← Chapters

အပိုင်း ၁၁

Vol. 1 Ch. 11

အပိုင်း ၁၁

Vol. 1 Ch. 11

ရှလင်တစ်ယောက်ဝိဉာဉ်ကွင်းစုပ်ယူရင်းသေခါနီးအထိဖြစ်သွားလိမ့်မည်ဟုမထင်ထားမိတာအမှန်ပင်။သူ့ကိုယ်မှဝိဉာဉ်ကွင်းကိုစတစ်စုပ်ယူလိုက်သည်နှင့်သူ၏စိတ်ဝိဉာဉ်ပင်လယ်မှာတုန်ခါလာပြီးဦးခေါင်းအားတူဖြင့်ထုလိုက်သိလိုခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်တွက်လည်းသေးငယ်သောအက်ကြောင်းများထလာကာထိုမှထွက်လာသောသွေးများကြောင့်ရှလင်တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေလေသည်။

ရှလင်စနစ်၏အသံကိုမပီမပြင်ကြားလိုက်ပြီးနောက်နာကျင်တာများသက်သာသွားပြီးမေ့မျောသွားတော့သည်။

တစ်နာရီခန့်ကြာပြီးနောက်ရှလင်ဝေဝေဝါးဝါးဖြင့်သတိရလာသည်။ထို့နောက်သူပထမဆုံးတွေးမိသည်မှာသူမသေသေးဘူးလားဟုပင်။ရှလင် သူ့ခေါင်းမှာတစ်ဆစ်ဆစ်ဖြင့်ကိုက်ခဲနေပြီးခန္ဓာကိုယ်တစ်ခုလုံးမှာလည်းရိုက်နှက်ခံထားရသကဲ့သို့အတွင်းအင်္ဂါများထိ‌တိုင်အောင်နာကျင်နေသည်။

သူ့တစ်ကိုယ်လုံးမှာလည်းသွေးများကြောင့်စေးကပ်နေလေသည်။ရှလင်စနစ်သိုလှောင်ခန်းအားဖွင့်ကာကုသဆေးရည်၃ပုလင်းအားယူ၍သူ၏သွေးအားနည်းကာဖြူဖျော့နေသောနှုတ်ခမ်းတွင်တေ့ကာသောက်ချလိုက်လေသည်။ရှလင်ဆေးရည်သောက်ပြီးသည်နှင့်အစိမ်းရောင်ကုသရေးစွမ်းအင်များသည်ရှလင်၏ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့သွားပြီးရှလင်၏ခန္ဓာကိုယ်အတွင်းအပြင်ရှိဒဏ်ရာများကိုကုသပေးသွားလေသည်။

သူ့ဒဏ်ရာများသက်သာလာသည်နှင့်ရှလင်သူ့ကိုယ်၌ပေကျံနေသောသွေးများကိုသန့်ရှင်းရေးဂါထာဖြင့်ရှင်းထုတ်လိုက်ပြီးမြက်ခြောက်ဖြာပေါ်တွင်လှဲကာအနားယူလိုက်သည်။သူဒီနေ့သေခါနီးဖြစ်ခဲ့သည်ကိုရှလင်တွေးမိကာကြောက်ရွံ့သွားသည်။သူတစ်ခါသေပြီးပြီဖြစ်၍နောက်တစ်ခါမသေချင်တော့ပေ။နောင်ချိန်များတွင်ယနေ့ကိုအလောတကြီးမလုပ်မိအောင်နေမည်ဟုရှလင်ဆုံးဖြတ်လိုက်သည်။

ထို့နောက်ရှလင်မျက်လုံးမှိတ်ကာအိပ်လိုက်လေသည်။သူ့ပြင်ပဒဏ်ရာများကပြန်ကောင်းသွားပြီဖြစ်သော်လည်းစိတ်ပင်လယ်ကိုထိထားသောကြောင့်ရှလင်ဘသော်လည်းစိတ်ပင်လယ်ကိုထိထားသောကြောင့်ရှလင်ဘာမှမတွေးဘဲအရင်ဆုံးအနားယူဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နောက်တစ်နေ့မနက်ရှလင်နိုးသောအခါသူ့ဒဏ်ရာများမှာအကောင်းတိုင်းပြန်ဖြစ်သွားပြီးမနေ့ကလိုအားနည်းမနေတော့ချေ။နဂါးတစ်ကောက်ဖြစ်သည့်မပြင်ကုသဆေးရည်၃ပုလင်းသောက်လိုက်သောကြောင့်ဖြစ်နိုင်သည်။ရှလင်သူ့ကျန်းမာရေးအခြေအနေကိုအရင်စစ်ဆေးပြီးနောက်ယနေ့အတွက်လက်မှတ်ထိုးဝင်ရောက်လိုက်သည်။

“စနစ်..လက်မှတ်ထိုးဝင်ရောက်ပါ”

“ဒင်!..တိထျန်းဂူတွင်လက်မှတ်ထိုးဝင်ရောက်လိုက်ပါပြီ..

ပိုင်ရှင်သည် အမြန်နှုန်းနည်းစနစ် လေ‌‌ေခြလှမ်းများကိုရရှိပါသည်”

ရှလင်အံ့ဩသွားသည်။သူအရင်လက်မှတ်ထိုးဝင်ရောက်ခဲ့စဥ်ကဆိုလျှင်အများစုမှာအသုံးအဆောင်ပစ္စည်းများဖြစ်ပြီးသားရဲကျင့်ကြံမှုနှင့်ဝိဉာဉ်ကွင်းများသာရဖူးသည်။နည်းစနစ်များမရဖူးသေးချေ။ထို့ကြောင့်ရှလင်နည်းစနစ်အညွှန်းကိုဖတ်ကြည့်လိုက်သည်။

‘နည်းစနစ် = လေခြေလှမ်းများ

အဆင့် = အဆင့်နိမ့်အနက်ရောင်အဆင့်

Skill = သင်သည်လေ၏အဟုန်ကိုအသုံးပြု၍အသံ၏၅ဆအမြန်နှုန်းဖြင့်ရွေ့လျားနိုင်ပါသည်’

“အသံရဲ့ငါးဆလား အဲ့တာဆိုငါဒီနည်းစနစ်ကိုသုံးရင်ငါ့အမြန်နှုန်းကိုသာမာန်မျက်စိနဲ့‌မမြင်နိုင်တော့ဘူးပေါ့”

ရှလင်မဆိုးဘူးဟုခံစားလိုက်ရသည်။ထန်စန်းရဲ့တစ္ဆေအရိပ်ခြေလှမ်းကိုအားကျခဲ့ရသူဖြစ်သဖြင့်ယခုသူ့တွင်လည်းအလားတူနည်းစနစ်ရရှိခဲ့၍ရှလင်ကျေနပ်သွားသည်။ထို့နောက်ရှလင်မနေ့ကမစစ်ဆေးလိုက်ရသည့်သူ့သိုင်းဝိဉာဉ်ကိုထုတ်၍စစ်ဆေးလိုက်သည်။

ရှလင်မျက်လုံးသိုင်းဝိဉာဉ်ကိုထုတ်လိုက်သည်နှင့်အဝါရောင်ဝိဉာဉ်ကွင်းတစ်ခုရှလင်ကိုယ်မှထွက်ပေါ်လာပြီးသူ့အားလှည့်ပတ်နေလေသည်။ရှလင်ဝိဉာဉ်ကွင်းကိုသေချာကြည့်လိုက်သော်လည်းသာမာန်နှစ်တစ်ရာဝိဉာဉ်ကွင်းကဲ့သို့ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်ရှလင်ဝိဉာဉ်ကွင်း၏စွမ်းရည်များကိုကြည့်လိုက်သည်။

‘သိုင်းဝိဉာဉ် = ပြောင်းလဲမှုကိုးခုမျက်လုံး

ဝိဉာဥ်ကွင်း = နှစ်တစ်သန်းကွင်းတစ်ကွင်း(ချိပ်ပိတ်ထား)

နိုးထပြီးသောမျက်လုံး = အိပ်မက်မျက်လုံး

(သင်၏သိုင်းဝိဉာဉ်တွင်မျက်လုံးနေရာလွတ်ကိုးခုရှိပါသည်။မျက်လုံးတစ်ခုစီတွင်ဝိဉာဉ်ကွင်းတစ်ခုကိုတပ်ဆင်နိုင်ပြီးတပ်ဆင်ထားသောဝိဉာဉ်ကွင်း၏ဂုဏ်သတ္တိအရမျက်လုံးတစ်ခုနိုးထနိုင်ပါသည်။)

နှစ်တစ်သန်းဝိဉာဉ်ကွင်းမှပေးသောအိပ်မက်မျက်လုံးစွမ်းရည်များ

အိပ်မက်မျက်လုံးပထမစွမ်းရည် = နတ်ဘုရားမျက်လုံးကူးယူခြင်း

(သင်၏မျက်လုံးဖြင့်မြင်ဖူးသောသိုင်းဝိဉာဉ်များကိုကူးယူ၍မိမိအတွက်အသုံးပြုနိုင်ပါသည်။သိုင်းဝိဉာဉ်တစ်ခုလျှင်သုံးရက်ကြာမှတ်သားထားနိုင်ပြီးသိုင်းဝိဉာဉ်ပိုင်ရှင်၏ဝိဉာဉ်ကွင်းစွမ်းရည်တစ်ခုကို၈၀%အထိအသုံးပြုနိုင်ပါသည်။ထို့အပြင်သင်သည်သိုင်းဝိဉာဉ်တစ်ခုကိုရာသက်ပန်မှတ်သားထားနိုင်ပါသည်။သင်၏အဆင့်တိုးလာသည်နှင့်မှတ်သားနိုင်သောနေရာများတိုးလာနိုင်ပါသည်။)

အိပ်မက်မျက်လုံးဒုတိယစွမ်းရည် = ပုံရိပ်ယောင်တုပခြင်း

(သင်သည်သက်ရှိသက်မဲ့အရာအားလုံးကိုတုပနိုင်သောပြိုင်ဘက်ကင်းတုပနိုင်စွမ်းကိုရရှိပါသည်။သင်၏စိတ်စွမ်းအားအရအဆင့်မြင့်ဖုန်းဟောက်တုံ့လော်အဆင့်ထိသင်၏ပုံရိပ်ယောင်များကိုဖြတ်မမြင်နိုင်ပေ။)

အိပ်မက်မျက်လုံးတတိယစွမ်းရည် = ချိပ်ပိတ်ထား

အိပ်မက်မျက်လုံးတတိယစွမ်းရည် = ချပိပိတ်ထား ‘

ရှလင်သူ့သိုင်းဝိဉာဉ်စွမ်းရည်များကိုကြည့်ပြီးအိပ်မက်မျက်လုံးအကြောင်းသို့အရောက်တွင်အနည်းငယ်အံ့ဩသွားသည်။သူ့မျက်လုံးသိုင်းဝိဉာဉ်သည်ထူးဆန်းလှသည်မဟူတ်လော။ထိုကဲ့သို့ဝိဉာဉ်ကွင်းတပ်ဆင်ပုံသည်နင်းရုံရုံ၏ဘုံကိုးဆင့်ပြသာဒ်နှင့်တူနေလေသည်။ဘုံကိုးဆင့်ပြသာဒ်သည်အထပ်တစ်ခုတွင်ဝိဉာဉ်ကွင်းတစ်ခုထည့်ရခြင်းဖြစ်ပြီးရှလင်၏ပြောင်းလဲမှုကိုခုမျက်လုံးသည်မျက်လုံးနေရာလွတ်တစ်ခုတွင်ဝိဉာဉ်ကွင်းတစ်ခုထည့်ရခြင်းဖြစ်သည်။

ထို့နောက်မှရှလင်မနေ့ကသူ့စိတ်ပင်လယ်အတွင်း၌တွေ့ခဲ့ရသောမျက်လုံးကြီးကိုးခုသည်မျက်လုံးနေရာလွတ်များဖြစ်ကြောင်းသိလိုက်ရသည်။ရှလင်သူ့စိတ်ပင်လယ်အတွင်းအမြန်ဝင်ကြည့်လိုက်သည်။သူ့စိတ်ပင်လယ်အတွင်းမှမျက်လုံးကြီးကိုခုသည်ယခင်ကဲ့သို့အရောင်မဲ့နေသော်လည်းအစွန်ဆုံးရှိမျက်လုံးတစ်ခုသည်အပြာရောင်မျက်လုံးကြီးတစ်ခုအဖြစ်ပြောင်းလဲနေသည်ကိုတွေ့လိုက်ရသည်။

ရှလင်ထိုအပြာရောင်မျက်လုံးကြီးကိုအချိန်အတော်ကြာစိုက်ကြည့်ပြီးဘာမှထူးခြားတာမတွေ့တော့မှစိတ်ပင်လယ်မှသူ့အာရုံကိုရုတ်သိမ်းလိုက်သည်။ထို့နောက်ဝိဉာဉ်ကွင်း၏စွမ်းရာ်များကိုကြည့်ကာရှလင်ကျေနပ်သည့်အပြုံးကြီးပြုံးလိုက်သည်။ဒုတိယစွမ်းရည်သည်ရုပ်ဖျက်ရာတွင်အသုံးဝင်ပြီးရှလင်အကျေနပ်ဆုံးမှာပထမစွမ်းရည်ဘဲဖြစ်သည်။

သင်စဉ်းစားကြည့်ပါသင့်ရန်သူနှင့်သင်တိုက်ခိုက်ချိန်တွင်သင့်ရန်သူမှရုတ်တရက်သင့်သိုင်းဝိဉာဉ်ဖြင့်တိုက်ခိုက်လာလျှင်သင်မည်သို့တုန့်ပြန်မည်နည်း။ဝမ်းနည်းစရာကောင်းသည်မှာရန်သူ၏အစွမ်းအထက်ဆုံးဝိဉာဉ်ကွင်းစွမ်းရည်တစ်ခုကိုသာကူးယူနိုင်ခြင်းဖြစ်သည်။ချိပ်ပိတ်ခံထားရသောစွမ်းရည်နှစ်ခုလည်းရှိသေးသည်။

ရှလင်စစ်ဆေးစရာရှိသည်များကုန်သည်နှင့်ဂူအပြင်သို့ထွက်လာသည်။ယနေ့အတွက်သူ့ရည်မှန်းချက်တစ်ခုရှိသည်။၎င်းမှာနှစ်တစ်သိန်းသက်တမ်းရှိသောသားရဲတစ်ကောင်ကိုသတ်ရန်ဖြစ်သည်။အရင်ရက်တုန်းကရှလင် တိထျန်းအားလူ့လောကသို့သွားခြင်ကြောင်းပြောဖူးသည်။သို့သော်သူ့အားတိထျန်းကမလွှတ်ချင်ပေ။ထိုသို့ဖြင့်နှစ်ယောက်သားငြင်းခုန်ရင်းနှစ်တစ်သိန်းသားရဲအားသတ်နိုင်လျှင်သွားခွင့်ပြုမည်ဟူသောတိထျန်း၏စကားဖြင့်သာအဆုံးသတ်သွားလေသည်။ထိုအချိန်တုန်းကရှလင်နှစ်တစ်သိန်းသားရဲအားမသတ်နိုင်သေးသော်လည်းယခုတွင်မတူတော့ချေ။သူ၏နှစ်တစ်သိန်းသက်တမ်းရှိသောသားရဲကျင့်ကြံခြင်းနှင့်သိုင်းဝိဉာဉ်များ၊ဒြပ်စင်စွမ်းအားများကိုပေါင်းလိုက်လျှင်သာမာန်နှစ်တစ်သိန်းသားရဲအားသတ်နိုင်ပါလိမ့်မည်။ထို့ကြောင့်ရှလင်လေဟာနယ်ရွေ့လျားခြင်းအားသုံး၍တောအတွင်းသို့ပြေးဝင်သွားလေသည်။

All Chapters