#မျက်လုံးမှိတ်တာနဲ့ ရှည်လျားတဲ့ညတာက အဆုံးသတ်သွားပြီး မျက်လုံးထပ်ဖွင့်တာနဲ့ နေ့တာရောင်ခြည်က လင်း၀င်းလာတယ်#
Vol. 82 Ch. 1149
ထာ၀ရသက်တမ်းကမ္ဘာ၏ လေဟာနယ်က စုတ်ပြဲသွားပြီး လုချန်ရှန်းသက်ပြင်းချရင်း ထွက်လာသည်။
နဂါးဥဘေးက ဟွမ်ချင်းသိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ အဆင်မပြေခဲ့ဘူးလား"
ဟွမ်ချင်း ဘာဖြစ်ခဲ့သလဲဆိုတာကိုပင် မမေးပါ။
လုချန်ရှန်းဘာတစ်ခုမှ မဖြစ်လာဘူးဆိုတာကို သူမ၏မသိစိတ်ကနေပင် သိနေသည်။
ဒီလိုစွမ်းအားမျိုးရှိသည့်လူတစ်ယောက်သာ တစ်ခုခုဖြစ်ပျက်ခဲ့ပါက အံ့သြဖွယ်ရာကောင်းသွားပေလိမ့်မည်။
လုချန်ရှန်း ထိုင်ခုံတွင်လှဲကာ အပြာရောင်ကောင်းကင်ကို ထုံထိုင်းစွာ ကြည့်နေမိသည်။
ဒီအခိုက်အတန့်၌ နွေးထွေးသောနေရောင်ခြည်က သူ့အပေါ်ထွန်းလင်းနေသည့်နိုင် သူအိပ်ချင်စိတ်လုံးဝမရှိချေ။
ထို့နောက် လုချန်ရှန်း သူမကို ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။
ဟွမ်ချင်းရယ်မောလိုက်မိသည်။
"သူတို့မှာသာ တကယ်နည်းလမ်းတစ်ခုရှိမယ်ဆိုရင် သေမျိုးနယ်မြေက ဒီအခြေအနေမှာ အဆုံးသတ်သွားရမှာ မဟုတ်ဘူး"
"ဒါပေမယ့်..... အနည်းဆုံးတော့ သူတို့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးခဲ့တာပဲလေ"
အခြေအနေကောင်းလား!
အဲဒီကုန်းတွင်းစစ်တပ်က လေကြောင်းတိုက်ပွဲမှာမတော်ဘူး၊ လေတပ်က ကုန်းတွင်းမှာ မတော်ဘူးဆိုတာလား!
လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"သူတို့ကိုယ်တိုင်အဲဒါကို ပြောခဲ့တယ်၊ ငရဲနတ်ဆိုးဒေသက ဒါကို ပြီးပြည့်စုံစွာ ရှောင်ရှားခဲ့တာပဲလေ"
တကယ်တမ်းတွင် ဒီပုဇွန်စစ်သားတွေနီင့် ကဏန်းဗိုလ်ချုပ်တွေက ရှင့်ပြိုင်ဘက်လုံး၀မဟုတ်ဘူးဟု ဟွမ်ချင်းပြောပစ်ချင်နေသည်။ ဒီလိုပေါက်ကရအရာများကို တွေးနေစရာပင်မလို။ လုချန်ရှန်းကိုယ်တိုင် ဒါကိုဖြေရှင်းနိုင်သည်။
ခွန်အားအရာ၌ ကွာခြားချက်က သာမန်အသိစိတ်ဖြင့် ဖြေရှင်းမရနိုင်သည့် အဆင့်တစ်ခုကို ရောက်လာသောအခါ အကြံအစည်များနှင့် နည်းဗျူဟာများက အဓိပ္ပာယ်မရှိတော့ပါ။
သူမပြောလျှင်ပင် လုချန်ရှန်း ယုံမှာမဟုတ်ဘူးဆိုတာ ဟွမ်ချင်းသိသဖြင့် နှစ်သိမ့်ပေးရတော့သည်။
"သူတို့မတွေးနိုင်တာနဲ့ပဲ ရှင့်လည်း မတွေးနိုင်ဘူးလို့ ဆိုလိုနေတာမဟုတ်ဘူးလေ၊ ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းတစ်ခုရှာဖို့ ဒီအပြစ်အနာအဆာကို ရှင့်အသုံးပြုနိုင်လောက်တာပဲ"
"ကောင်းပြီ၊ ကောင်းပြီ......"
ခရက်ခ် ခရက်ခ်!
ရုတ်တရက် ဥခွံကွဲအက်နေသည့်အသံက ဟွမ်ချင်းနှင့် လုချန်ရှန်းတို့၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူတို့၏အကြည့်များက ဧရာမနဂါးဥပေါ်သို့ ကျရောက်လာကြ၏။
"အခုလေးတင်...အဲဒါလှုပ်ရှားသွားတာမလား"လုချန်ရှန်းမေးသည်။
ဟွမ်ချင်း မသေချာသည့်အသွင်ဆိုသည်။
"လှုပ်ရှားသွားတယ်လို့... ကျွန်မလည်း ထင်တယ်"
သူတို့နှစ်ယောက်သံသယရှိနေကြစဉ် နောက်ထပ်အက်ကြောင်းတစ်ခုပေါ်လာသည်။ နဂါးဥက ဘယ်ညာလှုပ်ယမ်းနေသည်။
တစ်ချိန်တည်းမှာပင် ၎င်းထိပ်၌ အက်ကြောင်းတစ်ခုပေါ်လာကာ ဥအခွံသေးသေးလေးက ကွာကျသွားသည်။
လုချန်ရှန်းအနားသို့လျှောက်သွားသည်။
"စကွဲနေပြီ"
ဟွမ်ချင်းကလည်း တုန်ခါနေသည့်နဂါးဥကို စိုက်ကြည့်နေသည်။
နိယာမစွမ်းအားအလွန်ထူထဲသည့် ထာ၀ရသက်တမ်းကမ္ဘာထဲကဲ့သို့ နေရာမျိုးတွင် အလယ်ဗဟို၌ ရှိသည့်အပေါ် ရလဒ်အဖြစ် နဂါးဥက လျင်မြန်စွာကြီးထွားလာခဲ့သည်။
နဂါးဥ၏မျက်နှာပြင်၌ ရွှေရောင်အဆင်းများပင် တွားတွားသွားလာနေကြ၏။
ဒီရွှေရောင်အဆင်းများက သွေးအော်ရာနှင့် ပြည့်နှက်နေသည်။
နဂါးဧကရာဇ်၏ သွေးကြောရှိနေသည့်တိုင် လုချန်ရှန်း၏သွေးကြောအော်ရာက အလျှံပယ်ဖြစ်နေဆဲပင်။
ခရက်ခ်!
နောက်ထပ်အက်ရာတစ်ခုပေါ်လာသည်။
ရုတ်တရက်ရောင်စုံအော်ရာတစ်ခု လွင့်မြောလာသည်။
ဒီအော်ရာအမျှင်စက ကောင်းကင်ပေါ်သို့ မြော့သွားပြီး ရုတ်ချည်းဆိုသလို စံအိမ်အထက်က ကောင်းကင်တစ်ခုလုံးက ရောင်စုံတိမ်များနှင့် ပြည့်နှက်သွားသည်။
အပေါ်မော့ကြည့်သောအခါ မိုးနှင့်မြေ၏ နိယာမအော်ရာမျိုးစုံကို အာရုံခံနိုင်သည်။
မိုးမခပင်တိတ်တဆိတ်ပြောလာသည်။
"ဘယ်လိုနဂါးမျိုး ပျိုးထောင်ခံရမလဲဆိုတာ ငါတကယ်သိချင်မိတယ်... မိုးနဲ့မြေနိယာမရဲ့ ဒီအော်ရာမှာ အနည်းဆုံးတော့ အထဲမှာ သိပ်သည်းနေတဲ့ နိယာမစွမ်းအားကိုးမျိုးရှိတယ်"
နိယာမစွမ်းအားကိုးမျိုးကို သိပ်သည်းအောင်လုပ်ခဲ့သည့်နဂါးက သမိုင်းတစ်လျှောက်တွင်ပင် မကြုံစဖူးဟု ဆို၍ရသည်။
ဂရား......!
နဂါးဟိန်းသံများထွက်လာသည်။ နဂါးဥအောက်တွင် ထူထဲသည့်ခြေနှစ်ချောင်း ပေါက်ထွက်နေသည်။
နဂါးစွမ်းအားက လေဟာနယ်ထဲတွင် ပျံ့သွားသည်။
ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့မှာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကြ၏။
ဒီနဂါးစွမ်းအားက သူတို့သွေးကြောကိုပင် ဖိနှိပ်ထားသည့်ဖိအားကို ဖြစ်စေတာကို သူတို့ရှင်းရှင်းလင်းလင်းခံစားနိုင်သည်။
အရိုးတောင်ပံမြွေကျားကို မေ့ထားဦး!
ရှန်းလျိုက ရွှံ့ဗွက်အိုင်သခင်ကြီးဖြစ်ပြီး ရှေးဟောင်းရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ပင်။
သူကနဂါးများထက် အများကြီးအားမနည်းပါ။
ယုတ္တိတန်စွာဆိုရပါက သူ့သွေးကြောကနေ ဒီလိုဖိအားမျိုးကို ခံစားရရန်ဟူသည် သူ့အတွက် မဖြစ်နိုင်ပေ။
ဒါကအထက်လူကြီးက လက်အောက်ငယ်သားအပေါ် ထုတ်လွှတ်သည့် ဖိအားတစ်ခုပေတည်း။
ရှန်းလျို သွေးကြောစွမ်းအားကို ထုတ်လွှတ်ရန် အကောင်းဆုံးကြိုးစားသော်လည်း ဒီဖိအားကို မခုခံနိုင်သဖြင့် ထိတ်လန့်သွားရသည်။
စီနီယာလု ဘယ်လိုမွန်းစတားမျိုးကို ဖန်တီးခဲ့တာလဲ!
အဲအကောင်မှာ နိယာမစွမ်းအားကိုးမျိုးရှိရုံတင်မကဘူး၊ ငါ့သွေးကြောကိုပါ ဖိနှိပ်နိုင်တာလား!
သို့စေကာမူ လုချန်ရှန်းဒီအတွက် ဘ၀င်မကျသေးပါ။
သူရှေ့သွားပြီး ကြည်လင်သည့်ကျောက်စိမ်းဆွဲသီးဖြင့် ပြုလုပ်ထားသော ပုလင်းတစ်ပုလင်းကို ထုတ်ယူသည်။ ပုလင်းက သွေးဖြင့်ပြည့်နှက်နေသည်။
ဟွမ်ချင်းကြက်သေသေသွားကာ မေးသည်။
"ရှင့်ဘာလုပ်နေတာလဲ"
လုချန်ရှန်းပြုံးသည်။
"ငါလုပ်ပြီးပြီဆိုမှတော့ အကောင်းဆုံးလုပ်ရတော့မှာပေါ့"
"အရင်က သူ့ဝိဉာဉ်နဲ့သွေးကြောကို ပြန်လည်တည်ဆောက်တာက ဝိဉာဉ်နဲ့သွေးကြောကိုပဲ အားကောင်းစေခဲ့တယ်"
"ရုပ်ခန္ဓာအတွက်လည်း ဖွဲ့စည်းပြီး အခွံကနေ ထွက်လာတော့မယ့်အချိန်မှာ အားဖြည့်ပေးထားဖို့လိုတယ်"
လုချန်ရှန်း၏စကားလုံးများကိုကြားပြီး လက်ထဲကသွေးပုလင်းကို ကြည့်လိုက်စဉ် ဟွမ်ချင်းမျက်မှောင်ကြုတ်လိုက်၏။
လုချန်ရှန်း ရှန်းလျိူနှင့် အရိုးတောင်ပံမြွေကျားတို့ကို သွားရှာသည်မှာ အံ့ဩသင့်စရာမရှိတော့။
တကယ်တမ်းတွင် သူသွေးယူရန်အတွက် သွားခဲ့ခြင်းပေတည်း။
သွေးပုလင်းက ရက်စက်ကြမ်းကြုတ်သည့် သားရဲအမျိုးမျိုး၏ ဟိန်းသံများကို ထုတ်လွှတ်နေသည့် ကြယ်၀သောသွေးချီတစ်ခုကို ဖော်ပြနေသည်။
လုချန်ရှန်းဖွင့်လိုက်သောအခါ မရေမတွက်နိုင်လောက်သည့်သွေးချီများက ရက်စက်ကြမ်းကြုတ်သည့်သားရဲအမျိုးမျိုးအဖြစ် သိပ်သည်းသွားသည်။
၎င်းတို့ကအစွယ်များကိုပြသရင်း လက်သည်းများကို လှုပ်ယမ်းကာ မြေကြီးကို တက်နင်းပြီး အရူးအမူးဟိန်းနေကြသည်။
လေဟာနယ်တစ်ခုလုံးက တုန်ခါနေပုံရသည်။
ဒါကထာ၀ရသက်တမ်းကမ္ဘာဖြစ်သည်။ ထာ၀ရသက်တမ်းကမ္ဘာ၏ လေဟာနယ်တည်ငြိမ်မှုကို သေမျိုးနယ်မြေတစ်ခုလုံးက မည်သည့်နေရာမှ မယှဉ်နိုင်ပေ။
ဒါကိုနည်းနည်းလေးပဲ အားဖြည့်ပေးမယ်လို့ ပြောနေတာလား!
ဟွမ်ချင်းအားကိုးရာမဲ့သလိုခံစားရသည်။
ဒီအသစ်မွေးဖွားလာမည့်နဂါး၏ အစပျိုးအမှတ်က အတော်လေးမြင့်သည်။ ၎င်း၏ အဆုံးက အကန့်အသတ်မရှိတော့။
ထို့နောက် လုချန်ရှန်းသွေးအားလုံးကို နဂါးဥအက်ကြောင်းထဲသို့ လောင်းချလိုက်၏။
ဒီအခိုက်အတန့်မှာပင် နဂါးဥက လှုပ်ယမ်းနေတာကို ရပ်သွားပြီး အထဲက နဂါးဟိန်းသံကလည်း ပျောက်ကွယ်သွားသည်။
နဂါးစွမ်းအား၊ နိယာမစွမ်းအားနှင့် သွေးချီတို့ပင်လျှင် ထိန်းချုပ်ခံရသည်။
အမွေးတိုင်တစ်၀က်စာခန့်အချိန် ကုန်ဆုံးသွားခဲ့သည်။
အချိန်အတော်ကြာလှုပ်ရှားမှုမရှိချေ။
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
"ပြဿာနာတစ်ခုခုရှိနေတာလား.... နဂါးက မခံနိုင်တာများလား"
ဟွမ်ချင်းမျက်လုံးလိမ့်ကာ တွေးလိုက်မိသည်။
ရှင့်နှိပ်စက်မှုကို မျိုးစိတ်ဘယ်လောက်ကများ ခံနိုင်မှာလဲ၊ ဒီလိုကစားဟန်မျိုးကို ကျွန်မတောင် မခံနိုင်လောက်ဘူး!
ဒုတ်......!
ရုတ်တရက် နှလုံးခုန်သံတစ်သံက ငလျင်တစ်ခုပမာ အသံထွက်လာသည်။
ဒုတ်၊ ဒုတ်၊ ဒုတ်......!
အသက်ရှုသံက ပိုပိုများလာပြီး ကျယ်လောင်လာစဉ် ကမ္ဘာကိုပင်တုန်ခါစေသည့် နဂါးဟိန်းသံက ဧရာမသွေးချီနှင့်အတူ ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။
ဒီသွေးချီက ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့၏ အမူအရာများကို ပြောင်းလဲသွားစေပြီး ချက်ချင်းနောက်ဆုတ်လိုက်ကြ၏။
ထာ၀ရသက်တမ်းကမ္ဘာက ငှက်နှင့်သတ္တဝါများက စတင်အဓိကရုဏ်းဖန်တီးကြသည်။
ဒီတဒင်္ဂမှာပင် ဥခွံက လုံး၀ပြိုကွဲသွားသည်။
အထဲက နဂါးက နောက်ဆုံးတော့ အစစ်အမှန်အရောင်များကို ပြသသည်။
လုချန်ရှန်းကြက်သေသေသွားသည်။
"သူ့မှာလူသားမျက်နှာနဲ့ မြွေခန္ဓာရှိတာပဲ၊ သူ့ခန္ဓာတစ်ခုလုံးက နီရဲနေပြီး မျက်လုံးတွေက ဖြောင့်တန်းနေတယ်"
သို့စေကာမူ ၎င်းတွင် သည်းခြေငါးချောင်းရွှေနဂါး၏ စရိုက်လက္ခဏာများရှိနေဆဲပင်။
နဂါးမျက်လုံးမှိတ်လိုက်သောအခါ ထာ၀ရသက်တမ်းကမ္ဘာ၏ ကောင်းကင်က အမှန်တကယ်ပင် ညတာကျရောက်လာသည့်အလား မှောင်မိုက်သွားရသည်။
တဖန်မျက်လုံးပြန်ဖွင့်သောအခါ ကောင်းကင်က ပြန်လည်တောက်ပလာပြီး နေမင်းကြီးက တောက်ပစွာ ထွန်းလင်းလာသည်။
သူမျက်လုံးမှိတ်လိုက်တာနဲ့ ညတာရှည်ကြီးက စတင်ပြီး ပြန်ဖွင့်တာနဲ့ နေ့အလင်းက ထွန်းလင်းလာတာလား၊ ဒါသောက်ကျိုးနည်း ဖယောင်းနဂါးကြီးမလား!
ဘာတွေဖြစ်နေတာလဲ၊ တောင်ပင်လယ်ဂန္တ၀င်စာအုပ်က ကျိုးကျောက်ယင်းလည်း ဒီမှာရှိနေတာလား!
သို့စေကာမူ ဒီဖယောင်းနဂါးက အနည်းငယ်ကွဲပြားသည်။ ဥပမာအားဖြင့် နိယာမစွမ်းအား၊ ရွှေနဂါးအကြေးခွံများနှင့် ကြီးမားသည့် သွေးချီတို့ဖြစ်သည်။
လုချန်ရှန်းကြက်သေသေနေသည်။
ရှန်းလျိုဖြစ်စေ ဖယောင်းနဂါးဖြစ်စေ ၎င်းတို့က တောင်ပင်လယ်ဂန္တ၀င်(ဒဏ္ဍာရီ) စာအုပ်မှဖြစ်သည်။
ဒါကတိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် တခြားဆက်စပ်မှုတစ်ခုလား!
အပိုင်း(1150) coming။