← Chapters

အပိုင်း ၉

Vol. 1 Ch. 9

အပိုင်း ၉

Vol. 1 Ch. 9

ရှလင်တိတျန်း၏ဂူတွင်နေလာသည်မှာယနေ့ဆိုလျှင်တစ်လပြည့်ပြီဖြစ်သည်။စနစ်မှလက်မှတ်ထိုးဝင်ရောက်ခြင်းဆုလာဘ်များကြောင့်ယခုဆိုလျှင်ရှလင်၏သားရဲကျင့်ကြံခြင်းမှာနှစ်ကိုးသောင်းသို့ပင်ရောက်ရှိနေပြီဖြစ်သည်။ယနေ့မနက်ရှလင်နိုးသောအခါအရင်ဦးဆုံးလက်မှတ်ထိုးဝင်ရောက်လိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်ရောက်ပါ...”

“ဒင်!...တိထျန်းဂူတွင်လက်မှတ်ထိုးဝင်ရောက်လိုက်ပါပြီ

ပိုင်ရှင်သည်သာရဲကျင့်ကြံခြင်းနှစ်တစ်သောင်းကိုရရှိပါသည် ပိုင်ရှင်စုပ်ယူပါမည်လား”

“ဒင်!...ပိုင်ရှင်သည်တစ်လတိတိလက်မှတ်ထိုးဝင်ရောက်ခြင်းအတွက်စနစ်မှလက်ဆောင်ထုပ်တစ်ထုပ်ချီးမြှင့်လိုက်ပါသည် ပိုင်ရှင်ဖွင့်ဖောက်ပါမည်လား”

စနစ်၏အသံများကိုကြားသည်ရှလင်သူထီပေါက်သွားသည်ဟုပင်ထင်လိုက်မိသည်။

‘ဒီနေ့ကငါ့ရဲ့luckey dayများလား’

ရှလင်တွေးလိုက်မိသည်။ထို့နောက်စနစ်အား

“စနစ်နှစ်တစ်သောင်းကျင့်ကြံခြင်းကိုအရင်စုပ်ယူမယ်”

“ဒင်!...နှစ်တစ်သောင်းကျင့်ကြံခြင်းအားပိုင်ရှင်ဆီသို့လွှဲပြောင်းပေးနေပါသည်....”

စနစ်စကားဆုံးသည်နှင့်ရှလင်၏ခန္ဓာကိုယ်အတွင်းတွင်နွေးထွေးသောအပူစီးကြောင်းတစ်ခုသည်လှည့်ပတ်ကာသူ၏ကိုယ်တွင်းအင်္ဂါများ၊အရိုးများနှင့်အရေပြားကိုအားဖြည့်ပေးနေလေသည်။ထိုဖြစ်စဉ်အတွင်းတွင်ရှလင်၏ခန္ဓာကိုယ်ပတ်လည်တွင်ရွှေရောင်အလင်းစီးကြောင်းများသည်ရှလင်အားတဖြည်းဖြည်းဖုံးလွှမ်းသွားပြီးရွှေရောင်ဥကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။

နေ့တစ်ဝက်ခန့်ကြာသောအခါ

တိထျန်းသူအိပ်ပျော်နေတုန်းသူ့ဂူအတွင်း၌နှစ်တစ်သိန်းသားရဲ၏အငွေ့အသက်ပေါ်လာသောကြောင့်နိုးထလာခြင်းဖြစ်သည်။ထိုအငွေ့အသက်သည်သူ၏မျက်နှာခြင်းဆိုင်တွင်ရှိသောနဂါးပေါက်လေး၏ဂူမှလာခြင်းဖြစ်သည်။

တိထျန်းထူးဆန်းသည်ဟုခံစားလိုက်ရသည်။သားရဲဧကရာဇ်တစ်ကောင်အနေဖြင့်တိထျန်း၏ဂူအနီးအနားသို့အခြားသားရဲများချဉ်းကပ်ရဲခြင်းမရှိပေ။ထို့ကြောင့်တိထျန်းအခန်းအတွင်းမှထွက်ကာနဂါးပေါက်လေး၏အခန်းရှိရာသို့သွားလိုက်သည်။

သို့သော်တိထျန်းနဂါးပေါက်လေးကိုဂူထဲတွင်မတွေ့ရဘဲသူ့အားသွေးမျိုးဆက်ဖိအားကိုခံစားစေရသောရွှေရောင်ဥတစ်လုံးကိုသာတွေ့လိုက်ရသည်။ထိုဥမှထွက်ပေါ်နေသောအရှိန်အဝါးအားတိထျန်းရင်းနှီးပါသည်။၎င်းမှာနဂါးပေါက်လေး၏အရှိန်အဝါဖြစ်သောကြောင့်ဖြစ်သည်။

တိထျန်းမဖြစ်နိုင်ဘူးဟုသာတွေးတောနေမိသည်။ဒီနဂါးပေါက်လေးမွေးလာသည်မှာတစ်လသာရှိသေးသည်မဟုတ်လော။အဘယ်ကြောင့်နှစ်တစ်သိန်းကျင့်ကြံခြင်းအားဒီလောက်မြန်မြန်ရောက်နိုင်မည်နည်း။တိထျန်းမဖြစ်နိုင်ဘူးဟုတွေးနေသော်လည်းရင်းနှီးနေသောရောင်ဝါကသူ့အားလှောင်ပြောင်နေလေသည်။

တိထျန်းတစ်ယောက်ထည်းအတွေးများနေစဉ်သူ့ရှေ့မှဥသည်အက်ကွဲကြောင်းများထလာလေသည်။ထို့နောက်ထိုဥသည်တုန်ခါလာပြီးရွှေရောင်အလင်းမှုန်များကဲ့သို့အစိတ်စိတ်အမွှာမွှာကွဲထွက်သွားလေသည်။ထို့နောက်ထိုရွှေမှုန်များထဲမှလူသားခြေထောက်တစ်ဖက်ထွက်ပေါ်လာလေသည်။

ထိုခြေထောက်ထွက်ပေါ်လာသည်နှင့်အလင်းမှုန်များသည်ထိုခြေထောက်နားတွင်စုဝေးသွားပြီးအင်္ကျီတစ်ထည်စတင်ဖြစ်ပေါ်လာတော့သည်။ခြေထောက်တစ်ခုမှစတင်ထွက်ပေါ်လာပြီးနောက်အခြားကိုယ်လက်အင်္ဂါများတစ်ခုပြီးတစ်ခုထွက်လာကာနောက်ဆုံးတွင်တိထျန်းသူ့ရှေ့၌အသက်၁၂အရွယ်ကောင်လေးတစ်ဦးကိုတွေ့လိုက်ရလေသည်။

ထိုကောင်လေးသည်နဂါးပေါက်လေး၏မျက်နှာနှင့်တူသော်လည်းယုခုမျက်နှာသည်လူကြီးဆန်သောချောမောမှုရှိသည်။သူ့ခန္ဓာကိုယ်မှကလေးအဆီများသည်ပျောက်ခြင်းမလှပျောက်သွားပြီးသေ‌သပ်သောမေးရိုးပိရိနေသောနှခမ်းတစ်စုံဖြောင့်စင်းသောနှာတံနှင့်အဆုံးမဲ့တွင်းကြီးကဲ့သို့သောစူးရှသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားလေသည်။ခန္ဓာကိုယ်သည်သွယ်လျကာကြည့်ကောင်းပြီးခြေတံရှည်များသည်ဝတ်ထားသောရွှေနားကွတ်pantကြောင့်ကြည့်ကောင်းနေလေသည်။

ထိုလူငယ်လေးသည်ရွှေနားကွပ်ထားသည့်long coat ပုံစံအင်္ကျီကိုpantဖြင့်တွဲဝတ်ထားသောကြောင့်တော်ဝင်အငွေ့အသက်များသည်ထိုလူငယ်လေးအနားတွင်ရစ်ဝဲနေကာမင်းသားငယ်လေးတစ်ပါးကဲ့သို့ပင်။သူ၏နဂါးအမြီးနှင့်ဦးချိုသည်လည်းယခုတွင်မတွေ့ရတော့ဘဲတကယ့်လူစစ်စစ်တစ်ယောက်ကဲ့သို့ဖြစ်သွားလေသည်။

ဂူကြီးထဲတွင်ကြီးမားသောနဂါးနက်ကြီးတစ်ကောင်နှင့်သေးငယ်သောလူသားလေးတို့သည်မျက်နှာချင်းဆိုင်ကာတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ရှလင်နှစ်တစ်သိန်းသားရဲအဖြစ်သို့ဆင့်ကဲပြောင်းလဲပြီးနောက်မျက်လုံးဖွင့်လိုက်ချိန်တွင်အရင်ဦးဆုံးမြင်လိုက်ရသည်မှာသူ့ကိုစူးစမ်းနေသောတိထျန်းကြီး၏ရွှေရောင်မျက်လုံးကြီးဖြစ်သည်။ထို့ကြောင့်ရှလင်ခနကြောင်ပြီးထိုတိထျန်းကြီးအားကြည့်နေမိသည်။သို့သော်ထိုအကြည့်ချင်းပြိုင်အခြေအနေမှာဘယ်လောက်မျှမကြာလိုက်ပေ။စနစ်၏အသံကရှလင်၏စိတ်ထဲတွင်ပေါ်လာလေသည်။

“ဒင်!......စနစ်မှပိုင်ရှင်သည်နှစ်တစ်သိန်းသားရဲအဖြစ်သို့ရောက်ရှိခြင်းအတွက်အထူလက်ဆောင်ထုပ်တစ်ထုပ်အားချီးမြှင့်လိုက်ပါသည်”

စနစ်၏အသံကြားသည်နှင့်ရှလင်သူ့ကိုကြည့်ကာကြောင်အနေဆဲဖြစ်သောတိထျန်းအားစကားစပြောလိုက်သည်။

“သာ့ကော...ကျတော့ကိုဘာလို့ကြည့်နေတာလဲ”

ရှလင်၏စကားပြောလိုက်သည်နှင့်အနည်းငယ်ဩရှ၍လူငယ်ဆန်သောအသံကရှလင်၏ပါးစပ်မှထွက်လာလေသည်။ရှလင်သူ့အသံကိုသူနားထောင်ကာအံ့ဩသွားသည်။ထို့နောက်သူ့ကိုကြည့်နေသောတိထျန်းကြီး၏ရွှေရောင်မျက်လုံးတွင်ပေါ်နေသောသူ့ပုံရိပ်ကိုရှလင်ကြည့်လိုက်မိသည်။

‘ငါအသက်ကြီးလာတာလား ငါ့အရွယ်က၁၂အရွယ်ကလေးတစ်ယောက်နီးပါဖြစ်နေပြီလေ ဘာလို့အကြီးမြန်ရတာလဲ’

‘နောက်ပြီးသူကလူသားအစစ်ဖြစ်သွားတာလား မဖြစ်နိုင်ပေ

သူအခုပြောင်းချင်ရင်နဂါးပုံစံပြောင်းနိုင်တာသူခံစားမိတယ်’

‘အရင်ကလူပုံစံအပြည့်မပြောင်းနိုင်ဘဲအခုမှပြောင်းနိုင်တာလား’

ရှလင်အတွေးများနေပြီးနောက်သူ့ရှေ့ရှိတိထျန်းကြီးသူ့ကိုဘာကြောင့်စိုက်ကြည့်နေလဲနားလည်သွားသည်။ထို့ကြောင့်

“သာ့ကော..ကျတော်ရှလင်ပါအခြားသူမဟုတ်ပါဘူး..ကျတော်အခုလူပုံစံအပြည့်ပြောင်းလို့ရသွားတာပါ”

တိထျန်းတစ်ယောက်ဥထဲကထွက်လာကတည်းကသူ့အားသာ့ကောဟုခေါ်နေသောထိုလူသားပုံစံကောင်လေးကိုကြည့်နေလိုက်သည်။နဂါးပေါက်လေး၏ကိုယ်ရောင်ကိုယ်ဝါများမရှိပါကသူထိုလူသားလေးအားသတ်ပစ်လိုက်တာကြာပြီဖြစ်သည်။ထိုအချိန်တွင်ထိုလူသားလေးပါးစပ်မှသူ့ကိုယ်သူရှလင်ဟုပြောနေသောကြောင့်တိထျန်းယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်ကြည့်လိုက်သည်။ရင်းနှီးသောရနံ့သာရမနေပါကသူကိုယ်တိုင်ပင်ဤသူကလူလားသားရဲလားပြောရခက်ပေမည်။

ရှလင်သူ့အားယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်ကြည့်နေသောတိထျန်းကြောင့်သူ့နဂါးပုံစံကိုသာပြောင်းပြလိုက်ရလေသည်။

“ဝေါင်းးးးးးးးးးးးးး”

ကျယ်လောင်သောနဂါးဟိန်းသံကဂူထဲတွင်ပဲ့တင်သွားပြီးဂူအပြင်ဘက်သို့ပါပြန့်နှံ့သွားပြီးအနီးအနားရှိသားရဲများပါသတိပြုမိသွားသည်။ဂူထဲတွင်ပေတစ်ရာကျော်ရှည်သောနဂါးတစ်ကောင်သည့်သူ့ရှေ့ရှိနဂါးနက်ကြီးတစ်ကောင်နှင့်မျက်နှာခြင်းဆိုင်နေလေသည်။

လက်သည်းသုံး‌ေချာင်းနဂါးတစ်ကောင်ဖြစ်သည်။၎င်း၏အကြေးခွံများသည်အရောင်မျိုးစုံဖရိုဖရဲရောနှောနေကာတောက်ပနေသည်။ထိုအရောင်များထဲမှရွှေရောင်သည်သိသိသာသာပို၍တောက်ပနေပါသည်။သူ့ကိုယ်မှထွက်နေသောအော်ရာသည်သားရဲအပေါင်းအားဒူးထောက်ကျစေနိုင်သည်အထိဖိအားပေးနေသည်။ထိုနဂါးသည်သူ့ရှေ့ရှိနဂါးနက်ကြီးအားတစ်ချက်ကြည့်ကာလူငယ်လေးတစ်ယောက်အသွင့်သို့ပြန်ပြောင်းသွားလေသည်။

“သာ့ကောအခုကျတော့ကိုယုံပြီလား”

ရှလင်၏အမေးစကားကိုတိထျန်းခေါင်းငြိမ့်၍သာပြန်ဖြေမိသည်။ယခုအချိန်ထိတိထျန်း ရှလင်၏နဂါးပုံစံမှထွက်ပေါ်လာသောသွေးမျိုးဆက်ဖိအားကိုခံစားနေရတုန်းပင်။သူသည်နဂါးအစစ်တစ်ကောင်ဖြစ်သည့်အတွက်အခြားသားရဲများကဲ့သို့သူ့အပေါ်မသက်ရောက်နိုင်သော်လည်းသူရှလင်ထံမှဖိအားကိုခံစားမိသေးသည်။

ထို့ကြောင့်ရှလင်အားတစ်ချက်ကြည့်ကာသူ့၏ညီငယ်လေးကသူ့ထက်သွေးမျိုးဆက်မြင့်မားနိုင်သည်ဟုတွေး၍သူ့အခန်းထဲသို့ပြန်ခဲ့လေသည်။

ရှလင်သူ့ကိုတစ်ချက်ကြည့်ကာဘာမှမပြောဘဲထွက်သွားသောတိထျန်းကြီးအားကြည့်ကာပုခုံးတသ်ချက်ပင့်လိုက်လေသည်။ထို့နောက်သူ့တွင်လုပ်စရာများရှိသေးသည်ကိုသတိရကာမြက်ခြောက်အခင်းပေါ်တွင်ပြန်ထိုင်လိုက်လေသည်။

“စနစ်...ငါ့ရဲ့ကိုယ်ရေးအကျဉ်းပြပါ”

“ဒင်!~~~~~”

‘အမည် = ရှလင်

မျိုးနွယ် = နဂါးမျိုးနွယ်

အသက် = တစ်လ

သားရဲကျင့်ကြံမှုသက်တမ်း = ၁၀၀၀၀၀နှစ်

သိုင်းဝိဉာဉ် = ပွင့်ချပ်ကိုးခုကြာပန်း (ဝိဉာဉ်ကွင်းတစ်ခု)

ဝိဉာဉ်ကွင်းများ = နှစ်တစ်သိန်းဝိဉာဉ်ကွင်းတစ်ခု

ဝိဉာဉ်ရိုး = လေဟာနယ်နဂါးတောင်ပံ

စိတ်ဝိဉာဉ်စွမ်းအား = ၁၀၀(နတ်အဆင့်)

သွေးမျိုးဆက် = ဖရိုဖရဲနဂါးသွေးမျိုးဆက်(၁၀%နိုးထပြီး)

ဒြပ်စင်ဝိဉာဉ် = ရွှေဒြပ်စင်(နိုးထပြီး)

ရေဒြပ်စင်(၀%)

စနစ်သို့လှောင်ခန်း = သာမာန်လက်ဆောင်ထုပ်တစ်ခု၊အထူးလက်ဆောင်ထုပ်တစ်ခု၊အဆင့်မြင့်ဟင်းခတ်အမွှေးအကြိုင်များ×××၊ကုသခြင်းဆေးရည်×××၊......’

All Chapters