တတိယအကျင့်စရိုက်(2)
Vol. 17 Ch. 166
သတ္တိကောင်းသည့် ကျောင်းသားတစ်ယောက်က သွားမေးချိန်တွင်လည်း ကျောင်းဟန်က သူ့ဘေးတွင် မမြင်ရသည့် ‘လူ’တစ်ယောက်ရှိနေကြောင်း အမှန်တကယ် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို ‘လူ’၏ လိင်နှင့် နာမည်တို့ပင် ကျောင်းထဲတွင် ပျံ့နှံ့သွားပြီးနောက် တစ်ယောက်စကား တစ်ယောက်နားဖြင့် ဆရာများထံသို့ပင် သတင်းရောက်သွားတော့သည်။
ကျောင်းဟန်၏ အတန်းပိုင်ဆရာက သူ့အား ခေါ်ကာ ထိုစကားများ မပြောရန် ညင်သာစွာတောင်းဆိုခဲ့သည်။
သို့သော် ကျောင်းဟန်ကတော့ အလွန်လေးနက်စွာဖြင့် ကျောင်းရှင်းက သူ့၏ဘေးတွင် ရှိကြောင်း အခိုင်အမာပြောဆိုနေခဲ့သောကြောင့် ဆရာသည်ပင်လျှင် ကျောပင် ချမ်းသွားရလေသည်။
ကျောင်းကလည်း သူ၏အခြေအနေအား ကြိုတင်သိရှိထားသောကြောင့် လေသံမာမာဖြင့် အပြစ်မတင်ရက်ကြပေ။
သို့သော် သူတို့အနေဖြင့် ကျောင်းဟန်ကို တက္ကသိုလ်တွင် လက်ခံမိခြင်းအတွက် နောင်အကြီးအကျယ်ရနေခဲ့ကြသည်။ မူလက ကောင်လေး၏ အခြေအနေသည်က တည်ငြိမ်ကာ ပညာသင်ကြားရန်အတွက် သင့်တော်သည်ဟု ထင်မိခဲ့ကြသည်။
ထိုအဖြစ်အပျက်က ကျောင်းတွင် နာမည်ကြီးသည့်သတင်းဖြစ်လာခဲ့လေ၏။
ကျောင်းဟန်၏ အဆောင်မှ ကောင်လေးများလည်း သူတို့အဆောင်တွင် ‘လူ’တစ်ယောက်ရှိနေကြောင်း တဖြည်းဖြည်းလက်ခံလာကြသည်။
အစပိုင်းကတော့ အခန်းဖော်များက ကျောင်းဟန်၏ ရောဂါအခြေအနေဖြင့် လိုက်လျောညီထွေအောင် နေထိုင်တတ်လာကြပြီး သူတို့၏စိတ်ထဲတွင် သရုပ်ဆောင်နေခြင်းဟုသာ တွေးတောခဲ့ကြသည်။
သို့သော် နှစ်ဝက်ကျော်ကြာလာပြီးနောက် ထူးဆန်းသည့် ခံစားချက်ကြီးသည် ပို,ပို၍ ပြင်းထန်လာခဲ့သည်။
ထိုအချိန်က ကျောင်းဟန်သည်က သူ့ကမ္ဘာထဲတွင် နစ်မြုပ်နေခဲ့ပြီဖြစ်သည်။
ကျောင်းအုပ်ကြီးလည်း သူ့အား ထိန်းချုပ်ရန် မတတ်နိုင်တော့ပေ။
အဆောင်တွင် အညိုရောင်သစ်သားတံဆိပ်လေးအား ကျောင်းရှင်း ဆိုသော နာမည်ထွင်းထားပြီး ထားရှိတတ်သည်။ တစ်ခါတစ်ရံ ကန်တင်းမှ ကြက်ဥအစိမ်းများဝယ်ကာ ထိုတံဆိပ်လေးရှေ့တွင် ထားတတ်သေးသည်။
အခန်းဖော်များ သီးသန့် ပြောဆိုကြချိန်တွင် အားလုံး၏ အတွေးမှာ ထိုအရာလေးသည် ‘သင်္ချိုင်းကမ္ဗည်း’ အငယ်စားလေးနှင့် တူကြောင်းကိုပင်။
ကျောင်းဟန်၏ လုပ်ရပ်များမှာ ထိုမမြင်နိုင်သည့် အစ်မ ‘ကျောင်းရှင်း’အား ကိုးကွယ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
တစ်ခါတစ်ရံ သူသည်ကား အနီးအနားမှ လေဟာနယ်သို့ တစ်ယောက်ယောက်နှင့် စကားပြောနေသကဲ့သို့ တီးတိုးရေရွတ်နေတတ်သေးသည်။
သူတို့အနေဖြငာ့ ထိုအရာကို မမြင်နိုင်သောကြောင့် သူတို့ဘဝကိုလည်း သက်ရောက်လိမ့်မည်မဟုတ်ပေ။
သူသာ ထိုအရာများကို ပြုလုပ်ရုံသာမဟုတ်ဘဲ လူများကို အန္တရာယ်ပြုခဲ့မည်ဆိုပါလျှင် အခန်းဖော်များသည်လည်း သူနှင့် နေနိုင်မည်မဟုတ်။
သို့သော် သူတို့ ရေချိုးနေချိန်၊ အဝတ်အစားလဲချိန်နှင့် အဆောင်ထဲတွင် တစ်ခုခုလုပ်ဆောင်နေချိန်များတွင် အကြောင်းပြချက်မရှိပါပဲနှင့် တစ်ယောက်ယောက်က စောင့်ကြည့်နေသကဲ့သို့ ခံစားလာခဲ့ရသည်။
ကျောင်းဟန်နှင့် မျက်နှာချင်းဆိုင်အိပ်ရာတွင် အိပ်သည့် ကောင်လေးက တစ်ညတွင် သန့်စင်ခန်းသို့ သွားရန် နိုးလာခဲ့သည်။
သူ အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်က ထကာ လိုက်ကာဖွင့်လိုက်ချိန်တွင် ကြောက်လန့်လွန်းသောကြောင့် အော်ဟစ်မိတော့သည်။
အားလုံး လန့်နိုးလာကြပြီးနောက် ကောင်လေး၏ မျက်နှာသည် ဖြူဖျော့နေပြီး ချွေးစေးများလည်း ပြန်နေခဲ့သည်။
နောက်တစ်နေ့တွင် သူက သူတို့အဆောင်တွင် ယမန်နေ့ညက အမျိုးသမီးတစ်ဦးအား မြင်တွေ့ခဲ့ရသည့် အကြောင်း အခန်းဖော်များကို ပြောပြလာခဲ့တော့သည်။
နေရာမှာ ကျောင်းဟန်၏ စားပွဲအနီး ကမ္ဗည်းတိုင်လေး၏ ဘေးကပ်ရက်တွင်ဖြစ်ပေသည်!
သူ မျက်စိမမှားကြောင်း တွင်တွင်ပြောကာ ထိုအမျိုးသမီး၏ ပုံစံကိုပါ အကြမ်းဖျင်းပြောပြခဲ့သည်။
ထို့နောက် သူ ထိုအဆောင်တွင် မနေရဲတော့ကြောင်း အိမ်ငှားတော့မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
တခြားနှစ်ယောက်ကလည်း သည်းမခံနိုင်တော့။ သူတို့ သုံးယောက်အတူတူ ကျောင်းဌာနသို့သွားကာ ကျောင်းဟန်ကိုသာ တခြားနေရာသို့ အစားထိုးပြောင်းပေးရန် တောင်းဆိုလာခဲ့ကြသည်။
ထိုအချိန်သည်က ဒုတိယနှစ်၏ ဒုတိယကိုပင် ရောက်နေခဲ့ပြီ။
မစ်စ်ဟောင်လည်း ကျောင်းမှ ဖုန်းခေါ်ဆိုမှုများကို ရရှိပြီးနောက် ကျောင်းဟန်ကို ခေါ်ကာ ဆေးရုံတွင် အကြိမ်များစွာ သွားရောက်စစ်ဆေးခဲ့သည်။
ဆရာဝန်ကတော့ သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ တည်ငြိမ်နေပြီး စိတ်ကျရောဂါပင် ပျောက်လုနီးနီးဖြစ်နေကာ ထိုအဖြစ်သည် ယေဘုယျအားဖြင့် မဖြစ်သင့်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် သူ့တွင် ပြင်းထန်သည့် ထင်ယောင်ထင်မှားမြင်ခြင်းများ ဖြစ်နေကာ သူ၏ ဒုတိယအသိစိတ်သည် ခန္ဓာကိုယ်မှ ထွက်လာပြီး သူ့အား အဖော်ပြုပေးနေကြောင်း စိတ်ကူးယဉ်နေမိခြင်းဟု ဆိုသည်။
ဆေးများ အကြိမ်ကြိမ်သောက်ပြီးသော်လည်း သက်သာသွားခြင်းမရှိပေ။
ကျောင်းအုပ်ကြီးကလည်း အခန်းထဲမှ မည်သူကမျှ ကျောင်းဟန်နှင့် အတူမနေချင်ကြောင်း၊ သူ၏ နာမည်ကြီးနေသော လုပ်ရပ်များသည်က ကျောင်းအတွက် နာမည်ပျက်စေကြောင်း ပြောလာခဲ့သည်။
မစ်စ်ဟောင်လည်း ရွေးချယ်မှုမရှိတော့ဘဲ ကျောင်းဟန်၏ ပညာသင်ကြားခြင်းအား ခေတ္တရပ်နားလိုက်တော့ရသည်။
အိမ်ပြန်ရောက်လာပြီးနောက် ကျောင်းဟန်၏ စိတ်အခြေအနေရော၊ ခန္ဓာကိုယ်အခြေအနေပါ တဖြည်းဖြည်း ပို,ပို၍ ဆိုးဝါးလာခဲ့သည်။ ညတိုင်းလိုလို အိပ်မက်ဆိုးများ မက်ကာ အိပ်၍လည်း မပျော်တော့ပေ။
တစ်ခါက မစ်စ်ဟောင် သားဖြစ်သူ၏ တီးတိုးရေရွတ်သံများ ကြားသောကြောင့် အိပ်ရာဘေးသို့ သွားကာ သားငယ်၏ နဖူးမှ ချွေးများ သုတ်ပေးပြီး စောင်ပါးလေး ခြုံပေးခဲ့သည်။
မမျှော်လင့်ထားစွာပင် အိပ်ပျော်နေသည့် ကျောင်းဟန်မှ ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ သူမအား ကြည့်လာလေ၏။ ထိုသို့ကြည့်လိုက်သည့်အကြည့်မှာ သူမအတွက်တော့ မေ့၍ပင် မရနိုင်ခဲ့တော့ပေ။
ထိုအကြည့်က အလွန် ခြောက်ခြားစရာကောင်းလွန်းလှသည်။ သူသည်ကား နူးညံ့ကာ ကြင်နာတတ်သည့် ကျောင်းရှင်းနှင့် လုံးဝ တစ်ခြားစီပင်ဖြစ်နေခဲ့သည်။
မစ်စ်ဟောင်လည်း အင်မတန် ကြောက်ရွံ့ကာ ထိုအချိန်တွင် သားဖြစ်သူ၏ ပြောင်းလဲမှုများသည် သာမန်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။
ဤအရာသည် သိပ္ပံနည်းကျ လက်တွေ့ပြလို့ရသည့် အရာမျိုး မဟုတ်တော့။
သိပ်မကြာလိုက်၊ သူမ ပရိုဂရမ်အဖွဲ့ထံသို့ အကူအညီတောင်းခံစာ ပို့လိုက်ခြင်းဖြစ်သည်။
မစ်စ်ဟောင်က အလွန် ပင်ပန်းနေပုံပေါ်သည်။
“ကျွန်မ ဒီကိုလာခဲ့ရတဲ့ အကြောင်းရင်းက တစ်ခုတည်းပါပဲ၊ သူ ‘ဘာလဲ’ဆိုတာကို သိချင်တာ၊ ရှောင်ဟန်ရဲ့ အသိစိတ်ပဲလား? သရဲလား?
ဘယ်သူ့ကိုမှလည်း တာဝန်မယူခိုင်းပါဘူးရှင်၊ သရဲဆိုရင်လည်း နှင်ပေးဖို့အတွက် ကျွန်မ တန်ရာတန်ကြေး ပေးဆိုပေးပါ့မယ်၊ အဲဒါက သရဲမဟုတ်ဘူးဆိုရင်လည်း ကျွန်မ ရှောင်ဟန်ကို ဆေးရုံပို့ပြီး ရအောင်ကုမယ်”
“သူက ကျွန်မသားလေးရဲ့ ဘဝကို တော်တော်လေး ထိခိုက်စေခဲ့ပြီးပြီ၊ ထပ်ပြီးတော့ ရှောင်ဟန်ကို ဒုက္ခပေးနေမှာ မကြည့်နိုင်တော့ဘူး”
မစ်စ်ဟောင်မှ နည်းလမ်းအား မေးချိန်တွင် ဟဲမီတူမှ ပြောလာလေ၏။
“သူ့အနေနဲ့ ပထမဆုံး အဲဒါကို ဆန့်ကျင်တဲ့စိတ်မွေးရမယ်၊ ဒါမှ ခန္ဓာကိုယ်ကလည်း ပြင်ပဝင်ရောက်နေတဲ့ ဝိဉာဉ်တွေကို ဖယ်ရှားနိုင်မှာလေ၊ အဲလိုမဟုတ်ဘဲ အတင်းအကြပ်လုပ်လိုက်ရင် သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်သွားလိမ့်မယ်”
ထိုစကားကို ကြားရပြီးနောက် မစ်စ်ဟောင်က သားဖြစ်သူအား မျှော်လင့်တကြီး ကြည့်လိုက်သည်။
ကျောင်းဟန်ကတော့ ငြင်းဆန်လာသည်။
“ကျွန်တော် မယုံဘူး”
“ရှင်းကျဲက သရဲဆိုရင်တောင်မှ သူက သရဲကောင်းပဲ၊ သားကို အကြိမ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာလေ၊ ဘာလို့ အခုမှ တွေ့ဖူးတဲ့သူတွေရဲ့ စကားကို နားထောင်ရမှာလဲ?”
ဟဲမီတူ အေးစက်စွာ ပြုံးလိုက်သည်။
“အဲဒါကတော့ မင်းတို့ကိစ္စပဲ၊ ဒီလိိဆိုမှတော့ ငါလည်း မဖြေရှင်းနိုင်ဘူး၊ အခြားတစ်ယောက်ကိုပဲ ငှားလိုက်ပါတော့!!”
ထိုစကားပြောပြီးနောက် ဟဲမီတူက အင်္ကျီလက်ကို ခါလိုက်ပြီး နားနေခန်းထဲမှ ထွက်သွားတော့သည်။
ရှင်းယိချင်း ဝင်ရောက်လာချိန်တွင် အခန်းထဲမှ အနေအထားမှာ အတော်လေး တင်းမာနေကြသည်။
အရှေ့မှ ပညာရှင်များကဲ့သို့ပင် သူသည်လည်း ကျောင်းဟန် ခန္ဓာကိုယ်၏ မူမမှန်မှုကို သတိထားလိုက်မိသည်။
တင်ဆက်သူလျှို့ က ယခင်ကစားသမား ဟဲမီတူ မြင်ခဲ့ရသည့် အကြောင်းအရာများအား ပြန်ပြောပြရင်း မေးခွန်းထုတ်သည်။
“ပြိုင်ပွဲဝင် ရှင်းယိချင်းကရော ဒီကိစ္စက ဖြစ်နိုင်တယ်လို့ ထင်ပါသလား?”
“ဖြစ်နိုင်ပါတယ်၊ နေပါဦး၊ အဲ့ဒီ သစ်သားကမ္ဗည်းကို ထောင်ဖို့က ဘယ်သူ့အကြံတုန်း? အဲဒီအသိစိတ်ရဲ့အကြံပဲလား?”
ကျောင်းဟန် မငြင်းဆိုချေ။
“ငါသိချင်တာက မင်းက ဘာလို့ သူမင်းဘေးမှာ ရှိနေပါတယ်ဆိုပြီး ဇွတ်ခံပြောနေရတာလဲ? အဲဒါကရော ‘အဲ့ဒီအသိစိတ်’က လုပ်ခိုင်းတာပဲလား??”
ကောင်လေး မျက်နှာကို ကြည့်ရသည်နှင့် ရှင်းယိချင်း သဘောပေါက်သွားသည်။
“အခုမြင်ရုံလောက်လေးနဲ့ ခန့်မှန်းရတာတော့ ခက်ခဲလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အဲဒီ ‘ဒုတိယအသိစိတ်’က ဘာကို လိုချင်တာလဲဆိုတာကို ငါ သိနေပြီးပြီလေ”
“သူက အစတည်းက တခြားသရဲတွေလိုမျိုး ကျောင်းဟန်ရဲ့ ခန္ဓာကိုယ်ကို အပိုင်မသိမ်းလိုက်ဘူး၊ မဟုတ်ရင် ကျောင်းဟန် အခုလောက်ဆို တစ်ကိုယ်လုံးဝါးမျိုခံလိုက်ရတာ ကြာပေါ့၊ သူက ကျောင်းဟန်ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး နေရာတစ်ခုရဖို့ ကြံစည်နေတာပဲ၊ သူက လူတွေနဲ့ သရဲတစ္ဆေဝိဉာဉ်တွေကို မဟုတ်တော့တဲ့ အခြားတစ်စုံတစ်ခုဖြစ်သွားလိမ့်မယ်”
“ဥပမာတစ်ခုပြောပြမယ်၊ ကောလဟာလ ဝိဉာဉ်”
လူသားများသည်ကား ပြန်လည်ဝင်စားခြင်းဘုံ ၆ခုတွင် အထွတ်အထိပ်ဖြစ်သကဲ့သို့ နှုတ်ထွက်စကားများသည်လည်း စွမ်းအားပြင်းလှသည်။
ကောလဟာလသတင်းများ ပျံ့နှံ့ခြင်းများလာလျှင် ထိုစကားများသည် ‘အမှန်’ဖြစ်လာတတ်သည်။
နာမည်ကျော် ဝူတာ့လန်နှင့် ပန်းကျင်းလျန်တို့သည်ကား အများစု၏မျက်လုံးထဲတွင် အပုဆုံးနှင့် ရုပ်အဆိုးဆုံးလူများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
သူတို့က အမှန်တကယ်မရှိသော်လည်း မရှိသည့်အရာတစ်ခုအား စကားလုံးများဖြင့် ကာလရှည်စွာ ပြောဆိုဖန်တီးခဲ့ပါက ယခင်က မရှိခဲ့ဖူးသော ဝိဉာဉ်များသည်လည်း လေထဲမှာ ဖန်ဆီးလိုက်သကဲ့သို့ ပေါ်ပေါက်လာနိုင်သည်။
ထူးခြားလှသော ကောလဟာလဝိဉာဉ်ပေါင်းများစွာက ထိုနည်းလမ်းအတိုင်း ပေါ်ပေါက်လာခဲ့ဖူးသည်မှာ အရေအတွက်မနည်းပါချေ။
ရှင်းယိချင်း၏ ခန့်မှန်းချက်အရ ထို’အသိစိတ်’သည် ကျောင်းဟန်အား သူ၏ ဖြစ်တည်မှုကို ဆက်တိုက် အတည်ပြုစေခိုင်းနေသည့်အပြင် သူ့အား ကိုးကွယ်စေခဲ့သည်။
ထိုအခြေအနေမှာ တစ်ကျောင်းလုံးမှ ကျောင်းသားများနှင့် ဆရာများပါ ကျောင်းဟန်၏အနီးမှ ‘ထိုလူ’အကြောင်းကို ဆက်တိုက်ပြောဆိုနေရန် ခိုင်းခဲ့စေပြီး ကျောင်းဟန်၏ ဂုဏ်သတင်းကို အခွင့်ကောင်းယူကာ ‘ကျောင်းရှင်း’အား ဖန်တီးခဲ့သည်။
ထိုအချိန်တွင် ထို’အသိစိတ်’သည် သာမန်သရဲတစ်ကောင် မဟုတ်တော့သလို မြေအောက်ကမ္ဘာ၏ ချုပ်နှောင်မှုအောက်တွင်လည်း တည်ရှိတော့မည်မဟုတ်ပေ။
ဝိဉာဉ်ကိုယ်ထည်သည်သာ ပို,ပို၍ စွမ်းအားပြင်းလာပါက သူသည်ကား လူအများရှေ့တွင်ပင် ရုပ်လုံးထွက်ပြနိုင်ကာ မြင်အောင်လည်း ကိုယ်ထင်ပြနိုင်သည်။
နေရောင်ခြည်ကိုလည်း မကြောက်ရွံ့၊ အပူချိန်အား ခံစားနိုင်ကာ အနံ့ကောင်းကောင်းခံနိုင်သည့်အပြင် လူမဆန်သည့် စွမ်းအင်များလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ရှင်းယိချင်း၏ အမြင်အရတော့ ထို’အသိစိတ်’သည် အင်မတန်မှ ရည်မှန်းချက်ကြီးမားလှပေသည်။
“အဲဒါက လူလား၊ သရဲလားဆိုတာကို စစ်ဆေးကြည့်လို့ ရတယ်လေ”
ရှင်းယိချင်း အင်္ကျီလက်ထဲမှ ကျမ်းစာတစ်ရွက်ထုတ်လိုက်ပြီးနောက် မန္တာန်ရွတ်ကာ ထိုကျမ်းစာရွက်ကို အားမာန်အပြည့်နှင့် မြှောက်လိုက်သည်။
ကျမ်းစာရွက်မှ အပြာနုရောင် မီးတောက်များ ချက်ချင်းတောက်လောင်လာပြီး ကြည့်ရှုနေသူများလည်း အံ့အားသင့်သွားရသည်။
ရှင်းယိချင်း ကျောင်းဟန်အနီးသို့ မီးလောင်ကျွမ်းလုဆဲ ကျမ်းစာရွက်အား လက်ချောင်းများကြားတွင် ကိုင်ထားရင်း လျှောက်သွားလိုက်သည်။
သူ တဖြည်းဖြည်း အနားကပ်လာသည်နှင့် ကျောင်းဟန်တစ်ယောက် မီးတောက်ထံမှ ပူလောင်သည့် ခံစားချက်အား ရလိုက်သည်။
သူ၏မျက်နှာအမူအယာပျက်သွားပြီးနောက် တဖြည်းဖြည်း ထိတ်လန့်စွာ နောက်ကို ဆုတ်လိုက်ရင်း မေးသည်။
“ဘာ.. အဲ့တာ ဘာလုပ်တာလဲ?!”
“ပူတယ်လို့ ခံစားနေရတာလား?”
“ပူတာပေါ့!”
မီးတောက်များမှ ကျမ်းစာရွက်အား အပြည့်အဝ ဝါးမျိုသွားပြီးနောက် ရှင်းယိချင်းလက်ချောင်းများကြား၌ပင် ပြာမှုန်များ ဖြစ်သွားခဲ့သည်။
သူ့လက်ချောင်းများအား မီးတောက်များမှ ထိစပ်လောင်ကျွမ်းနေချိန်တွင်လည်း သူသည် တစ်ချက်တုန်လှုပ်ခြင်းမရှိ။
တည်ငြိမ်လွန်းသောကြောင့် ကြည့်ရှုသူများ သဘောကျမှင်သက်စွာ ကြည့်နေခဲ့ကြသည်။
ကျန်းဟောင်မှ ‘ပူတာပေါ့’ဆိုသော အဖြေအား ကြားရပြီးနောက် သူ၏မျက်နှာက မဲ့သွားခဲ့သည်။
“ပြောစရာတောင်မလိုတော့ဘူး၊ မင်းခန္ဓာကိုယ်က သရဲနဲ့ ထိစပ်မှုရှိထားလို့ပဲ၊ညတစ်ယောက်လောက် ငါ့လက်ကို ကိုင်ကြည့်ပေးလို့ ရမလား?”
**