← Chapters

ကွေ့ယင်သရဲ(2)

Vol. 18 Ch. 174

ကွေ့ယင်သရဲ(2)

Vol. 18 Ch. 174

‘ကွေ့ယင်’ဝိဉာဉ်ကို ‘အော်ကွေ့ယင်း’ဟုလည်း ခေါ်ကြသည်။ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည့် အငြိုးကြီးဝိဉာဉ်တစ်မျိုးဖြစ်သည်။

ရှေးအချိန်များက အော်ကွေ့ယင်းဆိုသည့် မီးရှူးမီးပန်းရောင်းသည့် အမျိုးသမီးငယ်လေးရှိခဲ့သည်။

သူမသည်ကား ချွတ်ခြုံကျနေသည့် ကျောင်းဆောင်တစ်ခုမှ ဆင်းရဲနွမ်းပါးသည့် စာသင်ကျောင်းသား ဝမ်ကွေးအား ထောက်ပံ့ပေးခဲ့သည်။

သူမ ရှာဖွေထားသည့် အသပြာများကို ဝမ်ကွေး စာလေ့လာရန်နှင့် စာမေးပွဲများ ဖြေဆိုရန် အသုံးပြုခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် တစ်သက်လုံး လက်တွဲသွားရန် ကတိပေးခဲ့ကြသည်။

သို့သော် အရာရှိစာမေးပွဲအောင်မြင်ပြီးချိန်တွင် ဝမ်ကွေးသည်က သူမအား စွန့်ပစ်ကာ မြို့သူကြီး၏ သမီးဖြင့် လက်ဆက်ခဲ့သည်။

နောက်ဆုံးတွင် အော်ကွေ့ယင်းသည် သူမကိုယ်သူမ ကြိုးဆွဲချသတ်သေကာ အငြိုးကြီးဝိဉာဉ်တစ်ကောင်ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ အသည်းနှလုံးမဲ့သော ယောင်္ကျားတစ်ယောက်ထံမှ စွန့်ပစ်ခံရပြီးနောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့သည့် ဝိဉာဉ်များအား ‘ကွေ့ယင်းဝိဉာဉ်များ’ဟု ခေါ်ဝေါ်ခဲ့ကြသည်။

အကြမ်းဖျင်းအားဖြင့် ဤဝိဉာဉ်သည်က အသက်ရှိစဉ်က သစ္စာဖောက်ခံခဲ့ရပြီး ရင်ထဲတွင် အမုန်းတရားများ ပြည့်နေခဲ့သည်။

ထို့အပြင် သူမသည်က လူကောင်းလည်း မဟုတ်သောကြောင့် သေဆုံးပြီးချိန်တွင် မြေကမ္ဘာ၌ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် အဖြစ် နေထိုင်နေခဲ့ခြင်းပင်။

သို့သော် ‘ကွေ့ယင်ဝိဉာဉ်’ကိုယ်တိုင်သည်က စွမ်းအားကြီးလွန်းသည်မဟုတ်။ ထို့ကြောင့် စွမ်းအင်ကို တိုးမြှင့်ကာ ပျောက်ကွယ်သွားခြင်းမှ ကာကွယ်နိုင်စေရန် သူတို့သည် အိပ်မက်ဆိုးများ ဖန်တီးကာ စိတ်ပျော့ညံ့သည့် လူသားများကို ခြောက်လှန့်၍ အိပ်မက်များထဲတွင်‌ ကြောက်လန့်မှုကြောင့် စိမ့်ထွက်လာသည့် အသက်စွမ်းအင်များကို စားသုံးတတ်ကြသည်။

တစ်နေ့တွင် သူမသည် ကျောင်းဟန်၏ အိပ်မက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ကျောင်းဟန်၏ ထူးခြားသော အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် သူမ မျက်စိကျသွားခဲ့သည်။

ကျောင်းဟန်၏ အားနည်းချက်နှင့် စိတ်ဒဏ်ရာများကို အခွင့်ကောင်းယူခဲ့ပြီး ထို ဒုတိယအသိစိတ် ‘ကျောင်းရှင်း’အယောင် ဆောင်ခဲ့သည်။

ကျောင်းရှင်းအား သတ်ဖြတ်ပြီးနောက် ကျစ်လျစ်နေသော ဝိဉာဉ်စွမ်းအင်ကို ဝါးမျိုကာ ကျောင်းဟန်ကိုယ်ထဲတွင် ဆက်လက်နေထိုင်နေခဲ့သည်။

ကျောင်းဟန်၏ ဝိဉာဉ်စွမ်းအင်အား စားသုံးပြီးချိန်တွင်‌ ဆက်၍ ကျောင်းဟန်ကို သတ်ရန် မကြံစည်ခဲ့ဘဲ၊ ကျောင်းဟန်အား အသုံးချကာ သူရှိကြောင်း သတင်းလွှင့်စေပြီး ကောလဟာလ ဝိဉာဉ်အဖြစ် ပြောင်းလဲချင်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ သူမသည်က ယောကျာ်းလေးတစ်ယောက် မဖြစ်ချင်သောကြောင့်သာ ဖြစ်သည်။

သူမက အလှအပကို ချစ်မြတ်နိုးသည်။

ယခင်ဘဝကလည်း သူမ၏အလှအတွက် ဂုဏ်မောက်ခဲ့ရပြီး သစ္စာဖောက်ခံရသည်ကိုလည်း မုန်းတီးလွန်းလှသည်။

ထို့ကြောင့် သူမသည်က မိန်းမသားဘဝကိုသာ ပြန်လိုချင်မိခဲ့သည်။

သူမ၏ ပြတ်သားရှင်းလင်းစွာပြောလာသည့်စကားကို နားထောင်လိုက်ရပြီးနောက် ကုကျစ်စုန့် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။

“နင်.. တော်တော်လေးချေးများတာပဲ”

ကျောင်းဟန်၏ ချစ်ရသူအား ထိခိုက်စေရသည့် အကြောင်းရင်းမှာ

၁- ထိုမိန်းကလေးသည်က သူ၏ ဝိဉာဉ်ဆိုင်ရာ ပြင်ဆင်နေမှုအား နှောင့်ယှက်ခြင်းကြောင့်ဖြစ်ပြီး

၂- သူမသည်က ယုတ်မာသည့် ဝိဉာဉ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ကျောင်းဟန်၏ ခန္ဓာကိုယ်အား သဘောမကျသော်လည်း သူမသည် ကျောင်းဟန်နှင့် ထိုခန္ဓာကိုယ်အား သူ့အပိုင်ဟု သတ်မှတ်ထားပြီးဖြစ်သည်။

သူမ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရပြီး ကျောင်းဟန်နှင့် ထိုကောင်မလေး ပျော်ရွှင်နေသည်ကို ရှုမစိမ့်ပေ။

ထို့ကြောင့် ပြဿနာရှာခဲ့ခြင်းဖြစ်သည်။

အမှန်တရားကို သိလိုက်ရပြီးနောက် မစ်စ်ဟောင် ဒေါသသံဖြင့် ပြောလာခဲ့သည်။

“နင်‌ တော်တော် ယုတ်မာတာပဲ! နင် စိတ်မပျော်တာနဲ့ဘဲ အပြစ်မရှိတဲ့သူတွေကို ထိခိုက်အောင် လုပ်တယ်၊ နင်လိုမျိုးတွေက အပြစ်ပေးခံရပြီး ငရဲသွားရမှာ!”

မိခင်နှင့် သားဖြစ်သူတို့ မေးလိုသည့် မေးခွန်းများ မေးပြီးချိန်တွင် ကုကျစ်စုန့် ‘ကွေ့ယင်ဝိဉာဉ်’အား ခေါ်ကာ နားနေခန်းမှ ထွက်လာခဲ့သည်။

အချိန်မှာ ညနေခင်း ၉နာရီကျော်လွန်ပြီဖြစ်သောကြောင့် ပရိုဂရမ်အဖွဲ့မှ ပြိုင်ပွဲဝင်များ နားနေနိုင်ရန် အနီးအနားမှ ဟိုတယ်တစ်ခုတွင် အခန်းစီစဉ်ပေးထားခဲ့သည်။

ကုကျစ်စုန့် နောက်နေ့မနက်အစောတွင် ယုံချန်ကို ပြန်မည့် လက်မှတ် ကြိုဖြတ်ထားလိုက်သည်။

သူမ အိပ်၍လည်းမပျော်ဘဲ အတွေးများနေခဲ့သည်။ ထို့ကြောင့် သူမ ဟိုတယ်ခန်းထဲတွင် ခြေတပလ္လင်ချိတ်ကာ တရားထိုင်နေရင်း စိတ်ကိုသာ အနားပေးခဲ့လေသည်။

ညလယ်ခေါင်အချိန်တွင် သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း အင်မတန် စိတ်ရှုပ်ထွေးနေခဲ့သည်။

“စနစ်”

သူမက အွန်လိုင်းပေါ်တွင် မရှိသည်မှာ ကြာပြီဖြစ်သည့် အမှိုက်စနစ်လေးအား ဆင့်ခေါ်လိုက်သည်။ စနစ် ရောက်လာချိန်ထိ သူမ အဖြေရှာမရနိုင်သေးချေ။

“ဘာဖြစ်လို့လဲ စုန့်စုန့်?”

“မင်းရှာလာတဲ့ ခန္ဓာကိုယ်က တကယ်ကို ဘာတွေဖြစ်နေတာလဲ?”

သူမ၏ ကျင့်ကြံမှုတွင် အဆင့်အသစ်တက်ခဲ့သည်မှာ လဝက်ကျော်နေပြီဖြစ်သည်။ သို့သော် ကုကျစ်စုန့် မည်မျှ လေ့ကျင့်၊လေ့ကျင့် ဤခန္ဓာကိုယ်သည် အိတ်ပေါက်ဖြင့် ဖားကောက်သကဲ့သို့ ဖြစ်နေသည်။

ထည့်သွင်းလိုက်သမျှ ဝိဉာဉ်စွမ်းအားတိုင်းသည်က ဝင်ရောက်ပြီးသည်နှင့် ပျောက်ဆုံးသွားခဲ့ပြီး သူမ၏ အဆင့်မှာလည်း တုတ်တုတ်မျှပင် မလှုပ်ချေ။

သူမ၏ ဝိဉာဉ်စွမ်းအင်ကုန်ခမ်းသွားသည်ဆိုလျှင်တောင်မှ သူမက အနီးအနားမိုင်တစ်ရာအကျယ်အဝန်းမှ စွမ်းအင်များကို စုဆောင်းနိုင်သည့် မြေကမ္ဘာမသေမျိုးအဆင့် ဝိဉာဉ်အား ပိုင်ဆိုင်ထားသူဖြစ်သည်။

ယခင်ဘဝက လေ့ကျင့်ခဲ့ခြင်းများကြောင့်လည်း သူမအနေဖြင့် အဆင့်မတက်ခြင်းမှာ မဖြစ်နိုင်ပေ။

ကုကျစ်စုန့် သူမအား အဆင့်မတက်နိုင်အောင် တားဆီးနေသော မမြင်နိုင်သည့် ဖိအားတစ်ခုအောက်တွင် ရှိနေသကဲ့သို့ခံစားရကာ အမြဲ စိတ်ဓာတ်ကျနေခဲ့ရသည်။

လူတိုင်းသိကြသည့်အတိုင်း အစွမ်းကုန်ထုတ်သုံးနိုင်ရန်အလို့ငှာ ခန္ဓာကိုယ်နှင့် ဝိဉာဉ်သည် တစ်သားတည်း ဖြစ်နေရန်လိုအပ်သည်။

ယခုအချိန်တွင် သူမ၏ ဝိဉာဉ်သည် ဤခန္ဓာကိုယ်ထဲတွင် ပိတ်မိနေခဲ့သည်။ သူမ ခန္ဓာကိုယ်၏ အဆင့်အား မြှင့်တင်နိုင်သည်နှင့် ကပ်ကျော်လွှားခြင်းအား အချိန်မရွေးကျော်ဖြတ်နိုင်မည်ဖြစ်သည်။

သို့သော် သူမ၏ ခန္ဓာကိုယ်သည်က ဝိဉာဉ်နှင့် ယှဉ်လိုက်လျှင် အားနည်းလွန်းနေခဲ့သည်။ ထိုအရာသည် သူမအား အချိန်နှောင့်နှေးစေရုံသာမက သူမ၏ အကြီးမားဆုံးအားနည်းချက်လည်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမ ကံကြမ္မာတွက်ချက်သည်ဖြစ်စေ၊ ကောက်ချက်ချနေချိန်ဖြစ်စေ ကောင်းကင်ဘုံ၏ အဖြေသည်က ပျောက်ကွယ်သွားပြီးဖြစ်ကာ သူမအား အဖြေအတိအကျ မပေးနိုင်ခဲ့ပေ။

ကျောင်းဟန်၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မြူခိုးနှင့် ထိတွေ့မိပြီးနောက် ယခုအကြိမ်သည် ထိုအရာအား ဒုတိယအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း တိုက်ရိုက်ထိတွေ့ဖူးသည်မှာ ပထမဆုံးပင်ဖြစ်သည်။

ကုကျစ်စုန့်စိတ်တွင် တွေးမိသည့်အရာတစ်ခုရှိသည်။

သူမ ခံစားနေရသည့် မသက်မသာဖြစ်ခြင်းတို့သည် သူမ ကြုံတွေ့နေရသော အတားအဆီးများ၊ ပိတ်ဆို့မှုများနှင့် သက်ဆိုင်မှုရှိသည်။

ဤကမ္ဘာတွင် ရှိသော သနားစရာကောင်းလောက်အောင် နည်းပါးလှသည့် ဝိဉာဉ်စွမ်းအင်များ အကြောင်းကို တွေးမိပြီးနောက် သူမ မကောင်းသည့် အတွေးတစ်ခုဝင်လာပြန်သည်။

ဤကမ္ဘာကြီးကိုက တစ်ခုခုလွဲမှားနေသည်။

မဟုတ်သေး။ ယခင် လွန်ခဲ့သည့် နှစ်၈၀၀ကျော်ခန့်က သူမ ကပ်ဆိုးကျော်လွှားနေချိန်ကတည်းက ကြိုတင် သတိမထားမိခဲ့ဘဲ ပုန်းကွယ်နေသော အန္တရာယ် မြောက်မြားစွာရှိနှင့်နေခဲ့သည်ဟု ပြောလို့ရနိုင်သည်။

ယခုတော့ ထိုအရာများကို အနည်းငယ်သာ ခံစားလို့ရနိုင်တော့သည်။

ထိုစဉ် မေးခွန်းမေးခံနေရသော စနစ် : “QWQ”

သနားစရာကောင်းလှသည့် မျက်နှာဖြင့် ပြောရှာသည်။

“တောင်းပန်ပါတယ် စုန့်စုန့်၊ ငါက အမှိုက်ပါ၊ ဇာတ်လမ်းကိုတောင် ငါအခု နားမလည်တော့ဘူး၊ ငါသာ မင်းခန္ဓာကိုယ်ထဲမှာ မရှိတော့ဘဲ ဖယ်ခံလိုက်ရပြီဆိုရင် ဒီကမ္ဘာကြီးက ငါ့ကို စွန့်ပစ်သွားမလားတောင် မသိတော့ပါဘူး၊ ဝူး…”

ကုကျစ်စုန့် အစကတော့ သူ့ကို မေးခွန်းထုတ်ချင်ခဲ့သော်လည်း နောက်ဆုံးတော့ စနစ်ကို ပြန်ပြီး နှစ်သိမ့်ပေးလိုက်ရသည်။

တရားကျင့်ကြံ၍လည်း မရသည့်အဆုံး ကုကျစ်စုန့် သူမအိတ်ကပ်ထဲမှ ဖန်ပုလင်းလေးကို ထုတ်ကာ အထဲမှ ပါဝင်သည့် အရာကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

သူမ ဝိဉာဉ် ချုပ်နှောင်သည့် ကျမ်းစာတစ်ရွက် ထုတ်လိုက်သည်။

အစီအရင် ပယ်ဖျက်ပြီးသည်နှင့် မီးခိုးရင့်ရောင် သရဲမက ထွက်ကျလာခဲ့လေသည်။

ထိုအရာသည်က သူမ ကျောင်းဟန်ကိုယ်ထဲမှ ဆွဲထုတ်ကာ ခေါ်လာခဲ့သည့် ‘ကွေ့ယင်ဝိဉာဉ်’ပင်ဖြစ်သည်။

အမျိုးသမီးဝိဉာဉ်မှ မည်သည်ကိုမှ မလုပ်နိုင်ခင်မှာပင် ကုကျစ်စုန့် ဆွဲမခြင်းကို ခံလိုက်ရရှာသည်။ သူမ ခေါင်းမော့လိုက်ချိန်တွင် တောက်ကျန့်အမျိုးသမီး၏ မျက်ဝန်းနက်နက်များနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

သရဲမ ကျုံ့သွားကာ ခပ်ရို့ရို့လေး ပြုံးလိုက်သည်။

“တောက်ကျန့်… ကျွန်မ ရှင်ခိုင်းသမျှ အကုန်လုပ်ပေးပါ့မယ်၊ ရှင်နဲ့ သဘောတူ စာချုပ်ချုပ်ပြီး ရှင့်ရဲ့ ဝိဉာဉ်အစေခံ လုပ်ဆိုလည်း လုပ်ပေးပါ့မယ်၊ ရှင်ခိုင်းသမျှ ဘယ်သူ့ကိုမဆို ရန်ရှာပေးပါ့မယ်! ကျွန်မကို မဖျက်ဆီးသရွေ့…”

ထိုအရာသည်ကား မြေကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့် ထူးခြားပညာရှင်တော်တော်များများက သရဲတစ္ဆေမွေးကာ မကောင်းမှုများ ပြုတတ်ကြောင်း သိနေခဲ့သည်။

မည်သို့ပင်ဖြစ်ပါစေ သူမရှေ့မှ အမျိုးသမီးသည် စွမ်းအားကြီးလွန်းသည်။ ထိုအမျိုးသမီးနောက်ကို လိုက်၍ သူမတွင် ဆုံးရှုံးစရာမရှိပေ။

သရဲမက တွက်ချက်မှုများ ပြုလုပ်နေသော်လည်း သူမ မတွေးမိသည့်အချက်မှာ ကုကျစ်စုန့်အနေဖြငာ့ ဝိဉာဉ်အစေခံ စာချုပ် ချုပ်ဆိုချင်လျှင်တောင်မှ သူမ၏ အကျင့်စရိုက်နှင့် နည်းလမ်းများအား သဘောကျလိမ့်မည်မဟုတ်ဆိုသော အချက်ပင်။

ကုကျစ်စုန့် မျက်လုံးများကို မှေးစင်းလိုက်ရင်း အေးစက်စွာ မေးသည်။

“နင်မျိုချခဲ့တဲ့ အဲဒီအနက်ရောင်စွမ်းအင်က ဘယ်ကနေ လာတာလဲ?”

ကုကျစ်စုန့် မေးခွန်းကြောင့် ကွေ့ယင်းဝိဉာဉ် ရပ်တန့်သွားပြီးနောက် အကြည့်လွှဲလိုက်သည်။

“ဘယ်အနက်ရောင် စွမ်းအင်ကို ပြောတာလဲ တောက်ကျန့်? ကျွန်မ ဘာကို ပြောနေမှန်းမသိပါဘူး သရဲတွေဆိုတာ မကောင်းတဲ့အရာတွေရဲ့ အရောင်ဆိုးခံရတာ ထုံးစံပဲလေ. ကျွန်မ အဲဒါကို ဘယ်ကတွေ့ခဲ့လဲဆိုတာ မမှတ်မိတော့ပါဘူး”

သရဲမ အမှန်အတိုင်းမပြောချင်မှန်း သိလိုက်ရပြီးနောက် ကုကျစ်စုန့် စကားအများကြီးမပြောချင်တော့။

ကွေ့ယင်းဝိဉာဉ်ထံသို့ စီးဝင်သွားသော ကုကျစ်စုန့်၏ စွမ်းအင်သည် ရုတ်တရက် တင်းကြပ်သွားပြီးနောက် ထိုအမျိုးသမီးဝိဉာဉ်အား ဆွဲညှစ်ထားသကဲ့သို့ ဖြစ်သွားသည်။

မီးခိုးရောင်မြူခိုးတိမ်များသည်က မြေပေါ်တွင် လူးလိမ့်ရုန်းကန်နေခဲ့ပြီးနောက် စူးစူးဝါးဝါးအော်သံများလည်း တစ်ချက် တစ်ချက် ကြားနေခဲ့ရသည်။

အစကတော့ ထိုကွေ့ယင်ဝိဉာဉ်မှာ ရူးချင်ယောင်ဆောင်ကာ ညှာတာပေးဖို့၊ သူမ အမှန်တကယ်မသိကြောင်း အော်ဟစ်တောင်းပန်နေနိုင်သေးသည်။

သို့သော် ဝိဉာဉ်အပေါ်တွင် ဖိနှိပ်ထားမှုများ တိုးလာသည်နှင့်  ဤထက်ဆိုးလာလျှင် သူမ၏ ဝိဉာဉ်တစ်ခုလုံး ပေါက်ကွဲထွက်ကာ အဆုံးစွန်ထိ ပျောက်ကွယ်သွားတော့မည်ကို ထိတ်လန့်လာခဲ့သည်။

ကွေ့ယင်ဝိဉာဉ်လည်း ကြောက်လန့်လွန်း၍ မျက်လုံးများသည် နီမြန်းကာ ပြူးထွက်နေခဲ့သည်။

“ကျွန်မ မှားပါပြီ တောက်ကျန့်!! ပြောပါ့မယ်! ပြောပါ့မယ်! အားလုံးကို ပြောပြပါ့မယ်!!”

ကုကျစ်စုန့်၏ တင်းကျပ်လှသော စွမ်းအင်များကို ဖြေလျော့ပေးလိုက်သည်နှင့် သေမင်းခံတွင်းဝမှ ထွက်လာနိုင်ခဲ့သော ကွေ့ယင်းဝိဉာဉ် တဆက်ဆက်တုန်ယင်နေခဲ့ပြီး နောက်ထပ် လိမ်ညာတာမျိုးလည်း မလုပ်ရဲတော့ပေ။

နောက်ဆုံးတွင်တော့ သူမသဘောပေါက်သွားသည်။ သူမ၏ ရှေ့တွင် ရှိနေသော မျက်နှာအေးစက်စက်ဖြင့် မကောင်းဆိုးရွားမသည်က ရက်စက်လှသော  မကောင်းဆိုးဝါးဝိဉာဉ်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး လူကောင်းတစ်ယောက်လည်း မဖြစ်နိုင်ပေ!

‘ကွေ့ယင်ဝိဉာဉ်’ ခေါင်းလေးကို ငုံ့ထားလိုက်ရင်း တီးတိုးပြောသည်။

“တကယ်တော့ အဲဒါက ဘာလဲဆိုတာကို ကျွန်မလည်း သေချာမသိဘူး၊ ကျွန်မထင်တာကတော့ အဲဒါက အငြိုးတရား၊ မနာလိုဝန်တိုမှုနဲ့ ဒေါသ တို့လိုမျိုးပဲ ဖြစ်မှာ.. ဒါတွေက လူတွေရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေက အစိုင်အခဲဖြစ်လာမျိုးတွေလေ….”

သူ၏ ပြောပြချက်အရ ထိုအရာသည် ရှားနိုင်ငံတော်၏ နောက်ဆုံးမင်းဆက်မှ ဖြစ်သည်။

ထိုအချိန်က သူမတို့ မိသားစုသည် သေးငယ်သော်လည်း ချမ်းသာသည့် လယ်ရှင်များ ဖြစ်ကြသည်။ သူမသည်လည်း ငယ်သူငယ်ချင်းဖြစ်သည့် စီးပွားရေးသမားတစ်ဦး၏ သားနှင့် စေ့စပ်ထားခဲ့သည်။

သူမ၏ ခင်ပွန်းလောင်းအား ငယ်စဉ်ကတည်းက မည်သူဖြစ်မည်ကို သိထားပြီးဖြစ်သည်။ ထို့အပြင် သူမတို့ မိသားစု၏ ဓလေ့သည် အင်မတန် ရှေးကျသည်ဝ

ထိုအချိန်က မိန်းကလေးများအား လူရှေ့တွင် ထုတ်မပြသင့်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သူမသည် ဆယ်နှစ်အရွယ်ထဲက အိမ်တွင်သာ နေကာ အမျိုးသမီးများ တတ်သင့်သည့် အတတ်ပညာများကို လေ့လာခဲ့ရသည်။

အမျိုးသမီးဆရာမများသာ သူမကို သင်ကြားပေးလေ့ရှိသည်။ သူမက ဂန္တဝင်စာပေများကိုသာ ဖတ်လေ့ရှိပြီး ပြင်ပမှ ကျောင်းများသို့လည်း သွားရောက်၍ ပညာသင်ကြားရခြင်းမရှိခဲ့ပေ။

သူမ အသက် ၁၅နှစ်အရွယ်တွင် မိသားစုမှ မင်္ဂလာပွဲကျင်းပပေးရန် ဆုံးဖြတ်လိုက်ကြသည်။ ရလဒ်ကတော့ သူမ၏ ငယ်ချစ်သူသည် နယ်မြေခြားသို့ သွားရောက်ကာ ပညာသင်ကြားရဖို့ဖြစ်လာခဲ့သည်။

**

All Chapters