#ကိုးလွှာရှင်သန်ခြင်းတံခါး#
Vol. 82 Ch. 1153
ပန်းချီကားထဲတွင် ကျယ်ပြန့်သည့်မြေပေါ်၌ ဆင်းရဲသားများရပ်နေကြသည်။ သူတို့က လယ်ယာလုပ်ခြင်း၊ လူများကို စာသင်ပေးခြင်းနှင့် စီးပွားရေးလုပ်ဆောင်ကြသည်။ သို့စေကာမူ သူတို့ကို ၀န်းရံနေသည့် မီးလုံးတစ်လုံးရှိသည်။
တောင်များ၊ မြစ်များနှင့် အကန့်အသတ်မဲ့ သမုဒ္ဒရာများကတည်ရှိကာ ကောင်းကင်ပေါ်၌ နေနှင့်လက ဆန့်ကျင်ဘက်တွင် ရပ်တည်ရင်း တစ်၀က်မှောင်ပြီး တစ်၀က်တောက်ပနေသည်။
အလင်းအောက်တွင် အစွမ်းထက်ကျင့်ကြံသူများက ခုခံရန်အတွက် လေထဲသို့ ပျံသန်းကြသည်။
အမှောင်ထုထဲတွင် ကျော၌ အတောင်ပံများပါရှိသည့် ထူးဆန်းပုံရသောနတ်ဆိုးများက လှံများနှင့် တိုက်ခိုက်ကြသည်။
သေခြင်းရှင်ခြင်း၏ အားကောင်းသောအော်ရာနှင့် နိယာမစွမ်းအားအမျိုးမျိုး၏ ဖိအားက ဒီအသက်၀င်နေပုံရသည့် ပန်းချီကားချက်ကြီးမှ ပေါက်ကွဲထွက်လာသည်။
ပန်းချီကားအလယ်တွင် အမှောင်နှင့်အလင်းဆုံချက်၌ ကောင်းကင်ကနေ ဆင်းသက်လာသည့် ဧရာမတံခါးကိုးချပ်ရှိသည်။
တံခါးတိုင်းက ကြီးမားသည့်တစ္ဆေမျက်နှာကြီးတစ်ခုရှိသည်။
တစ္ဆေမျက်နှာက သံကိုကိုင်ထားပြီး ၎င်း၏မျက်လုံးများက ခက်ထန်မှုနှင့် ပြည့်နှက်နေပြီး ကြမ်းတမ်းနေသည်။
ကိုးလွှာရှင်သန်ခြင်းတံခါး!
ဒါကကြီးမားသည့် အာကာသစွမ်းအားကနေ ထွက်လာခြင်းပင်။
ဒီလွှမ်းခြုံနေသည့်ပန်းချီကားကို မြင်သောအခါ လူတိုင်းအနည်းငယ်ထိတ်လန့်သွားကြ၏။
ဒီပန်းချီထဲက မြင်ကွင်းက ရှေးခေတ်က နတ်ဆိုးနယ်မြေ ကျူးကျော်တဲ့မြင်ကွင်းလား!
သေမျိုးနယ်မြေတစ်ခုလုံးက ကပ်ဘေးတစ်ခုကို ခံစားခဲ့ရသည်။ သာမန်လူများဖြစ်စေ၊ သို့မဟုတ် ဂိုဏ်းများနှင့် မင်းမျိုးမင်းနွယ်မိသားစုများဖြစ်စေ သူတို့တွင်ရှိတာမှန်သမျှ ဖျက်ဆီးခံရသလို တိုက်ခိုက်ခံခဲ့ရသည်။
အိုက်ရွှယ်နှင့် သစ်သားလူတို့ရှေ့တိုးလာကြသည်။ သူတို့ဒီပန်းချီကားကို မြင်သောအခါ သူတို့၏မျက်လုံးများ လင်း၀င်းသွားကြ၏။
ဒါက ဗလာနတ္ထိပုံတူမလား!
သူတို့ဒါကိုရနေသရွေ့ ကြီးကြပ်ရေးဗိမာန်၏ မဟာလုပ်ငန်းက အခြေခံအားဖြင့် ပြီးဆုံးသွားပေလိမ့်မည်။
အိုက်ရွှယ် လက်ကိုဆန့်ထုတ်ကာ ပန်းချီကားကို ထိရန်ပြင်လိုက်၏။
သစ်သားလူ၏အမူအရာက ပြောင်းလဲသွားသည်။ သူအိုက်ရွှယ်ကို ပြန်ဆွဲရန်ပြင်လိုက်စဉ် ပန်းချီကားထဲတွင် တွင်းနက်တစ်ခုပေါ်လာသည်။ တွင်းနက်ကနေ ကြီးမားသည့် စုပ်အားတစ်ခုထွက်လာခဲ့သည်။
အိုက်ရွှယ်၏ ဆန့်ထားသည်ဘလက်က ဒီဆွဲအားနှင့် ထိတွေ့သောအခါ သူမတစ်ကိုယ်လုံးက ချက်ချင်းပုံပျက်သွားပြီး ပန်းချီကားထဲ ဆွဲသွင်းခံရသည်။
လူတိုင်း ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် ကြက်သေသေသွားကြ၏။
ပန်းချီကားထဲ စုပ်ယူခံရတာလား!
ဒါက စမ်းသပ်မှုတစ်ခုလား ဒါမှမဟုတ် ထောင်ချောက်တစ်ခုလား!
သို့စေကာမူ ဒီခန်းမထဲတွင် ရှေ့ဆက်ရန် နည်းလမ်းမရှိတော့ပါ။
သူတို့ ကျဉ်းမြောင်းသည့် လွတ်မြောက်ရေးလမ်းက နောက်ဆုတ်ချင်ဆုတ် မဟုတ်ပါက အိုက်ရွှယ်ကဲ့သို့ ပန်းချီကားထဲတွင် စုပ်ယူခံရမည်ဖြစ်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတုံ့ဆိုင်းနေစဉ် ပန်းချီကားထဲက မြင်ကွင်းက ထပ်မံပြောင်းလဲသွားပြန်သည်။ အကြိမ်ရေများစွာ ပုံပျက်သွားပြီးနောက် အိုက်ရွှယ် ပန်းချီကားထဲတွင် ပေါ်လာသည်။
ဒီအခိုက်အတန့်၌ အိုက်ရွှယ် အက်ကြောင်းများနှင့် ပြည့်နှက်နေသည့်မြေတစ်ခုပေါ် ခြေချမိသည်။ အက်ကြောင်းများက စီးဆင်းနေသည့် ချော်ရည်များနှင့် ပြည့်နှက်နေပြီး ကိုးလွှာရှင်သန်ခြင်းတံခါးများက သူမလမ်းကို လုံး၀ပိတ်ထားသည်။
သစ်သားလူ ဒီမြင်ကွင်းကိုမြင်သော် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသော်လည်း အလျင်အမြန်ကောင်းမွန်လာသည်။
ယဲ့ချိုးပိုင်တို့ကမူ တိုက်ရိုက်၀င်ရန်အတွက် စီစဉ်ထားခြင်းမရှိပါ။ သူတို့အခြေအနေရပ်ကို အရင်အကဲဖြတ်ကြည့်ချင်သည်။
သူတို့တစ်ခုခုရှာတွေ့နိုင်လောက်သည်။
ပန်းချီကားထဲတွင် အိုက်ရွှယ် အာကာသပုံပျက်မှုကြောင့် မူးဝေခြင်းကြုံနေရသည်။ ထို့နောက် သူမမိန်းမောတွေဝေစွာ လှည့်ကြည့်နေစဉ် သူမ၏မျက်လုံးများက တဖြည်းဖြည်းကြည်လင်ကာ လေးနက်လာသည်။
ကိုးလွှာရှင်သန်ခြင်းတံခါးများပေါ်ရှိ တစ္ဆေခေါင်းကိုးလုံးက သူမကို စိုက်ကြည့်နေသည်။
ဒါကစစ်ဆေးမှုတစ်ခုဟု ထင်ရသော်လည်း အကဲဖြတ်ချက်တစ်ခုလည်း ဖြစ်ပုံရသည်။
ဖော်ပြ၍မရနိုင်သည့်ဖိအားတစ်ခုက အိုက်ရွှယ်ထံသို့ တောင်ငယ်တစ်လုံးပမာ ဖိသိပ်ကျဆင်းလာပြီး သူမအား အသက်ရှုကျပ်စေသည်။
ရုတ်တရက် အိုက်ရွှယ်ရှေ့က အသက်ကွန်ယက်တံခါးမှ တစ္ဆေမျက်နှာက ပါးစပ်ကို အနည်းငယ်ဖွင့်ပြီး နက်ရှိုင်းမှောင်မည်းသည့်အသံဖြင့်ပြောသည်။
"ဒီနေရာကို လာရတဲ့မင်းရည်ရွယ်ချက်ကဘာလဲ"
အသံက အိုက်ရွှယ်နားထဲကျဆင်းလာသောအခါ ကြောက်စရာကောင်းသည့် တစ္ဆေမျက်နှာ၏ပါးစပ်ထဲက အပ်ချောင်းလေးများ သူမနားစည်များကို ထိုးဖောက်ပစ်သည့်အလား နာကျင်မှုလှိုင်းများ ပေါ်လာသည်။
ဒီနာကျင်မှုက သူမဦးနှောက်နှင့်ဝိဉာဉ်ကို တိုက်ရိုက် ဦးတည်သွားခဲ့သည်။
သူမ၏ဝိဉာဉ်က သံရိုက်ခံထားရသည့်အလားပင်။
အိုက်ရွှယ်နာကျင်နေသည့် အမူအရာတစ်ခုကို ဖော်ပြသည်။ သူမခေါင်းကိုဖုံးကာ အဖြေပေးရန်အတွက် ပါးစပ်ဟသည်။
"မှတ်ချက်မရှိပါဘူး"
သို့စေကာမူ ထိုစကားလုံးများကို ပြောလိုက်သည်နှင့် အိုက်ရွှယ်ရှေ့က တံခါးက ရုတ်တရက် နှစ်ဘက်စလုံးကနေ ဖြည်းဖြည်းချင်းပွင့်လာသည်။
ခရက်ခ်၊ ခရက်ခ်!
ပွင့်လာသည့်တံခါးကနေ မီးခိုးရောင်မြူများ တဖြည်းဖြည်းစိမ့်ထွက်လာသည်။
တံခါးအပေါက်က ကျယ်လာသောအခါ မီးခိုးရောင်မြူက ဒီနေရာတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
အိုက်ရွှယ်၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ကိုးလွှာရှင်သန်ခြင်းတံခါးနှင့် ဆင်တူသည့် တစ္ဆေမျက်နှာတစ်ခု ပေါ်လာသည်။
ခြားနားချက်က တံခါးကနေ ခေါင်းထိုးထွက်နေသည့် တစ္ဆေမျက်နှာက ပိုကြီးမားခြင်းပင်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ပါးစပ်၌ သံဟူ၍မရှိပါ။
"ဒီအကြောင်းကို မပြောခဲ့သလို အမှန်တရားကိုလည်းမပြောခဲ့ဘူး၊ ဒီလိုဆိုမှတော့ ပထမဆုံးအခက်အခဲကို သူသည်းခံနိုင်ဖို့ လိုလိမ့်မယ်"
တစ္ဆေမျက်နှာက ယင်းနောက်တွင် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်စဉ် ၎င်း၏လျှာက ဆူးပင်နက်တစ်ပင်အဖြစ် ပြောင်းသွားပြီး အိုက်ရွှယ်ထံ ပစ်၀င်သွား၏။
အိုက်ရွှယ်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ သူမလက်ထဲတွင် မီးတောက်များလောင်ကျွမ်းနေပြီး ဆူးပင်ကို ရိုက်ချလိုက်၏။
မီးတောက်လက်ဝါးချက်တစ်ခုက လေဟာနယ်ကို လောင်ကျွမ်းပစ်ကာ ဆူးပင်ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းပစ်စေချင်သည်။
မီးကသစ်သားကို တွန်းလှန်သည်။ အပင်များနှင့် မီးနှင့်တွေ့ဆုံသောအခါ မီးရှို့ခံရမည်သာ။ ဒါက လူတိုင်းနားလည်ထားသည့် အခြေခံသဘောတရားဖြစ်သည်။
သို့စေကာမူ မီးတောက်လက်ဖဝါးချက်က ဆူးပင်ပေါ်သို့ကျသွားသောအခါ သူမလက်ဖဝါးနှင့် ဖမ်းကိုင်လိုက်၏။
ထိုစဉ် မီးတောက်ထဲတွင် လွှမ်းမိုးခံလိုက်ရသည့်တိုင် ဆူးနွယ်ပင်က လောင်ကျွမ်းခြင်းမရှိတာကို တွေ့ရသောအခါ အိုက်ရွှယ်ထိတ်လန့်သွားသည်။
၎င်းက လုံး၀ရပ်နားခြင်းမရှိဘဲ သူမအား မူလအရှိန်ဖြင့် ဆက်လက်ရစ်ပတ်ကာ အိုက်ရွှယ်မတုံ့ပြန်နိုင်ခင်မှာပင် လက်ကို ရစ်ပတ်ပစ်သည်။
ပါးလွှာသည့်အမျှင်များက သူမ၏ နှင်းဖြူရောင် အသားအရေကို ထိုးဖောက်သွား၏။
ဒီပါးလွှာသောဆူးများက ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်အတွက် ဘာမှမဟုတ်ပါ။
သို့စေကာမူ ဒါက သာမန်ပါးလွှာသည့်ဆူးမဟုတ်ပေ။
ပါးလွှာသောဆူးများ သူမအရေပြားကို ထိုးဖောက်သွားသည့်အခိုက်အတန့်၌ အရူးအမူး စတင်ကျယ်ပြန့်လာသည်။ ထူထပ်စွာ သိပ်သည်းနေသော ပါးလွှာသည့်ဆူးများက ချက်ချင်းဆန့်ထွက်ကာ ထူထဲလာပြီး အိုက်ရွှယ်၏ လက်မောင်းတစ်ခုလုံးကို ထိုးဖောက်ပစ်သည်။
သူမ၏အရိုးများ၊ သွေးကြောများ၊ အာရုံကြောများနှင့် မရီဒျန်များအားလုံးတို့က ထိုးဖောက်ခံရသည်။
အိုက်ရွှယ်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး နာကျင်ဖွယ်ရာဟစ်ကြွေးသံကို ထုတ်လွှတ်သည်။
ဒီနာကျင်မှုက အပေါ်ယံမှာတင်မဟုတ်ဘဲ သူမ၏ဝိဉာဉ်ကိုပါ ထိုးဖောက်နေပုံရသည်။
အိုက်ရွှယ်၏ အမူအရာက ဝိဉာဉ်နှင့် ကိုယ်ခန္ဓာ၏ နှစ်ထပ်ကွမ်းနာကျင်မှုအောက်တွင် လက်မောင်းတစ်ခုလုံးကိုသာ ထိုးဖောက်ထားသည့်တိုင် ကြမ်းတမ်းနေပြီး နာကျင်မှုက မခံမရပ်နိုင်ဖြစ်နေသည်။
ပန်းချီကားအပြင်ဘက်တွင် လူတိုင်း ဒီမြင်ကွင်းကိုမြင်သောအခါ စမ်းသပ်မှုတွေက ဘာလဲဆိုတာ သူတို့တဖြည်းဖြည်း နားလည်လာကြသည်။
ကိုးလွှာရှင်သန်ခြင်းတံခါးတိုင်းက စမ်းသပ်မှုထဲကို ၀င်သောသူတိုင်းကို မေးခွန်းထုတ်လိမ့်မည်ဖြစ်သည်။
အကယ်၍ သူသို့မဟုတ် သူမကသာ အမှန်ကိုမဖြေပါက သို့မဟုတ် နှုတ်ဆိတ်နေပါက ကိုးလွှာရှင်သန်ခြင်းတံခါးက အပြစ်ပေးပေလိမ့်မည်။
တစ်ဘက်က အမှန်ပြောနေသလားဆိုတာကို ၎င်းကဘယ်လိုသိသလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါ။
ဒါကပင် ရှေးခေတ်၌ မရေမတွက်နိုင်လောက်သော နည်းလမ်းများစွာရှိတာကို ဆိုလိုနေပေသည်။ လူသားဘိုးဘေးများ၏ နည်းလမ်းများက ပို၍ပင် ပုံဖော်ကြည့်၍ မရနိုင်ပေ။
ဒါကိုမြင်သောအခါ သစ်သားလူ၏ မျက်လုံးများက တုန်ယင်သွား၏။
အကယ်၍ ဒီလိုသာဆိုပါက တကယ်ဆိုးသွားမည်ဖြစ်ကာ သူတို့၏ ကြီးကြပ်ရေးဗိမာန်ကိုပင် အနှုတ်သဘောသက်ရောက်လာနိုင်ချေရှိသည်။
သူတွေးလိုက်မိသည်။
မင်းဒါကိုကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ရည်မှန်းချက်ပန်းတိုင်ကို မအောင်မြင်သေးခင် မင်းလုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်ကို ကာကွယ်ရမယ်!
ဒီနည်းလမ်းနဲ့ပဲ အထူးတာ၀န်ကို ပြီးမြောက်နိုင်ချေကို မင်းကြီးမားစွာ တိုးမြှင့်ပေးနိုင်မှာ!
ပန်းချီကားထဲက အိုက်ရွှယ်မှာ အသက်ရှူရန်အတွင်ပင် အခွင့်အလမ်းမရှိပေ။
ကိုးလွှာရှင်သန်ခြင်းတံခါးက တစ်ချိန်တည်းတွင် ဘယ်ဘက်သို့ ရွေ့သွားပြီး နောက်တံခါးတစ်ချပ်က အိုက်ရွှယ်ကို ရင်ဆိုင်သည်။
တစ္ဆေမျက်နှာကထပ်မေးသည်။
"နောက်မေးခွန်း၊ မင်းအမှန်တရားကို မဖြေသေးဘူးဆိုရင် တခြားလက်တစ်ဖက် ဆုံးရှုံးရလိမ့်မယ်"
"မင်းနဲ့မင်းနောက်ကဂိုဏ်း၊ မင်းတို့လိုချင်တာက ကိုယ်ကျိုးအတွက်လား ဒါမှမဟုတ် ကမ္ဘာကြီးအတွက်လား"
အပိုင်း(1154) coming။