← Chapters

အပိုင်း ၁၂

Vol. 1 Ch. 12

အပိုင်း ၁၂

Vol. 1 Ch. 12

ရှလင်နေ့တစ်ဝက်နီးပါးရှာဖွေခဲ့သော်လည်းဝိဉာဉ်သားရဲတစ်ကောင်တစ်လေတောင်မတွေ့ခဲ့သောကြောင့်စိတ်ဓာတ်ကျနေမိသည်။တိထျန်း၏ပိုင်နက်အတွင်နှစ်သိန်းပိုင်းသားရဲများမလာရဲ၍ဖြစ်သည်။နှစ်သောင်းပိုင်းသားရဲများမှာလည်းရှလင်သတ်ဖြတ်မှုကြောင့်ထွက်ပြေးကုန်သည်ထင်။

‘ဒီလိုဆိုမဖြစ်ဘူး..တိထျန်းပိုင်နက်ကထွက်မှရမယ်’

ထိုသို့တွေးပြီးနောက်ရှလင်တုံ့လော်ကုန်းမြေသို့ရောက်ပြီးနောက်ပထမဆုံးတတိထျန်း၏နယ်မြေအတွင်းမှထွက်လာခဲ့တော့သည်။

ရှလင် တိထျန်း၏နယ်မြေထဲမှထွက်လာပြီးနောက်နာရီဝက်ခန့်အကြာတွင်နှစ်သောင်းပိုင်းသားရဲများကိုခပ်စိပ်စိပ်တွေ့လာရသည်။သို့သော်သူ၏ဒီနေ့အစီအစဉ်သည်နှစ်တစ်သိန်းသားရဲဖြစ်သည့်အတွက်ရှလင်နှစ်သောင်းပိုင်းသားရဲများကိုစိတ်မဝင်စားတော့ဘဲရှေ့သို့သာဆက်သွားနေခဲ့သည်။

နှစ်သောင်းပိုင်းသားရဲများမှာလည်းရှလင်၏ကိုယ်မှထွက်ပေါ်နေသောနှစ်တစ်သိန်းသားရဲ၏အရှိန်အဝါကြောင့်အနားမကပ်ရဲသဖြင့်ရှလင်၏ခရီးကပိုမြန်နေလေသည်။

ရှလင်ခရီးဆက်နေသည်မှာနေအနောက်ဘက်သို့ရောက်ဝင်ရောက်ခါနီးအချိန်ထိရှိပြီဖြစ်သည်။ထိုအချိန်တွင်ရှလင်ရုတ်တရက်ကျယ်ပြန့်လှသောရွှံ့ဗွက်အိုင်ကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။

ရှလင်သူ့ရှေ့ရှိရွံ့ဗွက်အိုင်ကြီးအားကြည့်နေတုန်းထိုဗွက်အိုင်ကြီးအတွင်းမှဆူးချွန်များပါသောနွယ်ပင်များထွက်လာကာရှလင်အားတိုက်ခိုက်လိုက်လေသည်။ရှလင်သတိလက်လွတ်တိုက်ခိုက်ခံလိုက်ရသော်လည်းပြာမသွားပေ။သူကြိုတင်ခန့်မှန်းထားသည်မဟုတ်လား။ဒီနေရာသို့သူစရောက်ကတည်းကဝိဉာဉ်သားရဲများကိုမတွေ့ရသဖြင့်ရှလင်ပတ်ဝန်းကျင်အားသူ့ဝိဉာဉ်စွမ်းအားဖြင့်ထောက်လှမ်းနေခြင်းဖြစ်သည်။

ထို့ကြောင့်နွယ်ပင်များတိုက်ခိုက်လာသောအခါသူလေ‌ေခြလှမ်းများအားသုံး၍အသာအယာရှောင်လိုက်သည်။ထို့နောက်သူ့အားတိုက်ခိုက်လိုက်သောသူအားရှလင်ကြည့်လိုက်သည်။

၎င်းမှာပွင့်ချပ်များတွင်မီးကဲ့သို့နီရဲနေသောအဆူးချွန်များပါသောပန်းပွင့်ကြီးတစ်ပွင့်ဖြစ်လေသည်။ရှလင်ကိုတိုက်ခိုက်လိုက်သောနွယ်ပင်များမှာထိုပန်းပွင့်ပုံသားရဲကြီး၏လက်တံများဖြစ်သည်။ထိုပန်းပွင့်ကြီး၏အရှိန်အဝါအရ၎င်းမှာနှစ်တစ်သိန်းသက်တမ်းရှိသောအပင်သားရဲတစ်ကောင်ဖြစ်လေသည်။

ရှလင်ပန်းပွင့်ကြီး၏နွယ်များဖြင့်တိုက်ခိုက်နေမှုကိုရှောင်နေရင်းပျော်သွားသည်။သူတစ်နေ့လုံးနီးပါရှာနေသော်လည်းမတွေ့ခဲ့သောနှစ်သိန်းပိုင်းသားရဲတစ်ကောင်အားယခုတွေ့ပြီမဟုတ်လား။ထို့နောက်ရှလင်လေဟာနယ်လျှောက်လှမ်းခြင်နှင်လေခြေလှမ်းများကိုတွဲသုံးပြီးပန်းပွင့်သားရဲကြီး၏အနားသို့တဖြည်းဖြည်းချဉ်းကပ်သွားလေသည်။

ပန်းပွင့်သားရဲကြီးကလည်းရှလင်၏ချဉ်းကပ်လာမှုကိုသတိထားမိသည်ထင် ရွှံ့ဗွက်အိုင်အတွင်းမှသူ၏လက်တံများကိုထပ်ထုတ်၍ရှလင်အားအပြင်းအထန်တိုက်ခိုက်လာလေသည်။ထို့ကြောင့်ရှလင်သူ၏သိုင်းဝိဉာဉ် ပွင့်ချပ်ကိုးခုကြာပန်းကိုထုတ်လွှတ်လိုက်ပြီးတိုက်ခိုက်လိုက်သည်။

“ပွင့်ချပ်ကိုးခုကြာပန်း ပထမဝိဉာဉ်ကွင်းစွမ်းရည်”

“ပထမစွမ်းရည် ကြာပွင့်ပစ်လွှတ်ခြင်း “

ရှလင်ထိုစွမ်းရည်ကိုသုံးလိုက်သည်နှင့်သူ၏လက်ထဲရှိကြာပန်းသည်စင်္ကြာတစ်ခုကဲ့သို့လည်ပတ်သွားကာပန်းပွင့်ကြီး၏လက်တံများကိုဖြတ်တောက်ပြီးပန်းပွင့်ကြီးဆီသို့တိုးဝင်သွားလေသည်။

ပန်းပွင့်သားရဲကြီးသည်သူ့လက်တံများကိုဖြတ်ကာသူ့ထံပြေးဝင်လာသောကြားပန်းအားကြည့်ကာအန္တရယ်ကိုခံစားလိုက်ရသဖြင့်သူ့လက်တံများဖြင့်ကာကွယ်လိုက်သော်လည်းမအောင်မြင်ဘဲသူ၏ပန်းပွင့်ခန္ဓာကိုယ်ပေါ်တွင်အလျားလိုက်ဒဏ်ရာကြီးတစ်ခုကိုကြာပန်းမှချန်ခဲ့လေသည်။ထိုဒဏ်ရာမှအနီရင့်ရောင်သွေးများသည်ရွှံ့များပေါ်သို့ကျဆင်းနေပြီးထိုသွေးများကျဆင်းနေသောရွှံ့များသည်အလွန်ပူပြင်းကာတိုက်စားတတ်သောအက်စစ်တစ်ခုနှင့်ထိလိုက်မိသကဲ့သို့တရှဲရှဲမည်နေလေသည်။

ပန်းပွင့်သားရဲကြီးသည်သူ့အားဒဏ်ရာရစေသောသူအားကြည့်ကာအော်ဟစ်မာန်ဖီလိုက်ပြီးသူ၏အားအပြင်းဆုံးတိုက်ကွက်အားထုတ်လွှတ်ရန်သူ၏ပွင့်ချပ်များကိုစုစည်းလိုက်လေသည်။

ရှလင်သူ့ရှေ့ရှိပန်းပွင့်ကြီးကိုကြည့်ကာအန္တရယ်အငွေ့အသက်ကိုရလိုက်သဖြင့်တိုက်ကွက်ဖော်နေသောပန်းပွင့်ကြီးသာအလျင်အမြန်တိုက်ခိုက်လိုက်သည်။သို့သော်လည်းရှလင်တားဆီးရန်နောက်ကျသွားပြီးပန်းပွင်းကြီး၏ပွင့်ချပ်များအလယ်မှမီးကဲ့သို့ရဲရဲနီနေသောအဆိပ်ဆူးများကိုပစ်လွှတ်လိုက်လေသည်။

သူ့တည့်တည့်သို့ပစ်ခတ်လာသောအဆိပ်ဆူးမှားကိုကြည့်ကာရှလင်ခနမျှကြောင်သွားပြီးရွှေခန္ဓာအားအလျင်အမြန်ထုတ်သုံးလိုက်သည်။ရှလင်၏ရွှေခန္ဓာနှင့်အဆိပ်ဆူးများထိတွေ့လိုက်သောအခါသံမဏိများအချင်းချင်းပွတ်တိုက်မိသကဲ့သို့မီးစများထွက်ပေါ်လာလေသည်။

ရှလင်အဆိပ်ဆူးများကိုကာကွယ်ပြီးနောက်သားရဲအားကြည့်လိုက်သည့်အခါ၎င်းမှာရွှံ့နွံများအတွင်းသို့ဝင်ပြေးရန်ကြံနေသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်ရှလင်ဒေါပွသွားသည်။သူ့ကိုဒင်းကအစွမ်းကုန်တိုက်ခိုက်ပြီးအခုမနိုင်သောအခါထွက်ပြေးချင်နေသည်မဟုတ်လား။ရှလင်လက်မခံနိုင်ပေ။

“ဟမ့် သားရဲကောင်..တိုက်တုန်းကတိုက်ပြီးအခုမှထွက်ပြေးလို့ရရိုးလား”

“ငါ့တိုက်ကွက်ကိုလက်ခံလိုက်စမ်း..”

ရှလင်အော်လိုက်ပြီးနောက်ကြာပန်းသိုင်းဝိဉာဉ် စဦးဝိဉာဉ်ကွင်းမှဒုတိယစွမ်းရည်အားထုတ်သူံးလိုက်သည်။

“စဦးဝိဉာဉ်ကွင်း ဒုတိယစွမ်းရည် ကြာပန်းပေါက်ကွဲခြင်း”

ရှလင်ကြာပန်းပေါက်ကွဲခြင်းသည်ရှလင်နှစ်တစ်သိန်းသားရဲအဖြစ်သို့ရောက်ပြီးနောက်ထုတ်သုံးနိုင်သည့်ဝိဉာဉ်စွမ်းအားကိုအကုန်ထည့်သွင်းပစ်လွှတ်လိုက်ခြင်းဖြစ်သည်။

ထိုအားသည်စဦးအဆင့်ဖုန်းဟောက်တုံ့လော်တစ်ယောက်ကိုပင်အပြင်းအထန်ဒဏ်ရာရစေနိုင်လေသည်။ရှလင်ပစ်လွှတ်လိုက်သောကြာပန်းသည်သားရဲကြီး၏ပါးစပ်လိုဖြစ်နေသောပွင့်ချပ်ကြီးများ၏အလယ်သို့တိုးဝင်ကာပေါက်ကွဲသွားလေသည်။

ကြာပန်းပေါက်ကွဲမှု၏ပြင်းအားကြောင့်ပန်းပွင့်ပုံသားရဲကြီးသည်ဒဏ်ရာအပြင်းအထန်ရသွားပြီးအော်ဟစ်ကာရွံ့နွံများအတွင်သို့ဝင်ကာထွက်ပြေးရန်ကြံလေသည်။

ရှလင်ဒဏ်ရာအပြင်းအထန်ရတာတောင်ထွက်ပြေးချင်နေသောပန်းပွင့်ကြီးအားကြည့်ကာနှာကစ်သွားသည်။အစကတော့သူထိုသားရဲကြီး၏ကျင့်ကြံမှုများကိုစုပ်ယူချင်သဖြင့်အသေမသတ်ခြင်းဖြစ်သည်။သို့သော်ယခုတော့ထိုသားရဲအားသတ်ကာသူ့ဝိဉာဉ်ကွင်းလုပ်ရမည့်ပုံပင်။

ထို့ကြောင့်ရှလင်ပန်းပွင့်သားရဲကြီးထွင်မပြေးခင်သူ၏နောက်ကျောမှလေဟာနယ်နဂါးတောင်ပံများကိုထုတ်ကာသားရဲအနီးသို့လျှပ်တစ်ပြက်ကူးပြောင်းပြီးသူ့တောင်ပံများအားစက်ဝိုင်းပုံလှည့်ကာတိုက်ခိုက်လိုက်လေသည်။၎င်းမှာလေဟာနယ်နဂါးတောင်ပံများ၏တတိယတိုက်ကွက်ဖြစ်သောလေဟာနယ်ခုတ်ချက်များဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရနေသောပန်းပွင့်သားရဲကြီးသည်ရှလင်၏လေဟာနယ်ခုတ်ချက်များကိုမခံနိုင်ဘဲအော်ဟစ်ကာသေဆုံးသွားလေတော့သည်။သားရဲကြီးသေဆုံးပြီးနောက်ထိုသားရဲ၏ကိုယ်မှပွင့်ချပ်ပုံသဏ္ဍာန်လက်မောင်းရိုးတစ်ခုနှင့်အနီရောင်နှစ်တစ်သိန်းကွင်းတစ်ခုတို့ထွက်ပေါ်လာလေသည်။ဝိဉာဉ်ကွင်းထွက်ပေါ်လာသည်နှင့်ရှလင်စနစ်၏အသံအားကြားလိုက်ရသည်။

“ဒင်!..စနစ်သည်နှစ်တစ်သိန်းသက်တမ်းရှိသောမီးအဆိပ်သားရဲဝိဉာဉ်ကွင်းတစ်ခုအားထောက်လှမ်းမိပါသည် ပိုင်ရှင်စုပ်ယူပါမည်လား”

“ဒင်!..စနစ်သည်နှစ်တစ်သိန်းသက်တမ်းရှိသောမီးအဆိပ်သားရဲ၏ဝိဉာဉ်ရိုးကိုထောက်လှမ်းမိပါသည် ပိုင်ရှင်စုပ်ယူပါမည်လား”

All Chapters