#ကျိုးကျောက်ယင်း#
Vol. 82 Ch. 1150
ဒီဖယောင်းနဂါးကို တောင်ပင်လယ်ဂန္တ၀င်ထဲက သရုပ်ဖော်ချက်နှင့် ကိုက်ညီသည်ဟု ဆို၍ရသည်။
၎င်းအသွင်အပြင်ဖြစ်စေ၊ အခွံကနေ ကွဲထွက်လာသောအခါဖြစ်စေ၊ မျက်လုံးဖွင့်သောအခါဖြစ်စေ ကောင်းကင်က ကြည်လင်နေသည်။ ၎င်းမျက်လုံးမှိတ်လိုက်သောအခါ အင်မော်တယ်ခွေးတစ်ကောင်က လကိုစားနေသည့်အသွင်။
သို့စေကာမူ ဒီအခြေခံများတွင် ပြောင်းလဲမှုတစ်ချို့လည်းရှိသည်။
၎င်းကိုယ်ခန္ဓာအောက်၌ ရွှေသည်းခြေငါးချောင်းပေါက်လာသည်။ အနီရောင်အကြေးခွံများထဲတွင် မကြာခဏဆိုသလို ရွှေရောင်အဆင်းများပါရှိသော နဂါးအကြေးခွံအနည်းငယ်ရှိသည်။
၎င်းခေါင်းမော့လိုက်စဉ် အသက်ရှူသည့်နေရာအကြားတွင် မတူညီသည့်နိယာမစွမ်းအားကိုးခုက လည်ပတ်နေသည်။
၎င်းက နဂါးငယ်တစ်ကောင်ဖြစ်သော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ဖောင်းလာနေသည့် ကိုယ်ပေါ်က ကြွက်သားများက လှောင်အိမ်ထဲကနေ ထွက်လာတော့မည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်အလား သွေးစွမ်းအင်ကို ဖော်ပြသည်။ လှိုင်းများက ဒီနေရာအား ဖြတ်သန်းသွား၏။
သွေးချီဖြင့် ဆေးကြောခံထားရသည့် ဒီနေရာကို ဂရုတစိုက် စိုက်ကြည့်မည့်ဆိုပါက မီးကြောင့်ပုံပျက်ပန်းပျက်ဖြစ်နေသည့် မြင်ကွင်းတစ်ခုကို တွေ့ရပေလိမ့်မည်။
ဒါက နဂါးငယ်တစ်ကောင်လုပ်နိုင်သော အရာဆိုတာကို ပုံဖော်ကြည့်ရန် ခက်ခဲသည်။
ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့က အချင်းချင်းကြည့်လိုက်၏။ ၎င်းတို့က အချင်းချင်းမျက်လုံးများ၌ ထိတ်လန့်မှုကိုမြင်တွေ့ရသည်။
ဒါကအရမ်းကြောက်စရာ ကောင်းနေပြီဖြစ်ကာ မြင့်မားသည့်စမှတ်တစ်ခုဟုလည်း ဆို၍ရသည်။
ဒီနဂါးသာအရွယ်ရောက်လာပါက ဘယ်အဆင့်ကို ရောက်သွားမည်နည်း။
သူတို့ဒါကိုမတွေးတောရဲကြပေ။
အရိုးတောင်ပံမြွေကျား ဖယောင်းနဂါးကို နွေးထွေးစွာ လက်ခံရန်ပင် ဆုံးဖြတ်ထားလေပြီ။
ဒီအခိုက်အတန့်၌ ဖယောင်းနဂါး ၀န်းကျင်ကို စတင်ကြည့်သည်။ ၎င်းထုတ်လွှတ်နေသည့်အော်ရာက အင်မတန်ကြောက်စရာကောင်းသည့်တိုင် ငယ်ရွယ်ကာ အခွံထဲမှ ထွက်လာခါစရှိသေးသည်။ ၎င်း၏ ကြည်လင်နေသည့်မျက်လုံးများက ပြင်ပကမ္ဘာအကြောင်း သိချင်စိတ်ကို ဖော်ပြနေပြီး ပတ်၀န်းကျင်ကို ဆက်လက်စိစစ်နေသည်။
ထို့နောက် ၎င်း၏အကြည့်က ဟွမ်ချင်းပေါ် ကျရောက်သွား၏။
၎င်းရုတ်တရက် ခြေလက်ငါးခုကိုလှုပ်ရှားကာ ကျောကအတောင်ပံများကို ယပ်ခတ်ရင်း ဟွမ်ချင်းထံ ဦးတည်သွား၏။
ဟွမ်ချင်း၏အမူအရာက အေးခဲသွားသည်။ သူမလက်အစုံကိုမြှောက်ကာ မသိစိတ်က ပိတ်ဆို့ပစ်ချင်သော်လည်း ဖယောင်းနဂါးက ခေါင်းငုံ့ရင်း သူမ၏လက်အစုံကို ပွတ်သပ်နေတာကို သဘောပေါက်သွားသည်။
တစ်ချိန်တည်းမှာပင် သူကအထစ်ထစ်အငေါ့ငေါ့ပြောသည်။
"မေမေ.....မေမေ...."
မြင့်မားသည့်သွေးကြောရှိသော တစ်ချို့မှော်သားရဲများတွင် မွေးဖွားလာစဉ်ကတည်းက လူသားများနှင့် ယှဉ်နိုင်သည့် ဉာဏ်ရည်နှင့် ဘာသာစကားရှိပြီးသားပင်။
ဒီအခိုက်အတန့်၌ ဟွမ်ချင်းတစ်ဦးတည်းတင်မဟုတ်ဘဲ ရှန်းလျို၊ အရိုးတောင်ပံမြွေကျားနှင့် လုချန်ရှန်းတို့ကလည်း ကြက်သေသေသွားကြ၏။
လုချန်ရှန်းပထမဆုံးတုံ့ပြန်လာသည်။
"ယိုး၊ ဟိုးဟိုး၊ သူကတကယ်မင်းကို မေမေလို့ခေါ်နေတာပဲ၊ ဒါက....."
ဖယောင်းနဂါးကို မွေးဖွားရန်အတွက် သူကူညီပေးခဲ့သူဆိုတာ ရှင်းနေသော်လည်း အဆုံးသတ်တွင် ၎င်းက ဟွမ်ချင်းနှင့် ပိုနီးကပ်သွားခဲ့သည်။
ဒါမွေးရာပါကျေးဇူးကန်းတဲ့ကောင်ပေါ့!
ရုတ်တရက် အရိပ်တစ်ခုက လုချန်ရှန်းကို ဖုံးသွားသည်။ လုချန်ရှန်းမော့လိုက်ကြစဉ် ဖယောင်းနဂါး၏ တောင်ကဲ့သို့ခန္ဓာက သူ့ကို ဖိထားတာကို တွေ့လိုက်ရသည်။
မဟုတ်ဘူး၊ မင်းငါ့စိတ်ကို ဖတ်နိုင်တာလား၊ ငါမင်းကို ကျေးဇူးကန်းတဲ့ကောင်လို့ပဲ အပြစ်တင်မိခဲ့တာပါကွာ!
လုချန်ရှန်းထိတ်လန့်သွားသည်။ သူနတ်ဘုရားသတ်ဓားအစီအရင်ကို သုံးမည့်အချိန်တွင် မိုးမခပင်၏အသံကို ကြားလိုက်ရသည်။
"သူထိခိုက်လိုစိတ်မရှိဘူး"
ယင်းနောက်တွင်သာ လုချန်ရှန်းရပ်သွားသည်။ သို့စေကာမူ သူကကိုယ်ခန္ဓာကို ပြင်ဆင်ထားသည်။ အန္တရာယ်တစ်ခုခုရှိလာပါက သူနတ်ဘုရားသတ်အစီအရင်ကို ချက်ချင်းအသုံးပြုမည်ဖြစ်သည်။
ထိုစဉ် ဖယောင်းနဂါးက လုချန်ရှန်းကို မြေပေါ်တွန်းချပြီး မျက်နှာကို ပျော်ရွှင်စွာ လျက်နေလေရာ နောက်ဆုံးတော့ သူ စိတ်သက်သာရာရသွားသည်။
"ဖေဖေ"
ဟွမ်ချင်းမျက်နှာက ချက်ချင်းနီမြန်းသွားသည်။
ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့ကလည်းလည်း လုချန်ရှန်းနှင့် ဟွမ်ချင်းတို့ကို ထိတ်လန့်စွာပင် တစ်လှည့်စီကြည့်နေမိကြသည်။
လုချန်ရှန်းပင်လျှင် အလျင်အမြန်ပြောသည်။
"ပေါက်ကရမပြောနဲ့၊ မင်းပေါက်ကရပြောလို့မရဘူး"
"ဖယောင်းနဂါးမွေးလာတဲ့အခါ မင်းတို့နှစ်ယောက်က သူနဲ့အနီးစပ်ဆုံးသွေးကြောရှိတာကို ခံစားမိတော့ မင်းတို့နဲ့ အရမ်းနီးစပ်နေတာပဲ" ဒီတဒင်္ဂ၌ မိုးမခပင်ရှင်းပြလာသည်။
ဒါ့အပြင် တစ်ချို့တိရိစ္ဆာန်များနှင့် မှော်သားရဲများအကြားတွင် မွေးကင်းစသားရဲလေးများက သူတို့ပထမဆုံးမြင်သောသူကို မိသားစုအဖြစ် ဆက်ဆံကြသည်။
ဖယောင်းနဂါးက ကိုယ်ထဲတွင် လုချန်ရှန်း၏စွမ်းအားနှင့် ဟွမ်ချင်း၏သွေးကြောကို ပိုင်ဆိုင်ထားသဖြင့် ဒါကပုံမှန်သာ။
ဟွမ်ချင်းနောက်ဆုံးတော့ နားလည်သွားသည်။
သို့စေကာမူ လုချန်ရှန်းနှင့် ဖယောင်းနဂါးကို မြင်သောအခါ သူမရှက်သွေးဖြာသွားပြန်သည်။
ရှန်းလျိုလျှောက်လာပြီးမေးသည်။
"ဟွမ်ချင်း၊ ဘာဖြစ်လို့လဲ၊ မင်းမျက်နှာက ဘာလို့ထပ်ပြီး နီသွားပြန်တာလဲ၊ စီနီယာမိုးမခ ရှင်းပြပြီးပြီမလား"
ဟွမ်ချင်း၏အမူအရာက ချက်ချင်းအေးစက်သွားပြီး ရှန်းလျိုကို ထူးမခြားနားစွာ ကြည့်ရင်းပြောသည်။
"မကြာသေးခင်က ငါ့ခွန်အားထပ်ပြီး တိုးလာတယ်လို့ ငါခံစားနေမိတယ်၊ လျိုကျိယုမရှိဘူးဆိုတော့ ငါနဲ့လာလေ့ကျင့်လိုက်"
ရှန်းလျို၏မျက်နှာက ချက်ချင်းပင် ပြုတ်ကျလုမတတ်ဖြစ်သွားရသည်။
သူကလျိုကျိယုထက်အားကောင်းသော်လည်း ဟွမ်ချင်းထက် အများကြီး အားနည်းနေဆဲပါ။
ငါ့ကိုသောက်ကျိုးနည်းလောက်အောင် ရိုက်တော့မယ်ဆိုတာ သိသာနေတာကို!
ဒီအချိန်မှာပင် လုချန်ရှန်း ဖယောင်းတဂါးခေါင်းကိုထိကာ အတင်းမြှောက်လိုက်ပြီးနောက် မျက်နှာပေါ်က သွားရည်များကို သုတ်လိုက်၏။
"မင်းငါ့ကို ဖေဖေလို့ခေါ်လာမှတော့ ငါမင်းအတွက် စည်းမျဉ်းတစ်ခုသတ်မှတ်ပေးမယ်"
"ပထမဆုံးအနေနဲ့ မင်းငါ့ကို ဒီလိုလျက်လို့မရဘူး"
ဖယောင်းနဂါးက မြေပေါ်တွင် နာခံစွာပင်ထိုင်ပြီး လုချန်ရှန်းကို မိန်းမောတွေဝေစွာ ကြည့်နေသည်။ သူတကယ်နားလည်သလား၊ နားမလည်ဘူးဆိုတာ မသိပါ။
လုချန်ရှန်းဆက်သည်။
"ဒုတိယ၊ ငါတို့အပြင်မှာရှိတဲ့အခါ မင်းငါ့ကို ဖေဖေလို့မခေါ်ရဘူး၊ ဒါကငါ့ကို အသက်ကြီးပုံပေါက်စေတယ်"
"တတိယအချက်၊ မင်းမှာနာမည်တစ်ခုမရှိတာက မကောင်းဘူး၊ အခုကနေစပြီး ငါမင်းကို ကျိုးကျောက်ယင်းလို့ခေါ်မယ်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖယောင်းနဂါး လုချန်ရှန်းကိုထပ်တိုက်ပြီး မြေပေါ်ထပ်ဖိကာ မျက်နှာကို လျက်လိုက်ပြန်သည်။
ထို့ကြောင့် ဒီကောင်က သေချာပေါက် နားမလည်ဘူးဆိုတာ လုချန်ရှန်းသိလိုက်ရသည်။
ဒီအခိုက်အတန့်မှာပင် လုချန်ရှန်းဘေးက အာကာသကပွင့်သွားပြီး ကျောက်တုံးလေးထွက်လာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျောက်တုံးလေး ကြက်သေသေသွားသည်။
"ဆရာ...ဒါကြောင့် ဆရာအမျိုးသမီးတွေကို မကြိုက်တာလား"
လုချန်ရှန်း၏အမူအရာက ချက်ချင်းလေးနက်သွားပြီး ကျိုးကျောက်ယင်းကို ကန်ထုတ်ပစ်သည်။
ထို့နောက် ကျောက်တုံးလေးဆီသို့ လျှောက်သွားကာ လေးနက်စွာပြောသည်။
"အဲဒီမှာကျင့်ကြံရတာဘယ်လိုနေလဲ"
ကျောက်တုံးလေးက အာကာဿတာအိုကို အဓိကပြုသည်။
သူ့ကို ထာ၀ရသက်တမ်းကမ္ဘာတွင် တစ်ချိန်လုံးကျင့်ကြံခွင့်မပြုသင့်ဘူးဟု လုချန်ရှန်းခံစားရသည်။ တစ်ခါတစ်လေ အပြင်ထွက်ပြီး အရာမျိုးစုံကို အတွေ့အကြုံခံစားရသင့်သည်။
သို့စေကာမူ ကျောက်တုံးလေး ပြဿာနာတွေဖန်တီးပြီး အ၀တ်များကို ပြန်ခိုးမှာကို သူကြောက်လေရာ ကျောက်တုံးလေးကို ဟင်းလင်းပြင်သားရဲများထံ ပို့ခဲ့ခြင်းပင်။
ထိုနေရာတွင် သူကျင့်ကြံနိုင်သလို ဒီဟင်းလင်းပြင်သားရဲကြီးအုပ်စုကို ရင်ဆိုင်ရာ၌ ခိုးဖို့အ၀တ်လည်းရှိတော့မည်မဟုတ်။
ကျောက်တုံးလေး လည်မြိုကိုရှင်းပြီး လုချန်ရှန်း၏အမူအရာကို ကြည့်ရင်း ခွတီးခွကျပြုံးကာပြောသည်။
"ဆရာ၊ ကျွန်တော် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားပြီ၊ ဒါ့အပြင် ဟင်းလင်းပြင်သားရဲမျိုးနွယ်က စီနီယာတွေကလည်း ကျွန်တော့်ရဲ့ ဟင်းလင်းပြင်သူတော်စင်ခန္ဓာကို အသက်၀င်စေခဲ့တယ်၊ ကျွန်တော် ဆရာသတ်မှတ်ထားတဲ့ စံတစ်ခုကိုရောက်နေပါပြီ"
"စံလား" လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ဒီစံကို ငါသတ်မှတ်ထားတယ်လို့ မင်းကို ဘယ်သူပြောလိုက်တာလဲ"
ကျောက်တုံးလေးကြက်သေသေသွားသည်။
"ဒါပေမယ့်...."
"မင်းမှားပြီးမှတ်မိနေတာဖြစ်ရမယ်" လုချန်ရှန်းလေးနက်စွာပြောသည်။
"ငါ မတ်အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့်ဆိုပြီး စံသတ်မှတ်ထားခဲ့တာ"
ကျောက်တုံးလေး၏အမူအရာက ထိတ်လန့်သွားပြီး သူစတင်နောက်ဆုတ်သည်။
"ဆရာ၊ ကျွန်တော်တစ်ခုခုမှားပြောမိတာပါ...."
"မဟုတ်ဘူး၊ ငါကတင်းကျပ်ပြီးမျှတတယ်၊ မင်းရဲ့ကလေးဆန်တဲ့စကားလုံးတွေကြောင့် ငါမင်းကို သေချာပေါက်ဒေါသထွက်မှာ မဟုတ်သလို တမင်တကာလည်း လက်စားချေမှာမဟုတ်ဘူး"
လုချန်ရှန်းအပြုံးဖြင့်ပြောသည်။
"ဒါကြောင့် ပန်းတိုင်ကိုမရောက်သေးခင် ပြန်လာတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ ငါမင်းကိုကောင်းကောင်းလေ့ကျင့်ပေးရမယ်"
ဒီနေရာတွင် ကျောက်တုံးလေး အာကာသကိုဆုတ်ဖြဲကာ ထွက်ပြေးရန်ပြင်လိုက်၏။
သို့စေကာမူ သူအာကာသကို ဖွင့်လိုက်သည့်အခိုက်အတန့်၌ လုချန်ရှန်း လက်ချောင်းလေးကို လှုပ်ရှားကာ ပွင့်နေသည့်အာကာသကို ပြန်ပိတ်လိုက်သည်။
ထို့နောက် သူကျောက်တုံးလေးကို အင်္ကျီနောက်ဘက်ကနေ ဆွဲခေါ်ကာ ထူထဲသည့်တောအုပ်တစ်ခုသို့ ဆွဲခေါ်သွား၏။
၎င်းနောက်တွင် ပြင်းထန်ကြမ်းတမ်းသည့် အာကာသစွမ်းအားနှင့် ကျောက်တုံးလေး၏ အော်ဟစ်သံတို့က ထူထဲသည့်သစ်တောကနေ ထွက်ပေါ်လာခဲ့သည်။
အပိုင်း(1151) coming။