အပိုင်း ၁၀
Vol. 1 Ch. 10
“စနစ်...ငါ့ရဲ့ကိုယ်ရေးအကျဉ်းပြပါ”
“ဒင်!~~~~~”
‘အမည် = ရှလင်
မျိုးနွယ် = နဂါးမျိုးနွယ်
အသက် = တစ်လ
သားရဲကျင့်ကြံမှုသက်တမ်း = ၁၀၀၀၀၀နှစ်
သိုင်းဝိဉာဉ် = ပွင့်ချပ်ကိုးခုကြာပန်း (ဝိဉာဉ်ကွင်းတစ်ခု)
ဝိဉာဉ်ကွင်းများ = နှစ်တစ်သိန်းဝိဉာဉ်ကွင်းတစ်ခု
ဝိဉာဉ်ရိုး = လေဟာနယ်နဂါးတောင်ပံ
စိတ်ဝိဉာဉ်စွမ်းအား = ၁၀၀(နတ်အဆင့်)
သွေးမျိုးဆက် = ဖရိုဖရဲနဂါးသွေးမျိုးဆက်(၁၀%နိုးထပြီး)
ဒြပ်စင်ဝိဉာဉ် = ရွှေဒြပ်စင်(နိုးထပြီး)
ရေဒြပ်စင်(၀%)
စနစ်သို့လှောင်ခန်း = သာမာန်လက်ဆောင်ထုပ်တစ်ခု၊အထူးလက်ဆောင်ထုပ်တစ်ခု၊အဆင့်မြင့်ဟင်းခတ်အမွှေးအကြိုင်များ×××၊ကုသခြင်းဆေးရည်×××၊......’
ရှလင်စနစ်သို့လှောင်ခန်းနေရာကိုအရင်ကြည့်လိုက်တော့သူတစ်လအတွင်းလတ်မှတ်ထိုးဝင်ရောက်ထားသောပစ္စည်းများနှင့်အတူလက်ဆောင်ထုပ်နှစ်ခုကိုတွေ့ရှိလိုက်ရသည်။ရှလင် သူဌေးကြီးတစ်ဦးဖြစ်သွားသလိုခံစားလိုက်ရလေသည်။သူတစ်ခါမှလက်ဆောင်ထုပ်နှစ်ထုပ်ကိုမစုမိဖူးသေးချေ။ထို့ကြောင့်ရှလင်အလွန်ပျော်သွားသည်။ထို့ေနာက်သူ့အကြည့်ကနိုးထပြီးသောရွှေဒြပ်စင်ဝိဉာဉ်အပေါ်ကိုကျရောက်သွားသည်။
စနစ်၏ပြောပြချက်အရဒြပ်စင်ဝိဉာဉ်တစ်ခုနိုးထတိုင်းသူသည်ထိုဒြပ်စင်ဝိဉာဉ်မှပေးသောအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်သည်။ထို့ကြောင့်ရှလင်စနစ်အားရွှေဒြပ်စင်၏ကော်လံအားဖွင့်ခိုင်းလိုက်သည်။
“စနစ်..ငါ့ကိုရွှေဒြပ်စင်အကြောင်းပြပါ”
“ဒင်!...ကောင်းပါပြီပိုင်ရှင်”
‘ဒြပ်စင်အမည် = ရွှေဒြပ်စင်
ရွှေဒြပ်စင်မှရရှိသောစွမ်းရည်များ
ရွှေခန္ဓာကိုယ်
(သင်သည်သင်၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖြစ်စေခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုဖြစ်စေမည်သည့်အရာမျှမထိုးဖောက်နိုင်သောေရွှသတ္ထုကိုယ်ထည်အဖြစ်ပြောင်းလဲနိုင်ပါသည်။ကြာချိန်မှာစက္ကန့်တစ်ရာဖြစ်ပါသည်။သင်၏ဝိဉာဉ်စွမ်းအားအပေါ်မူတည်၍အကြိမ်ရေအကန့်အသန့်မရှိသုံးနိုင်ပါသည်)
ရွှေသတ္ထုနယ်မြေ
(သင်သည်ထိုစွမ်းရည်ဖြင့်သင်၏ပတ်လည်တွင်မီတာ၁၀၀အချင်းဝက်ရှိသောနယ်မြေတစ်ခုကိုရရှိကာထိုနယ်မြေထဲရှိသတ္ထုများအားထိန်းချုပ်စေနိုင်ပါသည်။သင်၏ဝိဉာဉ်စွမ်းအားအပေါ်မူတည်၍အဆက်မပြတ်ထုတ်လွှတ်နိုင်ပါသည်။စက်ဝန်းအကျယ်အားသင်၏သားရဲကျင့်ကြံမှုနှင့်အတူမြှင့်တင်နိုင်ပါသည်။)’
ရှလင်သူ့ရှေ့ရှိဒစ်ဂျစ်တယ်ဘောင်တွင်ပေါ်နေသောစာများကိုကြည့်ကာရှလင်ပြုံးလိုက်မိသည်။စနစ်သည်သူ့အားအလွန်အထာကျသောစွမ်းရည်များကိုသာပေးသည်မဟုတ်လား။ရွှေခန္ဓာ၏အကြွင်းမဲ့ကာကွယ်မှုနှင့်အတူလက်နက်များကိုထိန်းချုပ်ကာရန်သူဆီသို့ပြန်ပစ်နေသောသူ၏ပုံရိပ်ကိုတွေးမိသောအခါရှလင်၏အပြုံးသည်ပိုမိုကြီးမားလာခဲ့သည်။
ထို့နောက်ရှလင်စနစ်နေရာလွတ်ထဲမှလက်ဆောင်ထုပ်နှစ်ထုပ်အားကြည့်လိုက်ပြီးသာမာန်လက်ဆောင်ထုပ်အားစနစ်ကိုဖောက်ခိုင်းလိုက်သည်။
“စနစ် သာမာန်လက်ဆောင်ထုပ်ကိုဖောက်ပါ”
“ဒင်!...သာမာန်လက်ဆောင်ထုပ်အားဖွင့်ဖောက်လိုက်ပါသည်”
“ဒင်....ဂုဏ်ယူပါတယ် ပိုင်ရှင်သည် သိုင်းဝိဉာဉ် ပြောင်းလဲမှုကိုးသွယ်မျက်လုံးကိုရရှိပါသည်”
စနစ်၏စကားဆုံးသည်နှင့်ရှလင်၏မျက်လုံးများမှအရောင်မဲ့စွမ်းအင်(အဖြူအမဲစွမ်းအင်)များထွက်ပေါ်လာပြီးသူ၏မျက်ခုံးနှစ်ခုအလယ်မှမျက်လုံးပုံစံသိုင်းဝိဉာဉ်တစ်ခုထွက်ပေါ်လာလေသည်။ထိုမျက်လုံးသိုင်းဝိဉာဉ်ပေါ်လာသည်နှင့်ရှလင်၏နောက်တွင်အလွန်ကြီးမားသောမျက်ဝန်းကြီးတစ်ခုပေါ်လာကာထိုမျက်ဝန်းကြီးအားအရောင်မဲ့နေသောမျက်လုံးပုံစံကိုးခုကဝန်းရံထားလေသည်။
ထိုမျက်ဝန်းကြီးထွက်ပေါ်လာသည်နှင့်ရှလင်ဘေးရှိပတ်ဝန်းကျင်သည်အဖြူအမဲအရောင်များအဖြစ်သို့ပြောင်းလဲသွားလေသည်။
ရှလင် သူ၏သိုင်းဝိဉာဉ်နိုးထကတည်းကသူအရောင်မဲ့နေသောကမ္ဘာတစ်ခုသို့ရောက်ရှိသွားလေသည်။သူထိုနေရာတွင်အလွန်ကြီးမားသောမျက်လုံးပုံစံကြီးကိုးခုကိုကြည့်ကာခနမျှကြောင်အနေမိသည်။ထို့နောက်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်းထိုမျက်လုံးကြီးကိုးခုမှလွဲ၍အရာအားလုံးသာ်ဗလာနတ္ထိပင်ဖြစ်သည်။
ထို့ကြောင့်ရှလင်စနစ်အားအကူအညီတောင်းလိုက်သည်။
“စနစ် ငါ့ကိုဒီနေရာကဘယ်နေရာလဲပြောပြစမ်းပါ”
“ဒင်!...ပိုင်ရှင်သည်ပိုင်ရှင်၏စိတ်ပင်လယ်ထဲသို့ရောက်ရှိနေခြင်းဖြစ်ပါသည်”ရှလင်အံ့ဩသွားသည်။
‘ဒီမျက်လုံးကြီးကိုးခုရှိပြီးအဆုံးအဆမဲ့ကျယ်ဝန်းတဲ့ဟင်းလင်းပြင်ကြီးကသူ့စိတ်ဝိဉာဉ်ပင်လယ်တဲ့လား’
ရှလင်ခနမျှအံ့ဩသွားပြီးနောက်စနစ်အားစိတ်ပင်လယ်ထဲမှပြန်ထွက်နိုင်မည့်နည်းအားမေးလိုက်သည်။
“စနစ်...ဒါကြီးထဲကငါဘယ်လိုပြန်ထွက်ရမှာလဲ”
“ဒင်!..ပိုင်ရှင်သည်အပြင်ထွက်မည်ဟုတွေးလိုက်ရုံသာဖြစ်ပါသည်”
‘ဒီလောက်လွယ်တာလားဟ’စနစ်၏အဖြေကိုကြားပြီးရှလင်တွေးလိုက်ခြင်းဖြစ်သည်။ထို့နောက်သူ့စိတ်ထဲမှအပြင်ထွက်ရန်တွေးလိုက်သောအခါအပြင်တွင်ထိုင်နေသောရှလင်၏မျက်လုံးများပွင့်လာလေသည်။
ထို့နောက်ရှလင်သူ့သိုင်းဝိဉာဉ်အားပြန်သိမ်းလိုက်လေသည်။ရှလင်နောက်မှမျက်လုံးကြီးပျောက်သွားသည်နှင့်ပတ်ဝန်းကျင်မှာလည်းပုံမှန်အနေအထားသို့ပြန်ရောက်သွားလေသည်။
ရှလင်ခနမျှတွေးလိုက်ပြီးနောက်စနစ်အားကျန်နေသေးသည့်အထူးလက်ဆောင်ထုပ်အားဖွင့်ခိုင်းလိုက်သည်။သာမာန်အထုပ်များပင်သူ့အားအံ့ဖွယ်ရာများပေးလေရာအထူးအထုပ်တွင်မည်သည့်အရာများပါမည်နည်း။ရှလင်အနည်းငယ်မျှော်လင့်မိသည်။
“စနစ်..ကျန်နေတဲ့အထူးအထုပ်ကိုဖွင့်လိုက်ပါ”
“ဒင်!.....အထူးအထုပ်အားဖွင့်ဖောက်လိုက်ပါပြီ”
“ဒင်!....ဂုဏ်ယူပါတယ် ...ပိုင်ရှင်သည်နှစ်တစ်သန်းသက်တမ်းရှိသောအိပ်မက်သားရဲ၏ဝိဉာဉ်ကွင်းအားရရှိပါသည်”
“ပိုင်ရှင်ဝိဉာဉ်ကွင်းအားစုပ်ယူပါမည်လား”
ရှလင်စနစ်၏သတိပေးချက်အားမကြားနိုင်သေးပေ။သူ့အာရုံသည်ငွေရောင်နှင့်ေရွှရောင်ရော၍တောက်ပနေသောဝိဉာဉ်ကွင်းပေါ်တွင်သာအာရုံရောက်နေလေသည်။
ရှလင်သူ့ကိုကံကောင်းခြင်းနတ်သမီးကများချစ်ကြိုက်နေသည်လားဟုတွေးမိသွားသည်။သူ့ရှေ့ရှိဝိဉာဉ်ကွင်းကိုကြည့်ကာရှလင်အာခေါင်တွေတောင်ခြောက်လာလေသည်။၎င်းကနှစ်တစ်သန်းကွင်းကြီးလေ။တုံ့လော်နယ်မြေကြီး၏ဇာတ်ဆောင်ဆရာကြီးထန်စန်းသည်ပင်နတ်ဘုရားဖြစ်မှနှစ်တစ်သန်းကွင်းရသည်မဟုတ်လား။ယခုသူကတော့ပထမဆုံးဝိဉာဉ်ကွင်းကိုနှစ်တစ်သန်းကွင်းဖြင့်စတင်ခြင်းဖြစ်လေသည်။ရှလင်စနစ်အားကအလောတကြီးပြန်ပြောလိုက်သည်။
“စုပ်ယူမှာပေါ့...ယူမှာ...”
“ဒင်...ကောင်းပါပြီပိုင်ရှင်....ပိုင်ရှင်သည်ဝိဉာဉ်ကွင်းအားမည့်သည့်သိုင်းဝိဉာဉ်တွင်တပ်ဆင်ပါမလဲ”
ရှလင်စဉ်းစားလိုက်သည်။သူ၏သိုင်းဝိဉာဉ်နှစ်ခုတွင်ပွင့်ချပ်ကိုးခုကြာပန်းကဖျက်စီးရေးသိုင်းဝိဉာဉ်တစ်ခုဖြစ်သည့်အတွက်ယခုဝိဉာဉ်ကွင်းနှင့်မသင့်လျော်ပေ။ထို့ကြောင့်ရှလင်သူ၏ပြောင်းလဲမှုကိုးခုမျက်လုံးတွင်သာစနစ်အားတပ်ဆင်ခိုင်းလိုက်လေသည်။
“စနစ်..ပြောင်းလဲမှုကိုးသွယ်မျက်လုံးမှာထပ်ဆင်လိုက်ပါ”
“ဒင်!..ကောင်းပါပြီပိုင်ရှင် ပြောင်းလဲမှုကိုးသွယ်မျက်လုံးသို့ဝိဉာဉ်ကွင်းတပ်ဆင်နေပါသည်”
စနစ်စကားဆုံးသည်နှင့်ရှလင်တစ်ယောက်သူ့ခေါင်းကိုတူကြီးများနှင့်ရိုက်ခွဲလိုက်သလိုခံစားလိုက်ရသည်
“တီ..တီ...တီ အရေးပေါ်သတိပေးချက်...ပိုင်ရှင်တပ်ဆင်နေသောဝိဉာဉ်ကွင်းသည်ပိုင်ရှင်၏ခံနိုင်ရည်ကိုကျော်လွန်နေပါသည်”
“ထို့ကြောင့်စနစ်မှဝိဉာဉ်ကွင်း၏တစ်ပိုင်းတစ်စအားချိပ်ပိတ်လိုက်ပါသည်”
ထို့နောက်ရွှေရောင်နှင့်အဖြူရောင်ရောနှောနေသောဝိဉာဉ်ကွင်း၏အရောင်သည်သာမာန်အဝါရောင်အဖြစ်သို့ပြောင်းလဲသွားပြီးရှလင်၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားလေသည်။