖွင့်လိုက်ပါသည်”
“ကျပန်းနေရာကူးပြောင်းနေပါသည်.......”
‘ဟေ့ဟေ့ နေဦးလေကွာ ငါအခုမှအဖေနဲ့အမေရတာလေကွာမကူးပြောင်းပါနဲ့...’
သို့သော်သူ့အတွေးလေးများကိုထိုစနစ်အစုတ်ကဂရုမစိုက်ချေ။
“ဒင်....ကျပန်းနေရာရွေးချယ်ပြီးပါပြီ”
“စိတ်ဝိဉာဉ်တိုက်ကြီး(soul land)သို့ကူးပြောင်းနေပါသည်”
ထို့နောက်စုတ်ဝဲကြီးတစ်ခုဥအနားတွက်ဖြစ်ပေါ်လာကာဥကိုအထဲသို့စုတ်ယူသွားလေတော့သည်။
အာကာသကူးပြောင်းမှုလုပ်နေစဉ်အတွင်းတွင်ရှလင်တစ်ယောက်မူးနောက်ပြီးသတိလစ်သွားလေသည်။ရှလင်သတ်ိပြန်လည်လာသောအခါသူဘယ်ရောက်နေမှန်းစဉ်းစားမရဖြစ်သွားသည်။စနစ်၏နောက်ဆုံးစကားအရသူဝိဉာဉ်ကုန်းမြေကြီးလို့ကြားလိုက်သလိုပင်။
‘ဝိဉာဉ်ကုန်းမြေကြီး’
‘ဒါသူကြည့်နေတဲ့animeထဲကထန်စန်းတို့နေတဲ့နေရာမဟုတ်လား’
သူရူးချင်သလိုလိုပင်ဖြစ်သွားသည်။ထိုအချိန်တွင်မြေကြီးများတုန်လာပြီးသူသားရဲတစ်ကောင်၏ဟိန်းသံကိုကြားလိုက်ရသည်။ထိုသားရဲ၏ခြေသံကသူ့နားကိုတဖြည်းဖြည်းကပ်လာတာကိုသူခံစားနေရသည်။
‘ဘုရားဘုရား..ငါလေးကိုဒီသားရဲကောင်ကြီးတော့စားမလို့မဟုတ်ပါဘူးနော်’
‘အဖေရေ အမေရေ သားကိုကယ်ပါဦး စနစ်ရေကယ်ပါဦးလို့’
ရှလင်တစ်ယောက်အသည်းအသန်ငိုကြွေးနေရရှာသည်။
သို့သော်သနားစရာကောင်းသည်မှာသူ့စိတ်ထဲတွင်သာကိုကြွေးနေရသဖြင့်သူ့အသံကိုစနစ်မှလွဲ၍အခြားမည်သူမှကြားနိုင်မည်မဟုတ်ချေ။သူ့အသံကိုကြားနိုင်သောစနစ်သည်လည်းဘာဖြစ်သွားမှန်းမသိချေ။သူဒီကိုရောက်ထဲကတိတ်ဆိတ်နေခြင်းသာ။
သားရဲခြေသံကတဖြည်းဖြည်းနီးလာပြီးသူ့နားမှရပ်သွားတာကိုသူခံစားမိသည်။ထို့နောက်သူလေပေါ်မြောက်တတ်သွားသလိုပင်။ဖြစ်နိုင်သည်မှာသားရဲကြီးကသူ့ကိုသယ်သွားနေခြင်းဖြစ်သည်။ရှလင်စိတ်ထဲတွင်ကြေကွဲဝမ်းနည်းလို့နေလေသည်။သူသေပြီးဒီဥထဲသို့ရောက်သည်မှာတစ်ပတ်ပင်မပြည့်သေးပေ။သူလောကဓံမျိုးစုံခံစားလိုက်ရသလိုပင်။သားရဲကြီးကသူ့အားမစားပါစေနဲ့လို့သာသူဆုတောင်းနေမိသည်။
သူဘဲဆုတောင်းပြည့်သည်လားအစကတည်းကသားရဲကြီးကသူ့ကိုစားဖို့မကြံရွယ်ထားသည်လားမသိပေသူ့ကိုချီသွားပြီးသူ့အသိုက်ဖြစ်ဟန်ရှိသည့်နေရာတွင်ချပြီးကတည်းကသူ့ကိုမထိတော့ချေ။
၆နှစ်ခန့်ကြာသောအခါ........
ရှလင်ဝိဉာဉ်ကုန်းမြေကြီးသို့ရောက်ရှိနေသည်မှာ၆နှစ်ခန့်ရှိပြီဖြစ်သည်။အစပိုင်းတွင်သူကိုသားရဲကြီးစားမည်ကိုကြောက်သဖြင့်သတိမလွတ်ရဲပေ။သို့သော်သားရဲကြီးသည်သူ့ကိုခေါ်လာပြီးကတည်းကအိပ်ပျော်သွားသည်ထင်ဘာသံမှမကြားရတော့ချေ။ထို့နောက်တစ်လတစ်နှစ်ယခုခြောက်နှစ်ပြည့်ခါနီးအထိရှလင်သားရဲကြီးနှင့်အတူနေလာခဲ့သည်။
၆နှစ်တာကာလကြီးမှာပျင်းစရာအလွန်ကောင်းသဖြင့်သူ့အချိန်အများစုကိုဥထဲတွင်အိပ်စက်ရင်းနှင့်သာကုန်ဆုံးခဲ့သည်။ဥထဲသို့သူစကူးပြောင်းလာစဉ်ကဥသည်ဘောလုံးတစ်လုံးအရွယ်သာဖြစ်သော်လည်းယခုတွင်လူကြီးတစ်ယောက်၏ခါးစောင်းနီးပါးရှိနေသည်ဟုသူခန့်မှန်းမိသည်။ယနေ့သည်ရှလင်သေပြီးနောက်ဥထဲသို့ကူးပြောင်းလာသည့်ရက်မှတွက်လျှင်၆နှစ်ပြည့်သောနေ့ဖြစ်သည်။
ရှလင်ဥထဲတွင်အိပ်ပျော်နေတုန်းသူဝိဉာဉ်ကုန်းမြေကြီးကိုရောက်ကတည်းကတိတ်ဆိတ်သွားသောစနစ်၏အသံကိုကြားလိုက်ရလေသည်။
“ဒင်!!!!!!..ပိုင်ရှင်သည်ဥပေါက်ဖို့အချိန်ရောက်ပြီဖြစ်ပါသည်”
“ပိုင်ရှင်၏သားပေါက်ခြင်းအတွက်စနစ်မှLimitted VVVIPအဆင့်လက်ဆောင်ထုပ်ကိုချီးမြှင့်လိုက်ပါသည်”
“ပိုင်ရှင်လက်ဆောင်ကိုလက်ခံပါမည်လား?”
ရှလင်တစ်ယောက်ထိုအသံများကိုကြားလိုက်ရပြီးလန့်နိုးသွားလေသည်။ခဏလောက်ကြောင်နေပြီးမှသူ့စိတ်ထဲတွင်မီးရှူးမီးပန်းများဖောက်လိုက်သကဲ့သို့ပျော်ရွှင်မှုတွေအလုံးအရင်းဝင်ရောက်လာလေသည်။
‘’လက်ခံမှာပေါ့လက်ခံမှာဘယ်သူကလက်မခံဘဲနေမှာလဲဟ’’
“ဒင်....လက်ဆောင်အားစနစ်၏နေရာလွတ်ထဲသို့ထည့်သွင်းပြီးပါပြီ”
“ပိုင်ရှင်မှစစ်ဆေးကြည့်နိုင်ပါသည်....”
ရှလင်စိတ်ဝိဉာဉ်စွမ်းအားနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါစနစ်၏နေရာလွတ်ထဲတွင်သက်တန့်ရောင်တောက်ပနေတဲ့လက်ဆောင်ထုတ်လေးကိုတွေ့လိုက်ရသည်။
“စနစ်Limitted VVVIPအထုပ်ဆိုတာဘယ်လိုအဓိပ္ပါယ်လဲ’’
“ဒင်...ပိုင်ရှင်ကိုဖြေကြားပါသည်Limitted VVVIPအထုပ်ဆိုသည်မှာစနစ်၏အထူထုတ်ကုန်ဖြစ်ပါသည်”
“တစ်ခုထည်းသာရှိပြီးနောက်ထပ်ထပ်မရနိုင်တော့သောအထုပ်ဖြစ်ပါသည်”
‘အဲ့လောက်ထိမြင့်တာလားဟ’
ရှပင်စိတ်ထဲတွေးလိုက်သည်။ထို့နောက်စနစ်အား
“စနစ်အဲ့တာဆိုအထုပ်ကိုဖောက်ပေးပါ”
“ဒင်!....ကောင်းပါပြီပိုင်ရှင်”
စနစ်မှထိုသို့ဖြေကြားပြီးနောက်အထုပ်မှသက်တန့်ရောင်တွေမျက်စိကျိမ်းလောက်အောင်ထွက်လာလေသည်။
“ဒင်!!!!!!....ပိုင်ရှင်သည်.............”