အပိုင်း ၃
Vol. 1 Ch. 3
စနစ်မှထိုသို့ဖြေကြားပြီးနောက်အထုပ်မှဖရိုဖရဲအလင်းများမျက်စိကျိမ်းလောက်အောင်ထွက်လာလေသည်။
“ဒင်!..ဂုဏ်ယူပါသည်ပိုင်ရှင်သည်လျှို့ဝှက်ဆန်းကျယ်နဂါးသွေးကြောဖရိုဖရဲနဂါးသွေးကြောကိုရရှိပါသည်”
စနစ်မှထိုအသံထွက်လာသည်နှင့်တပြိုင်နက်ရှလင်၏ကိုယ်အတွင်းမှဖရိုဖရဲအလင်းများဖြာထွက်လာလေသည်။ထိုသဖရိုဖရဲအလင်းသည်ရှလင်၏ခန္ဓာကိုယ်မှတဆင့်ဥခွံကိုဖြတ်ကျော်ကအပြင်သို့ပြန့်ကားသွားပြီးသစ်တော၏သုံးပုံနှစ်ပုံနီးပါးသို့ပြန့်ကျဲသွားလေသည်။
သစ်တောအတွင်းမှဝိဉာဉ်သားရဲများသည်သက်တန့်ရောင်အလင်းနှင့်အတူပါလာသောသွေးမျိုးဆက်၏ဖိအားကိုခံစားလိုက်ရလေသည်။ထို့ကြောင့်သားရဲများသည်ထိုဖရိုဖရဲအလင်းတန်းများထွက်ပေါ်လာသည့်ဘက်သို့ဦးညွှတ်ထားလိုက်ကြသည်။ထိုအလင်းတန်းများပျောက်ကွယ်သွားမှသာမတ်တပ်ပြန်ရပ်နိုင်ကြလေသည်။ရှလင်ဘက်တွင်
၆နှစ်တိတိတစ်ခါမှမနိုးသေးဖူးသောရှလင်ဘေးမှနဂါးသည်ယခုအခါတွင်ဥမှထွက်လာသောဖရိုဖရဲအလင်းတန်းများကိုအထိပ်တလန့်ကြည့်နေသည်ကိုတွေရပါလိမ့်မည်။ဟုတ်ပါသည်ထိုနဂါးကတော့တုံ့လောကုန်းမြေကြီးတစ်ခုလုံးတွင်အသန်မာဆုံးသားရဲ၁၀ကောင်၏ခေါင်းဆောင်ရွှေရောင်မျက်လုံးနှင့်နဂါးနက်တိတျန်းပင်ဖြစ်လေသည်။
လွန်ခဲ့သောခြောက်နှစ်ခန့်ကတုံ့လောကုန်းမြေကြယ်တာရာသစ်တောအလယ်တွင်လေဟာနယ်များဖရိုဖရဲဖြစ်ပြီးလေဟာနယ်လမ်းကြောင်းတစ်ခုပွင့်လာခဲ့လေသည်။
တိတျန်းသည်နဂါးသားရဲဖြစ်သည့်အလျောက်သူ့ပိုင်နက်ထဲကိုအခြားသူများကျူးကျော်လာသည်ကိုမကြိုက်ချေ။ထို့ကြောင့်တိတျန်းသည်ဒေါသတစ်ကြီးဟိန်းလိုက်ပြီးထိုလေဟာနယ်လမ်းကြောင်းပေါ်လာရာနေရာသို့သွားလိုက်သည်။
တိထျန်းထိုလေဟာနယ်လှုပ်ရှားမှုများရှိသောနေရာသို့ရောက်သောအခါထိုနေရာတွင်ရွှေရောင်ဥတစ်လုံးမှလွဲ၍အခြားမည်သည့်အရာကိုမှမတွေ့ချေ။ထို့ကြောင့်သူ့နဂါးဂူသို့ပြန်ခါနီးတွင်မသိစိတ်အရသူထိုဥကိုပြန်သယ်သွားခြင်းဖြစ်သည်။
လက်ရှိသို့ပြန်သွားရမည်ဆိုလျှင်
တုံ့လောတိုက်ကြီး၏စွမ်းအားအကြီးဆုံးဝိဉာဉ်သားရဲကြီးဖြစ်သောတိထျန်းသည်ယခုအခါတွင်ထိုဥမှထွက်လာသောဖရိုဖရဲအလင်းတန်းများကိုကြည့်၍လန့်နေပါတော့သည်။ဟုတ်ပါသည်လန့်နေတာပါ။ဝိဉာဉ်သားရဲတို့၏ခေါင်းဆောင်ကြီးရွှေရောင်မျက်လုံးနှင့်အနက်ရောင်နဂါးကြီးတိထျန်းသည်သူ၏နှစ်ပေါင်း၈၂၀၀၀၀ကျော်ရှိသောကျင့်ကြံအားဖြင့်ပင်ထိုဥမှထွက်လာသောဖရိုဖရဲအလင်းတွင်ပါဝင်သည့်ဖိအားကိုခံစားလိုက်ရသဖြင့်လန့်နေခြင်းဖြစ်သည်။ထိုအလင်းတန်းများပျောက်သွားသောအခါတိထျန်းရှေ့ရှိဥသည်ဂျွတ်ခနဲမည်နှင့်အတူလက်ဖြူဖြူလေးတစ်ဖက်ထွက်လာလေသည်။
ရှလင်ဘက်တွင်သူ့ကိုယ်မှဖရိုဖရဲအလင်းများထွက်လာသည်နှင့်တပြိုက်နက်စနစ်၏သတိပေးသံကိုကြားလိုက်ရသည်။
“ဒင်!.....ပိုင်ရှင်၏ဖရိုဖရဲအလင်းများသည်သန်မာသောသားရဲများကိုဆွဲဆောင်နိုင်သဖြင့်အလင်းတန်းများကိုထိန်းချုပ်ပါမည်လား”
ရှလင်လည်း၎င်းကမှန်သည်ဟုခံစားရသဖြင့်စနစ်အားပြောလိုက်သည်။
“ဟုတ်ပြီ ငါ့ကိုယ်ကအလင်းတန်းတွေကိုထိန်းချုပ်ပေးပါစနစ်”
“ဒင်!...ကောင်းပါပြီပိုင်ရှင်”
ထိုသို့အသံကြားပြီးသည်နှင့်သူ့ကိုယ်ပြင်ပမှဖရိုဖရဲအလင်းတန်းများသည့်ရှလင်၏ခန္ဓာကိုယ်အတွင်းသို့ပြန်လည်ဝင်ရောက်ပြီးပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင်ရှလင်သည်သူ့ခန္ဓာကိုယ်အတွင်း၌အဆုံးမဲ့အင်အားများရရှိလာသည်ဟုခံစားလိုက်ရသည်။ထို့နောက်သူ၏ခြောက်နှစ်တာကာလအတွင်းလိုးဝချိုးဖြတ်လို့မရသောဥအခွံကိုလက်သီးဖြင့်ထိုးလိုက်လေတော့သည်။
ဟုတ်ပါသည်ထိုခြောက်နှစ်တာကာလအတွင်းရှလင်အကြိမ်ရေမနည်းထိုဥခွံကိုချိုးဖျက်ရန်ကြိုးစားဖူးပါသည်။သို့သော်သူသာလက်ပမ်းကျသွားသည်ဥခွံကတော့တုပ်တုပ်မလှုပ်ချေ။ယခုတော့သူ့ကိုယ်အတွင်းတွင်သုံးမကုန်နိုင်လောက်အောင်ရှိသောအားများရှိနေသကဲ့သို့သူထိုဥခွံအားထိုးချလိုက်လေသည်။
“ဂျွတ်!......”
မြည်သံနှင့်အတူသူ့လက်သီးသည်ဥခွံကိုထိုးဖောက်ပြီးအပြင်ဖက်သို့ရောက်ရှိသွားလေသည်။ရှလင်အလွန်ပျော်သွားလေသည်။နောက်ဆုံးတော့သူဒီဥကြီးထဲမှအပြင်ထွက်နိုင်တော့မည်ဖြစ်သည်။ရှလင်ရုတ်တရက်သူ့ကိုချီလာသည့်သားရဲကြီးကိုအမှတ်ရသွားသည်။သူမြင်ချင်သည်မလား။ထို့ကြောင့်သူ့လက်သီးကြောင့်ဖြစ်သွားသောဥခွံရှိအပေါက်လေးမှအပြင်သို့ချောင်းကြည့်လိုက်လေသည်။
‘အားပါးပါး ဒါကြီးကအနောက်တိုင်းနဂါးကြီးမဟုတ်ဘူးလား’
‘အကြီးကြီးဘဲဟ’
၎င်းကအနက်ရောင်အနောက်တိုင်းနဂါးကြီးပင်ဖြစ်သည်။ထို့နောက်ရှပင်အပေါ်သို့တဖြည်းဖြည်းကြည့်လိုက်သည်။
လေထုကခေတ္တရပ်တန့်သွားသလိုပင်။အနက်ရောင်နဂါးကြီး၏ရွှေအိုရောင်မျက်လုံးကြီးနှင့်ဥ၏အပေါက်မှချောင်းကြည့်နေသောမျက်လုံးလေးတို့အကြည့်ချင်းဆုံသွားလေသည်။ရှလင်စိတ်ထဲမုန်တိုင်းထန်လို့နေလေသည်။
‘သေစမ်း....ဒါကြီးကဒဏ္ဍာရီလာတိထျန်းကြီးမဟုတ်ဘူးလားဟ’
ရှပင်အနည်းငယ်ကျောတွန့်သွားလေသည်။သူဒီဒဏ္ဍာရီလာတိတျန်းကြီးနှင့်ဆုံရလိမ့်မည်ဟုတွေးပင်မတွေးထားမိချေ။
‘ငါဘာလုပ်ရမလဲ ‘
ရှလင်တစ်ယောက်ဥထဲကဆက်ထွက်ရမလား၊အထဲဘဲပြန်ဝင်နေရမလားတွေးရင်ရှေ့ကတိထျန်းကြည့်ကတွေဝေနေလေသည်။ထိုအချိန်တွင်တိထျန်းမှစကားစပြောလာလေသည်။
“ကလေး ထွက်ခဲ့ပါ..”
“ငါ့ကိုမကြောက်ပါနဲ.”
ရှလင်တစ်ယောက်ကြောင်နေစဉ်တိထျန်း၏စကားကိုကြားလိုက်ရလေသည်။သူစိတ်ထဲမှာအားတင်းလိုက်သည်။တိထျန်းသာသူ့ကိုတစ်ခုခုလုပ်ချင်လျှင်သူဥပေါက်သည့်အချိန်ထိစောင့်နေမည်မဟုတ်ချေ။ထို့အပြင်သူတို့သည်မျိုးတူသည်မဟုတ်လား။
‘နဂါးအချင်းချင်းဘဲလေသူငါ့ကိုဘာမှလုပ်မှာမဟုတ်လောက်ပါဘူး’
ထိုသို့တွေးရင်းရှလင်အားရှိသွားလေသည်။ထို့ကြောင့်သူ့၏လက်လေးဖြင့်ကျန်ရှိနေသေးသောဥခွံကိုသူ့တစ်ကိုယ်စာထွက်လို့ရအောင်ဆက်ဖဲ့လိုက်လေသည်။သူအပြင်သို့ထွက်လိုက်သည်နှင့်သူ့နောက်ရှိဥခွံသည်ရွှေရောင်အမှုန်လေးများအဖြစ်ပြိုကွဲသွားကသူ့ကိုယ်ပေါ်၌ရွှေရောင်နဂါးကြေးခွံပုံစံအင်္ကျီတစ်ထည်ဖြစ်လာလေသည်။ထို့နောက်ရှလင်သူ့ရှေ့ရှိတိထျန်းကြီးနှင့်မျက်နှာချင်းဆိုင်လိုက်တော့သည်။သူ့ရှေ့ရှိတိထျန်းကြီးသည်ရှလင်ကိုစေ့စေ့ကြည့်လိုက်ပြီး
“ကလေး မင်းဘယ်ကလာတာလဲမှတ်မိလား”
တိထျန်း၏အမေးကိုရှလင်ဘယ်လိုပြန်ဖြေရမလဲမသိပေ။သူ့အဖေသည်ရှေးဟောင်းနဂါးနန်းတော်၏သခင်ဖြစ်လေသည်။သို့သော်သူရှေးဟောင်းနဂါးနန်းတော်ကဘယ်မှာတည်ရှိသည်ဆိုတာမသိချေ။ထို့ကြောင့်သူတိထျန်းကိုမော့ကြည့်ပြီးခေါင်းခါပြလိုက်သည်။သူပြန်ဖြေသည်ကိုကြည့်ပြီးတိထျန်း၏မျက်လုံးများတွင်ဂရုဏာအနည်းငယ်ဖြတ်ပြေးသွားလေသည်။
ဤနဂါးပေါက်လေးသည်သူဘယ်ကရောက်လာသလဲဆိုသည်ကိုသူမသိချေ။သနားဖို့ကောင်းလှပေသည်။တုံ့လော်တိုက်ကြီးကတော့မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော်တုံ့လော်တိုက်ကြီးရှိဝိဉာဉ်သားရဲများမှာထိုနဂါးပေါက်လေးကဲ့သို့နဂါးလူသားအဖြစ်မွေးဖွားလာနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။တိထျန်းသူ့ရှေ့ရှိနဂါးပေါက်လေးအားကြည့်ပြီးမေးလိုက်သည်။
“ကလေးမင်းငါနဲ့အတူနေမလား?”
ရှလင်အံ့ဩတကြီးသူ့ရှေ့ရှိတိထျန်းကြီးကိုကြည့်လိုက်သည်။သူဖတ်ဖူးတဲ့soul land2 စာစဉ်ထဲတွင်ထိုတိထျန်းကြီးသည်အရမ်းကိုမှကြောက်စရာကောင်းသည်မဟုတ်လား။အဘယ့်ကြောင့်ဒီတိထျန်းကြီးကသူ့အပေါ်နူးနူးညံ့ညံ့ဆက်ဆံနေသနည်း။သူတွေးမရချေ။သို့သော်တုံ့လော်တိုက်ကြီး၏အင်အားအကြီးဆုံးသားရဲအနားတွင်နေရသည်မှာသူ့အတွက်လုံခြုံသည်ဖြစ်သည့်အတွက်သူပြန်ပြောလိုက်သည်။
“ကောင်းပါပြီ ကျတော်ခင်ဗျားနဲ့အတူနေပါ့မယ်”
ရှလင်၏ပြန်ဖြေသံကိုကြားလိုက်သည့်အခါတိထျန်းကြီးပျော်သွားလေသည်။သူတစ်ယောက်ထည်းနေရသည်မှာပျင်းဖို့ကောင်းသည်မဟုတ်လား။အခုလိုနဂါးပေါက်လေးတစ်ကောင်နှင့်နေရသည်မှာအနည်းငယ်တော့ပျော်ဖို့ကောင်းမှာအသေအချာပင်။
“ကောင်းပြီ အခုကစပြီးမင်းကငါတိထျန်းရဲ့ညီလေးဘဲ”
“မင်းကိုအနိုင်ကျင့်ရဲတဲ့သူရှိရင်ပြောအကိုကြီးတိထျန်းကသွားကျွတ်အောင်ရိုက်ပေးမယ်”
(A/N:bro-conကြီးတိထျန်းပါ၊မြေးမြစ်အရွယ်ကိုညီကိုပိတ်တော်ပစ်သောတိထျန်း)
ရှလင်တစ်ယောက်မဲ့ရွဲ့သွားလေသည်။
‘ငါနဲ့သူကမျိုးဆက်ခုနှစ်ဆက်လောက်ခြားတာကိုညီကိုတော်ချင်တယ်တဲ့’
‘မင်းကြီးတော်ကြီးကိုတော်လိုက်ပါလား’
သို့သော်ထိုစကားတွေကိုစိတ်ထဲမှာသာပြောရဲသည်။သူသည်ယခုမှအကောင်ပေါက်သည့်နဂါးပေါက်လေးမဟုတ်ပါလား။တိထျန်း၏ဒေါသကိုသွားမဆွရဲသေးချေ။ထို့ကြောင့်
“ကောင်းပါပြီအကိုကြီးတိထျန်း”
“အခုကစပြီးကျတော်ရှလင်ကအကိုကြီးတိထျန်းရဲ့ညီလေးဘဲ”
“(ဟားဟား)²..ကောင်းပြီညီလေးရှလင်အခုကစပြီးငါတို့ကညီကိုတွေဖြစ်သွားပြီ”
ရှလင်ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါကိုကြီးတိထျန်း..”
ရှလင်တစ်ယောက်သူ့ရှေ့ရှိအကောင်ကြီးကြီးအမြီးရှည်ရှည်တိထျန်းကြီးကိုကြည့်ကသူ့ဘဝအတွက်ရင်လေးသွားလေသည်။
(A/N:ဒီမှာတစ်ခုပြောချင်တာကရှလင်ရဲ့အဖေလက်သည်းငါးခုရွှေနဂါးကထန်ဝူလင်းရဲ့ရွှေနဂါးနဲ့မတူဘူးနော်ထန်ဝူလင်းကအနောက်တိုင်းနဂါးပါ၊ရှလင်ရဲ့အဖေကအရှေ့တိုင်းနဂါးပါရွှေသံတြိဂံရဲ့နဂါးမျိုးပါ၊နောက်တစ်ခုကစပွိုင်လာပေးရမယ်ဆိုရင်ရှလင်ကတုံ့လော်တိုက်ကြီးထက်မြင့်တဲ့ဆီကလာတာပါအဲ့တာကြောင့်သူကတုံ့လော်တိုက်ကြီးကဝိဉာဉ်သားရဲတွေလိုလူအသွင်ပြောင်းလဲခြင်းကိုကျော်ဖြတ်စရာမလိုပါဘူး၊သူ့စိတ်ကြိုက်လူအသွင်ရောနဂါးအသွင်ပါပြောင်းနိုင်ပါတယ်၊အဲ့တာလေးပြောမလို့ပါ)