← Chapters

အပိုင်း ၈

Vol. 1 Ch. 8

အပိုင်း ၈

Vol. 1 Ch. 8

ရှလင်ယုန်ကင်ကိုအကိုက်အကြီးကြီးတစ်ကိုက်ထပ်ကိုက်လိုက်ကာဝါးနေရင်းအကြီးအကျယ်ကျေနပ်နေသည်။ထိုအချိန်တွင်သူထိုင်နေသောသစ်တုံး၏တစ်ဖက်သည်ငြိမ့်ကနဲဖြစ်သွားပြီးမီးဖိုဘေးရှိယုန်ကင်တစ်ခုသည်လည်းကြေးခွံများပါသောလက်မည်းကြီးတစ်ခု၏ယူဆောင်ခြင်းကိုခံလိုက်ရလေတော့သည်။

ရှလင်သူ့ဘေးကိုအမြန်ကြည့်လိုက်တော့အနက်ရောင်နဂါးဂျိုများရှိပြီးအနက်ရောင်အဝတ်များကိုဝတ်ကာရှည်လျားသောဆံနွယ်များကိုဖြန့်ချထားသောအသက်၃၀အရွယ်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုသူ၏မျက်ဆံများမှာရွှေဝါရောင်များဖြစ်ပြီးသူပြီးလျှင်ဒုတိယလိုက်သောရုပ်ရည်ရှိလေသည်။ဘာဘဲဖြစ်ဖြစ်သူကတော့အချောဆုံးပင်။

ပျင်းရိစွာနောက်ရှိသစ်ပင်ကိုမှီထားသောကြောင့်ဝတ်ရုံနက်၏ရင်ဘက်မှာပွင့်ဟနေပြီးဝမ်းဗိုက်ရှိabsများကိုလှစ်ဟပြထားသလိုဖြစ်နေလေသည်။

ရှလင်ထိုသူအားစိတ်ထဲတွင်ချီးမွန်းခန်းဖွင့်ပြီးနောက်သတိဝင်ကာထပ်ကြည့်လိုက်သောအခါတွင်မျက်ခွံများတွန့်သွားရသည်။ထိုသူသည်သူ့ဆီမှလုသွားသောယုန်ကင်အားခုနှစ်ရက်အစာမစားရသေးသကဲ့သို့အငမ်းမရစားနေလေသည်။ယုန်ကင်တစ်ခုလုံးကိုအရိုးပါမကျန်အကုန်ဝါးစားနေပြီးနှခမ်းတွင်လည်းအဆီတစ်ဝင်းဝင်းနှင့်ပင်သူ၏သွားကြားထဲတွင်ညှပ်နေသောယုန်သားအစများကိုလက်သည်းရှည်ကြီးဖြင့်ထိုးထုတ်နေလေသည်။ထိုသို့ထိုးထုတ်နေရင်းပင်လေချဉ်ကတတ်လိုက်သေးသည်။ထို့နောက်ရှလင်အားလှည့်ကာ

“ညီငယ်လေး မင်းကင်ထားတဲ့ယုန်ကင်ကရှယ်ဘဲကွာ

ငါတိထျန်းဒီလိုယုန်ကင်မျိုးတစ်ခါမှမစားဖူးသေးဘူး”

“အေ့~~~”

ဟုတ်ပါသည်ထိုလူကတော့ကျွန်ုပ်တို့၏နဂါးနက်ကြီးတိထျန်းပင်ဖြစ်လေသည်။ရှလင်နားမလည်စွာဖြင့်

“ညီငယ်လေးဟုတ်လား..ခင်.ခင်ဗျားကတိထျန်းလား”

ရှလင်း၏အမေးကိုတိထျန်းကရယ်သံဖြင့်တုန့်ပြန်လိုက်သည်။

“ဟား⁴...ညီလေးကသာ့ကောကိုမမှတ်မိဘူးလို့မပြောနဲ့နော်

ဟား⁴.....”

တိထျန်း၏အတည်ပြုချက်ကိုကြားသည်နှင့်ရှလင်အံဩတကြီးဖြစ်သွားသည်။တိထျန်းရှလင်၏သူ့အားအံ့ဩတကြီးစိုက်ကြည့်နေသည်ကိုမြင်လိုက်သည်နှင့်ရှလင်အားတစ်ချက်ရယ်ကာမေးလိုက်သည်။

“ဟက်..ဘာလဲသာ့ကောကချောမောလွန်းလို့ညီငယ်လေးကမမှတ်မိတော့တာလား”

“ဟုတ်လည်းဟုတ်ပါတယ်လေ..မင်းရဲ့သာ့ကောကအရမ်းချောတာကို”

ရှလင်ထိုဘဝင်မြင့်နေသောနဂါးအိုကြီးကိုမျက်ဖြူသာလှန်ပြလိုက်တော့သည်။သို့သော်မနေနိုင်စွာမေးမိလိုက်သည်က

“သာ့ကော..ဝိဉာဉ်သားရဲတွေကလူပုံပြောင်းလို့မရဘူးဆို

ဘာဖြစ်လို့သာ့ကောကပြောင်းလို့ရတာလဲ”

ရှမင်၏အမေးကိုတိထျန်းကနှခေါင်းရှုံ့ကပြန်ဖြေလိုက်လေသည်။

“ဟမ့်..ညီငယ်လေးသာ့ကောကိုအဲ့လိုအဆင့်နိမ့်သားရဲတွေနဲ့မနှိုင်းယှဉ်နဲ့လေ”

“သာ့ကောကမင်းလိုမျိုးနဂါးလူသားအဖြစ်နဲ့မွေးလာတာမဟုတ်ပေမယ့်သာ့ကောကလည်းနဂါးစစ်စစ်တစ်ကောင်ပါကွ”

“အဲ့တာကြောင့်သာ့ကောလည်းလူအသွင်းပြောင်းနိုင်သေးပါတယ်ကွ”

“အဲ့တာဆိုသာ့ကောကဒီလိုပုံစံမျိုးနဲ့အချိန်ဘယ်လောက်နေနိုင်လဲ”ရှလင် တိထျန်းအားမေးလိုက်သည်။

“အများဆုံး၆နာရီလောက်နေနိုင်တယ် ၆နာရီပြည့်ရင်တော့အသွင်ပြန်ပြောင်းရတယ်”

“ဪ..အဲ့လိုကိုး....”

ရှလင်နားလည်သည်ကိုပြသသည့်သဘောဖြင့်ခေါင်းညှိပ်ပြလိုက်သည်။စားသောက်ပြီးသွားသောအခါရှလင်နှင့်တိထျန်းတို့ဂူထဲရှိသူတို့အခန်းများထဲသို့ပြန်လာလိုက်သည်။

ရှလင်သူ့အခန်းထဲသို့ပြန်ရောက်သည့်အခါမြက်ခြောက်အခင်းပေါ်တွင်လှဲလိုက်ပြီးစနစ်အားသူညနေကရထားသောအထုပ်အားဖွင့်ခိုင်းလိုက်သည်။

“စနစ် ငါရထားတဲ့လက်ဆောင်ထုပ်ကိုဖွင့်လိုက်ပါ”

“ဒင်!..ပိုင်ရှင်၏လက်ဆောင်ထုပ်အားဖွင့်ဖောက်လိုက်ပါပြီ”

“ဒင်!..ဂုဏ်ယူပါတယ်..ပိုင်ရှင်သည်နှစ်သိန်းပိုင်းဝိဉာဉ်ရိုး..လေဟာနယ်နဂါးတောင်ပံကိုရရှိပါသည်”

“ပိုင်ရှင်ဝိဉာဉ်ရိုးအားစုပ်ယူပါမည်လား”

ရှလင်အိပ်နေရာမှမြက်ခြောက်အခင်းပေါ်တွင်ထိုင်လိုက်ပြီးစနစ်အားပြန်ဖြေလိုက်သည်။

“ဟုတ်ပြီစနစ် စုပ်ယူမယ်”

ရှလင်ထိုသို့ပြန်ဖြေလိုက်သည်နှင့်သူ့ရှေ့တွင်ရွမ်းဗက်ပုံသဏ္ဍာန်ရှိသောဝိဉာဉ်ရိုးတစ်ခုပေါ်လာလေသည်။ထို့နောက်ထိုဝိဉာဉ်ရိုးသည်အမှုန်များအဖြစ်ပြောင်းလဲကာရှလင်၏ကိုယ်အတွင်းသို့ဝင်ရောက်သွားလေသည်။ရှလင်ကိုယ်ထဲသို့အလင်းမှုန်များဝင်ရောက်သွားပြီးနောက်သူ့နောက်ကျောမှတစ်ခုခုထိုးထွက်လာသည်ကိုရှလင်ခံစားလိုက်ရသည်။

ရှလင်သူ့နောက်ကိုကြည့်လိုက်သောအခါအလွန်လှပသောငွေဖြူရောင်နဂါးတောင်ပံနှစ်ခုကို‌တွေ့လိုက်ရလေသည်။ထိုတောင်ပံများကိုဖြန့်လိုက်လျှင်တစ်မီတာနီးပါးရှည်လျားလေသည်။ရှလင်သူ၏ထိုတောင်ပံများကိုသေချာကြည့်ရှုပြီးနောက်စိတ်ဖြင့်ထိန်းချုပ်ကာပြန်ရုတ်သိမ်းလိုက်လေသည်။

စနစ်၏ကောင်းမှုကြောင့်နဂါးတောင်ပံများသည်သူခန္ဓာကိုယ်နှင့်တစ်သားတည်းကျနေကာသူ့ချေသူ့လက်ကဲ့သို့အလိုရှိသလိုအသုံးပြု၍ရလေသည်။ထို့နောက်ရှလင်စနစ်အားဝိဉာဉ်ရိုး၏စွမ်းအားများကိုပြခိုင်းလိုက်သည်။

“စနစ်ဝိဉာဉ်ရိုးရဲ့စွမ်းအားတွေကိုပြပါ”

ရှလင်ပြောလိုက်သည်နှင့်သူ့ရှေ့တွင်ဒစ်ဂျစ်တယ်ဘောင်တစ်ခုပေါ်လာလေသည်။

‘ဝိဉာဉ်ရိုး = လေဟာနယ်နဂါးတောင်ပံများ

ဝိဉာဉ်ရိုးပထမစွမ်းရည် = လေဟာနယ်လျှောက်လှမ်းခြင်း

(သင်သည်ထိုစွမ်းရည်ဖြင့်မီတာတစ်ရာပတ်လည်အတွင်းနဂါးတောင်ပံများထုတ်စရာမလိုဘဲနေရာရွှေ့ပြောင်းနိုင်ပါသည်။ရွှေ့ပြောင်းရာတွင်သင်၏ဝိဉာဉ်စွမ်းအားအပေါ်မူတည်၍အကန့်အသတ်မရှိရွှေ့ပြောင်းနိုင်ပါသည်။)

ဝိဉာဉ်ရိုးဒုတိယစွမ်းရည် = လေဟာနယ်ရွှေ့ပြောင်းခြင်း

(သင်သည်နဂါးတောင်ပံများကိုဖွင့်ကာအကြီးစားနေရာရွှေ့ပြောင်းခြင်းကိုလုပ်ဆောင်နိုင်ပါသည်။ရွှေ့ပြောင်းနိုင်သောအကွာအဝေးသည်သင်၏ဝ်ိဉာဉ်စွမ်းအားအပေါ်တွင်မူတည်ပြီးတစ်နေ့လျှင်ကူးပြောင်းမှုနှစ်ကြိမ်ပြုလုပ်နိုင်ပါသည်။)

ဝိဉာဉ်ရိုးတတိယစွမ်းရည် = လေဟာနယ်ခုတ်ချက်များ

(သင်သည်လေဟာနယ်နဂါးတောင်ပံများဖြင့်လေဟာနယ်မုန်တိုင်းတစ်ခုကိုဖန်တီးကာရန်သူကိုအဆက်မပြတ်ခုတ်ပိုင်းနိုင်ပါသည်။)

မှတ်ချက်။ ။ဤဝိဉာဉ်ရိုးသည်ပိုင်ရှင်၏သားရဲကျင့်ကြံမှုအပေါ်မူတည်၍ဆက်လက်ကြီးထွားနိုင်ပါသည်။ဤအရိုးသည်လေဟာနယ်နဂါးအစစ်တစ်ကောင်၏အရိုးဖြစ်သောကြောင့်စွမ်းရည်များထပ်မံနိုးထနိုင်ပါသေးသည်။)’

ရှလင်သူ့ဝိဉာဉ်ရိုးစွမ်းရည်များကိုကြည့်ကာကျေနပ်သွားသည်။အထူးသဖြင့်လေဟာနယ်လျှောက်လှမ်းခြင်းဖြစ်သည်။

‘ဘယ်လောက်စမတ်ကျလိုက်သလဲ တစ်နေရာမှတစ်နေရာသို့နေရာကူးပြောင်းတယ်ဆိုတာဆရာကြီးတွေမှလုပ်နိုင်တာကွ ဟားးး⁴..’

ရှလင်ထိုင်နေရာမှချက်ချင်းထကာထိုစွမ်းရည်ကိုသူ့အခန်းထဲတွင်စမ်းသုံးကြည့်လိုက်သည်။သူအခန်းဝသို့ပြောင်းမည်ဟုတွေးလိုက်သည်နှင့်သူ့ခန္ဓာကိုယ်သည်နေရာမှချက်ခြင်းပျောက်သွားပြီးတစ်စက္ကန့်အတွင်းအခန်းဝသို့ရောက်သွားလေသည်။ထို့နောက်ဂူအပြင်သို့တွေးလိုက်သည်နှင့်ဂူဝတွင်ပေါ်လာလေသည်။ထို့ကြောင့်ရှပင်ကျေနပ်သွားကာသူ့အိပ်ယာသို့ပြန်ကူးပြောင်းလိုက်လေသည်။ဘယ်နှစ်ကြိမ်ကူးပြောင်းနိုင်သလဲမမေးပါနှင့်သူ့တွင်ဝိဉာဉ်စွမ်းအားများသုံး၍မကုန်အောင်ရှိသည်မဟုတ်လော။

ထိုအတွေးများနှင့်ကျေနပ်ကာရှလင်သူ့မြက်ခြောက်အိပ်ယာပေါ်တွင်အိပ်စက်လိုက်တော့သည်။

(ရှလင်ဘာလို့နှစ်တစ်သိန်းဝိဉာဉ်ကွင်းတွေ၊အရိုးတွေစုပ်ယူနိုင်သလဲရှင်းပြပါရစေ၊ရှလင်ကလူမဟုတ်ဘဲနဂါးပါနော်၊အဲ့တာကြောင့်သာမာန်ကလေးတွေထက်ရှလင်ရဲ့ခန္ဓာကိုယ်ကအဆတစ်ရာလောက်ကြံ့ခိုင်ပါတယ်၊နောက်ပြီးစနစ်ရဲ့အကူအညီကြောင့်လည်းပါပါတယ်၊ဝိဉာဉ်ရိုးမှစွမ်းအားသုံးခုပါတာကတော့အဲ့တာကသာမာန်မဟုတ်လို့ဆိုပြီးဘဲမှတ်ထားလိုက်ပါ၊နောက်ဆိုပါပါ့မယ်)

All Chapters