← Chapters

အပိုင်း ၇

Vol. 1 Ch. 7

အပိုင်း ၇

Vol. 1 Ch. 7

ရှလင်လင်းသားရဲ၏ကျင့်ကြံမှုများကိုစုပ်ယူပြီးချိန်တွင်စနစ်၏အသံကိုကြားလိုက်ရလေသည်။

“ဒင်!..ပိုင်ရှင်သည်သက်တမ်းနှစ်နှစ်သောင်းရှိသောလင်းသားရဲ၏ကျင့်ကြံမှုများကိုစုပ်ယူလိုက်ပါသည်”

“ပိုင်ရှင်သည်သားရဲကျင့်ကြံမှုသက်တမ်းသည်နှစ်တစ်သောင်းကိုရရှိပါသည်”

“ဒင်!..ပိုင်ရှင်၏ပထမဆုံးကျင့်ကြံမှုအတွက်စနစ်မှလက်ဆောင်ထုပ်တစ်ထုပ်ချီးမြှင့်လိုက်ပါသည်”

“စနစ်မှလက်ဆောင်ထုပ်အားစနစ်နေရာလွတ်ထဲသို့ပြောင်းရွှေ့ပြီးပါပြီ ပိုင်ရှင်ဖွင့်ဖောက်ပါမည်လား”

စနစ်၏စကားဆုံးသည်နှင့်ရှလင်သူ့ခန္ဓာကိုယ်အတွင်းမှစွမ်းအားတစ်ခုနိုးထားလာပြီးသူ့ခန္ဓာကိုယ်မှာပိုမိုကြံ့ခိုင်လာသည်ကိုခံစားလိုက်ရသည်။

“စနစ်..မင်းထွက်လာပြီးရှင်းပြစမ်းပါဦး ငါစုပ်ယူလိုက်တာနှစ်နှစ်သောင်းသားရဲလေ ဘာလို့ငါကနှစ်တစ်သောင်းဘဲရတာလဲ”

“မင်းကြားထဲကဖြတ်ခုတ်ထားတာလားပြောစမ်း..စနစ်”

“ဒင်!...ပိုင်ရှင်သည်ရိုးသားသောစနစ်အားစွပ်စွဲနေပါသည်”

“ပိုင်ရှင်၏သားရဲကျင့်ကြံမှုသက်တမ်းရရှိခြင်းသည်ပိုင်ရှင်နှင့်သာဆိုင်ပါသည်..စနစ်နှင့်မဆိုင်ပါ”

စနစ်၏စကားကိုကြားလိုက်ရသည်နှင့်ရှလင်ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။

“ဟမ့်..သားရဲကျင့်ကြံမှုသက်တမ်းကငါနဲ့ဘယ်လိုဆိုင်လဲဆိုတာသက်သေပြစမ်းပါစနစ်ရာ...သက်သေကောင်းကောင်းမပြနိုင်လို့ကတော့မင်းငါနဲ့တွေ့မယ်”

“ဒင်!....ပိုင်ရှင်သည်သွေးမျိုးဆက်မြင့်သောနဂါးတစ်ကောင်ဖြစ်သည်”

“လမ်းဘေးမှတွေ့ကရာမြွေတစ်ကောင်မဟုတ်ပေ ထို့ကြောင့်ပိုင်ရှင်၏ကျင့်ကြံမှုသည်အခြားသားရဲများထက်နှစ်ဆုံးဆခန့်ပိုသန်မာပါသည်”

“ထို့ကြောင့်သာမာန်နဂါးသွေးစည်းအနည်းငယ်ပါသောလင်းသားရဲတစ်ကောင်၏နှစ်နှစ်သောင်းကျင့်ကြံမှုသည် ပိုင်ရှင့်အားနှစ်တစ်သောင်းသာပေးနိုင်ခြင်းဖြစ်သည်”

“အခြားနဂါးသွေးစည်းမပါသောနှစ်နှစ်‌ေသာင်းသားရဲများသာဆိုလျှင်ပိုင်ရှင့်အားအများဆုံးနှစ်ငါးထောင်သာပေးနိုင်ပါလိမ့်မည်”

စနစ်၏စကားကိုကြားသည်နှင့်ရှလင်ဆွံ့အသွားရသည်။တစ်ခါတစ်လေကြတော့လည်းပါရမီရှင်ဖြစ်ရသည်ကမကောင်းပေ။ယခုအခြေအနေမျိုးနှင့်ဆိုလျှင်နဂါးမျိုးဆက်သွေးပါသောနှစ်နှစ်သောင်းသားရဲနောက်ထပ်ကိုးကောင်ဒါမှမဟုတ်သာမာန်နှစ်နှစ်သောင်းသားရဲ၁၈ကောင်ခန့်ကိုသူသတ်ရပေလိမ့်မည်။

‘ငါအဲ့လောက်သားရဲတွေအများကြီးဘယ်မှာသွားရှာရမှာလဲဟစနစ်ရ’

ရှလင်တစ်ယောက်အကြီးအကျယ်ငိုကြွေးနေပါပြီ။ကြယ်တာရာတောကြီးတွင်နှစ်နှစ်သောင်းသားရဲများပေါများသော်လည်းသူတိထျန်းဂူနှင့်ဝေးရာသို့မသွားဝံ့ချေ။

တော်ကြာသူလျှောက်သွားမိ၍သက်တမ်းရင့်သားရဲများကသူ့ကိုစားသွားလျှင်သူဘယ်လိုလုပ်မည်နည်း။ထို့ကြောင့်ရှလင်ဖြည်းဖြည်းချင်းသာကျင့်ကြံဆင့်များကိုစုဆောင်းရတော့မည်ဖြစ်သည်။

ရှလင်လင်းသားရဲကိုသတ်ပြီးသည်မှစ၍နှစ်သောင်းပိုင်းသားရဲများကိုထပ်မတွေ့ရတော့ချေ။ထို့ကြောင့်သူစိတ်ဓာတ်ကျစွာဦးတည်ရာမဲ့လမ်းလျှောက်ရင်းသူ့မျက်စိတစ်ဆုံးကျယ်သောရေကန်ကြီးကိုတွေ့လိုက်လေသည်။ရှလင်ရုတ်တရက်အဆုံးအဆမဲ့ရေကန်ကြီးတစ်ခုကိုတွေ့လိုက်ရသဖြင့်ရုတ်တရက်အံ့ဩသွားလေသည်။

ကြယ်တာရာတောကြီး၏အလယ်ဗဟိုတွင်ဤကဲ့သို့အဆုံးအဆမဲ့ရေကန်ကြီးတစ်ခုကိုတွေ့ရလိမ့်မည်ဟုရှလင်မထင်ထားချေ။သူ့ရှေ့မှရေကန်ကြီးကိုကြည့်ရင်းရှလင်ရေချိုးချင်လာသည်။သူသားပေါက်ကတည်းကယခုထိရှလင်ရေမချိုးရသည်မဟုတ်လော။ထို့ကြောင့်ရှလင်သူ့အဝတ်အစားများကိုချွတ်ကာသူ့ဒူးခန့်အနက်ရှိသောရေစပ်ထိဆင်းလိုက်လေသည်။ရှလင်ရေထဲကိုငုံ့ကြည့်လိုက်သောအခါနတ်သားလေးကဲ့သို့ချောမောသောခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုအခါမှရှလင်သူမွေးကတည်းကသူ့ရုပ်ရည်ကိုမမြင်ဖူးသေးမှန်းသိလိုက်သည်။

‘ဒါဆိုဒီရေထဲကပုံရိပ်ကငါပေါ့..အိုမိုငါလေးကချောမောလိုက်တဲ့နတ်သားလေးပါလား’

ရှလင်သူ့မျက်နှာကိုဟိုဘက်လှည့်ကြည့်လိုက်ဒီဘက်လှည့်ကြည့်လိုက်ဖြင့်ကြည့်ကာကျေနပ်ပြီးငခူပြုံးကြီးပြုံးနေလေသည်။ထို့နောက်သူ့အမြီးနှင့်သူ့ဂျိုသေးသေးလေးကိုသေချာကြည့်လိုက်သည်။နှစ်ခွဖြစ်နေသောချိုသေးသေးလေးနှစ်ခုသည်သူ့ဂျို့စောင်းတွင်ပေါက်နေလေသည်။ရှလင်စပ်စပ်စုစုဖြင့်ထိကြည့်လိုက်သည့်အခါ၎င်းမှာသူ့ဦးခေါင်းခွံနှင့်ချိတ်ဆက်ထားခြင်းဖြစ်ကြောင်းသိလိုက်ရသည်။

ရှလင်သူ့တစ်ကိုယ်လုံးကိုစစ်ဆေးပြီးချိန်တွင်နေသည်အနောက်ဖက်သို့‌ရောက်ရှိနေပြီဖြစ်သည်။ထို့ကြောင့်ရှလင်ရေအမြန်ချိုးကာအင်္ကျီဝတ်ပြီးတိထျန်း၏ဂူသို့အမြန်ပြန်ရန်ရေကန်မှထွက်လာလိုက်သည်။

ရှလင်ထွက်သွားပြီးနောက်ထိုရေကန်၏မျက်နှာပြင်ပေါ်သို့အပြာရောင်ကျွဲခေါင်းကြီးတစ်ခုပေါ်လာသည်ကိုတော့ရှလင်သိနိုင်မည်မဟုတ်ချေ။ရှလင်တိထျန်းဂူသို့ပြန်နေရာလမ်းတွင်သူ့ရှေ့မှယုန်များဖြတ်ပြေးသွားသည်ကိုတွေ့လိုက်သည်။ရှလင်ယုန်များကိုကြည့်ရင်းစောနကရေကန်ကြီး၏အကြောင်းကိုသတိရသွားသည်။

‘သေစမ်း..ခုနကရေကန်ကြီးကအမကြီးရှောင်ဝူနဲ့အာ့မင်၊သာ့မင်တို့အတူနေတဲ့ရေကန်ကြီးမဟုတ်ဘူးလား’

ရှလင်သူ့ခေါင်းကိုသာထုလိုက်တော့သည်။soul land၏အမာခံဖန်တစ်ယောက်အနေနှင့်သူသည်ရေကန်ကြီးကိုမမေ့သင့်ပေ။

‘စောနကငါရေချိုးတုန်းကသူတို့ကိုမတွေ့လိုက်ဘူး....ငါရေချိုးတဲ့နေရာကသူတို့နေတဲ့နေရာမဟုတ်တာလား”

ရှလင်တစ်ယောက်ထဲတွေးနေလိုက်သည်။ဒါမှမဟုတ်သူကလူမဟုတ်ဘဲသားရဲဖြစ်လို့လား။ထိုအရာကဖြစ်နိုင်ချေရှိသည်။သူတို့မရှိတော့တာလည်းဖြစ်နိုင်သည်။

‘သူတို့ထန်စန်းရဲ့ဝိဉာဉ်ကွင်းတွေဖြစ်သွားတာလဲဖြစ်နိုင်တာဘဲ’

ရှလင်ကိုယ်မေးကိုယ်ဖြေအတွေးလွန်ပြီးနောက်သူ့ရှေမှဖြတ်သွားသောယုန်အုပ်ထဲမှယုန်နှစ်ကောင်ကိုဖမ်းလိုက်ပြီးတိထျန်းဂူသို့ပြန်လာလိုက်လေသည်။

ရှလင်တိထျန်းဂူငို့ရောက်သောအခါနေသည်အနောက်ဖက်သို့လုံးဝဝင်ရောက်သွားပြီဖြစ်သည်။တိထျန်းကြီးကတော့အိပ်မြဲအိပ်ဆဲပင်။ထို့ကြောင့်ရှပင်လည်းကိုယ်တိုင်သာညစာစားဖို့လုပ်ရတော့သည်။ယုန်နှစ်ကောင်ကိုသတ်ကာအနီးအနားရှိစမ်းချောင်းထဲတွင်ဆေးကြောပြီးနောက်တံစို့ထိုးလိုက်သည်။ထို့နောက်သစ်သားပြားတစ်ခုအပေါ်တွင်သစ်ချောင်းတစ်ခုဖြင့်ပွတ်တိုက်ရာမှရရှိသောအမှုန်လေးများနှင့်မြက်ခြောက်များကိုရောပြီးလေဖြင့်မှုတ်ကာမီးမွှေးလိုက်ပြီးမီးဖိုဖိုလိုက်သည်။ထိုမီးဖိုဘေးတွင်တံစို့ထိုးထားသောယုန်များကိုကင်ထားလိုက်ပြီးရှလင်ညစာစားဖို့ထိုင်စောင့်နေလိုက်သည်။

ရှလင်သည်ယခင်ဘဝတွင်ချက်ပြုတ်ရသည်ကိုပျင်းသော်လည်းမချက်တတ်ဘူးဟုမထင်ပါနှင့်။မိဘမဲ့ဂေဟာတွင်နေထိုင်စဉ်ကတည်းကစစ်စတာကြီးနှင့်အတူအချက်အပြုတ်သင်ခဲ့ဖူးပါသည်။ရှလင်၏ဟင်းချက်စွမ်းရည်ကြောင့်ကင်ထားသောယုန်သည်မည်သည့်အမွှေးအကြိုင်မျှမပါဝင်သော်လည်းအသားကင်၏စွဲမက်ဖွယ်မွှေးရနံ့သည်များမကြာမှီယုန်ကင်မှထွက်ရှိလာတော့သည်။ရှလင်ယုန်ကင်တစ်ခုကိုအလောတကြီးမြေပြင်မှနုတ်လိုက်ကာအကိုက်ကြီးကြီးတစ်ကိုက်ကိုက်လိုက်လေသည်။ယုန်ကင်၏အသားသည်အရသာမှုန့်များမထည့်ထားသော်လည်းနူးညံကာအရသာအလွန်ရှိလှပေသည်။ဤတုံ့လော်ကုန်းမြေမှယုန်များသည်ဝိဉာဉ်စွမ်းအင်များပါရှိသောကြောင့်မည်သည့်ဟင်းခတ်အမွှေးအကြိုင်မျှမပါရှိဘဲစားကောင်းနေခြင်းဖြစ်နိုင်သည်။

ရှလင်ယုန်ကင်ကိုအကိုက်အကြီးကြီးတစ်ကိုက်ထပ်ကိုက်လိုက်ကာဝါးနေရင်းအကြီးအကျယ်ကျေနပ်နေသည်။ထိုအချိန်တွင်သူထိုင်နေသောသစ်တုံး၏တစ်ဖက်သည်ငြိမ့်ကနဲဖြစ်သွားပြီးမီးဖိုဘေးရှိယုန်ကင်တစ်ခုသည်လည်းကြေးခွံများပါသောလက်မည်းကြီးတစ်ခု၏ယူဆောင်ခြင်းကိုခံလိုက်ရလေတော့သည်။

All Chapters