အပိုင်း၆
Vol. 1 Ch. 6
နောက်တစ်နေ့မနက်တွင်ရှလင်အရင်ဦးဆုံးလက်မှတ်ထိုးဝင်ရောက်လိုက်သည်။
“စနစ်လက်မှတ်ထိုးဝင်ရောက်ပါ”
“ဒင်!...တိထျန်းဂူတွင်လက်မှတ်ထိုးဝင်ရောက်ပါသည်....ပိုင်ရှင်သည်ဆုလာဒ်နှစ်တစ်သိန်းဝိဉာဉ်ကွင်းတစ်ကွင်းကိုရရှိပါသည်”
“ဒင်!...ဂုဏ်ယူပါတယ် ပိုင်ရှင်သည်ပိုင်ရှင်၏ယခုအဆင့်ဖြင့်လတ်မှတ်ထိုးဝင်ရောက်နိုင်သည့်အမြင့်ဆုံးဆုများထဲမှတစ်ခုကိုရရှိသွားပါသည်”
“ပိုင်ရှင်ဝိဉာဉ်ကွင်းကိုစုပ်ယူပါမည်လား”
“ယူမှာပေါ့..ယူမှာ..ဘယ်သူကမယူဘဲနေမှာလဲ”
ရှလင်တစ်ယောက်ပျော်ရွင်သွားပြီးစနစ်အားအလောတကြီးပြောလိုက်သည်။
“ဒင်!..စနစ်သည်ပိုင်ရှင်၏သိုင်းဝိဉာဉ်ပွင့်ချပ်ကိုးခုကြာပန်းတွင်နှစ်တစ်သိန်းဝိဉာဉ်ကွင်းအားတပ်ဆင်လိုက်ပါသည်”
ရှလင်စနစ်၏စနစ်၏စကားဆုံးသည်နှင့်သူ့လက်ဝါးကိုဖြန့်ပြီးသူ့သိုင်းဝိဉာဉ်ကိုဆင့်ခေါ်လိုက်လေသည်။
ကိုးရောင်ခြယ်ကြာပန်းလေးသည်ရှလင်၏ညာဘက်လက်တွင်အနီရောင်ဝိဉာဉ်ကွင်းလေးနှင့်အတူပေါ်လာလေသည်။ရှလင်စနစ်အားဝိဉာဉ်ကွင်းမှရရှိသည့်စွမ်းအားတွေကိုအမြန်ပြခိုင်းလိုက်သည်။
“စနစ်ဝိဉာဉ်ကွင်းရဲ့စွမ်းရည်တွေကိုပါပြ”
“ဒင်!..စနစ်မှပိုင်ရှင်ရရှိသောဝိဉာဉ်စွမ်းရည်များကိုဖော်ပြလိုက်ပါသည်”
စနစ်ထိုသို့ပြောပြီးနောက်ရှလင်ရှေ့တွင်ဒစ်ဂျစ်တယ်ဘောင်ကွက်တစ်ခုပေါ်လာလေသည်။
‘သိုင်းဝိဉာဉ်အမည် = ပွင့်ချပ်ကိုးခုကြာပန်း
ပထမဝိဉာဉ်ကွင်းမှရရှိသောစွမ်းရည်များ
ပထမစွမ်းရည် = ကြာပွင့်ပစ်လွှတ်ခြင်း
(ပွင့်ချပ်ကိုခုကြာပန်း၏ပွင့်ချပ်များသည်ဓားတစ်လက်ကဲ့သို့ထက်ရှသွားမည်ဖြစ်ပြီးဒလက်တစ်ခုကဲ့သို့လည်နေမည်ဖြစ်သည်။ထိုလည်နေသောကြာပွင့်အားသင်၏ရန်သူဆီသို့ပစ်လွှတ်နိုင်ပါသည်။)
ဒုတိယစွမ်းရည် = ကြာပန်းပေါက်ကွဲခြင်း
(သင်သည်ကြာပန်းအားရန်သူဆီသို့ပစ်လွှတ်လိုက်သည်နှင့်ကြာပန်း၏အူတိုင်များသည်ဖျက်အားပြင်းဗံုးတစ်ခုကဲ့သို့ေပါက်ကွဲကာပွင့်ချပ်များသည်ဓားများကဲ့သို့၊ကြာပန်း၏ဝတ်မှုန်တိုင်များသည်ဖောက်အားပြင်းသောအပ်များကဲ့သို့အသွင်ပြောင်းပြီးသင့်ရန်သူများကိုပြင်းထန်စွာဒဏ်ရာရစေသောAOE skillတစ်ခုကိုရရှိမည်ဖြစ်သည်။)’
ရှလင်သူ၏ဝိဉာဉ်စွမ်းရည်များကိုကြည့်ကာမင်သက်နေမိသည်။
သူထိုဝိဉာဉ်စွမ်းရည်များကိုသူ၏အဆင့်၁၀၀ရှိသောဝိဉာဉ်အဆင့်နှင့်တွဲ၍သုံးဆွဲလိုက်ပါကသာမာန်တုံလော်အဆင့်ကိုပင်အပြင်းအထန်ဒဏ်ရာရသွားစေနိုင်ပေလိမ့်မည်။
(သာမာန်တုံ့လော်=ဝိဉာဉ်အဆင့်၈၀-၈၉
ဒီမှာရှလင်ရဲ့ဝိဉာဉ်အဆင့်က၁၀၀ဖြစ်ရဲ့သားနဲ့ဘာလို့သူ့ဝိဉာဉ်စွမ်းရည်ကသာမာန်တုံ့လော်ကိုဘဲအနိုင်ရလဲဆိုတာသိချင်မယ်ထင်ပါတယ် တကယ်တော့ရှလင်ရဲ့ဝိဉာဉ်စွမ်းအားအပြည့်ကိုထုတ်လွှတ်နိုင်ဖို့ကနတ်ဘုရားဝိဉာဉ်ကွင်းလိုပါတယ် သာမာန်ဝိဉာဉ်သားရဲကွင်းတွေကမထုတ်လွှတ်ပေးနိုင်ပါဘူး နတ်ဘုရားတွေအတွက်နှစ်တစ်သိန်းသားရဲကသာမာန်သားရဲဖြစ်သလိုနှစ်ကိုးသိန်းသားရဲကလည်းသာမာန်ထက်နည်းနည်းပိုသန်မာတဲ့သားရဲပါဘဲ အဲ့တာကြောင့်မလိုရှလင်ကဒီဝိဉာဉ်ကွင်းရဲ့ခံနိုင်တဲ့စွမ်းအားထိဘဲသူထုတ်သုံးနိုင်တာပါ)
ထို့အပြင်ရှလင်ဝိဉာဉ်ကွင်းရရှိတုန်းကသူ့နဂါးခန္ဓာကအနည်းငယ်ပိုသန်မာလာသလိုထင်မိပါသည်။ယခင်ကသူ့ခန္ဓာကိုယ်သန်မာမှုကနှစ်တစ်သောင်းသားရဲလောက်သန်မာသည်ဆိုလျှင်ယခုတွင်နှစ်နှစ်သောင်းသားရဲလောက်သန်မာနေသည်ဟုရှလင်ခံစားရသည်။ထို့ကြောင့်သူ့စွမ်းအားများကိုစမ်းသပ်ရန်ရှလင်ဂူထဲမှထွက်ပြီးသားရဲရှာဖွေခန်းထွက်လိုက်လေသည်။
သားရဲများနှင့်တိုက်ခိုက်ကာတိုက်ခိုက်ရေးအတွေ့အကြုံရသလိုသားရဲများ၏ကျင့်ကြံခြင်းကိုလည်းသူရရှိနိုင်ပေမည်။တစ်ချက်ခုတ်နှစ်ချက်ပြတ်ပင်။
တိထျန်းနိုးလာကတည်းကထိုနဂါးပေါက်လေးကိုစိတ်အာရုံဖြင့်ကြည့်ရှူနေခြင်းဖြစ်သည်။သူ၏ညီကိုအသစ်ကလေးသည်နိုးလာသည်နှင့်တစ်ယောက်ထဲဘာတွေရွတ်နေသည်မသိ(တိုးတိုး)”ရွတ်နေလေသည်။ထို့နောက်သူ့မျက်နှာမှာပြုံးရွှင်သွားပြီးလက်ဝါးကိုဖြန့်လိုက်ရာတွင်ကြာပန်းသိုင်းဝိဉာဉ်တစ်ခုပေါ်လာပြီးထိုသိုင်းဝိဉာဉ်တွင်လည်းအနှစ်တစ်သိန်းခန့်ရှိသောဝိဉာဉ်ကွင်းတစ်ခုရှိလေသည်။
သူတစ်သက်တွင်သိုင်းဝိဉာဉ်ရှိသောသားရဲတစ်ကောင်ဟူ၍မတွေ့ဘူးသေးချေ။တိထျန်းထိုနဂါးပေါက်လေးဥမှထွက်လာပြီးသူ့တွင်သူ့ထက်တောင်မြင့်မားသောနဂါးသွေးကြောရှိသည်ကိုကိုယ်တိုင်သာမမြင်လိုက်ရပါကသူသည်ထိုနဂါးပေါက်လေးအားနဂါးယောင်ဆောင်ထားသောလူတစ်ယောက်ဖြစ်မည်ဟုထင်မိမည်ဖြစ်သည်။ထို့အပြင်ထိုဝိဉာဉ်ကွင်းကလည်းသူဘယ်အချိန်ရလိုက်လည်းတိထျန်းမသိချေ။ထိုနဂါးပေါက်လေးသည်ဥမှပေါက်သည်မှစ၍သူနှင့်တစ်ချိန်လုံးရှိနေသည်ကိုသူ့ကျင့်ကြံဆင့်များနှင့်တိုင်တည်၍ပြောရဲပါသည်။
တိထျန်းမှန်းဆနိုင်သည်မှာထိုနဂါးပေါက်လေးလာသည့်လောကနှင့်ဆိုင်သည်ဟုသာပြောနိုင်ပေမည်။လောကတွင်သူမသိနိုင်သည့်အရာများရှိနိုင်သေးသည်မဟုတ်လော။
ထိုကလေးဂူအပြင်ထွက်သွားသည်ကိုတိထျန်းသိပါသည်။သို့သော်ခနတုန်းကထိုကလေးထုတ်လွှတ်လိုက်သည့်ဝိဉာဉ်စွမ်းအားအရအနှစ်တစ်သိန်းသားရဲများမှလွဲ၍သူ့အားအန္တရာယ်ပေးနိုင်မည့်သူမရှိဟုတိထျန်းယုံကြည်ပါသည်။
သို့သော်လိုရမည်ရအနေဖြင့်တိထျန်း၏တံဆိပ်တစ်ခုအားထိုကလေးပေါ်တွင်မမြင်နိုင်အောင်မှတ်သားပေလိုက်သည်။ထိုသို့ဆိုလျှင်ထိုကလေးအန္တရယ်တစ်ခုခုဖြစ်လျှင်သူသိနိုင်မည်ဖြစ်သည်။
ထို့နောက်တိထျန်းပြန်အိပ်ရန်အတွေးများကိုနေရာချလိုက်သည်။သူထိုသို့တွေးရသည်မှာပင်ပန်းလှသည်မဟုတ်လား။
သူသည်အိပ်ရသည်ကိုအလွန်ကြိုက်သောသူဖြစ်သည်။(သာသာ့အတိုင်းဘဲ🤣🤣)
ရှလင်ဘက်တွင်
ရှလင်ဂူမှထွက်ပြီးအချိန်အနည်းငယ်သာကြာသေးသည်။နှစ်နှစ်သောင်းခန့်ရှိသောလင်းသားရဲတစ်ကောင်နှင့်တွေ့လိုက်ရသည်။ကြယ်တာရာသစ်တော၏ဗဟိုဒေသတွင်နှစ်ထောင်ပိုင်းသားရဲများမရှိသလောဖြစ်ပြီးနှစ်သောင်းပိုင်းသားရဲများတွင်တောင်နှစ်သုံးသောင်းအောက်သားရဲများအလွန်နည်းပါးပြီးထိုအထက်သားရဲများသာရှိသည်။ထို့ကြောင့်ယခုနှစ်နှစ်သောင်းခန့်ရှိသောသားရဲကိုတွေ့ရခြင်းမှာရှပင်အလွန်ကံကောင်းခြင်းဖြစ်သည်။
လင်းသားရဲသည်ရှလင်အားတွေ့သွားသောအခါပြေးလာပြီးသူ၏ပါးစပ်ကြီးဖြင့်ရှလင်အားကုိက်လိုက်လေသည်။
ထိုအခြေအနေသည်သူ့ခန္ဓာကိုယ်ကြံခိုင်မှုအားစစ်ဆေးခြင်သောရှလင်အတွက်အခွင့်ကောင်းဖြစ်သည်။ထို့ကြောင့်ရှလင်ညာဘက်လက်သီးဖြင့်လင်းသားရဲ၏တိုက်ခိုက်လာမှုအားတုံ့ပြန်လိုက်သည်။
“ဝုန်းးးးးးးးးးးးးး”
ရှလင်နှင့်လင်းသားရဲတို့၏အားကြောင့်အနီးနားရှိသစ်ပင်များပျက်စီးကုန်ကာသူတို့နှစ်ယောက်စလုံးလည်းနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရလေသည်။ရှလင်သည်ခြေလှမ်းအနည်းငယ်နောက်ဆုတ်ရသည်မှလွဲ၍မည်သည်မှမဖြစ်သော်လည်းလင်းသားရဲသည်တော့အခြေနေဟန်ပုံမရချေ။ထိုအရာကိုကြည့်၍ရှလင်သူ့ခန္ဓာကိုယ်သည်အနည်းဆုံးနှစ်နှစ်သောင်းခွဲခန့်ခံနိုင်ရည်အားရှိသည်ဟုခန့်မှန်းလိုက်သည်။ထို့နောက်သူကြောင့်မူးဝေနေသောလင်းသားရဲအားသတ်ရန်ကြာပန်းပစ်လွှတ်ခြင်းအားသုံးလိုက်လေသည်။
သူသည်ဇာတ်ကားရိုက်နေခြင်းမဟုတ်ပေထို့ကြောင့်သူ့စမ်းသပ်ချင်နေသောခံနိုင်ရည်အားကိုလည်းသိရှိပြီးသည်ဖြစ်ရာအဘယ်ကြောင့်အချိန်ဆွဲနေတော့မည်နည်း။အားကုန်သုံးကာမြန်မြန်သတ်လိုက်ခြင်းကပိုမကောင်းဘူးလား။သူတွေးနေသည်မှာတစ်ခနသာကြာသေးသည်ဖြစ်သည်။ထို
အချိန်တွင်
“ဝုန်းးးးး”
“ကျိ!!!!!!”
သူပစ်လွှတ်လိုက်သောကြာပန်းကမူးဝေနေသောလင်းသားရဲကိုထိသွားခြင်းဖြစ်သည်။ မူးဝေနေသောလင်းသားရဲသည်သူ၏မြန်ဆန်လှသောတိုက်ခိုက်မှုကိုတုံ့ပြန်နိုင်ခြင်းမရှိလိုက်ပုံပေ။ အသံအကျယ်ကြီးအော်ကာရင်ဘက်တွင်ဟက်တပ်ကွဲနေသောဒဏ်ရာကြီးတစ်ခုဖြင့်မြေပြင်ပေါ်တွင်လဲကာသေအံ့နည်းနည်းဖြစ်နေလေသည်။ စနစ်၏သားရဲများမသေခင်တွင်စွမ်းအားစုပ်ယူရမည်ဆိုသောစကားကိုရှလင်ရုတ်တရက်သတ်ရလိုက်သဖြင့်သူလင်းသားရဲဆီသို့အမြန်သွားကာသားရဲ၏နဖူးမှတစ်ဆင့်ကျင့်ကြံခြင်းများကိုစုပ်ယူလိုက်တော့လေသည်။