← Chapters

#သံမဏိခံတပ်၊ ဘိုးဘေးအင်ပါယာနန်းတော်#

Vol. 82 Ch. 1151

#သံမဏိခံတပ်၊ ဘိုးဘေးအင်ပါယာနန်းတော်#

Vol. 82 Ch. 1151

ဘိုးဘေးအင်ပါယာနန်းတော်!

ချောက်ကမ်းပါးကနေ ထွက်လာပြီးနောက် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အချိန်အတော်ကြာကြာ မေ့၍မရနိုင်သည့် နေရာတစ်ခုကို မြင်ခဲ့သည်။ 

ဒီနေရာ၌မြက်ခင်းပြင်နှင့် ကျောက်စိမ်းသစ်ပင်များမရှိသလို မြင့်မားသည့်တောင်များနှင့် စီးဆင်းနေသည့်ရေများလည်းမရှိပါ။ 

အထူးသတ္တုများနှင့် ခင်းကျင်းထားသည့် အဆုံးမဲ့လွင်ပြင်တစ်ခုသာရှိသည်။ 

နေပူ၏ရောင်ပြန်ဟပ်မှုအောက်တွင် မြေပေါ်က သတ္တုက မျက်စိလွယ်လုမတတ် အလင်းကို ထုတ်လွှတ်နေလေရာ မျက်လုံးများကို ဖွင့်ရန်အတွက်ပင် ခက်ခဲစေသည်။ 

ဒီကျယ်ပြန့်သည့်သတ္တုလွင်ပြင်၌ သံမဏီခံတပ်တစ်ခုရှိသည်။ 

လူသားဘိုးဘေးလေးဦး ဆောက်လုပ်ခဲ့သည့် ဘိုးဘေးအင်ပါယာနန်းတော်က ဒီလိုပုံစံမျိုးဖြစ်လိမ့်မယ်ဆိုတာ ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။ 

ပုံမှန်အခြေအနေများတွင် ဆန်းကြယ်နယ်မြေနှင့် အမွေအနှစ်မြေများက ရှေးဟောင်းခန်းမများနှင့် ပြည့်နှက်နေသည့် အမွေအနှစ်မြေ၏ ခံစားချက်ကိုသာ ပေးဆောင်ပေလိမ့်မည်။ 

သို့စေကာမူ ဒါကတော့လုံး၀ဆန့်ကျင်ဘက်ပင်။ 

ဒါကလုံး၀ သံမဏိခံတပ်ကြီးတစ်ခုဖြစ်သည်။ 

မုဖူရှန်းကိုယ်ကိုကိုင်းကာ သတ္တုလွင်ပြင်ကို အသာလေးခေါက်ကြည့်ရင်း မည်သည့်အတွက်ကြောင့် လူသားဘိုးဘေးတွေက ဘိုးဘေးနန်းတော်ကို ဒီလိုဆောက်ချင်ရသလဲဆိုသည့် အကြောင်းရင်းကို ရှာဖွေနေသည်။ 

"ဒီထူးခြားတဲ့သတ္တုက နိယာမစွမ်းအားအားလုံးနဲ့ ပြီးပြည့်စုံစွာကိုက်ညီတယ်" မုဖူရှန်းရေရွတ်သည်။ 

"ဒီထဲမှာ ငြိမ်းချမ်းစွာ ကူးခတ်နေတဲ့ မရေမတွက်နိုင်လောက်တဲ့ နိယာမစွမ်းအားတွေရှိတယ်၊ ဒီလိုအရာမျိုးကို ငါပထမဆုံးမြင်ဖူစတာပဲ"

အိုက်ရွှယ်နှာခေါင်းရှုံ့ကာ လှောင်ပြောင်သည်။ 

"မင်းအရာကိုတောင် နင်မသိဘူးလား၊ နင့်ရဲ့ မသိနားမလည်မှုအပေါ် ငါသက်ပြင်းချင်သင့်လား၊ ဒါမှမဟုတ် နင့်နောက်က ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို လှောင်ပြောင်သင့်လား"

စုန့်ရှောင်ရှင်းပြသည်။ 

"ဒီသတ္တုကို နိယာမမူသတ္တုလို့ခေါ်တယ်၊ ရှေးခေတ်မှာတောင် ဒါက အရမ်းကို ရှားပါးတဲ့ တည်ရှိမှုမျိုးဖြစ်ပြီး အပိုင်းသေးသေးလေးတစ်ခုက ဂိုဏ်းအသီးသီးအကြားမှာ သွေးထွက်သံယိုတစ်ခု ဖြစ်စေဖို့ လုံလောက်တယ်၊ လူသားဘိုးဘေးလေးယောက်က အရမ်းကို ရက်ရောတယ်လို့ပဲတွေးရမှာပဲ..."

မုဇီရှင်းခေါင်းခါယမ်းရင်း သက်ပြင်းချသည်။ 

"ကံဆိုးချင်တော့ ဒီလိုနိယာမမူသတ္တုမျိုးက လုံး၀ကိုပျောက်ကွယ်သွားပြီ"

ယဲ့ချိုးပိုင်အံ့ဩသင့်တကြီးမေးသည်။ 

"မင်းလည်းသိတာလား"

မုဇီရှင်းခေါင်းညိတ်တာကိုပင် စောင့်မနေဘဲ ကျန်းချင်းလန် ပင့်သက်ရှိုက်ကာပြောသည်။ 

"ဇီရှင်းက နှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုပဲလေ၊ သူ့မှာရှေးဟောင်းစာအုပ်မျိုးစုံကို ဖတ်ဖို့အခွင့်အရေးရှိတာပေါ့"

မုဖူရှန်း နိယာမမူသတ္တုကို ကြည့်ပြီး အားကျစွာပြောသည်။ 

"ကျွန်တော်တို့ဒါတွေကို ယူသွားလို့ရနိုင်မလားဆိုတာ တကယ်သိချင်မိတယ်"

နိယာမစွမ်းအားအမျိုးမျိုးပါ၀င်သည့် သတ္တုများကို လက်နက်များသန့်စင်ရာ၌ အသုံးပြုနိုင်သည်သာမက အစီအရင်များနှင့် အဆောင်များတွင်လည်း သုံးနိုင်သည်။ 

သူက မိုးကြိုးနည်းစနစ်များတွင်သာ တော်‌လေရာ တခြားမိယာမစွမ်းအားများတွင် မတော်တာက သဘာ၀ကျသည်။ 

ဒီနိယာမမူသတ္တုနှင့်ဆိုပါက သူနိယာမစွမ်းအားကို ကြိုတင်ထည့်သွင်းထားနိုင်ပြီး အဆောင်များ ရေးထွင်းသောအခါ တိုက်ရိုက်အသုံးပြုနိုင်သည်။ 

"ဒါပေမယ့်....ငါကတော့ ဒီလိုအကြီးစား နိယာမမူသတ္တုမျိုးကို ကာကွယ်ထားဖို့အတွက် ဘယ်လိုနတ်ပစ္စည်းမျိုးလိုအပ်မလဲဆိုတာ တကယ်တွေးနေမိတယ်" စုန့်ရှောင်ပြောလိုက်စဉ် အိုက်ရွှယ်နှင့် သစ်သားလူကို နက်ရှိုင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ 

ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်ကို သူပိုပို၍ သိချင်လာမိသည်။ 

အိုက်ရွှယ်နှာခေါင်းရှုံ့သည်။ 

"ဟောင်တျန်းနတ်ဂိုဏ်းက လူတွေကို ၀င်မစွက်ဖက်ဖို့ အကြံပေးချင်တယ်"

ထို့နောက် အိုက်ရွှယ် ဘိုးဘေးအင်ပါယာနန်းတော်သို့ ‌လျှောက်သွားသည်။ 

သစ်သားလူက အနီးကပ်လိုက်ပါလာသည်။ 

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်ရင်း လိုက်သွားကြ၏။ 

ဘိုးဘေးအင်ပါယာနန်းတော်၏တံခါးကိုလည်း နိယာမမူသတ္တုဖြင့် ပြုလုပ်ထားသည်။ 

လူတိုင်းတံခါး၀ကို ရောက်လာသောအခါ အိုမင်းသည့်အသံတစ်သံထွက်လာသည်။ 

"ပါရမီရှင်ကလေးတို့၊ တခြားအပိုင်းသုံးပိုင်းက စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ဘိုးဘေးအင်ပါယာနန်းတော်ကို ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

"ဘိုးဘေးအင်ပါယာနန်းတော်မှာ သေမျိုးနယ်မြေရဲ့လျှို့ဝှက်ချက်တွေကို ဝှက်ထားသလို နတ်ဆိုးနယ်မြေကို ခုခံဖို့အတွက်လည်း နည်းလမ်းတစ်ချို့ရှိပါတယ်"

"မင်းတို့ထဲကတစ်ယောက်ယောက် ရခဲ့မယ်ဆိုရင် ငရဲနတ်ဆိုးဒေသ ပြန်လာတဲ့အခါ ကျေးဇူးပြုပြီး နောက်မဆုတ်ဘဲ ငါတို့ရဲ့ နေအိမ်ကို ကာကွယ်ဖို့အတွက် သေမျိုးနယ်မြေကို ဦးဆောင်ကြပါ"

၎င်းနောက်တွင် သတ္တုတံခါးက နှစ်ဘက်စလုံးမှ ဖြည်းဖြည်းချင်းပွင့်လာသည်။ 

ချက်ချင်းဆိုသလို နိယာမစွမ်းအားမျိုးစုံဖြင့် ပြည့်နှက်နေသည့် အင်မတန်ကြီးမားသောအော်ရာတစ်ခုက လေပွေတစ်စင်းပမာ ထိုးတက်လာသည်။ 

ဒီနိယာမမူအော်ရာက တိုက်ခိုက်ခြင်းမရှိဘဲ လူတိုင်း၏စိတ်ဓာတ်ကို မြှင့်တင်ပေးသည်။ 

ဒီတဒင်္ဂမှာပင် ကိုယ်ထဲက နိယာမစွမ်းအားကလည်း စုစည်းလာကြသည်။ 

ဒီလိုနေရာတွင် သူတို့ကိုသာကျင့်ကြံခွင့်ပေးမည်ဆိုပါက နိယာမစွမ်းအားကျင့်ကြံခြင်းက အလွန်လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။ 

သို့စေကာမူ ဒါက အိုက်ရွှယ်၏ပန်းတိုင်မဟုတ်ပါ။ သူမအထဲသို့တည့်တည့်၀င်သွားသည်။ 

ယဲ့ချိုးပိုင်တို့ ၀င်ရန်အလျင်လိုခြင်းမရှိ။ 

ယင်းအစား သူတို့ပွင့်နေသည့်တံခါးဆီသို့ လေးနက်သည့်အမူအရာဖြင့် ဦးညွတ်လိုက်ကြ၏။ 

လူတိုင်း၏လှုပ်ရှားမှုက တစ်ပုံစံတည်းပင်။ 

ဒါကိုလုပ်ဆောင်ရန်အတွက် သူတို့အချင်းချင်းဆက်သွယ်ခဲ့ခြင်းမရှိချေ။ ယင်းအစား သူတို့နှလုံးသားထဲက လေးစားမှုနှင့် ကျေးဇူးတင်စိတ်က မသိစိတ်ထဲကနေ သူတို့ကို ဒီလိုလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။ 

ထိုသူများသာမရှိပါက လက်ရှိသေမျိုးနယ်မြေက တည်ရှိနေမည်မဟုတ်။ 

သူတို့ကလည်း ဒီလိုအခြေအနေတွင် ရှိချင်မှရှိမည်ဖြစ်သလို ဒီဘ၀ကလည်း ပေါ်လာလောက်မည်မဟုတ်ပေ။ 

ဒီလိုလေးစားထိုက်သူများကို ရင်ဆိုင်ရသောအခါ ဦးညွတ်ရာ၌ စေးနှဲ့တွန့်တိုနေစရာမလိုပါ။ 

ထို့နောက်သူတို့၀င်သွားသည်။ 

အထဲတွင် ဇိမ်ခံအလှဆင်ပစ္စည်းများဟူ၍မရှိဘဲ နိယာမမူသတ္တုဖြင့် ခင်းကျင်းထားသည့် နံရံများ၊ လမ်းကြောင်းများနှင့် ၀င်ပေါက်များရှိသည်။ 

ဒီဖွင့်လှစ်ထားသည့်ခန်းထဲတွင် လမ်းကြောင်းဆယ်ခုရှိသည်။ 

လမ်းကြောင်းတိုင်းက တူညီသည့်နိယာမစွမ်းအားကို ထုတ်လွှတ်နေသည်။ 

လူတိုင်းထိုနေရာ၌ ရပ်ကာ မျက်မှောင်ကြုတ်နေစဉ် အသံက ထပ်မံထွက်ပေါ်လာသည်။ 

"ပါရမီ၊ ကံနဲ့ ကြိုးစားအားထုတ်မှုက အမြင့်ဆုံးကို ရောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်သုံးချက်ပဲ"

"ဒီထိပ်တန်းအင်အားစုတွေရဲ့လမ်းကြောင်းမှာ ကံကအရေးအပါဆုံးပဲ၊ ဒီတော့ ပထမစမ်းသပ်မှုက လူတိုင်းရဲ့ကံကို စမ်းသပ်ဖို့ပဲ"

ကံတရားစမ်းသပ်မှုတစ်ခုလား!

လူတိုင်းကြက်သေသေသွားကြသည်။ 

ကံတရားကို ဘယ်လိုအကဲဖြတ်မှာလဲ!

"‌ဒီလမ်းကြောင်းဆယ်ခုမှာ ထွက်ပေါက်တစ်ခုတည်းပဲရှိတယ်၊ ကျန်တာတွေအားလုံးက သေခြင်းအဆုံးသတ်ပဲ၊ နောက်လိုက်ဖို့ ပုံစံအဆင်းတွေမရှိသလို ဘယ်လမ်းက ထွက်ရမလဲဆိုတာကိုလည်း ရှာဖွေဖို့နည်းလမ်းမရှိဘူး၊ လူတိုင်းက ကိုယ့်ကံတရားကိုပဲ မှီခိုအားကိုးနိုင်မယ်"

"ဒါကြောင့် တစ်ယောက်ယောက် ကိုယ့်ရဲ့ကံတရားအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် အခုထွက်လို့ရပါတယ်"

အိုက်ရွှယ်မျက်မှောင်ကြုတ်သည်။ 

ကံစမ်းသပ်ခြင်း!

ဒါကအဓိပ္ပာယ်မမဲ့လွန်းဘူးလား!

ကောင်းကင်ဘုံ၏ဂုဏ်ယူရသောသူများတဖြစ်လဲ မည်သူကမှ သူတို့၏အဖိုးတန်သောအသက်ကို ဒီပုံရိပ်ယောင်ကံတရားအပေါ် လွှဲပြောင်းရန် ဆန္ဒမရှိပေ။ 

သူတို့၏ကိုယ်ပိုင်စွမ်းအားကိုသာ သူတို့ယုံကြည်သည်။ အရာများကို ပြောင်းလဲရန်အတွက် သူတို့စွမ်းအားကို သုံးနိုင်တာက မှန်ပါသည်။ 

ယဲ့ချိုးပိုင်တို့ပင်လျှင် ပဟေဠိဖြစ်နေသည်။ 

အသက်ရှင်ကျန်နိုင်မယ့် အနိမ့်ဆုံးအခွင့်အရေး!

ရှင်ကျန်နိုင်မည့်အခွင့်အလမ်းက အရမ်းနည်းလွန်းသည်။ 

သို့သော် ဒီလိုတကယ်ဖြစ်မည်လား။ 

ဒါကတကယ်ပဲ ကံတရားကို လုံး၀မှီခိုနေတာလား!

နင်းချန်ရှန်းမျက်မှောင်ကြုတ်ကာ ခန်းမအတွင်းပဲ့တင်ထပ်နေသည့် အသံကို ဂရုတစိုက်ပြန်စဉ်စားသည်။ 

"ငါတို့ဒီကိုလာနိုင်တယ်ဆိုကတည်းက ကံကောင်းတယ်ဆိုတာကို ပြသဖို့ လုံလောက်နေပြီလေ"

မုဖူရှန်းကလည်း စိတ်ရှုပ်ထွေးနေသည်။ 

"ဒါဆို ဒီကံတရားစမ်းသပ်မှုဆိုတာက ဘာကိုဆိုလိုတာလဲ"

ရုတ်တရက်ရှီရှန်းပြုံးသည်။ 

"ဒါကကံတရားစမ်းသပ်မှုဆိုရင်တောင် ကျွန်တော်တို့ရဲ့ကံက လုံလောက်နေပြီလို့ ထင်တယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကြက်သေသေသွားကြပြီး ရှီရှန်းကို ကြည့်လိုက်ကြ၏။ 

ရှီရှန်းခေါင်းကုတ်ရင်းပြုံးသည်။ 

"ငါတို့ အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်မှာ ရှိတုန်းက အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသားကို ရခဲ့ကြတယ်လေ၊ အဲဒီအရာက ကံတရားကို အားကောင်းစေတယ်မလား"

မုဇီရှင်းနှင့် ကျန်းချင်းလန်တို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ 

အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်!

အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား!

အဲဒါက ကံတရားကိုအားကောင်းစေတာလား!

ဒီလိုစိတ်ကူးယဉ်အရာမျိုးက တကယ်ပဲတည်ရှိတာလား!

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ မျက်လုံးများက လင်း၀င်းသွားကြ၏။ 

ဒါသာသူတို့ကံတရားကို တကယ်အားဖြည့်ပေးပါက ဒီအဆင့်က သူတို့အတွက် မခက်ခဲလောက်ပေ။ 

"ဒါပေမယ့် ဒါကတကယ်ယုံကြည်ထိုက်လို့လား၊ တစ်ခုခုမှားသွားရင် တကယ်သေရလိမ့်မယ်" မုဖူရှန်းအားကိုးရာမဲ့စွာ ပြုံးသည်။ 

ဒီအခိုက်အတန့်မှာပင် မု၀မ်အာဦးဆောင်ကာ လမ်းကြောင်းတစ်ခုသို့လျှောက်သွားသည်။ 

"အိုက်ယား၊ ကြိုးစားကြည့်မှ အလုပ်ဖြစ်လားဆိုတာ သိရမှာပဲလေ၊ အလုပ်မဖြစ်ဘူးဆိုရင်တောင် ဆရာပေးထားတဲ့ အသက်ကယ်ပစ္စည်းရှိနေသေးတာပဲ"

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်တို့ကလည်း ပြုံးရင်း လမ်းကြောင်းတစ်ခုဆီသို့ လျှောက်သွားသည်။ 

သူတို့ဒီမှာရှိနေပြီဖြစ်လေရာ ပြန်လည်နောက်ဆုတ်၍မရပေ။ 

မည်သို့ပင်ဆိုစေကာမူ ငရဲနတ်ဆိုးနယ်မြေကို ခုခံရန်အတွက် နည်းလမ်းများရှိသည် မဟုတ်ပေလော။ 

သူတို့တွင် အချိန်သိပ်မကျန်တော့ပါ။ 

အပိုင်း(1152) coming။ 

All Chapters