အပိုင်း ၄
Vol. 1 Ch. 4
ရှလင်တိထျန်း၏အရေမရအဖက်မရစကားများကိုနေ့တစ်ဝက်ခန့်နားထောင်ပြီးနောက်သူအနားရသွားလေသည်။ရှလင်အရမ်းပင်ပန်းနေပြီဖြစ်သည်။တိထျန်း၏စကားများကိုအနားရချိန်မှာတောင်ကြားနေမိသလိုခံစားနေရသည်။
ရှလင်သူ့ကိုတိထျန်းပေးထားသည့်ဂူအတွင်းမှသူ့နေရာသို့သွားကာခြောက်သွေ့သောနေရာတွင်ထိုင်လိုက်သည်။
သူ့ကိုယ်သူဆန်းစစ်ရဦးမည်မဟုတ်လော။သူ့လက်သေးသေးလေးများကိုကြည့်လျက်ရှလင်ယခုသူ့ခန္ဓာကိုယ်မှာအသက်ငါးနှစ်ခြောက်နှစ်ခန့်ရှိသောကလေးတစ်ယောက်အရွယ်ဖြစ်ဟန်ရှိသည်ဟုခန့်မှန်းလိုက်သည်။သူ့ဦးခေါင်းကိုစမ်းကြည့်လိုက်သောအခါချိုသေးသေးလေးနှစ်ခုကိုစမ်းမိလိုက်လေသည်။သူ့နောက်တွင်လည်းနဂါးအမြီးလေးရှိနေလေသည်။ရှလင်သူ့ကိုယ်သူတော့မမြင်ဖူးသေးပေ။
‘နောက်နေ့မှအပြင်ထွက်ရင်းနဲ့ရေကန်ထဲမှာကြည့်ရမယ်’
‘သူဘယ်လိုပုံလေးဖြစ်နေမလဲ၊သူကြည့်နေကျanimeတွေထဲကလိုချစ်စရာကောင်းတဲ့နဂါးလူသားပေါက်စလေးများဖြစ်နေမလား’
သူတွေးရင်အခုချက်ချင်းတောင်မြင်ချင်သွားသည်။သို့သော်သု့တွင်လုပ်စရာတွေကျန်သေးသည်မလား။ထို့နောက်သူစနစ်ကိုဆင့်ခေါ်လိုက်သည်။
“စနစ်..ငါ့ရဲ့ကိုယ်ရေးအကျဉ်းကိုပြပါ..”
“ဒင်!....ပိုင်ရှင်၏ကိုယ်ရေးအကျဉ်းကိုပြသထားပါသည်”
‘အမည်.....ရှလင်
မျိုးနွယ်.....နဂါးမျိုးနွယ်
အသက်....တစ်ရက်
သားရဲကျင့်ကြံမှုသက်တမ်း...မရှိသေး
သိုင်းဝိဉာဉ်.....မရှိသေး
ဝိဉာဉ်ကွင်း.....မရှိသေး
စိတ်ဝိဉာဉ်စွမ်းအင်...အဆင့်၁၀၀(နတ်ဘုရားအဆင့်)
သွေးမျိုးဆက်...ဖရိုဖရဲနဂါးသွေးမျိုးဆက်(၁၀%နိုးထပြီး)
နိုးထနေဆဲဒြပ်စင်....ရွှေဝိဉာဉ်(၀%)
စနစ်သိုလှောင်ခန်း.....မည်သည့်ပစ္စည်းမှမရှ်ိ
(စနစ်ပိုင်ရှင်သည်ငမွဲလေးဖြစ်နေပါသည်)
ရှလင်သူ့ကိုယ်ရေးအကျဉ်းကိုဖတ်နေရင်းအောက်ဆုံးသို့ရောက်သောအခါအနည်းငယ်နင်သွားလေသည်။စနစ်သိုလှောင်ခန်းတွင်ဘာပစ္စည်းမှမရှိတာကိုကောင်းကောင်းပြောလို့ရသားနှင့်ဒင်းကသူ့ကိုသက်သက်ဖဲ့သွားခြင်းဖြစ်သည်။
‘ငိုးမ စနစ်’
‘ဘယ်သူကမွေးမွေးပြီးချင်းရတနာတွေပါလာလို့တုန်းဟ’
ရှလင်သူ့စိတ်ထဲတွင်စနစ်အားအခါတစ်ရာလောက်ကြိမ်ဆဲလိုက်သည်။ဆဲလို့ဝတော့မှစနစ်အားသူမရှင်းတာကိုမေးလိုက်သည်။
“စနစ် ..စိတ်ဝိဉာဉ်စွမ်းအင် အဆင့်၁၀၀ဆိုတော့ငါကအခုနတ်ဘုရားအဆင့်မှာပေါ့..ဟုတ်လားစနစ်”
“ဒင်!.စနစ်ပိုင်ရှင်မှန်ပါသည် ...ပိုင်ရှင်သည်မွေးရာပါစိတ်ဝိဉာဉ်စွမ်းအား ၁၀၀ဖြစ်သည်”
‘ဝိုးးးဒါဆိုငါကမွေးကတည်းကနတ်ဘုရားဖြစ်နေတာဘဲဟ’
ရှလင်သူ့စိတ်ထဲမှာတွေးလိုက်ပြီးကျေနပ်အားရနေလေသည်။
‘ဟမ့် ဒီတုံ့လော်တိုက်ကြီးကရှိတဲ့လူမှန်သမျှငါ့ရှေ့လာရပ်လိုက်စမ်း’
‘ဒီဘိုးဘိုးကြီးကမင်းတို့ကိုပြားကပ်နေအောင်ရိုက်ပစ်မယ်ကွ’
ရှလင်တစ်ယောက်သူ့အတွေးများနှင့်အတူကျေနပ်နေတုန်းစနစ်ပြောလိုက်သည့်စကားကြောင့်နေဘက်သို့လှည့်ကာသူဘယ်လောက်လှကြောင်းကြွားပြနေသောနေကြာပန်းလေးကိုရေနွေးပူပူကြီးနှင့်လောင်းချလိုက်သကဲ့သို့သူ့စိတ်လေးညိုးနွမ်းသွားရသည်။
“ဒင်!...စနစ်ပိုင်ရှင်ကိုစနစ်မှအပျော်မစောသင့်ကြောင်းသတိပေးအပ်ပါသည်”
“စနစ်ပိုင်ရှင်သည်မွေးရာပါဝိဉာဉ်စွမ်းအား၁၀၀အပြည့်ဖြစ်သော်လည်းသိုင်းဝိဉာဉ်မရှိဝိဉာဉ်ကွင်းမရှိဖြစ်နေပါသည်”
“ထို့ကြောင့်စနစ်ပိုင်ရှင်၏အခြေအနေသည်ခွန်းအားများအလွန်ပြည့်ဝနေသောကြက်ဖတစ်ကောင်သည်မွေးရာပါပစ္စည်းမပါရှိသဖြင့်သူ့ဘေးရှိကြက်မများအပေါ်တက်မအုပ်နိုင်သောကြောင့်အီလည်လည်ဖြစ်နေသောကြက်ဖကြီးနှင့်တူနေပါသည်”
“ထို့ကြောင့်စနစ်သည် ပိုင်ရှင်အားပိုင်ရှင်၏အင်အားများထွက်ပေါက်ရအောင်ပစ္စည်းများရရှိမည့်နေ့စဉ်လစဉ်နှစ်စဉ်လက်မှတ်ထိုးဝင်ရောက်ခြင်းစနစ်အားစတင်လိုက်ပါသည်”
“စနစ်ပိုင်ရှင်သည်တိထျန်း၏သားရဲဂူတွင်လက်မှတ်ထိုးဝင်ရောက်ပါမည်လား”
စနစ်၏စကားများအဆုံးတွင်ရှလင်တစ်ယောက်သွေးတတ်ကာမေ့လဲချင်နေပြီဖြစ်သည်။
‘’သောက်စနစ်အစုတ်ပလုတ်..ငါကမင်းပိုင်ရှင်ကွမင်းအဲ့လောက်ဖဲ့စရာလိုလို့လား”
“နောက်ပြီးတော့ငါကနဂါးကွနဂါးးးး..ကြက်မဟုတ်ဘူးး”
ရှလင်စနစ်အားစိတ်တို၍ရင်ဘက်မှာနိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီးမျက်နှာကြီးသည်နီရဲနေလေသည်။သို့သော်ကျတော်တို့၏အာဂစနစ်မှာပိုင်ရှင်အားဖဲ့လို့မဝသေးပုံပင်။
“ဒင်!..စနစ်သည်ပိုင်ရှင်၏ကျန်းမာရေးကိုစိုးရိမ်၍သတိပေးပါရစေ”
“ပိုင်ရှင်စိတ်ကိုလျော့ပါ..စိတ်တိုခြင်းကပိုင်ရှင်ကျန်းမာရေးအတွက်စိုးရိမ်ရပါသည်”
“ပို၍ဆိုးသည်မှာပိုင်ရှင်စိတ်တိုနေပုံကြီးသည်သားမကျ၍အားကုန်ညှစ်နေသောနွားမကြီးကဲ့သို့ကြည့်ရဆိုးပါသည်”(A/N:ပြိုင်ဘက်ကင်းကပ်ဖဲ့ခြင်းစနစ်ပါ သာသာတော့ရေးရင်းအူတက်နေပါပြီ🤣)
“fu*kဘဲဟေ့”
စနစ်၏စကားကိုကြားလိုက်သည်နှင့်ရှလင်သည်စနစ်အားထိုစကားတစ်ခွန်းသာပြောလိုက်နိုင်ပြီးသတိလစ်သွားတော့သည်။
ရှလင်စနစ်ေကြာင့်နာရီဝက်ခန့်သတိလစ်သွားပြီးနောက်သတိပြန်လည်လာသောအခါမျက်နှာကြီးနီမြန်းပြီးအရှက်သည်းနေရသည်။ဟုတ်သည်လေသူ့လိုဟိုဘက်ဘဝနှင့်ဒီဘက်ဘဝပေါင်းနှစ်ပေါင်း၃၀ကျော်လောက်အသက်ရှင်လာသူသည်ထိုကလေကဝစနစ်၏စကားများကြောင့်သတိလစ်သွားရသည်မှာအင်မတန်ရှက်ဖို့ကောင်းလှပါသည်။
ထို့ကြောင့်သူထိုအကြောင်းများကိုအစမဖော်တော့ဘဲအရေးကြီးသည့်မေးခွန်းများကိုမေးရန်စနစ်အားခေါ်ထုတ်လိုက်ပါသည်။
“စနစ်ထွက်ခဲ့ပါဦးဟ..”
“ဒင်!..စနစ်သည်ပိုင်ရှင်၏စကားကိုနားထောင်နေပါသည်”
“ကောင်းပြီးစနစ် ငါမေးချင်တာကဖရိုဖရဲနဂါးသွေးကြောကဘာလို့၁၀%ဘဲနိုးထသေးတာလဲ”
“ပြီးတော့ရွှေဝိဉာဉ်ဆိုတာကရောဘာကြီးလဲ သူကဘာလို့၀%ကနေမတက်တာလဲ”
ရှလင်သူ့စဉ်းစားလို့မရသောမေးခွန်းများကိုထုတ်မေးလိုက်သည်။
“ဒင်!...ဖရိုဖရဲနဂါးသွေးကြော၁၀%ဘဲရှိခြင်းမှာပိုင်ရှင်၏နဂါးခန္ဓာကိုယ်သည်ထိုရာခိုင်နှုန်းထက်ပို၍မခံနိုင်သောကြောင့်ဖြစ်သည်”
“ပိုင်ရှင်သည်သားရဲကျင့်ကြံမှုသည်ယခုအချိန်ထိမစတင်ရသေးချေ”
“ထို့ကြောင့်ဖရိုဖရဲနဂါးသွေးကြောသည်သင့်ခန္ဓာအတွင်းတွင်၁၀၀%ရှိနေပါကသင့်ခန္ဓာကိုယ်သည်ပေါက်ကွဲထွက်သွားမည်ဖြစ်သည်”
“ထို့ကြောင့်စနစ်သည်သင့်ခန္ဓာကိုယ်အတွင်းမှနဂါးသွေးကြော၉၀%ကိုစည်းခတ်ထားခြင်းဖြစ်သည်”
“သင်၏ခန္ဓာကိုယ်ခံနိုင်အားအပေါ်မူတည်၍ချိတ်ပိတ်ထားသည်များပြေလျော့သွားပေလိမ့်မည်”
“အဲ့တာဆိုငါကငါ့ခန္ဓာကိုယ်ကြံ့ခိုင်အောင်ဘယ်လိုလေ့ကျင့်ရမှာလဲ”
စနစ်၏ပြောကြားနေခြင်းအားကြားဖြတ်၍မေးလိုက်သည်။
“ဒင်!!!!!!!!....ပိုင်ရှင်သည်စနစ်၏စကားများကိုဖြတ်မပြောဘဲနားထောင်သင့်ပါသည်”
အချက်ပေးသံအကျယ်ကြီးအော်ပြီးနောက်စနစ်၏ဘောက်စပ်စပ်အသံကိုရှလင်ကြားလိုက်ရလေသည်။(A/N:စနစ်ကတော့ချေမြဲချေဆဲဘဲ🤣🤣)
ရှလင်သည်စနစ်၏အော်သံကြောင့်လန့်သွားပြီးထိုစနစ်အားကျိန်ဆဲမိတော့မလိုပင်ဖြစ်သွားသည်။သို့သော်သူဘက်ကမှားသည်ဖြစ်သောကြောင့်ထိုစနစ်အစုတ်ပလုတ်အားစိတ်ထဲတွင်သာကျိန်ဆဲလိုက်သည်။
အပြင်ဘက်တွင်မှာတော့
“အေးပါကွာ စနစ်ကလည်းငါမနှောင့်ယှက်တော့ပါဘူး
ဆက်ဖတ် ဆက်ဖတ်..”
“ဒင်!..ပိုင်ရှင်မရိုင်းပါနဲ့..”
“ဟ ..ငါမရိုင်းပါဘူးဟငါပြောတာကမင်းကိုဆက်ပြောလို့ပြောတာ”
ရှပင်ထိုသို့ပြောလိုက်သောအခါစနစ်လည်းလက်ခံလိုက်ပြီး
“ပိုင်ရှင်၏ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်ပိုင်ရှင်သည်ဒြပ်စင်ဝိဉာဉ်များကိုကျင့်ကြံဖို့လိုပါသည်”
“ဖရိုဖရဲနဂါးတွင်ဒြပ်ဝင်ဝိဉာဉ်၁၇ခုရှိပါသည်....ထိုဒြပ်စင်ဆယ့်ခုနှစ်ခုတွင်
အခြေခံဒြပ်စင် ၅ မျိုး
အလယ်လတ်ဒြပ်စင် ၄မျိုး
အဆင့်မြင့်ဒြပ်စင် ၂မျိုး
အထွဋ်ထိပ်ဒြပ်စင် ၂မျိုးနှင့်
ဖြစ်တည်မှုဒြပ်စင်တစ်မျိုးဆိုပြီးရှိပါသည်”
“ဖရိုဖရဲနဂါး၏သွေးကြော၁၀%နိုးထထားခြင်းကြောင့်ပိုင်ရှင်၏လက်ရှိစိတ်ဝိဉာဉ်သည်နတ်ဘုရားအဆင့်သို့ရောက်နေသော်လည်းပိုင်ရှင်၏ခန္ဓာကိုယ်သည်နတ်ဘုရားအဆင့်သို့မရောက်ရှိသေးချေ”
“ဖရိုဖရဲနဂါးသွေးကြော၏၁%သည်စိတ်ဝိဉာဉ်စွမ်းအားတွင်အဆင့်၁၀နှင့်ညီမျှသောကြောင့်ဖရိုဖရဲနဂါးသွေးကြော၁၀%နှုန်းသည်စိတ်ဝိဉာဉ်စွမ်းအင်အဆင့်၁၀၀နှင့်ညီမျှလေသည်”
“ထို့ကြောင့်ပိုင်ရှင်သည်ဖရိုဖရဲသွေးကြော၁%တိုင်းတွင်ဒြပ်စင်ဝိဉာဉ်တစ်ခုနိုးထဖို့လိုလေသည်”
“ပိုင်ရှင်သည်အခြေခံနှင့်အလယ်လတ်အဆင့်ဒြပ်စင်ဝိဉာဉ်၁၀ခုကိုနိုးထပြီးလျှင်ပိုင်ရှင်၏နဂါးခန္ဓာသည်နတ်ဘုရားအဆင့်သို့ရောက်ရှိသွားမည်ဖြစ်သည်”
“နတ်ဘုရားဖြစ်ပြီးသွားလျှင်ပိုင်ရှင်သည်ဖရိုဖရဲနဂါးသွေးကြောချိပ်စည်းဒုတိယအဆင့်ကိုဖွင့်နိုင်မည်ဖြစ်သည်”
“အဲ့တာဆိုငါကဒြပ်စင်ဝိဉာဉ်ကိုဘယ်လိုစုဆောင်းရမှာတုန်း..အခုတောင်၀%ကမတက်တဲ့ဟာကို”
ရှလင်စနစ်အားမေးလိုက်သည်။
“အခြေခံနှင့်အလယ်လတ်ဒြပ်စင်ဝိဉာဉ်တစ်ခုစီသည်ပိုင်ရှင်၏သားရဲကျင့်ကြံမှုသက်တမ်းနှင့်တိုက်ရိုက်အချိုးကျပါသည်”
“ပိုင်ရှင်၏သားရဲကျင့်ကြံမှုသက်တမ်းတစ်သိန်းသည်ဒြပ်စင်ဝိဉာဉ်တစ်ခုနှင့်ညီမျှပါသည်”