← Chapters

#အမေးအဖြေ၊ ရှင်းဟုန်ယီ#

Vol. 82 Ch. 1154

#အမေးအဖြေ၊ ရှင်းဟုန်ယီ#

Vol. 82 Ch. 1154

"ကြည့်ရတာ ဘိုးဘေးအင်ပါယာနန်းတော်က အရာက တကယ်ထူးခြားပုံပဲ" ဟုန်ရင် ပန်းချီကားကို ကြည့်ရင်း တိုးတိုးလေးပြောသည်။ 

"ဒါက ကမ္ဘာထဲက အခြေအနေရပ်တွေကို ပြောင်းလဲနိုင်တဲ့အရာတစ်ခု ဖြစ်လောက်တယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဒါ‌ဆို ငါတို့ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်ကို သိရတော့မှာပေါ့၊ ဘိုးဘေးအင်ပါယာနန်းတော်က နတ်ပစ္စည်းက သူတို့လိုချင်နေတာဖြစ်ရမယ်"

"ဒီလိုပျော်ပွဲရွှင်ပွဲတစ်ခုကို လူတိုင်းရှေ့မှာ ကြီးကြပ်ရေးဗိမာန်ကို ထုတ်ဖော်ပြသဖို့ကို တုံ့ဆိုင်းမနေသလို ဘာကြောင့်ဒီလောက်ထိ အများကြီးကြိုးစားအားထုတ်ခဲ့ရသလဲဆိုတာ ငါတကယ်မသိဘူး" စုန့်ရှောင်လေးနက်စွာပြောသည်။ 

"ဒီနတ်ပစ္စည်းကိုရပြီးနောက်မှာ သူတို့ရည်ရွယ်ချက်ကဘာလဲ"

အကယ်၍ နတ်ပစ္စည်းကို ရပြီးနောက် ကြီးကြပ်ရေးဗိမာန်က ပြသသည့်စွမ်းအားက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း၏ စိတ်ကူးထက် သာလွန်နေပါက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ကြီးကြပ်ရေးဗိမာန်ကို ဖိနှိပ်ရန်အတွက် အင်အားစုများပူးပေါင်းကာ အစွမ်းကုန်လုပ်ဆောင်ကြပေလိမ့်မည်။ 

ကြီးကြပ်ရေးဗိမာန်က အမြဲလိုလိုကြားနေခဲ့သဖြင့် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက သူတို့ကိုတိုက်ခိုက်ရန်အတွက် စွန့်စားရန် ဆန္ဒမရှိကြခြင်းပင်။ ခြိမ်းခြောက်မှုက ကြီးလွန်းတာကိုသာ သူတို့အာရုံခံမိပါက တိုက်ခိုက်ရန်အတွက် အင်အားစုများ ပူးပေါင်းကြမည်သာ။ 

ကြီးကြပ်ရေးဗိမာန်ကလည်း ဒီလိုအရာမျိုးလုပ်ရန်အတွက် ယခုလိုစွန့်စားမှုကို မတွန့်မဆုတ်ပင်လုပ်ခဲ့သည်။ ဒါက ဒီနတ်ပစ္စည်းကို ရပြီးနောက်တွင် ကြီးကြပ်ရေးဗိမာန်က နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း၏ မဟာမိတ်ကို လုံး၀ကြောက်စရာမလိုတော့ဘူးဟု ဆိုလိုနေသည်လား။ 

ဒါကိုတွေးမိသောအခါ စုန့်ရှောင်၏ မျက်သူငယ်အိမ်များက တဖြည်းဖြည်းကျယ်လာပြီး တိုးတိုးလေးပြောသည်။ 

"ဘာပဲဆိုဆို ငါတို့ကြီးကြပ်ရေးဗိမာန်ရဲ့ တကယ့်ရည်ရွယ်ချက်ကို ရှာဖွေရမယ်"

ဒီအခိုက်အတန့်မှာပင် ပန်းချီကားထဲတွင် အိုက်ရွှယ် ကိုးလွှာရှင်သန်ခြင်းတံခါးမှ တစ္ဆေမျက်နှာ၏မေးခွန်းကို ရင်ဆိုင်ရင်း ခိုင်မာစွာပြောသည်။ 

"ကမ္ဘာပေါ်က သက်ရှိအားလုံးရဲ့ ကောင်းကျိုးအတွက်ပါ"

လူတိုင်းဒီမြင်ကွင်းကို စိုက်ကြည့်လိုက်ကြ၏။ 

ကိုးလွှာရှင်သန်ခြင်းတံခါး ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူတို့မြင်ချင်ကြသည်။ 

အရင်လိုပဲ အိုက်ရွှယ်တိုက်ခိုက်ခံရမည်လား။ 

နင်းချန်ရှင်းကလည်း မျက်မှောင်ကြုတ်ရင်း ဒီမြင်ကွင်းကို စိုက်ကြည့်နေသည်။ 

အကယ်၍ ကိုးလွှာရှင်သန်ခြင်းတံခါးကသာ တိုက်ခိုက်လာပါက သူကြီးကြပ်ရေးဗိမာန်ကို ဒီနတ်ပစ္စည်းကို ရရှိခြင်းကနေ အစွမ်းကုန်တားဆီးမည်ဖြစ်သည်။ 

အထူးအခြေအနေများအောက်တွင် နင်းချန်ရှင်း သူတို့ကို ဒီနေရာ၌ လုံး၀ထားခဲ့ရန်အတွက် ရွေးချယ်နိုင်သည်။ 

မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးအင်ပါယာနန်းတော်မှ နတ်ပစ္စည်းက ကမ္ဘာကြီး၏ အခြေအနေရပ်ကိုပင် ပြောင်းလဲပစ်နိုင်သည် မဟုတ်ပေလော။ 

အကယ်၍ ဒါကသာသူတို့၏ကိုယ်ပိုင်ကိုယ်ကျိုးဆန္ဒအတွက်သာဆိုပါက သေမျိုးနယ်မြေက ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ 

ငရဲနတ်ဆိုးဒေသ ချိပ်စည်းကိုချိုးဖျက်ရန်အတွက် အချိန်အများကြီးမကျန်တော့ပါ။ 

သို့စေကာမူ ငါးမိနစ်ကြာတိတ်ဆိတ်နေပြီးနောက်တွင် ကိုးလွှာရှင်သန်ခြင်းတံခါးက မတိုက်ခိုင်ဘဲ ယင်းအစား ဘယ်ဘက်သို့ ဆက်ရွေ့သွားသည်။ တတိယတံခါးက အိုက်ရွှယ်ကို ရင်ဆိုင်သည်။ 

ဒါက အိုက်ရွှယ်၏နားလည်မှု၌ လိမ်ညာခြင်းမရှိဟု ဆိုလိုနေခြင်းပင်။ 

နင်းချန်ရှင်း၏ ကျုံ့နေသည့်မျက်ခုံးများက ပြေလျော့သွားကြ၏။ 

သစ်သားလူကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ 

ကျန်သည့်မေးခွန်းများအတွက် အိုက်ရွှယ် ကိုးလွှာရှင်သန်ခြင်းတံခါးများ၏ တိုက်ခိုက်ခြင်းကို မခံရတော့ပါ။ 

ကိုးလွှာရှင်သန်ခြင်းတံခါးများက ဒီအခိုက်အတန့်၌ ထပ်တူကျသွားပြီး တံခါးတစ်ချပ်တည်းအဖြစ် ပေါင်းစည်းကာ နောက်ဆုံးတွင် ပွင့်သွားလေတော့သည်။ 

တစ္ဆေမျက်နှာက တိုက်ခိုက်ခြင်းမရှိတော့။ အော်ရာလုံး၀မရှိပေ။ ၎င်းက အိုက်ရွှယ်ရှေ့တွင် သူမကို၀င်ရန်အတွက် အချက်ပြနေသည့်အလား တိတ်ဆိတ်စွာရပ်နေသည်။ 

အိုက်ရွှယ်ဘာသံသယမရှိဘဲ လက်မောင်းကို ကုသရန်အတွက် ဆေးလုံးတစ်လုံး သောက်လိုက်ပြီးနောက် ၀င်သွားသည်။ 

တံခါးကပိတ်သွားပြီး ချော်ရည်မြေပေါ်၌ ရှိနေသည့် ကိုးလွှာရှင်သန်ခြင်းတံခါးများအဖြစ် ခွဲသွားပြန်သည်။ 

အိုက်ရွှယ်က စမ်းသပ်မှုကို အောင်မြင်သွားပုံပင်။ 

တစ်နည်းအားဖြင့် သူအမှန်တရားကို မပြောပြသည့်အပေါ် ပြဿာနာရှိ‌လျှင်ပင် စမ်းသပ်မှုကို အောင်မြင်ရာ၌ သက်ရောက်ခြင်းရှိမည်မဟုတ်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ သစ်သားလူလည်း ဘာလုပ်ရမလဲဆိုတာသိသွားသဖြင့် လျှောက်သွားသည်။ 

ကိုးလွှာရှင်သန်ခြင်းတံခါးမှ တစ္ဆေမျက်နှာက အလားတူမေးခွန်းကို မေးလာသည်။ 

"ဒီကိုလာခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲ"

သစ်သားလူတိုက်ရိုက်ပင်ပြောသည်။ 

"ဗလာနတ္ထိပုံတူ"

ဒါကိုကြားသောအခါ လူတိုင်း ကြက်သေသေသွားသည်။ 

ဗလာနတ္ထိပုံတူ!

စုန့်ရှောင်နှင့် မုဇီရှင်းတို့၏အမူအရာများက ပြောင်းလဲသွားကြ၏။ 

မုဇီရှင်းအမူအရာ ပြောင်းလဲသွားတာကို မြင်သဖြင့် ယဲ့ချိုးပိုင်မေးသည်။ 

"ဘာဖြစ်လို့လဲ"

မုဇီရှင်း လေးနက်သည့်အမူအရာဖြင့် ပြောသည်။ 

"ရှေးဟောင်းစာအုပ်တွေအရဆိုရင် ဗလာနတ္ထိပုံတူက ရှေးခေတ်က ဘိုးဘေးရှေးဟောင်းပစ္စည်းတွေထဲက တစ်ခုပဲ၊ တချိန်တည်းမှာပဲ ဒါက ပြင်ပနယ်မြေက ရန်သူတွေကို ခုခံရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါ၀င်ခဲ့တယ်၊ အသုံးပြုပုံနဲ့ ပတ်သက်ပြီးတော့ ရှေးဟောင်းစာအုပ်တွေမှာ ဖော်ပြချက်သိပ်မရှိဘူး"

သို့စေကာမူ ဒါကိုဘိုးဘေးရှေးဟောင်းပစ္စည်းဟုခေါ်လေရာ ဗလာနတ္ထိပုံတူတွင် သေချာပေါက်အလွန်အမင်း အစွမ်းထက်သည့် စွမ်းအားရှိရပေမည်။ 

ကြီးကြပ်ရေးဗိမာန်က ဒီဗလာနတ္ထိပုံတူအတွက် ဤနေရာသို့လာခဲ့ခြင်းပင်။ 

သစ်သားလူဒီလိုပြောတာက အကြောင်းရင်းမရှိ၍တော့မဟုတ်။ 

အိုက်ရွှယ် လမ်းရှာပြီးနောက် သူသာ အိုက်ရွှယ်ကဲ့သို့ မေးခွန်းတစ်ခုထက်ပို၍ အမှားမဖြေသရွေ့ အောင်မြင်နိုင်သည်။ 

ထို့ကြောင့် ကိုးလွှာရှင်သန်ခြင်းတံခါး ရွေ့သွားပြီးနောက် တစ္ဆေမျက်နှာမေးသည်။ 

"မင်းနဲ့မင်းနောက်ကဂိုဏ်းက ဒါကို ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်နေတာလား၊ ဒါမှမဟုတ် မင်းလိုချင်တာရပြီးနောက်မှာ ကမ္ဘာကြီးအတွက်လား"

သစ်သားလူခေါင်းခါယမ်းရင်း မိန်းမောတွေဝေစွာပြောသည်။ 

"အထက်ကလူတွေ ဘာလုပ်ကြမလဲဆိုတာ ကျွန်တော်မသိဘူး...."

ဒီအခိုက်အတန့်၌ ကိုးလွှာရှင်သန်ခြင်းတံခါးက တချွင်ချွင်မြည်လာပြီး ဆူးပင်နက်တစ်ပင်က သစ်သားလူထံ တိုး၀င်လာသည်။ 

ပန်းချီကားထဲက မြင်ကွင်းကိုကြည့်ရင်း လူတိုင်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။ 

အိုက်ရွှယ်ပြောခဲ့တာက ကမ္ဘာကြီးအတွက် ဆိုသော်လည်း ကိုးလွှာရှင်သန်ခြင်းတံခါးက သူမလိမ်နေတာမဟုတ်ဘူးဟု ဆုံးဖြတ်ခဲ့သဖြင့် သူမကိုအပြစ်မပေးခဲ့ပေ။ 

သို့စေကာမူ သစ်သားလူထံ ရောက်လာသောအခါ သူမသိသလိုပြုမူသဖြင့် အပြစ်ပေးခြင်းပင် ခံရသည်။ 

ဒါကနင်းချန်ရှင်း၊ မုဖူရှန်းနှင့် ကျန်သောသူများကို သံသယဖြစ်သွားစေသည်။ 

ယခုအခြေအနေသုံးရပ်ရှိသည်။ 

ပထမတစ်ခုက အိုက်ရွှယ်ပြောတာမှန်သည်။ ကြီးကြပ်ရေးဗိမာန်က တကယ်တမ်းတွင် ကမ္ဘာကြီးအတွက် ဗလာနတ္ထိပုံတူကို ရယူလိုခြင်းပင်။ သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် သစ်သားလုက သူမသိဘူးဟု ပြောခဲ့သည်။ 

ဒုတိယတစ်ခုက သစ်သားလူက အမှန်တကယ်သစ်သားဖြစ်နေခြင်းပင်။ သူမေ့သွားနိုင်သလို အချိန်မီမတုံ့ပြန်နိုင်တာလည်း ဖြစ်နိုင်သည်။ 

တတိယတစ်ခုက သစ်သားလူတစ်ခုခု ဖုံးကွယ်ထားတာကို အိုက်ရွှယ်မသိပေ။ 

ဒီအခြေအနေရပ်သုံးခုစလုံးဖြစ်နိုင်သည်။ 

များမကြာမီ မေးခွန်းသုံးခုစလုံးကို ဖြေပြီးနောက် သစ်သားလူက ကိုးလွှာရှင်သန်ခြင်းတံခါးထဲသို့ အောင်မြင်စွာ ၀င်သွားနိုင်သည်။ 

ဒီအကြောင်းတွေးနေတာကို ရပ်ရင်း ယဲ့ချိုးပိုင်ပြောသည်။ 

"အနည်းဆုံးတော့ ကြီးကြပ်ရေးဗိမာန်က ဗလာနတ္ထိပုံတူလို့ခေါ်တဲ့ အရာတစ်ခုကို လုယူချင်နေတယ်ဆိုတာ ငါတို့သိနေပြီလေ၊ ၀င်ပြီးနောက် ဦးလေးလျိုကို တင်ပြကြရအောင်၊ သူတို့ကို ငါတို့မလှုပ်ခတ်နိုင်ဘူး"

အားလုံးခေါင်းညိတ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ၀င်သွားကြသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်တို့အတွက် ဒီမေးခွန်းများက ပြဿာနာမဟုတ်ပါ။ 

မည်သို့ပင်ဆိုစေကာမူ ဘာမှဖုံးကွယ်ထားစရာမလိုပါ။ သူတို့ ဖြေကြားပြီး ကိုးလွှာရှင်သန်ခြင်းတံခါးထဲသို့ တစ်ဦးတစ်ဦး ၀င်သွားကြသည်။ 

သို့စေကာမူ သူတို့နောက်တွင် အနီ၀တ်အမျိုးသမီးတစ်ဦး လမ်းကြောင်းကနေ ထွက်လာပြီး ပန်းချီကားရှေ့သို့ ရောက်လာသည်။ ထို့နောက်သူမရှေ့တိုးလိုက်စဉ် ပန်းချီကားထဲသို့ စုပ်ယူခံလိုက်ရသည်။ 

ပထမကိုးလွှာရှင်သန်ခြင်းတံခါးက မေးသည်။ 

"ဘာလို့ဒီမှာရှိနေရတာလဲ"

အနီ၀တ်အမျိုးသမီး တည်ငြိမ်စွာဖြေသည်။ 

"ကြီးကြပ်ရေးဗိမာန်ကို ဗလာနတ္ထိပုံတူ ရယူခြင်းကနေ တားဆီးဖို့အတွက်ပါ"

ဒုတိယမေးခွန်း "ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ကိုယ်ကျိုးဆန္ဒအတွက်လား ဒါမှမဟုန် ကမ္ဘာကြီးထဲက သာမန်လူတွေအတွက်ကြောင့်လား"

အနီ၀တ်အမျိုးသမီး ဆက်ဖြေသည်။ 

"ကိုယ်ပိုင်ကိုယ်ကျိုးဆန္ဒအတွက်ပါ"

ကိုးခုမြောက်ကို ရောက်သောအခါ ကိုးလွှာရှင်သန်ခြင်းတံခါးမေးသည်။ 

"မင်းဘယ်ကလဲ"

ဒီမေးခွန်းက မိုက်မဲပုံပေါ်သော်လည်း အနီ၀တ်အမျိုးသမီး တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဖြေသည်။ 

"ကျွန်မက အဆင့်နိမ့်ကြယ်နယ်မြေ၊ လူရိုင်းဒေသ ရှင်းမိသားစုကပါ"

မှန်ပေသည်။ အနီ၀တ်အမျိုးသမီးက ရှင်းဟုန်ယီဖြစ်သည်။ 

ရှင်းဟုန်ယီ၏အဖြေက တကယ်မှန်သည်။ 

တကယ်တမ်းတွင်လည်း သူမက လူရိုင်းဒေသကဖြစ်သည်။ 

သူမထိုနေရာတွင်ပင် မွေးဖွားခဲ့လေရာ ဒီအဖြေက ဘာမှမှားယွင်းနေခြင်းမရှိပါ။ 

ကိုးလွှာရှင်သန်ခြင်းတံခါးပွင့်လာသောအခါ ရှင်းဟုန်ယီ၀င်သွားသည်။ 

.....

တခြားတစ်ဘက်တွင် ရှန်းဟုန်ယီနောက်က လိုက်နေခဲ့သည့် လျိုကျိယု ယဲ့ချိုးပိုင်၏ သတင်းကို ရရှိလိုက်သည်။ 

ဗလာနတ္ထိပုံတူဆိုသော စကားလုံးကို ကြားသောအခါ သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

အပိုင်း(1155) coming။ 

All Chapters