← Chapters

#ဒီရေပြောင်းလဲခြင်းသံလိုက်အိမ်မြှောင်#

Vol. 82 Ch. 1152

#ဒီရေပြောင်းလဲခြင်းသံလိုက်အိမ်မြှောင်#

Vol. 82 Ch. 1152

လမ်းကြောင်းဆယ်ခုတွင် ရှင်ကျန်ရန်အတွက် အခွင့်အရေးကမရှိသလောက်ပင်။ 

ရှန်ကျန်နိုင်မည့်အခွင့်အရေးက မည်မျှပင် နည်းပါးလေသနည်း။ 

ဒါ့အပြင် ဒီထဲတွင်ထူးခြားတာဟူ၍ ဘာမှမရှိပါ။ လမ်းကြောင်းတိုင်း၏ တည်ဆောက်ပုံနှင့် ထုတ်လွှတ်နေသည့် အော်ရာက တူညီနေပြီး ခြားနားချက်ဟူ၍မရှိ။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အလယ်လမ်းကြောင်းဆီသို့ လျှောက်သွားတာကို မြင်ရသောအခါ အိုက်ရွှယ်နှင့် သစ်သားလူကြက်သေသေသွားသည်။ 

သူတို့အပေါက်ရှာတွေ့သွားတာလား ဒါမှမဟုတ် မဆင်မခြင်သွားနေတာလား!

"၀င်ကြစို့" သစ်သားလူရုတ်တရက်ပြောသည်။ 

"ဒီနေရာမှာ အသုံးမ၀င်ဘူး၊ ငါတို့အထူးတာ၀န်ကို မပြီးမြောက်နိုင်ဘူးဆိုရင် ပြန်သွားစရာမလိုတော့ဘူး"

ထို့နောက် သစ်သားလူ အလယ်လမ်းကြောင်းသို့ လျှောက်သွားလေတော့သည်။ 

သူယဲ့ချိုးပိုင်နှင့်ကျန်သောသူများ သွေးပူပူနှင့် သေခြင်းတရားဆီသို့ တိုက်ရိုက်မလျှောက်သွားမည့်အပေါ် လောင်းကြေးထပ်ရုံသာ တတ်နိုင်သည်။ 

အိုက်ရွှယ်ဒါကိုကြားသောအခါ နှုတ်ခမ်းကိုက်ရင်း ခေါင်းညိတ်ပြီးနောက် လိုက်သွားသည်။ 

လမ်းကြောင်းက တောက်ပစွာ လင်း၀င်းနေသည်။ သူတို့ထင်ထားသကဲ့သို့ မှောင်မိုက်နေခြင်းမရှိပါ။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများစုရုံးကာ ရှေ့ဆက်ကြသည်။ 

လူတိုင်းဝိဉာဥ်အသိကို အစွမ်းကုန်ထုတ်လွှတ်ထားကြပြီး သူတို့အမူအရာများက ‌လေးနက်ကာ သူတို့လုံး၀သတိမပေါ့ရဲကြပေ။ 

သူတို့ကိုနှလုံးခုန်စေသည့်အော်ရာဟူ၍ မရှိသော်လည်း ခပ်မှိန်မှိန်ဖိအားတစ်ခုတော့ ရှိနေသေးသည်။ 

သေမင်းနတ်ဘုရားက အမြဲလိုလို သူတို့ဘေးတွင်ရှိနေသကဲ့သို့ပင် သူတို့တိတ်တဆိတ်လျှောက်နေကြသည်။ အချိန်မရွေး သူတို့အသက်များကို ရိတ်သိမ်းပစ်ရန်အတွက် ကျယ်ပြန့်ထက်မြသည့်ကတ်ကြေးကပေါ်လာနိုင်သည်။ 

"တကယ်ပဲမှန်တဲ့တစ်ခုကို ရွေးခဲ့တာလား"

အနီးတွင် ဘာမတော်တဆမှုကိုမှ မမြင်ရသဖြင့် ကျန်းချင်းလန်၀မ်းသာသွားရသည်။ 

သို့စေကာမူ စုန့်ရှောင်၏အမူအရာက တင်းမာနေဆဲဖြစ်ပြီး ခေါင်းခါယမ်းသည်။ 

"နောက်ဆုံးအချိန်ထိ စိတ်မလျှော့ထားကြနဲ့၊ ဒါ့အပြင်....."

"တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်" နင်းချန်ရှင်းလက်ထဲတွင် စာအုပ်ကိုကိုင်ရင်း လေးနက်စွာပြောသည်။ 

လမ်းကြောင်းကအတော်လေး ရှည်လွန်းသဖြင့် ဘယ်ကိုဦးတည်သွားမှန်း သူတို့မသိပါ။ 

ဘာတစ်ခုမှ မဖြစ်လာသေးသော်လည်း တိတ်ဆိတ်က နည်းနည်းများလွန်းသည်။ 

အိုက်ရွှယ်နှင့် သစ်သားလူက သူတို့နောက်ကနေ အနီးကပ်လိုက်နေကြ၏။ 

"တစ်ခုခုတကယ်ဖြစ်လာခဲ့ရင် ဒါကိုကိုင်တွယ်ဖို့နည်းလမ်းရှိလား"

ဒီတဒင်္ဂ၌ သစ်သားလူ၏မျက်လုံးများ လင်း၀င်းသွားပြီးနောက်တိုးတိုးပြောသည်။ 

"ငါ့ကိုတော့မသတ်နိုင်ပါဘူး"

ဒါကိုကြားသောအခါ အိုက်ရွှယ်စိတ်သက်သာရာရသွားသည်။ 

သစ်သားလူ၏တိုက်ခိုက်မှုကို သူမမြင်ကတည်းက သစ်သားလူက သူ့စွမ်းအားအများအပြားကို အမှန်တကယ်ဖုံးကွယ်ထားတာကို အိုက်ရွှယ်နားလည်ခဲ့သည်။ 

ယခုထိတိုင် သူဘယ်လောက်ထိ အားကောင်းသလဲဆိုတာ သူမမသိပါ။ 

အားနည်းသူက အားကောင်းသူကို အားကိုးရမည်သာ။ 

ရုတ်တရက် လမ်းကြောင်းနံဘေးက သတ္တုနံရံများမှ ဖော်ပြ၍မရနိုင်သည့်အော်ရာအမျှင်စတစ်ခု ထိုးထွက်လာပြီး လူတိုင်းကို မသိမသာလွှမ်းခြုံရစ်ပတ်ပစ်သည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။ 

"အဲဒါကဘာလဲ" ကျန်းချင်းလန်ထိတ်လန့်သွားသည်။ သူမတိုက်ခိုက်မခံရသလို ဖိနှိပ်ခံရခြင်းလည်း မရှိသော်လည်း ဒီအော်ရာက သူမကို နိုးကြားလန့်ဖျပ်သွားစေသည်။

"ရှင့်ခံစားလို့ရလား" မုဇီရှင်း ယဲ့ချိုးပိုင်ကို မေးသည်။ 

ယဲ့ချိုးပိုင်လေးနက်စွာ ခေါင်းခါယမ်းသည်။ 

အော်ရာများကို အာရုံခံရာ၌ အတော်ဆုံးဖြစ်ကြသည့် မုဖူရှန်းနှင့် နင်းချန်ရှင်းတို့ပင်လျှင် စိတ်ရှုပ်ထွေးနေကြ၏။ 

ဒီအော်ရာက တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်မရှိဘဲ ယင်းအစား သူတို့ကိုယ်ခန္ဓာများကိုသာ ဆူးပင်များပမာ ရစ်ပတ်ထားပြီး လေးလံစွာ ၀န်းရံထားသည်။ 

သို့စေကာမူ လက်ဖက်ရည်တစ်ခွက်ဖျော်ပြီး အချိန်ကာလတွင် ဟုန်ရင်၏ အမူအရာက ပြောင်းလဲသွားသည်။ 

"မကောင်းတော့ဘူး၊ ဒီအော်ရာက ငါတို့ရဲ့ကံကို ဝါးမြိုနေတယ်"

ဟုန်ရင်၏အင်ပါယာဆန္ဒတွင် တိုင်းပြည်တစ်ခု၏ ကံကြမ္မာပါ၀င်သည်။ 

ဒီအော်ရာကြောင့် ဝါးမြိုခံရသည်နှင့် ဟုန်ရင်ရှင်းလင်းစွာ ခံစားနိုင်သည်။ 

ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အမူအရာများကလည်း ပြောင်းလဲသွားကြ၏။ 

ကံဟူသည် မမြင်နိုင်၊ မထိတွေ့နိုင်သော စိတ်လှည့်စားမှုတစ်ခုဖြစ်ပြီး ၎င်း၏ အသုံး၀င်မှုကို ခံစား၍မရနိုင်သော်လည်း ဒီအရာက မလိုချင်သည့်အမျိုးအစားမျိုးနှင့် သက်ဆိုင်နေလျှင်ပင် မပါ၍မရပေ။ 

ကံတရားသာမရှိပါက အနာဂတ်တွင် အခွင့်အလမ်းများရှာပြီး ချိုးဖျက်အောင်မြင်ရန်ဟူသည် အတော်လေးခက်ခဲလောက်သည်။ 

သို့မဟုတ် သေခြင်းရှင်ခြင်းကဲ့သို့ အရေးပါသောကာလတွင် သူတို့၌ လွတ်မြောက်ရန်အတွက် အခွင့်အလမ်းလေးတစ်ခုသာရှိသည်။ အဆုံးတွင် ကံမကောင်းပါက အခွင့်အလမ်းက အချိန်အတော်ကြာကြာ မပေါ်လာဘဲ သူတို့ကို အသတ်ခံရစေနိုင်သည်။ 

ဖန်ချန်းအော်ဟစ်သည်။ 

"အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖန်ချန်းနဖူးပေါ်၌ ရှေးဟောင်းစကားလုံးတစ်လုံးပေါ်လာပြီး မြင့်မြတ်အလင်းကို ထုတ်လွှတ်ကာ သူ့တစ်ကိုယ်လုံးကို လုံး၀လွှမ်းခြုံပစ်သည်။ 

ဒီမြင့်မြတ်အလင်း၏ လွှမ်းခြုံမှုအောက်တွင် ကံကို ဝါးမြိုခံနေရသည့်အရှိန်က တဖြည်းဖြည်းနှေးသွားသည်။ 

လူတိုင်းကလည်း ထိုအတိုင်းလုပ်ကြသည်။ 

ယဲ့ချိုးပိုင် မုဇီရှင်းလက်ကလေးကို ဆုပ်ကိုင်လိုက်သောအခါ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၏ မြင့်မြတ်အလင်းက သူမကို လွှမ်းခြုံသွား၏။ 

ဟုန်ရင် ကျန်းချင်းလန်ကို ဖမ်းကိုင်လိုက်သလို ရှောင်ဟိုင်က စုန့်ရှောင်ကို ကိုင်လိုက်သည်။ 

ဒါက သူတို့ကံတရားဆက်လက် ဝါးမြိုခံနေရခြင်းကနေ တားဆီးပေးသည်။ 

စုန့်ရှောင် ဒီမြင်ကွင်းကို အံ့ဩသင့်တကြီး ကြည့်နေသည်။ 

"အဲဒါဘာလဲ"

ကမ္ဘာကြီးထဲမှာ ကံတရားဝါးမြိုခံရခြင်းကနေ ကာကွယ်တားဆီးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုရှိတာလား!

"ပြီးတော့ ဒီအော်ရာက....." ကျန်းချင်းလန်၏ ဆွံအနေသည့်အမူအရာကနေတဆင့် သူမ အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၏ သက်ရောက်မှုကို ရှာတွေ့သွားပုံရသည်။ 

သူတို့နောက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဒီအော်ရာကြောင့် ဝါးမြိုခံနေရသော ကံတရားကို အမှန်တကယ် ဖြေရှင်းနိုင်တာကို မြင်ရသောအခါ အိုက်ရွှယ်၏ အမူအရာက ပုံမှန်မဟုတ်စွာပင် ကြည့်ရဆိုးသွားသည်။ 

သို့စေကာမူ ဒါကိုမြင်သည့်တိုင် သစ်သားလူ၏ အမူအရာကပြောင်းလဲမသွားပါ။ 

သူသံလိုက်အိမ်မြှောင်တစ်ခုထုတ်ယူပြီး တိုးတိုးလေးပြောသည်။ 

"ငါနဲ့သုံးလှမ်းအကွာမှာနေ"

အိုက်ရွှယ်ပြောသည့်အတိုင်း လုပ်ဆောင်ပြီး ထိုလူအနားချဉ်းကပ်သွားသည်။ 

၎င်းနောက်ချက်ချင်းဆိုသလို သစ်သားလူ သူ့အော်ရာက သံလိုက်အိမ်မြှောင်ထဲ ထည့်သွင်းလိုက်၏။ သံလိုက်အိမ်မြှောင်ထဲက ရွှေရောင်အပ် စတင်လည်ပတ်လာပြီး ပတ်၀န်းကျင်က အော်ရာက သံလိုက်အိမ်မြှောင်၏ စုပ်ယူခြင်းကိုခံရသည်။ 

သံလိုက်အိမ်မြှောင်နှင့် ၎င်း၏သက်ရောက်မှုကို မြင်ရသောအခါ အိုက်ရွှယ်၏ အမူအရာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွား၏။ 

"ဒါက.... ကြီးကြပ်ရေးဗိမာန်ရဲ့ ရှေးဟောင်းပစ္စည်းနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ဒီရေပြောင်းလဲသံလိုက်အိမ်မြှောင်လား"

"ဒါကို ခန်းမသခင်ကိုယ်တိုင် စောင့်ကြပ်နေတာမလား၊ ဘာလို့ရှင့်လက်ထဲမှာ ရှိနေရတာလဲ"

ဒီရေပြောင်းလဲသံလိုက်အိမ်မြှောင်က အစစ်အမှန်နတ်ဘုရားနယ်ပယ် ရတနာတစ်ခုဖြစ်သည်။ 

၎င်း၏လုပ်ဆောင်ချက်က မိုးနှင့်မြေ၏ နိယာမစွမ်းအားကို မှီခိုထားသည့် တိုက်ခိုက်မှုအားလုံးကို လွှဲပြောင်းပေးခြင်းပင်။ တကယ်တမ်း၌ လွှဲပြောင်းမှုပမာဏက အသုံးပြုသူ၏ အရည်အချင်းအပေါ် မူတည်သေးသည်။ 

ဒီထဲတွင် ကံတရားကိုဝါမြိုသည့် လက်ရှိအော်ရာလည်းပါဝင်သည်။ 

သစ်သားလူတည်ငြိမ်စွာပြောသည်။ 

"မင်းမမေးသင့်တာကို မမေးနဲ့"

"ပြီးတော့ သံလိုက်အိမ်မြှောင်ကို ယူလိုက်"

အိုက်ရွှယ် ဒီရေပြောင်းလဲသံလိုက်အိမ်မြှောင်ကို မိန်းမောတွေဝေစွာ ယူရင်း အေးသည်။ 

"ဘာလို့ ဒါကိုငါ့ကိုပေးရတာလဲ"

သို့စေကာမူ သစ်သားလူထပ်မဖြေတော့ဘဲ အိုက်ရွှယ်ဘေးတွင်သာရပ်နေပြီး သူ့၏ အရင်သစ်သားအခြေအနေကို ပြန်သွားသည်။ 

အိုက်ရွှယ် သူ့ကိုနက်ရှိုင်းစွာကြည့်ပြီးနောက် သံလိုက်အိမ်မြှောင်နှင့်အတူ ရှေ့ဆက်သည်။ 

သို့သော်ယင်းနောက်တွင် အန္တရာယ်များသည့်အရာဟူ၍ တခြားဘာတစ်ခုမှ မဖြစ်ပျက်လာတော့ပါ။ 

သူတို့ရက်တစ်၀က်ခန့်လျှောက်ပြီးနောက် လမ်းကြောင်းကနေ ထွက်လာခဲ့ကြသည်။ 

ဒါက ဒီလမ်းကြောင်းက ထွက်ပေါက်တစ်ခုဟု ဆိုလိုနေခြင်းမဟုတ်။ 

ရက်တစ်၀က်က တကယ်တမ်းတွင် ကံတရားကို ဝါးမြိုပစ်ရန်လုံလောက်သည်။ 

လူတစ်ယောက်၏ကံက လုံး၀ဝါးမြိုခံလိုက်ရပါက ဘာဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မတွေးရဲပေ။ 

အိုက်ရွှယ်နှင့် ပတ်သက်၍ ယဲ့ချိုးပိုင်တို့တွင်လည်း ဘာပြသာနာမှမရှိပါ။ သူတို့တွင် ဒီလိုအခြေအနေရပ်မျိုးကို ကိုင်တွယ်ရန်အတွက် နည်းလမ်းများရှိသည် မဟုတ်ပေလော။ 

တခြားတစ်ယောက်သာဆိုပါက ဒါကို ဖြေရှင်းရန်အတွက် နည်းလမ်းရှိမည်မဟုတ်။ 

သူ့ကံတရားဝါးမြိုခံနေရတာကို အားကိုးရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်မည်ဖြစ်ကာ တစ်နည်းနည်းနှင့် သေသွားရပေလိမ့်မည်။ 

လမ်းကြောင်းကနေ ထွက်လာပြီးနောက် သူတို့ရှေ့ကမြင်ကွင်းက ပြောင်းလဲသွားသည်။

မျက်စိတဆုံး သတ္တုသံမဏိနံရံများရှိပြီး ထိုနံရံများပေါ်၌ ပန်းချီကားချပ်ကြီးတစ်ခု ချိတ်ဆွဲထားသည်။ 

ပန်းချီကားထဲတွင် အရာတိုင်းပါ၀င်သည်။ 

ယင်းထဲကနေ ကြီးမားသည့် အာကာသစွမ်းအားအော်ရာကို ထုတ်လွှတ်နေသည်။ 

အပိုင်း(1153) coming။

All Chapters