← Chapters

အခန်း (၁၆၃)

Vol. 17 Ch. 163

အခန်း (၁၆၃)

Vol. 17 Ch. 163

မျက်နှာပြင်အား စတူဒီယိုထဲမှ ကြည့်နေသော လီချန်ဟဲက ဘေးနားမှ လက်ထောက်ကို ကြည့်ရင်း ပြောလိုက်သည်။

“ဒီရှုဖူက ပြဿနာရှာတာတော့ တော်တော်လေး တော်တာပဲ”

“အမှန်ပဲ၊ သူ့ရဲ့ သတင်းက အခု နည်းနည်းတက်လာပေမယ့် အခြားကစားသမားတွေနဲ့ ယှဉ်ရင်တော့ မြေကြီးနား ကပ်နေသေးတယ်”

တင်ဆက်သူလျှို့မှ အကူအညီတောင်းသူသည်က တခြားသူဖြစ်ကာ နားနေခန်းတွင် ရှိနေကြောင်း‌ ပြောပြလိုက်သည်နှင့် သူက တစ်ခါတည်း တွေ့ခွင့်တောင်းလိုက်သည်။

အခန်းတံခါးမှ ဝင်လိုက်သည်နှင့် အသားဖြူဖြူ လူငယ်လေးတစ်ဦး ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရပြီးနောက် ထိုလူငယ်လေး၏ မျက်နှာပေါက်သည် မိန်းကလေးဆန်ကြောင်း ကောက်ချက်ချလိုက်မိသည်။

သူသည်ကား သုန်မှုန်နေသော အမူအယာရှိ၍ နှုတ်ခမ်းများမှာလည်း သွေးရောင်ကဲ့သို့ ရဲနေခဲ့သည်။

ရုတ်တရက်ကြည့်လိုက်ပါလျှင် သူသည် ဆံပင်အတိုနှင့် မိန်းကလေးဟုပင် အထင်မှားစရာပင်။

ရှုဖူ တစ်ချက် ထပ်ကြည့်လိုက်သည်။ ရှောင်ဟန်၏ နှာခေါင်းသည် ဖြောင့်စင်းနေကာ နှုတ်ခမ်းမှာလည်း တင်းတင်းစေ့ထားသည်။

သူသည်က မကြည်လင်သော မျက်နှာအမူအယာဖြင့် အမျိုးသားတစ်ဦးသာလျှင်ဖြစ်သည်။ ရှုဖူ အဘယ်ကြောင့် မိန်းကလေးတစ်ယောက်ဟု ထင်ခဲ့မိပါသနည်း?

အကြည့်မှားခြင်းပေလော?

ရှုဖူ မသင်္ကာဖြစ်သော်လည်း ခုနက မြင်လိုက်ရသည်မှာ ပြတ်သားလွန်းသောကြောင့် သူ့အနေနဲ့ မူမမှန်တာ တစ်ခုခုတော့ ရှိကို ရှိရမည်ဟု တွေးလိုက်မိသည်။

သူ ခဏလောက် စဉ်းစားနေပြီးမှ စကားစသည်။

“ငါထင်တာကတော့ ဒီကောင်လေးက သရဲနဲ့ တွေ့တာ ဒါမှမဟုတ် ဝင်စီးခံထားရတာမျိုးပဲ”

“ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ?”

“ငါသူ့ကို မြင်လိုက်ရတုန်းက သူက မိန်းကလေးတစ်ယောက်နဲ့ တော်တော်လေး တူနေတာ၊ ဒါပေမယ့် အဲဗီခံစားချက်က ခဏလောက်ပဲ၊

မင်းတို့လည်း ငါ့ရဲ့ အဆင့်ကို သိပါတယ်၊ ဒီတော့ ယုံချင်ယုံ မယုံချင်နေ. မင်းတို့ သဘောပါပဲ၊ ဘာပဲဖြစ်ဖြစ် နောက်ဘက်မှာလည်း ဆရာ့ဆရာကြီးအဆင့် ပြိုင်ပွဲဝင်တွေ ရှိသေးတယ်လေ”

“ငါက မွေးကတည်းက ယင်နဲ့ ယန်မျက်လုံးတွေ ရှိတယ်၊ ငါငယ်ငယ်တုန်းက မမြင်သင့်တဲ့ အရာတွေကို မြင်နိုင်ပြီး အခြောက်ခံရတတ်တယ်၊ အဲဒါကြောင့် ငါ့ရဲ့ မိသားစုက ဒေသခံနတ်ဘုရားဆီကို ကုသဖို့ဆိုပြီး ပို့ခဲ့တယ်၊

အဲဒီမှာ ပြောခဲ့ကြတာက အဲဒီနတ်ဘုရားက ‘ယင်’ခန္ဓာကိုယ်ပိုင်ရှင်တဲ့၊ သူငယ်ငယ်တုန်းက လျှို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့ပြီး ကလေးမရနိုင်တဲ့ ကျိန်စာရခဲ့တာကြောင့် မွေးတဲ့ ကလေးမှန်သမျှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရတယ်၊ အဲတီနတ်ဘုရားလည်း မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရတယ်”

သူ မျက်မှောင်အသာကြုတ်လိုက်ရင်း ထိုအချိန်က မှတ်ဉာဏ်ကို ပြန်စဉ်းစားလိုက်သည်။

“အစကတော့ သူက ဒီလို လုပ်ငန်းမျိုုးမှာ ရှိမနေသင့်တဲ့သူလေ. ဒါပေမယ့် အသက်အရွယ်အိုမင်းပြီး ထောက်ပံ့မယ့်သူ မရှိတဲ့ အဘွားအိုတစ်ယောက်အနေနဲ့ ငွေရှာဖို့ ဒီနည်းလမ်းကိုပဲ သုံးရတာပေါ့၊

ပြောကြတာက ငယ်ငယ်ရွယ်ရွယ် သေတဲ့ ကလေးတွေက အမုန်းတရားကြီးတယ်ဆိုပြီး ပိုပြီး စွမ်းအား ကြီးတယ်တဲ့. သူက အမြဲတမ်း ‘လမ်းမှားကို ပြောင်းတတ်ပြီး’ တစ်ခါတစ်လေဆိုရင် သူ့သားနဲ့ သမီးကို ကူညီပေးဖို့လည်း ခေါ်လေ့ရှိတယ်”

“အဲဒီတုန်းက ငါ့ကို ဖမ်းစားတာက ရန်လိုတဲ့ တစ္ဆေတစ်ကောင်ပဲ၊ ငါ့မျက်လုံးနဲ့ ဆတ်ဆတ်မြင်လိုက်ရတာက အဲဒီနတ်ဘုရားမရဲ့ မျက်နှာက အကုန် မည်းသွားတာ။ မျက်လုံးလည်း ပြန်ဖွင့်လိုက်တော့ လူတော့ မပြောင်းသွားဘူး.

သူက သူပဲ။ ဒါပေမယ့် သူ့ရဲ့ မျက်နှာက ခပ်ဝဝကလေးမျက်နှာလို့ပဲ ငါ့မျက်လုံးထဲမှာ မြင်နေခဲ့တာ၊ အသံကလည်း ကလေးငယ်လေး အသံမျိုးပဲ!”

“အခုပြန်စဉ်းစားကြည့်မှ မစ်စ်ဟောင်ရဲ့ သားကိုမြင်လိုက်ရတဲ့ အချိန်မှာ ရလိုက်တဲ့ ခံစားချက်က အဲ့တုန်းကလို ခံစားချက်မျိုးပဲ၊ ဒါကြောင့် သူ သရဲစီးခံထားရတယ်လို့ ထင်လိုက်တာပဲ”

တင်ဆက်သူလျှို့ မေးလိုက်မိသည်။

“ခဏပဲ မြင်လိုက်ရတာလား? အခုရော ပျောက်သွားပြီလား?”

ရှုဖူ ရှောင်ဟန်၏ မျက်နှာအား သေချာပြန်လည်ကြည့်လိုက်ပြီးမှ ပြန်ဖြေသည်။

“ခဏပဲ မြင်လိုက်ရတာ”

“ဒါမှမဟုတ် ငါပဲ မျက်စိမှားတာများလား?”

“အမှန်အတိုင်းပြောရရင် ဖြစ်တော့ ဖြစ်နိုင်ပါတယ်”

ရှုဖူ ပုခုံးတွန့်ရင်း ပြောလိုက်သည်။

တင်ဆက်သူလျှို့လည်း မည်သည့်စကားကို အတည်ယူရမည်ကို မသိတော့ချေ။

“အိုကေ… ကျေးဇူးတင်ပါတယ်၊ မစ်စ်ဟောင်ကရော ရှုဖူရဲ့ စကားကို ဘယ်လိုသဘောရပါသလဲ?”

“ဒီတောက်ကျန့်ပြောတာကို ကျွန်မ ယုံပါတယ်၊ ရှောင်ဟန်က ‘အစ်မ’ အကျင့်စရိုက်တစ်ခုလည်း ရှိတယ်လေ၊ အဲဒဲက တကယ်ပဲ အခြားအသိစိတ်တစ်ခု ဟုတ်လား မဟုတ်လားဆိုတာကိုပဲ မပြောနိုင်သေးတာ”

[ဒီလူက ပညာပြနေတာပဲဟ၊ ရယ်ရတယ်၊ မင်းတို့ ပြောချင်တာပြောကြ။ ငါကတော့ နေ့လည်စာစားပြီးရင် အလုပ်သိမ်းချိန်ဆို ပြန်မှာပဲ၊ ဟန်ဆောင်နေတာတွေလုပ်မနေနဲ့တော့!]

[ဘာလဲဟ၊ စကားကို မတင်မကျကြီး ပြောသွားတာ]

[ဒီတော့ ရှုဖူပြောချင်တာက ရှောင်ဟန်က သရဲစီးခံထားရတာ၊ ဒုတိယအသိစိတ်တစ်ခုရှိနေတာ မဟုတ်ဘူး၊ သူ့မှာ ယင်၊ယန်မျက်လုံးတွေ ရှိပြီး အရင်အပိုင်းကလည်း သရဲမြင်နိုင်တယ်လေ၊ သူပြောတာကို ငါတော့ နည်းနည်းယုံတယ်]

[ဒီတစ်ခေါက်တော့ တကယ်စင်ပေါ်က ဆင်းရပြီပဲ]

ရှု့ဖူ ထွက်သွားပြီးနောက် နောက်ထပ်ပြိုင်ပွဲဝင်မှာ မတည်မြဲခြင်းအရာရှိ ဝိဥာဥ်လမ်းပြရှီဟိုင်ဟုန်ဖြစ်သည်။

သူမသည်လည်း ကံတရားအား တွက်ချက်ခြင်းတွင် ကျွမ်းကျင်သူမဟုတ်သောကြောင့် ရှောင်ဟုန်ကိုသာ တိုက်ရိုက်သွားတွေ့လိုက်သည်။

ရှောင်ဟန်၏ မျက်နှာအား ပထမဆုံးအကြိမ် မြင်လိုက်ရပြီးနောက် သူမမျက်နှာတွင် အံ့ဩမှု အတိုင်းသား ပေါ်လာခဲ့သည်။

“ဒါက……”

“ဘာများဖြစ်လို့လဲ?”

တင်ဆက်သူလျှို့ မေးမိပြန်သည်။

ရှီဟိုင်ဟုန်က ရှောင်ဟန်အနီးသို့ ပို၍ ကပ်ပြီး ကြည့်လိုက်သော်လည်း ကောင်လေး၏ ဖြူနုနေသော နားရွက်လေးများ ရဲတွတ်နေပြီးနောက် သူမနှင့် အကြည့်ချင်းလွှဲလိုက်သည်။

“ဒီကောင်လေးရဲ့ ဝိဉာဉ်က ထူးခြားလိုက်တာ၊ သူ့မှာ တစ်ခြမ်းပဲ ရှိတယ်”

တင်ဆက်သူလျှို့: “?!!”

ကြည့်ရှုသူများ: “?!!”

ရှီဟိုင်ဟုန် ရှင်းပြလိုက်သည်။

“အားလုံးနားလည်အောင် အလွယ်ရှင်းပြမယ်၊ လူတိုင်းမှာ ဝိဉာဉ်တစ်ခုစီရှိပြီး အဲဒီဝိဉာဉ်မှာလည်း အရည်အသွေးနဲ့ စွမ်းအင်တွေ ရှိတယ်၊ ကျွန်မ အရင်က စာတမ်းတစ်ခု ဖတ်ဖူးတယ်၊

သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတွေကနေ တဆင့် ရှာဖွေတွေ့ရှိခဲ့တာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က သေဆုံးပြီးချိန်မှာဆိုရင် ၂၁ ဂရမ် ပိုပေါ့သွားတယ်တဲ့၊ အဲ့တာက ဝိဉာဉ်ရဲ့ အလေးချိန်ပေါ့၊

ဒါပေမယ့် နောက်ပိုင်းကျတော့ အဲ့တာက အမှားလို့လည်း ပြန်ငြင်းခဲ့ကြတယ်”

“ကျွန်မ ပြောချင်တာက ဝိဉာဉ်မှာ အလေးချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝိဉာဉ်တိုင်းမှာ ပါဝင်တဲ့ စွမ်းအင်က ကွဲပြားကြတယ်၊

ဘာလို့ အငြိုးကြီး ဝိဉာဉ်တွေက လူတွေကို ထိခိုက်အောင် လုပ်နိုင်တာလဲ?

အဲဒါက သူတို့ရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေက အရမ်းကို စွမ်းအားကြီးတာကြောင့်ပဲ၊ အသက်အရွယ် ကောင်းကောင်းကြီးလာပြီး အစွဲအလမ်းမရှိတဲ့ ဝိဉာဉ်တွေကတော့ စွမ်းအင်နည်းကြတယ်လေ၊

ဒါပေမယ့် ဒီကောင်လေးရဲ့ ဝိဉာဉ်ကတော့ ကျွန်မ မတည်မြဲခြင်းအရာရှိ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး မြင်ခဲ့ရတဲ့ ဝိဉာဉ်တွေထဲမှာ အားအနည်းဆုံးပဲ”

“အရင်တုန်းက ကျွန်မအနေနဲ့ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့ ဝိဉာဉ်တွေ၊ မသေဆုံးခင်မှာ အပြင်းအထန်ဖျားနာနေတဲ့ ဝိဉာဉ်တွေ၊ ခန္ဓာကိုယ်ပျက်စီးနေပြီဖြစ်တဲ့ ဝိဉာဉ်တွေ အများကြီးကို ပို့ပေးခဲ့ဖူးတယ်၊

အဲဒီဝိဉာဉ်တွေကတောင်မှ ဒီကောင်လေးရဲ့ ဝိဉာဉ်ထက် ပိုပြီး ရုပ်လုံးရှိသေးတယ်၊ ပိုဆိုးတာက ဒီကောင်လေးမှာ ရောဂါလည်းမရှိ၊ ကပ်ဆိုးလည်းမရှိ၊ မသန်စွမ်းတာလည်း မရှိနေဘူး၊ ၏ါက ပိုပြီးတောင် အံ့ဩဖို့ကောင်းသေးတယ်”

ရှီဟိုင်ဟုန် ပြောရင်းပြောရင်းနှင့်ပင် ပို၍ အံ့ဩလာမိသည်။

ဝိဉာဉ်စွမ်းအင် လျော့ကျသွားနိုင်သည့် နောက်ထပ် အခြေအနေတစ်ခုကတော့ ဝိဉာဉ် ထိခိုက်ခြင်း သို့မဟုတ် ဆွဲထုတ်ခံရခြင်းတို့ကြောင့်သာ ဖြစ်သည်။

ထိုအဖြစ်ကတော့ မြေအောက်ကမ္ဘာတွင် ဖြစ်လေ့ဖြစ်ထရှိသည်။

သူတို့၏ စွမ်းအားနှင့် ကျင့်ကြံမှုတို့အား တိုးပွားစေချင်သည့် သရဲကြီးတချို့သည် သရဲငယ်များအား ဝါးမျိုတတ်ကြသည်။

ထိုသရဲကြီးများ၏ လက်ထဲမှ သေခြင်းတရားအား လက်မတင်လေး လွတ်မြောက်လာနိုင်သည့် သရဲများလည်း စန်ထူမြစ်ကမ်းတွင် ရှိနေခဲ်သည်။

သူတို့၏ ဝိဉာဉ်တစ်ဝက်သည်က ဆွဲဆုတ်ခံထားရပြီးနောက် လွတ်လာသည်မှာပင် ကံကြီးလွန်း၍သာ ဖြစ်ချေသည်။

သို့သော် ရှီဟိုင်ဟုန်၏ ဝိဉာဉ်ပိုင်းဆိုင်ရာ ပွင့်လင်းနေသော မျက်လုံးများတွင် ရှောင်ဟန်၏ ဝိဉာဉ်က အပြည့်အဝဖြစ်နေသေးသည်။

သူသည်က အားပျော့လွန်းသော ဝိဉာဉ်ကို ပိုင်ဆိုင်ထားခြင်းသာဖြစ်ပေ၏။

ဝိဉာဉ်သည်ကား ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း ဖောက်ထွင်း မြင်ရလုနီးနီး အရောင်ဖျော့တော့ကာ မီးခိုးနုရောင်ဖြစ်နေခဲ့သည်။

မစ်စ်ဟောင်အနေဖြင့် ဝိဉာဉ်တစ်ဝက်ရှိသည်ဆိုသည်မှာ ဘာကို ဆိုလိုမှန်းမသိချေ။ သို့သော် မကောင်းသည့်အရာတစ်ခုဟု တွေးမိကာ အဆောတလျင် မေးရှာသည်။

“အဲဒါက အန္တရာယ်ရှိလားဟင်? သူ့ကို တစ်ခုခုကများ ထိခိုက်အောင် လုပ်ထားလို့လားဟင်?”

“အန္တရာယ်ရှိတယ်၊ ဒီဘဝမှာလည်း  အလွယ်တကူ ဖျားနာတတ်တယ်၊ နောက်ဘဝ ပြန်ဝင်စားချိန်မတိုင်ခင်မှာ အဲဒါကို မဖြေရှင်းနိုင်ရင် နောက်ဘဝ ပြန်ဝင်စားတဲ့ အချိန်မှာ ချို့ယွင်းချက်တွေ ရှိလိမ့်မယ်၊

ခန္ဓာကိုယ်ပျက်ယွင်းတာမျိုး ၊ မွေးရာပါ မသန်စွမ်းဖြစ်တာမျိုးတွေ ဖြစ်တတ်တယ်”

မစ်စ်ဟောင်၏ မျက်နှာက သွေးဆုတ်သွားခဲ့သည်။

“သူ့ရဲ့ ကျန်းမာရေးက ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ တဖြည်းဖြည်း ဆိုးလာခဲ့တာ…”

ရှီဟိုင်ဟုန် ဆက်ပြောသည်။

“သူ့ကို တစ်ယောက်ယောက်က ထိခိုက်အောင် လုပ်ထားသလားဆိုတာကိုတော့ ကျွန်မလည်း မသိဘူး”

“သူ့ရဲ့ အခြေအနေက တကယ်ကို ထူးဆန်းတယ်၊ ဘယ်လို မှော်အစွမ်းမျိုးကများ လူတစ်ယောက်ရဲ့ ဝိဉာဉ်တစ်ခြမ်းကို လေထဲမှာ ပျောက်သွားအောင် လုပ်နိုင်သလဲဆိုတာကို ကျွန်မ မသိဘူး

သရဲတွေ၊ တစ္ဆေတွေ လုပ်တာတော့ မဖြစ်နိုင်ဘူး၊ အရမ်း ထူးဆန်းလွန်းတယ်….”

ရှောင်ဟုန်သည်က အသိစိတ်နှစ်ခုကွဲသည့် ရောဂါရှိကြောင်းနှင့် ‘တချို့’ပြိုင်ပွဲဝင်များက ထို အကျင့်စရိုက်သည် သရဲဖြစ်နိုင်ကြောင်း ပြောခဲ့သည့် အကြောင်းကြားရပြီးနောက် သူမ မျက်မှောင်ကြုတ်သည်။

ရှောင်ဟန်အား သေချာ အချိန်ယူ၍ စိုက်ကြည့်လိုက်ပြီးနောက် ရှီဟိုင်ဟုန် ခေါင်းကို ခါရမ်းလိုက်လေသည်။

“သူ့ကိုယ်ပေါ်မှာ ဘယ်လိုသရဲတစ္ဆေမှ မမြင်ရပါဘူး၊ သူက ရောဂါကြောင့် ဖြစ်တာမျိုးဆိုရင်တော့ ကျွန်မလည်း မကူညီနိုင်ပါဘူး”

မစ်စ်ဟောင်က အနည်းငယ် အားလျော့သွားသော်လည်း ကျေးဇူးတင်စကား ဆိုရှာသည်။

တင်ဆက်သူလျှို့က မိုက်ကရိုဖုန်းမှတဆင့် ထပ်မံကြေငြာလိုက်သည်။

“နောက်ထပ် လာမဲ့ ပြိုင်ပွဲဝင်ကတော့ နံပါတ် ၂ ပိုင်စစ်ပဲ ဖြစ်ပါတယ်!”

ရှီဟိုင်ဟုန် ထွက်သွားပြီးနောက် နားနေခန်းတွင် ထိုင်နေသည့် ရှောင်ဟန် စိတ်မရှည်တော့။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မေးလိုက်သည်။

“နောက်ထပ်က ဘယ်နှစ်ယောက်တောင် ကျန်သေးတာလဲ? ကြည့်လို့ရော ပြီးကြဦးမှာလား?”

“နောက်ထပ်က ငါးယောက်ကျန်သေးတယ်……”

“အားလုံးကို အတူတူကြည့်ခိုင်းလိုက်လို့ မရဘူးလား? ဘာပဲဖြစ်ဖြစ် ခင်များတို့ရဲ့ ‘ပညာရှင်ကြီး’တွေနဲ့ နတ်ဝင်သည်တွေက အသက်ကြီးတဲ့သူတွေနဲ့ ကျုပ်အမေလို အယုံလွယ်တဲ့ သူတွေကိုပဲ စကားလုံး အထူးအဆန်းကြီးတွေ သုံးပြီး လိမ်လည်လည့်ဖျားချင်နေကြတဲ့ သူတွေချည်းပဲလေ”

*

All Chapters