အပိုင်း ၅
Vol. 1 Ch. 5
“ပိုင်ရှင်၏သားရဲကျင့်ကြံမှုသက်တမ်းနှစ်တစ်သိန်းသည်ဒြပ်စင်ဝိဉာဉ်တစ်ခုနှင့်ညီမျှပါသည်”
“အဲ့တာဆိုငါကနဂါးခန္ဓာကိုသားရဲနတ်ဘုရားအဆင့်ရောက်ဖို့အတွက်နှစ်ပေါင်းတစ်သန်းကြီးတောင်ကျင့်ကြံရမယ်ပေါ့လေ”
စနစ်၏စကားကိုရှလင်မှကြားဖြတ်ပြောကာမေးလိုက်သည်။ထိုအရာကနှစ်ပေါင်းတစ်သန်းကြီးများတောင်လေ။သူအဲ့လောက်ကြီးမကျင့်ကြံချင်ပေ။
“ဒင်!!!!!..ပိုင်ရှင်သည်စနစ်၏စကားကိုကြားဖြတ်၍ပြောနေပြန်ပါသည်”
ထိုမှရှလင်ထိုဦးစိတ်တိုစနစ်၏ကြားဖြတ်မပြောရဆိုသောစကားကိုအမှတ်ရလိုက်သည်။
“ဆက်ပြောပါ..ဆက်ပြောဆက်ပြော”
ရှလင်ထိုသို့ပြောလိုက်တော့မှစနစ်မှဆက်ပြောလေသည်။
“ဒင်!....ပိုင်ရှင်သည်သားရဲကျင့်ကြံမှုများရရှိရန်အတွက်ဝိဉာဉ်သားရဲများကိုသတ်ဖြတ်ပြီးထိုသားရဲများဆီမှကျင့်ကြံမှုများကိုရယူနိုင်သည်”
“သို့မဟုတ်စနစ်၏လက်မှတ်ထိုးဝင်ခြင်းမှလည်းသားရဲကျင့်ကြံမှုသက်တမ်းများကိုရရှိနိုင်ပါသည်”
ရှလင်စနစ်၏စကားဆုံးသည်နှင့်အတွေးထဲသို့နစ်မြောသွားသည်။သူ၏ယခုအနေအထားအရသူ့တွင်နတ်ဘုရားအဆင့်ဝိဉာဉ်စွမ်းအင်များရှိသော်လည်းထိုစွမ်းအင်များကိုထုတ်သုံးနိုင်အောင်လုပ်ပေးမည့်သိုင်းဝိဉာဉ်ကမရှိချေ။ထို့ကြောင့်နှစ်သောင်းပိုင်းဝိဉာဉ်သားရဲများမပြောနှင့်နှစ်ထောင်ပိုင်းဝိဉာဉ်သားရဲများကိုတောင်သူအနိုင်မယူနိုင်လောက်သေးပေ။နဂါးဖြစ်ပြီးအသုံးမကျလိုက်တာဟုလာမပြောပါနှင့်။သူသည်ယနေ့မှသားပေါက်သောနဂါးပေါက်လေးတစ်ကောင်သာဖြစ်သည်။
ထိုသို့အများကြီးစဉ်းစားပြီးနောက်ရှလင်ဆုံးဖြတ်ချက်ချလိုက်သည်မှာသူ၏ရွှေလက်ချောင်းစနစ်အပေါ်တွင်သာမှီခိုဖို့ဆုံးဖြတ်လိုက်သည်။ဟုတ်သည်လေရူးနေသည့်လူမှသာထိုအလကားရသည့်ပိုင်မုန့်ကိုမစားဘဲနေမည်ဖြစ်သည်။
‘သူ့မှာရွှေလက်ချောင်းစနစ်ကြီးရှိနေတာဘဲ ဘာလို့အာရုံအနောက်ခံနေရမှာလဲ’
ထိုသို့ဆုံးဖြတ်ပြီးနောက်ရှလင်စနစ်ပြောသည့်လက်မှတ်ထိုးဝင်ရောက်သည့်စနစ်ကိုသတိရလိုက်သည်။ထို့ကြောင့်
“စနစ်ရေ ဒီတိထျန်းဂူထဲမှာလက်မှတ်ထိုးဝင်လို့ရလား”
“ဒင်!...ပိုင်ရှင်ကိုဖြေကြားပါသည် ဤတိထျန်းဂူသည်ဆက်တိုက်လက်မှတ်ထိုးဝင်ရောက်နိုင်သောနေရာဖြစ်သည်”
“ထို့ကြောင့်ပိုင်ရှင်သည်လက်မှတ်ထိုးဝင်ရောက်မည်လား”
စနစ်၏အသံဆုံးသည်နှင့်ရှလင်အနည်းငယ်အံ့ဩသွားရသည်။သူဒီတိထျန်းဂူကြီးကိုဆက်တိုက်လက်မှတ်ထိုး၍ရသောနေရာတစ်ခုဟုမထင်ခဲ့ချေ။စနစ်၏အဆိုအရတစ်ခါသာလက်မှတ်ထိုးဝင်ရောက်၍ရသောနေရာနှင့်နေရာတစ်ခုတည်းတွင်ဆက်တိုက်လက်မှတ်ထိုးဝင်ရောက်နိုင်သောနေရာဟု၍နှစ်မျိုးရှိသည်ဟုဆိုလေသည်။
သေချာပြန်စဉ်းစားကြည့်လျှင်တော့အံ့ဩစရာမရှိချေ။ထိုဒဏ္ဍာရီလာတိထျန်းနေထိုင်သောနေရာသည်ဤမျှလောက်မထူးဆန်းမှသာအံ့ဩရမည်ဖြစ်သည်။
“ကောင်းပြီ လက်မှတ်ထိုးဝင်ရောက်ပါစနစ်”
“ဒင်!...တိထျန်း၏သားရဲဂူတွင်လက်မှတ်ထိုးဝင်ရောက်ခဲ့ပါသည်”
“ပိုင်ရှင်သည် ဆုလာဒ် ပွင့်ချပ်ကိုးခုကြာပန်းသိုင်းဝိဉာဉ်ကိုရရှိပါသည်”
စနစ်၏စကားဆုံးသည်နှင့်တပြိုင်နက်ရှလင်သူ့ကိုယ်သည်တစ်ခုခု၏ချုပ်နှောင်ခံထားရမှုမှလွတ်မြောက်သွားသကဲ့သို့သက်တောင့်သက်သာဖြစ်သွားဟုခံစားလိုက်ရသည်။ထိုအရာသည်ရေပူစမ်းထဲတွင်စိမ်လိုက်ရသကဲ့သို့ဖြစ်သည်။ရှလင်ထိုခံစားမှုကြောင့်ခဏမျှအသိစိတ်လွတ်သွားလေသည်။သူအသိပြန်ဝင်လာတော့မှသူ့သိုင်းဝိဉာဉ်ကိုအမြန်စစ်ဆေးလိုက်သည်။ရှလင်ညာဘက်လက်ကိုဖြန့်ထုတ်လိုက်ပြီးသိုင်းဝိဉာဉ်ကိုဆင့်ခေါ်လိုက်သည်။
ရှလင်၏လက်ထဲတွင်အရောင်ကိုးမျိုးရောနှောနေသောပွင့်ချပ်ကိုးခုနှင့်ကြာပန်းသိုင်းဝိဉာဉ်တစ်ခုပေါ်လာလေသည်။ရှလင်အရမ်းပျော်သွားလေသည်။သူသည်ယခုတွင်သူအနှစ်နှစ်အလလအိပ်မက်မက်ခဲ့ရသောသိုင်းဝိဉာဉ်တစ်ခုကိုရရှိခဲ့ပြီမဟုတ်လား။သူsoul landကိုကြည့်တုန်းကသူ့မှာလည်းအခုလိုသိုင်းဝိဉာဉ်ရရှိဖို့ခနခနအရူးထဖူးသည်မဟုတ်လား။အခုတော့သူ့အိပ်မက်တွေပြည့်ခဲ့ရပြီဖြစ်သည်။
သူဖရိုဖရဲနဂါးသွေးကြောရတုန်းကတောင်ဒီလောက်ထိမပျော်ဖူးချေ။အဘယ်ကြောင့်ဆိုသော်ဖရိုဖရဲနဂါးသွေးကြောသည်သူ၏နဂါးအမျိုးအစားကိုဖရိုဖရဲနဂါးအဖြစ်ပြောင်းလဲခြင်းသာဖြစ်သည်။သူသည်ဖရိုဖရဲနဂါးအဖြစ်မှနေလူ့အသွင်သို့ပြောင်းလဲနိုင်သော်လည်းသူသည်လူမဟုတ်နဂါးသာဖြစ်သည်။ထို့ကြောင့်သူ့တွင်သိုင်းဝိဉာဉ်ရှိမည်မဟုတ်ချေ။သူလူသားအဖြစ်သို့အပြီးတိုင်ပြောင်းလဲမှသာဖရိုဖရဲနဂါးသည်သိုင်းဝိဉာဉ်ဖြစ်လာမည်ဖြစ်သည်။
သို့သော်လည်းရှလင်လူသားအဖြစ်သို့အပြီးတိုင်မပြောင်းလဲလိုပေသူ့တွင်နဂါးမိဘများရှိသေးသည်မဟုတ်လော။နောက်ပြီးသူလူသားအဖြစ်ပြောင်းလဲလိုက်လျှင်သူ့မှာရှိသည့်နဂါးခန္ဓာနဂါးသွေးကြောအကုန်လုံးဆုံးရှုံးသွားမှာဖြစ်သည်။သူ့တွင်ဖရိုဖရဲနဂါးသိုင်းဝိဉာဉ်တစ်ခုသာကျန်ရှိပြီးသူ့ခန္ဓာကိုယ်သည်လူသားကဲ့သို့ပျော့တိပျော့ဖတ်ဖြစ်နေမည်ကိုသူမလိုချင်ပေ။
ယခုတော့သူ့တွင်စနစ်ကြောင့်ထိုစည်းမျဉ်းများကိုကျော်လွန်ပြီးသိုင်းဝိဉာဉ်တစ်ခုရရှိခဲ့ပြီဖြစ်သည်။ထိုစနစ်သည်အပေါက်သာဆိုးသော်လည်းစွမ်းအားတော့ကြီးလှသည်။မိုးမြေစည်းမျဉ်းများကကန့်သန့်ထားသောအရာကိုပင်ချိုးဖောက်ဝံ့ခြင်းဖြစ်သည်။သို့သော်သူသည်သားရဲအဖြစ်သိုင်းဝိဉာဉ်ကိုရရှိခဲ့သော်လည်းမိုးမြေမှမငြင်းဆန်ခြင်းမှာပိုအံ့ဩဖို့ကောင်းပါသည်။သူသည်လောကကြီးတွင်မရှိသလိုမျိုးပင်မိုးမြေစည်းမျဉ်းများသည်သူ့အားသတိပင်မပြုမိပေ။
‘အဲ့တာလည်းကောင်းတာဘဲမဟုတ်ဘူးလား ‘
‘မဟုတ်ရင်ငါဖတ်ဖူးတဲ့ရှန်းရှဝတ္ထုတွေကလိုအဆင့်တစ်ခါတက်တိုင်းမိုးကြိုးတစ်ခါပစ်ချနေရင်ဘယ်လိုလုပ်မလဲ’
ရှလင်ထိုသို့တွေးပြီးကျိတ်ပျော်သွားလေသည်။ရှလင်သည်ထိုသို့ဖြစ်နေခြင်းကိုစနစ်လုပ်ထားသည်ဟုသာထင်လိုက်ပြီးသံသယမဝင်တော့ချေ။
ဤအဖြစ်ပျက်များဖြစ်ပျက်ပြီးချိန်တွင်အပြင်တွင်မှောင်နေပြီဖြစ်သည်။ရှလင်အပြင်သူ့နေသည့်နေရာမှထလိုက်ပြီးအပြင်သို့ထွက်ကြည့်လိုက်သည်။သူနေသည့်နေရာသည်တိထျန်း၏ဂူကြီးအတွင်းမှဂူပေါက်အသေးတစ်ခုတွင်နေထိုင်နေခြင်းဖြစ်သည်။သူ့ဂူ၏မျက်နှာချင်းဆိုင်တွင်တိထျန်းကြီးအိပ်ေနသည့်ဂူရှိနေသည်။တိထျန်းကြီး၏ဂူမှဝင်လျှင်သူနှင့်တိထျန်းကြီးအိပ်သောဂူပေါက်နှစ်ခုသည်ဟိုဘက်ဒီဘက်မျက်နှာချင်းဆိုင်နေပြီးအလည်တွင်လျှောက်လမ်းကြီးတစ်ခုရှိကာဂူ၏အတွင်းပိုင်းသို့ဆက်သွယ်ထားလေသည်။တိထျန်းကြီးကိုသူဤလမ်းသည်ဘယ်ကိုသွားသည့်လမ်းဖြစ်သလဲဟုမေးသောအခါတိထျန်းကြီးကအနည်းငယ်ကြောက်နေသည့်ပုံဖြင့်သူ့အားမမေးရန်နှင့်ထိုထဲသို့မသွားရန်သာမှာကြားလေသည်။
‘ငါသိချင်လိုက်တာ တိထျန်းလိုဒဏ္ဍာရီလာသားရဲကြီးကဂူအတွင်းပိုင်းကဘာကိုကြောက်နေတာပါလိမ့်’
ရှလင်ထိုသို့တွေးပြီးသူအနည်းငယ်သန်မာလာလျှင်သွားစပ်စုရမည်ဟုတေးထားလိုက်သည်။
ရှလင်ဂူကြီးတစ်ခုလုံးကိုပတ်ကြည့်သော်လည်းသူနှင့်တိထျန်းနေထိုင်သည့်အခန်းနှစ်ခန်းနှင့်လျှောက်လမ်းလေးမှလွှဲ၍ဘာမှမရှိပေ။ထို့ကြောင့်ရှလင်ပြန်အိပ်ဖို့သာစဉ်းစားလိုက်သည်။ရှလင်ဂူကြီးအတွင်းမှမြက်ခြောက်အနည်းငယ်ကိုစုစည်းလိုက်ပြီးသူ့အခန်းအတွင်းသို့ပြန်ကာအခန်းထောင့်တွင်မြက်ခြောက်များကိုပုံလိုက်ပြီးရှလင်ထိုမြက်ခြောက်များပေါ်တွင်လှဲလျောင်းပြီးမျက်လုံးပိတ်ကာအိပ်လိုက်တော့သည်။