← Chapters

ပြီးပြည့်စုံသောလူ(2)

Vol. 17 Ch. 169

ပြီးပြည့်စုံသောလူ(2)

Vol. 17 Ch. 169

သူ့၏လက်ဖြင့် ဓားထိုးခံလိုက်ရသည့် အသိစိတ်သည်ကား အံ့အားသင့်နေသကဲ့သို့ နာကျင်ခံစားနေခဲ့ရပုံပေါ်သည်။

သူ့မျက်လုံးထဲမှ ခံစားချက်များသည် ကျောင်းဟန်အား အံ့ဩသွားစေခဲ့ပြီးနောက် သူ့အနားသို့ ကပ်ကာ သူပြောချင်သည့် စကားများကို နားထောင်ချင်စိတ် ပေါ်လာခဲ့သည်။

သူ့ဘေးမှ ကျောင်းရှင်း အပြုံးနှင့်စကားဆိုသည်။

‘မင်း သူ့ကို နှိမ်နင်းလိုက်နိုင်ပြီ’

ခေါင်းကိုငြိမ့်ကာ ရင်ဘတ်ထဲမှ တဆစ်ဆစ် နာကျင်မှုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတော့ ထိုအမျိုးသားသည် ဘာစကားတစ်ခွန်းမှ မပြောနိုင်ပဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှစ၍ ကျောင်းဟန် ရင်ထဲတွင် တစ်ခုခု ပျောက်ဆုံးသွားသကဲ့သို့ ဟာတာတာ ဖြစ်နေခဲ့သည်။

ထိုအသိစိတ်သည် လုံးဝ သေဆုံးပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူသိသည်။

ထိုအတွေ့အကြုံသည် တစ်ပတ်ခန့်သာ ကြာမြင့်ခဲ့သောကြောင့် သူ မိခင်အား ပြောမပြခဲ့ပေ။

မိခင်ဖြစ်သူသည်က ဖခင်အကြောင်းကို ပြောရန် ဝန်လေးသည်ကို သူသိသည်။ ထိုအကြောင်း ပြောပြခဲ့လျှင် မိခင်ဖြစ်သူ ထိတ်လန့်သွားမည်ကို စိုးရိမ်ခဲ့မိသည်။

မိခင်သည် သူ့အခြေအနေနှင့် ပတ်သတ်၍ အင်မတန် စိုးရိမ်တတ်ကြောင်းလည်း သူသိသည်။

သူ့အခြေအနေ ပိုဆိုးလာသည်ကို သိပါက မိခင်သည် သူ့အား ကောလိပ်ဝင်ခွင့် ဖြေခိုင်းမည်မဟုတ်ဘဲ ဆရာဝန်ထံသို့သာ ဆက်တိုက် ခေါ်သွားမည်ဖြစ်သည်။

ကျောင်းဟန် ပြဿနာရှုပ်သည့် လူတစ်ယောက်အဖြစ် အသတ်မှတ်မခံချင်၊ သာမန်လူတစ်ယောက်လိုသာ နေထိုင်ချင်ခဲ့သည်။

ထို့ကြောင့်သာလျှင် ဖခင်ဖြစ်သူအား ဓားနှင့် ထိုးခဲ့သူမှာ သူဖြစ်ကြောင်း သိရချိန်တွင် အံ့အားသင့်မိသော်လည်း လက်ခံနိုင်ရန် မခက်ခဲခဲ့ပေ။

သူသည်က အိပ်မက်ထဲတွင် ဖခင်အား တစ်ကြိမ်တစ်ခါ သတ်ခဲ့ပြီးဖြစ်သည်။

ထိုလုပ်ရပ်သည် ဖခင်ဖြစ်သူ မိခင်အား ကန်ကျောက်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်တိုင်း သူ အလုပ်ချင်ခဲ့ဆုံးအရာဖြစ်သည်။

သားဖြစ်သူ၏ လျှို့ဝှက်ချက်များအား ကြားရပြီးနောက် မစ်စ်ဟောင် ချုံးပွဲချ ငိုလိုက်မိသည်။

“ငါက တော်တော်လေးကို အသုံးမကျတဲ့ အမေတစ်ယောက်ပဲ...”

ကျောင်းဟန် မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။

“ဖြစ်ခဲ့တာကကြာလှပါပြီ၊ အမေ ကိုယ့်ကိုကိုယ် အဲဒီလို အပြစ်မတင်ပါနဲ့၊ အဲဒါတွေကြောင့်မို့လည်း ကျွန်တော်က အမေ့ကို ပြောမပြချင်တာ”

ထိုအချိန်တွင် အာရုံခံနေသော ဒေစီ စကားဆက်ပြောသည်။

“ကျွန်မ အာရုံခံလို့ ရနေတာတစ်ခုက ပြီးခဲ့တဲ့ သုံး၊လေးနှစ်လောက်အတွင်းမှာ မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ အကျင့်စရိုက်တွေ ပြောင်းလဲသွားတယ်. အရင်တုန်းက မင်းက တောင်ကြီးတစ်လုံးလိုပဲ သန်မာတယ်၊

ဒါပေမယ့် တဖြည်းဖြည်းနဲ့ မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါက မှေးမှိန်ပြီး အားနည်းလာနေတယ်၊ အဲဒီမှာ အေးစက်ပြီး မကောင်းတဲ့ အမှောင် စွမ်းအားတွေတောင် ရှိနေသေးတယ်….”

သူမ မျက်မှောင်ကြုတ်ကာ စဉ်းစားမိသည်။

“ဆောရီးပါ၊ ကျွန်မပြောတာ နည်းနည်းရှုပ်သွားတယ် ထင်တယ်၊ မင်းမှာရှိတဲ့ စွမ်းအင်တွေက ပြောင်းလဲသွားတာ များလွန်းလို့လေ၊ ဆက်ပြီးတော့ အာရုံခံကြည့်ပါရစေ”

“အင်း… မင်းက ကျောင်းဆောင်အသစ်တစ်ခုကို သွားခဲ့တာဖြစ်မယ်၊ မင်းပတ်ဝန်းကျင်မှာ ငယ်ရွယ်ပြီး တက်ကြွတဲ့ လူတွေကို အများကြီးပဲ၊

အဲဒါက တကယ့်ကို ကောင်းမွန်လန်းဆန်းတဲ့ ပတ်ဝန်းကျင်မျိုးပဲ၊ ဒါပေမယ့် မင်းက အမြဲ တစ်ယောက်တည်းဖြစ်နေတယ်၊ မဟုတ်သေးပါဘူး၊မင်းဘေးမှာ မမြင်ရနိုင်တဲ့ အရာတွေ ရှိနေတာလား?”

ဒေစီ ကျောင်းဟန်လက်ကို လွှတ်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်မှန်းတမ်းမိနေပြီဖြစ်သည့် အနက်ရောင်ဘောင်ကွပ်ဖြင့် မှန်တစ်ချပ်၊ အနက်ရောင် ဖယောင်းတိုင်တစ်ချောင်း သူမ အိတ်ထဲမှ ထုတ်လိုက်သည်။

သူမ၏ ကြေးမုံသည် ပြိုင်ပွဲတစ်ဝက်လောက်နီးနီး သူမနှင့် အတူရှိနေသည်ဖြစ်ပြီး ပြောင်းလဲသွားခြင်းလည်း မရှိပေ။ ထိုအရာသည် သူမ၏ အရေးအပါဆုံး မှော်လက်နက်ပင်ဖြစ်သည်။

အနက်ရောင် ဖယောင်းတိုင်အား မီးညှိလိုက်ပြီးနောက် တောက်လောင်နေသော အလင်းဖြင့် မှန်ထဲကို စိုက်ကြည့်လိုက်သည်။ မှန်ကို လက်ချောင်းများနှင့် ပွတ်သပ်လိုက်ပြီးနောက် :

“အဲဒါက ကျွန်မ အရင်က မြင်ဖူးတဲ့ သရဲနဲ့ တူတယ်၊ တစ်ပုံစံတည်းတော့ မဟုတ်ဘူး၊ မင်းရဲ့ ဘေးမှာ ပေါ်လာနေတာကို မြင်နေရတယ်၊ ထူးဆန်းတာက သူ့ဆီက ရတဲ့ အာရုံခံစားချက်က မင်းနဲ့ အရမ်းကို ဆင်တူနေတယ်….. မင်းတို့က တစ်ယောက်တည်းပဲ၊

မင်းမှာ အမြွှာရှိတာလား? မဟုတ်သေးဘူး မဟုတ်သေးပါဘူး၊ သူက မင်းအပေါ်မှာ ထားတဲ့ ခံစားချက်တွေက ရှုပ်ထွေးပြီး‌ ပွေလီလွန်းတယ်၊ အဲ့တာက ကျွန်မကို တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေတာပဲ”

ဒေစီကတော့ သူမ မှန်ထဲတွင် မြင်နေရသည်များကို တစ်ခုပြီးတစ်ခု ပြောပြနေခဲ့သည်။

အားလုံးအံ့ဩသွားရသည်မှာ ကျောင်းဟန်တစ်ယောက်တည်းသာ မြင်နိုင်သော ကျောင်းရှင်းသည် နော်ဝေးစုန်းမလေး၏ စကားအရ ကျောင်းဟန် ကိုယ်တွင်းမှ ထွက်ကာ ကျောင်းဟန်နောက်သို့ တကောက်ကောက်လိုက်နေသည်ဆိုသော အချက်ပင်။

သူမသည် ကျောင်းရှင်းအား မှန်ထဲတွင် မြင်နေရခြင်းဖြစ်သော်လည်း မည်သို့ဖြစ်တည်မှုဖြစ်ကြောင်း မပြောနိုင်ခဲ့ပေ။

“ငါသဘောပေါက်ပြီ၊ အဲဒါက အစတုန်းကတော့ သိပ်ပြီး စွမ်းအားမကြီးဘူး၊ ဒါပေမယ့် သူက မင်းနောက်ကို လိုက်ရင်းနဲ့မှ စွမ်းအင်တွေ စုတ်ယူနေတာပဲ၊

မင်းအနားက လူတွေကတော့ သူ့ကို မမြင်ရဘူး… ဒါဆိုရင် သူက ဘယ်လိုလုပ်ပြီး အဲဒီလူတွေဆီကနေ ကြောက်ရွံ့မှုတွေကို စုတ်ယူနေပြီး အားအင်တွေ တိုးလာနေရတာလဲ? အဲ့တာက မကောင်းတဲ့ နတ်ဘုရားတစ်မျိုးမျိုးများလား?”

“သူက မင်းဘေးမှာ အကြာကြီး ရှိနေခဲ့တာပဲ၊ နောက်ပိုင်း သူ ပို,ပိုပြီး စွမ်းအားကြီးလာတာကိုလည်း အာရုံခံမိနေတယ်၊ နောက်တော့ ရုတ်တရက်ကြီး အားလျော့သွားပြန်တယ်၊

အဲ့လိုလျော့သွားပြီးနောက်ပိုင်း မင်းရဲ့ အသက်စွမ်းအင်ကို စုတ်ယူနေတော့တာပဲ”

မျက်နှာမကြည်မလင်ဖြစ်လာသော နော်ဝေးစုန်းမလေးတစ်ယောက် ဖယောင်းတိုင်အား မီးမှုတ်လိုက်ကာ သူမ ရင်ဘတ်ပေါ်တွင် မျက်စိမှိတ်ထားရင်း မန္တာန်တစ်ခု ရေးဆွဲလိုက်သည်။

သူမ ခေါင်းကို ခါရမ်းလိုက်ရင်း စကားပြန်စသည်။

“ကျွန်မ မြင်ရတာကတော့ ဒါအကုန်ပဲ၊ ညအခါရဲ့ နတ်ဘုရားက ကျွန်မကို ဒီလောက်ထိပဲ လမ်းညွှန်ပြနိုင်တယ်”

တင်ဆက်သူလျှို့ကတော့ လေးနက်စွာဖြင့် ဆိုသည်။

“ပြိုင်ပွဲဝင်ဒေစီကတော့ တကယ့်ကို အများကြီး မြင်တွေ့နိုင်ခဲ့တာပါပဲ၊ သူကတော့ စွမ်းအားကြီးလွန်းပါတယ်၊ ဒီ ’ကျောင်းရှင်း’က သရဲလို့ထင်လား၊ ဒီတိုင်း အသိစိတ်တစ်ခုလို့ပဲ ထင်လား?”

ဒေစီ အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့ပြီး တိကျသော အဖြေတစ်ခု ပြန်မပေးခဲ့ပေ။

“ကျွန်မ မသိဘူး၊ သေချာတာတစ်ခုကတော့ ကျွန်မ မှန်ထဲမှာ မြင်ခဲ့ရယ်၊ သူက ကျောင်းဟန်ကိုယ်ကနေ ခွဲထွက်နိုင်ပြီး နေရောင်ခြည်အောက်မှာတောင် တစ်ယောက်တည်း ပေါ်လာနိုင်တယ်၊ အခုလောလောဆယ်တော့ သူ အားလျော့,လျော့လာနေသလိုပဲ…”

တင်ဆက်သူ လျှို့  ဆက်၍ မေးခွန်းထုတ်သည်။

“ဒါဆိုရင် အဲဒါက အကူအညီတောင်းသူအတွက်ရော အန္တရယ်ရှိတယ်လို့ ထင်လား?”

“အခုချိန်ထိတော့ အန္တရာယ်ရှိနေတုန်းပဲ”

ဒေစီ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အခုအချိန်မှာတော့ အဲဒီအရာရဲ့ အရှိန်အဝါက ကျွန်မကို မကောင်းတဲ့အရာတစ်ခုရဲ့ ခံစားချက်လိုမျိုး ရနေတယ်၊

အခု အကူအညီတောင်းတဲ့သူရဲ့ အခြေအနေ ပို,ပိုဆိုးလာနေတာကလည်း အဲဒီအရာက သူ့ရဲ့စွမ်းအားကိုသူ မချုပ်ထားတော့ဘဲ လွှတ်ချလိုက်တော့ အကူအညီတောင်းသူရဲ့ တည်ငြိမ်မှုကို နှောင့်ယှက်နေသလို ဖြစ်နေလို့ပဲ”

“အဲဒါကို နှင်ထုတ်လို့ရော ရနိုင်ပါသလား?”

“အမှန်အတိုင်းပြောရရင်တော့ နည်းနည်းတော့ ခက်မယ်၊ အဲဒါက အကူအညီတောင်းသူမိသားစုဝင်တွေနဲ့ အရမ်းကို ဆက်စပ်နေသလိုပဲ၊ ကြိုးစားကြည့်ပေးလို့တော့ ရပါတယ်”

“ကောင်းပါပြီ သိချင်စိတ်တွေကို ဖြေရှင်းပေးတဲ့အတွက်လည်း ဒေစီကို ကျေးဇူးတင်ပါတယ်၊ စင်အနောက်ကို သွားပြီးတော့ အနားယူလိုက်ပါဦးနော်”

တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်လည်း ကြည့်ရှုသူ ၁၈သန်းပြည့်လုနီးပါးပင် ဖြစ်လာခဲ့သည်။ 

ယခုအဖြစ်အပျက်သည် ရှုပ်ထွေးလွန်းသောကြောင့် ကြည့်ရှုသူများကလည်း သို့လော၊သို့လော မေးခွန်းများ ခန့်မှန်းချက်များ လုပ်နေခဲ့ကြသည်။

[စုန်းမလေးကတော့ အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီဟေ့၊ အရမ်းကို စွမ်းအားကြီးလွန်းပါတယ်၊ သူတစ်ယောက်တည်းပဲ တတိယမြောက် အသိစိတ်ကို ရှာတွေ့ခဲ့တာနော်]

[အဲယါက အကူအညီတောင်းသူပြောတာနဲ့ရော အရင် ကစားသမားတွေပြောတာနဲ့ရော ကိုက်တော့ ကိုက်တယ်၊ ဒေစီခံစားရတာက အဲယီအရာက ကျောင်းဟန်နဲ့ အရမ်းကို ဆင်တူတယ်တဲ့၊

ဘာလို့လဲဆိုတော့ အဲဒါက ကျောင်းဟန်ဆီကနေ ကွဲထွက်သွားတဲ့ အသိစိတ်ဖြစ်လို့လေ။ ဒါမှမဟုတ် ကျောင်းဟန်နဲ့ လိုက်လျောညီထွေနေလာတဲ့ သရဲဖြစ်နေလို့ပဲ၊

အခု သိရသလောက်ကတော့ ငါ အဲဒီလောက်ထိပဲ မှန်းလို့ရသေးတယ်။ အဲ့ဒီမှာ နောက်ထပ် ဆက်စပ်ကြည့်လို့ မရတဲ့ မတင်မကျ အချက်အလက်တွေလည်း ရှိနေသေးတယ်၊

စုံထောက်ကျဲကျဲတို့ ပြဿနာကို ကူဖြေရှင်းပြီး အောင်မြင်သွားပါစေလို့ မျှော်လင့်မိတယ်]

[ငါ တစ်ခုလောက် ထောက်ပေးချင်တာက ဒေစီက အဲဒီအရာကို သရဲဟုတ် မဟုတ် အတတ်မပြောနိုင်ဖူးလို့ ပြောခဲ့တယ်လေ၊ ဘာလို့လဲဆိုတော့ ရှင်းယိချင်းပြောခဲ့တာက အဲဒါက ‘စကားလုံးဝိဉာဉ်’ ဖြစ်နေတာတဲ့၊

ကျောင်းက လူတွေအားလုံး သူရှိတာကို သိပြီး ပြောဆိုနေခဲ့ကြတာလေ၊ ကျောင်းဟန်ရဲ့ အခန်းဖော်တွေကလည်း အဲဒါကို မမြင်ရလို့ ကြောက်နေတာက အဲ့ဒီအရာကို စွမ်းအား တိုးစေတာပဲ ဖြစ်ရမယ်]

[အားလုံးကတော့ မိုက်တယ်ဟေ့၊ သူတို့ကြားက ဆက်သွယ်မှုကို အားလုံး နားလည်တွေ့ရှိနိုင်ကြတာပဲ]

[အရင် ပြိုင်ပွဲဝင်တွေ ပြောသွားတာတွေ အားလုံးကို အတိုချုပ်ပြမယ်နော်၊

ပထမ ကျောင်းဟန် ကိုယ်ထဲမှာ သရဲလိုလို ဘာလိုလို ကျောင်းရှင်းရှိတယ်၊ အဲဒါအပြင် နောက်ကျတော့ အသိစိတ်တစ်ခု ထပ်ကွဲသွားပြီး သူ့ရဲ့ အိမ်တွင်းအကြမ်းဖက်တဲ့ အဖေနဲ့ တစ်ပုံစံတည်းဖြစ်နေတယ်၊

ဒုတိယအချက်က သူနဲ့ ကျောင်းရှင်းနဲ့က ခုနက အသိစိတ်ကို သတ်ပစ်ခဲ့ကြတယ်၊ တတိယက ကျောင်းရှင်းက ဝိဉာဉ်အဖြစ် ပြောင်းလဲချင်ပြီး ကျောင်းဟန် ကိုယ်ထဲကနေ ထွက်လာချင်နေတယ်၊

ဒါနဲ့တင် ကျောင်းဟန်ကို သူ့ကို ကိုးကွယ်ဖို့ အတင်း တိုက်တွန်းခဲ့တယ်၊ စတုတ္ထအချက်က အခု ကျောင်းရှင်းက အားနည်းလာပြီးတော့ အကြောင်းတစ်ခုခုကြောင့် လူဆိုးဖြစ်လာခဲ့ပြီး ကျောင်းဟန်ကို ထိခိုက်အောင် လုပ်နေခဲ့တာပဲ]

[ငါထင်တာကကျ တစ်မျိုး၊ ကျောင်းဟန်က အစကတည်းက စိတ်ရောဂါရှိတာမဟုတ်ဘဲ အဲဒီတတိယအသိစိတ်ကလည်း သရဲပဲ ဖြစ်နေတာများလား?

ဘာလို့လဲဆိုတော့ ဒုတိယအသိစိတ်က သရဲဖြစ်နေတာဆိုရင် ကျောင်းဟန်က အစတည်းက အသိစိတ်နှစ်ခုကွဲတဲ့ ရောဂါဖြစ်တာမဟုတ်တော့ဘူးလေ၊ သူတို့ စစ်ဆေးချက် မှားတာပဲလေ! အဲ့တာဆိုရင် ဖြစ်နိုင်တာက သရဲနှစ်ကောင်က ကျောင်းဟန်ရဲ့ ခန္ဓာကိုယ်ကို လုကြရင်း သူကိုယ်တိုင်ကလည်း သရဲတစ်ကောင်ကို ကူပြီး သတ်ပေးလိုက်တာပဲ]

[သောက်ကျိုးနည်း အပေါ်က တစ်ယောက်! မင်းပြောတာကြီးက တွေးကြည့်ရင်ကို ကြောက်စရာကြီးဟ!!]

[……]

ဆွေးနွေးခြင်းနှင့် မရေတွက်နိုင်သော ထင်မြင်ကောက်ချက်ချမှုများ ပြုလုပ်နေကြပြီးနောက် အစီအစဉ်မှ နောက်ဆုံးပြိုင်ပွဲဝင်ကို ဖိတ်ခေါ်လိုက်သည်။

“ပြိုင်ပွဲဝင် နံပါတ်၇ ကုကျစ်စုန့်ကို ရောက်လာဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်”

[ကုကျဲက  နောက်ဆုံးတော့ ရောက်လာပြီဟေ့!]

[နောက်ဆုံးတော့ အဖြေမှန်ကို သိရတော့မယ်ဟေ့၊ မိသားစုဝင်တွေအားလုံး အမှန်တရားကို သိရဖို့အတွက် အဆင်သင့်ပဲလား?]

ကုကျစ်စုန့် ရောက်လာပြီးနောက် တင်ဆက်သူလျှို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ကျောင်းဟန်ဘေးမှ ဖြတ်လာချိန်တွင် ကုကျစ်စုန့် ပြင်းထန်စူးရှ၍ စိတ်မသက်မသာဖြစ်စေသော အနံ့တစ်ခုရလိုက်သည်။

သူမ ကျောင်းဟန်၏ ကိုယ်အား တစ်ချက်စစ်ကြည့်လိုက်ပြီးနောက် :

“ဒီနေ့ အကူအညီတောင်းတဲ့သူက ဒီကောင်လေးပဲဖြစ်ရမယ်”

“အမှန်ပါပဲ၊ စုန့်စုန့်ရော သူ့မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို မြင်နိုင်ပါသလား?”

*

All Chapters