← Chapters

ပြီပြည့်စုံသော လူ

Vol. 17 Ch. 170

ပြီပြည့်စုံသော လူ

Vol. 17 Ch. 170

ကျောင်းဟန်နှင့် မစ်စ်ဟောင်တို့၏ မျက်နှာအား ပေါင်းစပ်လိုက်ပြီးနောက် ကုကျစ်စုန့် သူတို့အတိတ်ကိုတော့ အလွယ်ပြောနိုင်သည်။‌

မိသားစု၏ လက်ထပ်ထိမ်းမြားမှုမှာ ကံမကောင်းချေ။ ယောကျာ်းဖြစ်သူ၏ အပြစ်ကြောင့် လင်နှင့်မယား ကလေးဖြစ်သူ ၆နှစ်အရွယ်ကျော်တွင် ကွာရှင်းခဲ့ကြသည်။

ကျောင်းဟန် နားထောင်လေ၊ ပို၍ အံ့ဩကာ မယုံကြည်နိုင်ဖြစ်လာရလေဖြစ်သည်။

ဤကုကျစ်စုန့်ဆိုသော တောက်ကျန့်သည် မည်သည့်အရာမှပင် လုပ်စရာမလို၊ သီဆိုစရာ၊ ကပြစရာလည်းမလိုပါပဲနှင့် သူ့ကို နှစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ၏ ငယ်ဘဝမှ အရွယ်ရောက်ချိန်ထိ ဖြစ်ပျက်ခဲ့သည်များကို ဆက်တိုက် ပြောသွားတော့သည်။

တချို့ အသေးစိတ်အချက်အလက်များဆိုလျှင် သူကိုယ်တိုင်တောင် မသိ။

“ဒီအမျိုးသမီး အသက် ၃၉နှစ်လောက်တုန်းက ခဏလောက်တော့ ချစ်သူထားလိုက်သေးတယ်၊ ဒါပေမယ့် ပြတ်သွားတာလည်း မြန်တယ်. ရှင့်ရဲ့ ထိမ်းမြားခြင်းနန်းတော်မှာဆိုရင် သုံးလလောက်ပဲ အမှတ်ချန်ထားခဲ့တယ်၊ အဲဒီအချိန်တုန်းက သားဖြစ်သူက အသက် ၁၄နှစ်လောက်ပဲ ရှိလိမ့်ဦးမယ်”

“…အဲဒီလို လူတစ်ယောက်ရှိခဲ့ဖူးပါတယ်”

မစ်စ်ဟောင် အံ့အားသင့်၍ မဆုံးတော့။ ကုကျစ်စုန့်ကို ထိုအရာများအထိ မြင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပြီး သူမကိုယ်တိုင်လည်း ထိုလူအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည်။

သူမ ပန်းခြံထဲတွင် လမ်းလျှောက်နေဆဲ ချဉ်းကပ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုလူသည် အသက် ၄၀ကျော်ဖြစ်ကာ ဝတ်စုံပြည့်နှင့် နက်ကတိုင်ဖြင့် စတိုင်ကျစွာ ဝတ်ဆင်ထားခဲ့သည်။

တချို့ အသက် ၄၀ကျော်ရှိသေးသော်လည်း ထိပ်ပြောင်ကာ ဘီယာဗိုက်ထွက်နေသော သူများကဲ့သို့ မဟုတ်ပေ။

ကွာရှင်းထားသည်မှာ ကြာပြီဖြစ်သော မစ်စ်ဟောင်က နောက်အိမ်ထောင်ပြုရန် တွေးခဲ့မိသော်လည်း သားဖြစ်သူအတွက် အမြဲလိုလို စိတ်ပူပန်နေခဲ့မိသည်။

သူသည် အရွယ်ရောက်ပြီး အမျိုးသားများကို ထိတ်လန့်တတ်သောကြောင့် သူမ နောက်အိမ်ထောင်ပြုရန် မကြိုးစားခဲ့ဖူးပေ။

ချဉ်းကပ်ခံရပြီးနောက် မစ်စ်ဟောင် ချက်ချင်းပင် ကျောင်းဟန်၏ သဘောထားကို‌ မေးခဲ့သည်။

သို့သော် ကျောင်းဟန်ကတော့ သူမထင်သလို မတုံ့ပြန်ခဲ့ပဲ ထိုအမျိုးသားသည် လူကောင်းတစ်ယောက်ဖြစ်နေသ၍ ကန့်ကွက်စရာမရှိဟု ဆိုခဲ့သည်။

မစ်စ်ဟောင် ထိုလူနှင့် အကြိမ်အနည်းငယ်တွေ့ဆုံပြီးနောက် လူကောင်းတစ်ယောက်ဟု တွေးလိုက်မိချိန်တွင် ထိုအမျိုးသား၏ ဝါသနာအချို့ကို သိခဲ့ရသည်။

သူမအနေဖြင့် ထို’ဝါသနာ’များကို လက်မခံနိုင်သောကြောင့် လမ်းခွဲခဲ့ကြသည်။

ထိုလူသည်က ဆွဲဆောင်မှုရှိသော အမျိုးသမီးများအား ကြည့်ရသည်ကို သဘောကျပြီး လက်ဆောင်တံစိုးများ ပေးကမ်းရုံသာမက အွန်လိုင်းတွင်လည်း စကားပြောနေကျဖြစ်သည်။

သူမ ထိုနောက်ပိုင်းတော့ မည်သည့်ခံစားချက်မှ မရှိတော့။

“ရှင့်အတွေး မှန်သွားတယ်။ ကျွန်မထင်တာကတော့ ရှင်က ပန်းသီးပုတ်ကို ရလိုက်သလိုဖြစ်မှာပဲ၊ သူနဲ့သာ နောက်ထပ် နှစ်အနည်းငယ်လောက် နေလိုက်မယ်ဆိုရင် သူ့ရဲ့ ပုံစံအမှန်တွေ ပေါ်လာပြီး ရှင့်ဘဝတစ်လျှောက်လုံး စိတ်ဓာတ်ကျပြီး နေရလိမ့်မယ်။

ဒါပေမယ့် ရှင့်ရဲ့သားဖြစ်သူက အဲ့ဒီထူးခြားတာကို အရင်ရှာတွေ့ခဲ့တာပဲ ဖြစ်ရမယ်”

[အခု ပြောနေကြတာတွေက ထူးဆန်းတယ်လို့ ဘာလို့ ထင်နေမိတာပါလိမ့်? သူ့သားက အမေရဲ့ အချစ်ရေးကို ပိတ်ဆို့နေတာလား? မိခင်ရဲ့ ခံစားချက်ကို အဲ့လို ကာဆီးကာဆီးလုပ်တာတော့ မကောင်းဘူးထင်တာပဲ…]

[ခုနကတင် စုန့်စုန့်ပြောတာ မကြားလိုက်ဖူးလား? အဲဒီလူက လူကောင်းမဟုတ်ဘူးတဲ့လေ. မိသားစုကို ကာကွယ်တာက ပုံမှန်မဟုတ်ဘူးလား?]

[ကျောင်းဟန်က သူ့အမေအပေါ်ကို အရမ်းအားကိုးသလိုပဲ။ သူက Oedipus complex ဆိုတာများ ရှိနေတာလား?]

(*T/N : Oedipus complex = ကလေးငယ်များ အသက်ငယ်ရွယ်စဉ်မှာ သူတို့နဲ့ လိင်မတူတဲ့ မိဘအပေါ်မှာ စွဲလမ်းတပ်မက်စိတ်ပေါ်ပြီး လိင်တူတဲ့ မိဘကိုတော့ ဖယ်ထားလိုစိတ်ပေါ်တာမျိုးကို ပြောတာပါ။ အခု Oedipus ဆိုတာက သားယောကျာ်းလေးတွေအတွက် ဆိုတဲ့စကားဖြစ်ပါတယ်)

ကျောင်းဟန် သူမကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။

“အဲဒီလူက မကောင်းတဲ့သူဆိုတာကို သိလိုက်တယ်လေ၊ သူက ကျွန်တော့်ကို အမေ့ရှေ့မှာရော အခြားလူတွေရှေ့မှာပါ ဖက်နမ်းတာမျိုးတွေ လုပ်တာ၊ သူက ခင်ပွန်းကောင်းလည်း မဟုတ်သလို အဖေကောင်းလည်း မဟုတ်ဘူး”

ကုကျစ်စုန့် ခေါင်းအသာငြိမ့်၍ ထောက်ခံလိုက်ပြီးနောက် အတွေးနယ်ချဲ့နေခဲ့မိသည်။

သူမအနေဖြင့် ကျောင်းဟန်သည်က အင်မတန် စိတ်ဝင်စားစရာကောင်းလှသည်ဟု တွေးမိသည်။

ထို့အပြင် ဤကောင်လေးထံမှ ရနေသည့် ပျောက်ဆုံးသွားပြီဖြစ်သော အရှိန်အဝါတစ်ခုက သူမအား မသက်မသာ ဖြစ်စေသောကြောင့် သေချာ စူးစမ်းကြည့်လိုက်သည်။

ကျောင်းဟန်၏ အသွင်အပြင်အရ သူ၏ မိဘနန်းတော်နေရာသည် ချောမွေ့မှုမရှိချေ။

သူသည် ကလေးဘဝတည်းက မိခင်အပေါ် မှီခိုခဲ့သော်လည်း သူ့မျက်နှာအသွင်အပြင်နှင့် နန်းတော်တည်နေရာများ၊ အတိတ်နှင့် အနာဂတ်တို့အား ခွဲခြားသုံးသပ်ခြင်းတို့အရ သူ့အပေါ်တွင် လွှမ်းမိုးမှုများသည်မှာ ဖခင်ဖြစ်သူပင်။

နှာခေါင်းရိုးသည် ဖြောင့်စင်းကာ နှာတံမြင့်မြင့်ဖြစ်ပြီး ခန္ဓာကိုယ်သည် အားနည်းနေသော်လည်း မျက်လုံးများကတော့ ကြည်လင်နေခဲ့သည်။

သူသည်က လူ့ကျင့်ဝတ်အား တန်ဖိုးထားကာ သူ၏ အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်ရန်မှာလည်း လိုအပ်ချက်များလှသည်။

ကျောင်းဟန် ယုံကြည်သည်မှာ အရည်အချင်းပြည့်သော ဖခင်တစ်ဦးသည် သူ့ဖခင်အရင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ရမည်ဟုပင်။

သူသည် ရင့်ကျက်ရမည်၊ တည်ငြိမ်ရမည်၊ မိသားစုကို ကာကွယ်ပေးနိုင်ရမည်။ မျှော်မှန်းမထားသည့် အရာများသာ အနာဂတ်တွင် ဖြစ်မလာပါက သူကိုယ်တိုင် ထိုကဲ့သို့ လူတစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်သည်။

သူ့တွင် မိခင်အပေါ်၌ မရိုးသားသော ခံစားချက်များလည်း တစ်ခုမှမရှိ။

မိခင်ဖြစ်သူ၏ အချစ်ရေးအား ပိတ်ပင်လိုက်ရသည့်အကြောင်းရင်းမှာ ထိုယောင်္ကျားသည် သူသတ်မှတ်ထားသော ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်၏ အရည်အချင်းမမှီသောကြောင့်သာ ဖြစ်သည်။

ကုကျစ်စုန့် သူ့မျက်နှာကို ကြည့်ရင်း ဆက်ပြောသည်။

“ဆယ်ကျော်သက်ဘဝမှာ မင်းက အရမ်းကို အထီးကျန်ခဲ့တာပဲ။ မင်းအနားမှာ သူငယ်ချင်းရော ရင်းနှီးတဲ့သူရော မရှိဘူး။ မင်း အသက် ၁၈နှစ်လောက်မှာ ဖြစ်မယ်….”

သူမ ပြောနေရင်းနှင့် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“မင်းရဲ့ ကံကြမ္မာလမ်းကြောင်းမှာ အရိပ်ဖုံးသွားတာပဲ၊ တစ်ခုခုက မင်းကို ပြုစားလိုက်တယ်၊ အဲဒါက အခုထိလည်း မင်းကို ပြုစားနေတုန်းပဲ၊

မင်းရဲ့ ကံကြမ္မာလမ်းကြောင်းက အရိပ်က လျော့မသွားတဲ့အပြင် ပို,ပိုပြီးတော့တောင် မှောင်မည်းလာသေးတယ်”

တချို့ကြည့်ရှုသူများ ကုကျစ်စုန့်၏စကားအားကို ကြားပြီးနောက် မေးခွန်းများ ပေါ်လာကြပြန်သည်။

[ဟင်? အဲဒါက သူ ၁၈နှစ်အရွယ်မှာ ပေါ်လာတဲ့ တတိယအသိစိတ်ဆိုတာများလား? ဒါပေမယ့် အဲဒါကို ဖယ်လိုက်ပြီမဟုတ်ဘူးလား? ဘာလို့ အခုထိ သက်ရောက်နေသေးရတာလဲ? စုန့်စုန့်များ မှားပြောတာလား?]

[ကျောင်းဟန်က အဲဒါကို နှိမ်နင်းလိုက်နိုင်ပြီလို့ ထင်နေပေမယ့် ရှိနေသေးတာများလား? အဲဒါကြောင့် သူ့ကျန်းမာရေး ပို,ပိုဆိုးလာတာမဖြစ်နိုင်ဘူးလား?]

တိုက်ရိုက်ထုတ်လွှင့်မှုတွင် မည်သည့်အရာများကို ဆွေးနွေးနေကြသည်လည်းဆိုသည်ကို ကုကျစ်စုန့်မသိ။

အမြဲတမ်း တည်ငြိမ်နေခဲ့သော သူမ၏ နှလုံးခုန်နှုန်းသည် အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

ဤအကြိမ်သည်က လူတစ်ယောက်၏ ကံကြမ္မာအား သူမ ထွင်းဖောက်မြင်ရန် ကျရှုံးခဲ့သည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ကျောင်းဟန်၏ ကံကြမ္မာလမ်းကြောင်းသည်ကား အသက် ၁၈နှစ်အရွယ်မှ စ၍ မြူဖုံးနေခဲ့သည်။ ထိုမြူခိုးများသည် သူ၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် သေချာ ရောနှောကွယ်ပျောက်နေသဖြင့် ကုကျစ်စုန့်အား စိတ်မသက်မသာဖြစ်စေကာ သူမ ကြမ္မာဖတ်ခြင်းကိုလည်း နှောင့်နှေးစေခဲ့သည်။

သူမ စိတ်ရှုပ်သည်မဟုတ်ဘဲ စိတ်က ပို၍ လေးနက်သွားသည်။

ကုကျစ်စုန့် သေချာသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၏ ဥပဒေအတိုင်း ပေါ်ပေါက်လာသော ကောင်းသည့်အရာတစ်ခုတော့ မဖြစ်နိုင်။

သူမ နောက်ဆုံးအကြိမ် ဒုက္ခကပ်ကျော်လွှားစဉ်က ထိုမိုးကြိုးကပ်ဆိုးတွင် ပုန်းကွယ်နေသော စွမ်းအားတစ်ခု၏ အရှိန်အဝါဖြင့် ဆင်တူလွန်းလှသည်။

သူမ ကပ်ဆိုးအား ကျော်ဖြတ်ရန် ကျဆုံးပြီးနောက် အသက်ပေးခဲ့ရသည့် အကြောင်းရင်းမှာ ထိုအရာကြောင့်ဟုပင် ပြော၍ ရနိုင်သည်။

သူမ သေခြင်းတရားကို ကပ်သီးလေး ရှောင်ရှားလိုက်နိုင်သော်လည်း အခွင့်အရေးယူခံလိုက်ရသည်။

သူမ၏ ဝိဉာဉ် ဤကမ္ဘာထဲသို့ ရောက်ရှိလာချိန်တွင် ထိုအချိန်က အကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း တွေဝေစိတ်နှင့် နားမလည်နိုင်ခြင်းတို့သာ ထပ်ခါထပ်ခါ ခံစားခဲ့ရသည်။

ဒုက္ခကပ်ဆိုးကျော်လွှားသည့်နေရာသည် ရှီမန်တောက်ဓမ္မကျောင်းတည်ရှိရာ တောင်ထိပ်တွင်ဖြစ်သည်။

ထိုနေရာတွင် အကာအကွယ်ဖွဲ့စည်းပုံများလည်း ပြင်းပြင်းထန်ထန် ချမှတ်ထားသောကြောင့် ယင်တစ်ကောင်ပင် ဝင်နိုင်ရန် ခက်ခဲလှသည်။

အပြင်မှ လူတစ်ယောက်သည်က မသေမျိုးနတ်ဘုရားတစ်ပါးဖြစ်နေမှသာလျှင် ဝင်ရောက်နိုင်မည်ဖြစ်သည်။

ထိုအချိန်က သူမ,မှလွဲလျှင် ထိုကျောင်းတော်၌ ယန်ဟွိုင်ရှန်းသာ ရှိသည်။

ထိုလူငယ်သည်လည်း နူးညံ့ကာ အားနည်းလွန်းသောကြောင့် သူမအား ထိခိုက်အောင် ပြုလုပ်နိုင်သည့် အသည်းနှလုံးရော၊ စွမ်းရည်ရောမရှိ။

ထိုပုတ်သိုးစေးထိုင်းနေသော လေသည် မိုးကြိုးကပ်ကြားတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီးနောက် သူမ နှစ်သုံးရာလုံး လေ့ကျင့်ခဲ့သမျှ၊ ကြိုးစားခဲ့သမျှအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ကုကျစ်စုန့် သွားများ ယားနေသည်အထိ မုန်းတီးရွံရှာမှုများ မရှိပဲ မနေနိုင်ပေ။

ယခုအချိန်တွင် ထိုစဉ်က လေပုတ်၏ အငွေ့အသက်အား သက်ရှိလူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ခံစားနေခဲ့ရသည်။

ယခင်အချိန်ကထက် ပို၍ အားနည်းနေသော်လည်း သူမအတွက်တော့ ပထမဆုံးရှာဖွေတွေ့ရှိသည့် သဲလွန်စတစ်ခုပင်။

ကျောင်းဟန်ကို ဇောက်ထိုးမှောက်ပြီးဖြစ်ဖြစ် သူ့ကိုယ်တွင်းမှာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အသင့်ပင် ဖြစ်နေခဲ့ပြီ။

ရှေးအင်ပါယာ၏ အကြွေစေ့များအား ထုတ်လိုက်ပြီးနောက် ကုကျစ်စုန့် မြူဖုံးနေသော ကြမ္မာလမ်းကြောင်းအား ကောက်ချက်ချခြင်း စတင်တော့သည်။

“အဲဒီအခြေအနေက သိပ်တော့ မကြာလိုက်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်လောက်က ဖြစ်လိမ့်မယ်၊မင်းက မင်းရဲ့ ဖူးစာဖက်ကို ရှာတွေ့ခဲ့တာပဲ သူမက သတ္တိရှိပြီး အရမ်းကို တက်ကြွတဲ့ ကောင်မလေးပဲ။ မင်းကို အရင် စ,ပြီး သူက လိုက်ခဲ့တာပဲ”

“ဘာလဲ!?”

မစ်စ်ဟောင် သားဖြစ်သူအား အံ့ဩတကြီး ကြည့်လိုက်မိသည်။

“ဒီတောက်ကျန့်ပြောတာ အမှန်ပဲလား? မင်း တကယ်သဘောကျတဲ့ ကောင်မလေး တွေ့နေတာလား? ဘာလို့ အမေ့ကို မပြောရတာလဲ?!”

ဤပြိုင်ပွဲကို ရောက်လာပြီးမှသာလျှင် သားဖြစ်သူသည် သူမထံမှ ဖုံးကွယ်ထားသော အရာများစွာရှိကြောင်း သိလိုက်ရသည်။

ကျောင်းဟန်၏ အကျင့်နှင့် အခြေအနေတို့ကြောင့် သူမအနေဖြင့် သားဖြစ်သူသည် တစ်သက်လုံးတစ်ကောင်ကြွက်ဘဝဖြင့် ကုန်ဆုံးသွားရလိမ့်မည်ဟုသာ တွေးခဲ့မိသည်။

လူမှုပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းကာ လူတောမတိုးသည့် သားဖြစ်သူတွင် ချစ်ရသူရှိနေကြောင်း သိရပြီးနောက် မစ်စ်ဟောင်တစ်ယောက် အင်မတန် စိတ်လှုပ်ရှားသွားသည်။

ကျောင်းဟန်ကတော့ မှင်သက်သွားသည်။ ထို့နောက် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ရင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

“မဟုတ်ပါဘူး။ အထင်လွဲတာဖြစ်မှာပါ။ သူက ကျွန်တော့်ကို လုံးဝသဘောမကျပါဘူး”

ကုကျစ်စုန့်: “???”

“မဟုတ်ပါဘူး၊ မင်းတို့နှစ်ယောက်က ဖူးစာဖက်တွေပဲလေ၊ မင်းမှာလည်း အဲဒီကောင်မလေးအပေါ် သဘောကျနှစ်သက်စိတ် ရှိတယ်ဆိုတာကို ငါခံစားလို့ ရနေတယ်၊ သူမက မင်းနဲ့ အခုထိတော့ အဆက်အသွယ်မပြတ်သေးဘူးဆိုတော့ မင်းအပေါ်မှာ ခံစားချက်ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ”

ကျောင်းဟန် ခေါင်းကို မော့လိုက်ရင်း မျှော်လင့်တကြီး မေးလိုက်မိသည်။

“တကယ်ပြောနေတာလား? သူမက ကျွန်တော့်ကို သဘောကျသေးတာလား?”

“မင်းရဲ့ ထိမ်းမြားခြင်းလမ်းကြောင်းအရတော့ အမှန်ပဲ”

“ဒါဆိုရင် သူက ဘာလို့….”

အကြာကြီးတွေဝေနေပြီးနောက် ကျောင်းဟန် အဖြစ်မှန်ကို ထုတ်ပြောလိုက်သည်။

“အမှန်က ဒီလိုပါ၊ ကျွန်တော်က ကျောင်းမှာဆိုရင် တစ်ယောက်တည်း ထိုင်ရတာကို သဘောကျတယ်ဆိုတာ သိပြီးဖြစ်မှာပါ  ကောင်မလေးတွေက ကျွန်တော့်ဆီကိုလာပြီး စကားလာ,လာပြောကြတယ်လေ….”

ထိုမိန်းကလေးသည်ကား ပျော်ပျော်နေတတ်ကာ လူချစ်လူခင်ပေါ်သော ပထမနှစ်ကျောင်းသူလေးဖြစ်သည်။

ကျောင်းဟန် အစကတော့ သူမကို ကြည့်မရချေ။ အမြဲတစေ အေးတိအေးစက် ဆက်ဆံကာ သူ့အား မနှောင့်ယှက်ရန် တွင်တွင်ပြောခဲ့သည်။

သို့သော် ကောင်မလေးကတော့ သူ့ကို လက်မလျှော့ခဲ့ပေ။ သူ့အတန်းသို့ နေ့စဉ် အချိန်မှန်လာတတ်သည်။

သူနေမကောင်းဖြစ်နေမှန်းသိလျှင် ဆေးယူလာပေးသည်။ ထိုကဲ့သို့ပင် သုံး၊လေးလ ကြာခဲ့သည်။

ထိုအချိန်တွင်တော့ ကျောင်းဟန်၏ သူမအပေါ် ဆက်ဆံသည့် အမူအယာများ အနည်းငယ် နူးညံ့လာခဲ့သည်။

*

All Chapters